ဗုံးဖောက်ခွဲရန်သွားစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူများကို လမ်းဘေးတွင် ပစ်ထားခဲ့မှု ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ဖြစ်ပွား

 24270

စော (NP News) - အောက်တိုဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ဗုံးဖောက်ခွဲရန် သွားရောက်စဉ်ပေါက်ကွဲမှုဖြစ်ပွားရာ ထိခိုက်ဒဏ်ရာရရှိသူများကို လမ်းဘေးတွင် ပစ်ထားခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ (အောက်တိုဘာ ၂၇ ရက်)၊ နံနက် ၆ နာရီ ၃ဝ မိနစ်အချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၆၂)ရပ်ကွက်၊ ပတ္တမြားလမ်း၊ အမှတ် (၃၀) အခြေခံပညာမူလတန်းကျောင်းအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ပွားရာနေရာတွင် အမျိုးသား(၂)ဦး ဒဏ်ရာများဖြင့် လဲကျနေသည်ကို သက်ဆိုင်ရာမှသွားရောက် စိစစ်ခဲ့ ရာ လက်ကောက်ဝတ်မှ ပြတ်ထွက်ဒဏ်ရာ၊ လက်ချောင်းများပြတ်ထွက်ဒဏ်ရာ၊ ယာပေါင်ပေါက်ပြဲ ဒဏ်ရာများဖြင့် စိုးရိမ်ရသည့်အခြေအနေရှိသည့် ဖိုးလပြည့် (၂၉)နှစ် နှင့် ခြေထောက်ပေါက်ပြဲဒဏ်ရာများ ရရှိထားသည့် ပိုင်မင်းထက်(၂ဝ)နှစ်တို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ပိုင်မင်းထက်အား ကနဦးမေးမြန်းချက်အရ ၎င်းနှင့်အတူ ဖိုးလပြည့်၊ ကရင်နှင့် ယာဉ်မောင်း ငွေစိုး (၄၀)နှစ် စုစုပေါင်း (၄)ဦးသည် Toyota Corolla အဖြူရောင်အငှားယာဉ်ဖြင့် ပိုင်မင်းထက်၏ နေအိမ်မှ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ (၉၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ဗုံးခွဲရန် သွားရောက်ခဲ့စဉ် အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ကားပေါ်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားရာမှ ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ကရင်မှာ ယာဉ်ပေါ်မှ ထွက်ပြေးသွားခဲ့ပြီး ယာဉ်မောင်းငွေစိုးမှာ ပိုင်မင်းထက်နှင့် ဖိုးလပြည့်တို့ကို အခင်း ဖြစ်ပွားရာနေရာသို့ လာရောက်ပစ်ထားခဲ့ခြင်းဖြစ်ကြောင်းသိရပြီး ပူးပေါင်းအဖွဲ့မှ ပတ်ဝန်းကျင်အား ပိတ်ဆို့ ရှာဖွေခဲ့ရာ ပြည်ထောင်စုလမ်းနှင့် မေယဝတီလမ်းထောင့်အနီးတွင် ယာဉ်မောင်း ငွေစိုး ကို Toyota Corolla အဖြူရောင်အငှားယာဉ် နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Zawgyi Version;
ဗုံးေဖာက္ခြဲရန္သြားစဥ္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို လမ္းေဘးတြင္ ပစ္ထားခဲ့မႈ ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း) ၿမိဳ႕နယ္တြင္ ျဖစ္ပြား
ေစာ (NP News) - ေအာက္တိုဘာ ၂၇

ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္တြင္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးသို႔ ဗုံးေဖာက္ခြဲရန္ သြားေရာက္စဥ္ေပါက္ကြဲမႈျဖစ္ပြားရာ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို လမ္းေဘးတြင္ ပစ္ထားခဲ့ေၾကာင္း လုံၿခဳံေရး တပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔ (ေအာက္တိုဘာ ၂၇ ရက္)၊ နံနက္ ၆ နာရီ ၃ဝ မိနစ္အခ်ိန္တြင္ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ (၆၂)ရပ္ကြက္၊ ပတၱျမားလမ္း၊ အမွတ္ (၃၀) အေျခခံပညာမူလတန္းေက်ာင္းအနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

အခင္းျဖစ္ပြားရာေနရာတြင္ အမ်ိဳးသား(၂)ဦး ဒဏ္ရာမ်ားျဖင့္ လဲက်ေနသည္ကို သက္ဆိုင္ရာမွသြားေရာက္ စိစစ္ခဲ့ ရာ လက္ေကာက္ဝတ္မွ ျပတ္ထြက္ဒဏ္ရာ၊ လက္ေခ်ာင္းမ်ားျပတ္ထြက္ဒဏ္ရာ၊ ယာေပါင္ေပါက္ၿပဲ ဒဏ္ရာမ်ားျဖင့္ စိုးရိမ္ရသည့္အေျခအေနရွိသည့္ ဖိုးလျပည့္ (၂၉)ႏွစ္ ႏွင့္ ေျခေထာက္ေပါက္ၿပဲဒဏ္ရာမ်ား ရရွိထားသည့္ ပိုင္မင္းထက္(၂ဝ)ႏွစ္တို႔ကို ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ပိုင္မင္းထက္အား ကနဦးေမးျမန္းခ်က္အရ ၎ႏွင့္အတူ ဖိုးလျပည့္၊ ကရင္ႏွင့္ ယာဥ္ေမာင္း ေငြစိုး (၄၀)ႏွစ္ စုစုေပါင္း (၄)ဦးသည္ Toyota Corolla အျဖဴေရာင္အငွားယာဥ္ျဖင့္ ပိုင္မင္းထက္၏ ေနအိမ္မွ ဒဂုံၿမိဳ႕သစ္ (ဆိပ္ကမ္း)ၿမိဳ႕နယ္၊ (၉၄)ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးသို႔ ဗုံးခြဲရန္ သြားေရာက္ခဲ့စဥ္ အုပ္ခ်ဳပ္ေရးမႉး႐ုံးအနီးတြင္ ကားေပၚ၌ ဗုံးေပါက္ကြဲမႈျဖစ္ပြားရာမွ ဒဏ္ရာမ်ား ရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ေနာက္ ကရင္မွာ ယာဥ္ေပၚမွ ထြက္ေျပးသြားခဲ့ၿပီး ယာဥ္ေမာင္းေငြစိုးမွာ ပိုင္မင္းထက္ႏွင့္ ဖိုးလျပည့္တို႔ကို အခင္း ျဖစ္ပြားရာေနရာသို႔ လာေရာက္ပစ္ထားခဲ့ျခင္းျဖစ္ေၾကာင္းသိရၿပီး ပူးေပါင္းအဖြဲ႕မွ ပတ္ဝန္းက်င္အား ပိတ္ဆို႔ ရွာေဖြခဲ့ရာ ျပည္ေထာင္စုလမ္းႏွင့္ ေမယဝတီလမ္းေထာင့္အနီးတြင္ ယာဥ္ေမာင္း ေငြစိုး ကို Toyota Corolla အျဖဴေရာင္အငွားယာဥ္ ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.