ကျောင်းသား (၆၀ဝ)ခန့် ပညာသင်ကြားနေသော မဇွပ်ယန် အခြေခံပညာ အလယ်တန်းကျောင်းနေရာတွင် KIO နှင့် အကျိုးတူကုမ္ပဏီက ကျောက်စိမ်းတူးရန် ပြင်ဆင်နေ

 264

သုတကျော် (NP News) - အောက်တိုဘာ ၂၇

ကျောင်းသား (၆၀ဝ)ခန့် ပညာသင်ကြားနေသော ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ မဇွပ်ယန် အခြေခံ ပညာအလယ်တန်းကျောင်းနေရာတွင် KIO နှင့် အကျိုးတူကုမ္ပဏီက ကျောက်စိမ်းတူးရန် ပြင်ဆင်နေကြောင်း ဖြစ်စဉ်ကို သိရှိသူ ဒေသခံတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ စာသင်ကျောင်းသည် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုတွင်တည်ရှိကာ အခိုင်အမာ စာသင် ဆောင်များရှိပြီး စာသင်ကျောင်း မြေနေရာမှာ ရှစ်ဧကခန့်ရှိကြောင်းလည်းသိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းတွင် ကျောင်း တံခါးများကို ရိုက်ဖွင့်၍ စာသင်ခုံများကို အောက်တိုဘာလ ၂၁ ရက်တွင် အနီးရှိ ကချင်ရိုးရာ ရုံးဝန်းအတွင်း သို့ ရွှေ့ခဲ့ခြင်းများရှိနေသော်လည်း KIO ကို ကြောက်သည့်အတွက် ဒေသခံများကလည်း တစ်စုံတစ်ရာ စောဒက မတက်ရဲခဲ့ကြပေ။
ထို့နောက် ဆရာ၊ ဆရာမများနှင့် ကျောင်းသူ ကျောင်းသားများသည် ကျောင်းတွင်ပင် စာသင်ခုံ မရှိပဲ ဖျာခင်းကာ စာသင်ခဲ့ကြရပြီး ယခုအခါ ကချင်ရိုးရာ ရုံးသို့ ပြောင်းရွှေ့စာသင်နေကြရကြောင်းလည်း အောက်တိုဘာလ ၂၃ ရက် ညပိုင်းတွင် သိရသည်။ ‘သာမန် ကျောက်ကြောတွေကို တူးရင်တော့ ပြဿနာမရှိဘူး။ အခုလို ကလေးတွေ စာသင်တဲ့ ကျောင်းကြီးကို KIO က လုပ်ငန်းရှင်တွေနဲ့ အကျိုးတူကျောက် တူးတဲ့ကိစ္စကို ခွင့်မပြုသင့်ဘူးလေ။ ကျောင်းဝန်း အ ဆောက်အအုံဆောက်ထားတဲ့ ဧရိယာက (၆)ဧကရှိတယ်။ အားလုံးပေါင်း ကျောင်းဝန်းအကျယ်က (၈) ဧကရှိတယ်။ အဲဒီနေရာကို ကျောက်တူးမယ်ဆို တစ်ဧကကို အနည်းဆုံး မတန်ပါဘူးဆို ကျပ် သိန်းပေါင်း လေးသောင်းလောက် တန် တယ်။ လုပ်ငန်းရှင်တွေ ဝယ်တူးရင်ပေါ့}ဟု အထက်ပါ ဒေသခံက ဆို သည်။
လက်ရှိ ဖားကန့်မြို့နယ်တွင် အင်တာနက် ပြတ် တောက်နေပြီး KIO ဘက်ကလည်း ကျောက်တူးခွင့် ရပြီဟု ဆရာ၊ ဆရာမများကို ပြောကြားထားကြောင်းလည်း အထက်ပါ ဒေသခံက အခိုင်အမာဆိုသည်။ ‘ကျောက်တူးလို့ရပြီ လို့ပြောတော့ ဆရာမတွေကလည်း KIO ဆိုတော့ ကြောက်တယ်လေ။ မဟုတ်ရင်လည်း ခေါ်သတ်မှာလေ သူတို့က ပြောလို့မရဘူး။ ရိုးရာရုံးကိုခေါ်ပြီး ဖျာတွေပေါ်စာသင်နေရတာပေါ့။ အဲဒီလို ပုံစံမျိုးဖြစ်တာ’ဟု ၎င်းက ဆိုသည်။
ထွက်ပေါ်နေသော သတင်းများအရ အဆိုပါ ကျောင်းနေရာတွင် ကျောက်စိမ်းကို KIO နှင့် အကျိုးတူ တူးဖော် မည့် ကုမ္ပဏီမှာ တစ်သုံးလုံး ကုမ္ပဏီဟု ဆိုသော်လည်း အဆိုပါ အချက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

Zawgyi Version;
ေက်ာင္းသား (၆၀ဝ)ခန႔္ ပညာသင္ၾကားေနေသာ မဇြပ္ယန္ အေျခခံပညာ အလယ္တန္းေက်ာင္းေနရာတြင္ KIO ႏွင့္ အက်ိဳးတူကုမၸဏီက ေက်ာက္စိမ္းတူးရန္ ျပင္ဆင္ေန
သုတေက်ာ္ (NP News) - ေအာက္တိုဘာ ၂၇

