အမေရိကန် ရက်ပ်အဆိုတော် မီဂန်၊ တောင်ကိုရီးယား K Pop အဖွဲ့ Twice၊ BTS အဖွဲ့ဝင် RM တို့နဲ့ collaborate သီချင်းထွက်မည်

 124

ရောင်နီ (NP News) - အောက်တိုဘာ ၂၅

အမေရိကန် ရက်ပါ အဆိုတော် မီဂန်သီစတေးလီယွန်ဟာ သူမရဲ့အယ်လ်ဘမ်အသစ် Megan Act II မှာ နာမည်ကြီး K-pop အဖွဲ့တွေဖြစ်တဲ့ Twice နဲ့ BTS အဖွဲ့ဝင် RM တို့နဲ့ collaborate သီချင်းတွေ ပါဝင်ထားတယ်လို့ သိရပါတယ်။

Megan Act II ဟာ သူမရဲ့ ဇွန်လ ၂၀၂၄ ခုနှစ်က ထွက်ရှိတဲ့ အယ်လ်ဘမ် "Megan" ရဲ့ နောက်ဆက်တွဲ အထူးအယ်လ်ဘမ်ဖြစ်ပြီး ယခင်ထွက်ရှိခဲ့တဲ့ သီချင်း(၁၈)ပုဒ်အပြင် သီချင်းအသစ် (၁၃)ပုဒ်ပါရှိမယ်လို့ သိရပါတယ်။ Twice အဖွဲ့နဲ့ collaborate ကတော့ မီဂန်ရဲ့ viral song ဖြစ်တဲ့ Mamushi Remix မှာ ပါဝင်မှာဖြစ်ပြီး စင်ပေါ်မှာ ဒီအကြောင်းကို Twice Twice အဖွဲ့ကလည်း မကြာသေးခင်က ပြုလုပ်တဲ့ ပရိတ်သတ်တွေ့ဆုံ ဖျော်ဖြေပွဲမှာ အရိပ်အမြွက်ပြောခဲ့ပါတယ်။ BTS အဖွဲ့ဝင် RM နဲ့ကတော့ Neva Play သီချင်းမှာ collaborate လုပ်မှာဖြစ်ပါတယ်။

အခုတလော အနောက်တိုင်း အဆိုတော်တွေနဲ့ အာရှအဆိုတော်တွေ collaborate လုပ်ပြီး သီချင်းသစ် ထွက်ရှိနေတာတွေ ရေပန်းစားနေတယ်လို့ ဆိုနိုင်ပါတယ်။ အောက်တို ဘာ ၁၈ ရက်ကလည်း Blackpink အဖွဲ့ဝင် Rose နဲ့ ဘရူနိုမက်ခ် collaborate လုပ်ထားတဲ့ သီချင်းသစ် APT ဟာ အချိန်တိုအတွင်း Youtube view သန်း(၁၀၀)ရရှိခဲ့ပါတယ်။

zawgyi version
အေမရိကန္ ရက္ပ္အဆိုေတာ္ မီဂန္၊ ေတာင္ကိုရီးယား K Pop အဖြဲ႕ Twice၊ BTS အဖြဲ႕ဝင္ RM တို႔နဲ႔ collaborate သီခ်င္းထြက္မည္
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂၅

အေမရိကန္ ရက္ပါ အဆိုေတာ္ မီဂန္သီစေတးလီယြန္ဟာ သူမရဲ႕အယ္လ္ဘမ္အသစ္ Megan Act II မွာ နာမည္ႀကီး K-pop အဖြဲ႕ေတြျဖစ္တဲ့ Twice နဲ႔ BTS အဖြဲ႕ဝင္ RM တို႔နဲ႔ collaborate သီခ်င္းေတြ ပါဝင္ထားတယ္လို႔ သိရပါတယ္။

Megan Act II ဟာ သူမရဲ႕ ဇြန္လ ၂၀၂၄ ခုႏွစ္က ထြက္ရွိတဲ့ အယ္လ္ဘမ္ "Megan" ရဲ႕ ေနာက္ဆက္တြဲ အထူးအယ္လ္ဘမ္ျဖစ္ၿပီး ယခင္ထြက္ရွိခဲ့တဲ့ သီခ်င္း(၁၈)ပုဒ္အျပင္ သီခ်င္းအသစ္ (၁၃)ပုဒ္ပါရွိမယ္လို႔ သိရပါတယ္။ Twice အဖြဲ႕နဲ႔ collaborate ကေတာ့ မီဂန္ရဲ႕ viral song ျဖစ္တဲ့ Mamushi Remix မွာ ပါဝင္မွာျဖစ္ၿပီး စင္ေပၚမွာ ဒီအေၾကာင္းကို Twice Twice အဖြဲ႕ကလည္း မၾကာေသးခင္က ျပဳလုပ္တဲ့ ပရိတ္သတ္ေတြ႕ဆုံ ေဖ်ာ္ေျဖပြဲမွာ အရိပ္အႁမြက္ေျပာခဲ့ပါတယ္။ BTS အဖြဲ႕ဝင္ RM နဲ႔ကေတာ့ Neva Play သီခ်င္းမွာ collaborate လုပ္မွာျဖစ္ပါတယ္။

အခုတေလာ အေနာက္တိုင္း အဆိုေတာ္ေတြနဲ႔ အာရွအဆိုေတာ္ေတြ collaborate လုပ္ၿပီး သီခ်င္းသစ္ ထြက္ရွိေနတာေတြ ေရပန္းစားေနတယ္လို႔ ဆိုႏိုင္ပါတယ္။ ေအာက္တို ဘာ ၁၈ ရက္ကလည္း Blackpink အဖြဲ႕ဝင္ Rose နဲ႔ ဘ႐ူႏိုမက္ခ္ collaborate လုပ္ထားတဲ့ သီခ်င္းသစ္ APT ဟာ အခ်ိန္တိုအတြင္း Youtube view သန္း(၁၀၀)ရရွိခဲ့ပါတယ္။

Related news

© 2021. All rights reserved.