ေက်ာင္းသား (၆၀ဝ)ခန႔္ ပညာသင္ၾကားေနေသာ ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္ရွိ မဇြပ္ယန္ အေျခခံ ပညာအလယ္တန္းေက်ာင္းေနရာတြင္ KIO ႏွင့္ အက်ိဳးတူကုမၸဏီက ေက်ာက္စိမ္းတူးရန္ ျပင္ဆင္ေနေၾကာင္း ျဖစ္စဥ္ကို သိရွိသူ ေဒသခံတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါ စာသင္ေက်ာင္းသည္ ဖားကန႔္ၿမိဳ႕နယ္၊ လုံးခင္းေက်း႐ြာအုပ္စုတြင္တည္ရွိကာ အခိုင္အမာ စာသင္ ေဆာင္မ်ားရွိၿပီး စာသင္ေက်ာင္း ေျမေနရာမွာ ရွစ္ဧကခန႔္ရွိေၾကာင္းလည္းသိရသည္။ ၿပီးခဲ့သည့္ ရက္ပိုင္းတြင္ ေက်ာင္း တံခါးမ်ားကို ႐ိုက္ဖြင့္၍ စာသင္ခုံမ်ားကို ေအာက္တိုဘာလ ၂၁ ရက္တြင္ အနီးရွိ ကခ်င္႐ိုးရာ ႐ုံးဝန္းအတြင္း သို႔ ေ႐ႊ႕ခဲ့ျခင္းမ်ားရွိေနေသာ္လည္း KIO ကို ေၾကာက္သည့္အတြက္ ေဒသခံမ်ားကလည္း တစ္စုံတစ္ရာ ေစာဒက မတက္ရဲခဲ့ၾကေပ။
ထို႔ေနာက္ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသူ ေက်ာင္းသားမ်ားသည္ ေက်ာင္းတြင္ပင္ စာသင္ခုံ မရွိပဲ ဖ်ာခင္းကာ စာသင္ခဲ့ၾကရၿပီး ယခုအခါ ကခ်င္႐ိုးရာ ႐ုံးသို႔ ေျပာင္းေ႐ႊ႕စာသင္ေနၾကရေၾကာင္းလည္း ေအာက္တိုဘာလ ၂၃ ရက္ ညပိုင္းတြင္ သိရသည္။ ‘သာမန္ ေက်ာက္ေၾကာေတြကို တူးရင္ေတာ့ ျပႆနာမရွိဘူး။ အခုလို ကေလးေတြ စာသင္တဲ့ ေက်ာင္းႀကီးကို KIO က လုပ္ငန္းရွင္ေတြနဲ႔ အက်ိဳးတူေက်ာက္ တူးတဲ့ကိစၥကို ခြင့္မျပဳသင့္ဘူးေလ။ ေက်ာင္းဝန္း အ ေဆာက္အအုံေဆာက္ထားတဲ့ ဧရိယာက (၆)ဧကရွိတယ္။ အားလုံးေပါင္း ေက်ာင္းဝန္းအက်ယ္က (၈) ဧကရွိတယ္။ အဲဒီေနရာကို ေက်ာက္တူးမယ္ဆို တစ္ဧကကို အနည္းဆုံး မတန္ပါဘူးဆို က်ပ္ သိန္းေပါင္း ေလးေသာင္းေလာက္ တန္ တယ္။ လုပ္ငန္းရွင္ေတြ ဝယ္တူးရင္ေပါ့}ဟု အထက္ပါ ေဒသခံက ဆို သည္။
လက္ရွိ ဖားကန႔္ၿမိဳ႕နယ္တြင္ အင္တာနက္ ျပတ္ ေတာက္ေနၿပီး KIO ဘက္ကလည္း ေက်ာက္တူးခြင့္ ရၿပီဟု ဆရာ၊ ဆရာမမ်ားကို ေျပာၾကားထားေၾကာင္းလည္း အထက္ပါ ေဒသခံက အခိုင္အမာဆိုသည္။ ‘ေက်ာက္တူးလို႔ရၿပီ လို႔ေျပာေတာ့ ဆရာမေတြကလည္း KIO ဆိုေတာ့ ေၾကာက္တယ္ေလ။ မဟုတ္ရင္လည္း ေခၚသတ္မွာေလ သူတို႔က ေျပာလို႔မရဘူး။ ႐ိုးရာ႐ုံးကိုေခၚၿပီး ဖ်ာေတြေပၚစာသင္ေနရတာေပါ့။ အဲဒီလို ပုံစံမ်ိဳးျဖစ္တာ’ဟု ၎က ဆိုသည္။
ထြက္ေပၚေနေသာ သတင္းမ်ားအရ အဆိုပါ ေက်ာင္းေနရာတြင္ ေက်ာက္စိမ္းကို KIO ႏွင့္ အက်ိဳးတူ တူးေဖာ္ မည့္ ကုမၸဏီမွာ တစ္သုံးလုံး ကုမၸဏီဟု ဆိုေသာ္လည္း အဆိုပါ အခ်က္ကို သီးျခားအတည္ျပဳႏိုင္ျခင္း မရွိေသးေပ။

Related news

© 2021. All rights reserved.