နိုင်ငံခြားကြေးစားစစ်သားတွေကို စစ်တပ်အတွင်းမှာ အရာရှိအဖြစ် ထမ်းဆောင်ခွင့်ပြုတဲ့ဥပဒေကို ယူကရိန်းသမ္မတ လက်မှတ်ရေးထိုး
2783
Pika (NP News) - အောက်တိုဘာ ၂၈
ယူကရိန်းသမ္မတဇီလန်စကီးဟာ နိုင်ငံခြားကြေးစားစစ်သားတွေကို ယူကရိန်းစစ်တပ်မှာ အရာရှိအဖြစ် ထမ်းဆောင် ခွင့်ပြုတဲ့ဥပဒေတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။ ယူကရိန်းလွှတ်တော်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ(၁၀)ရက်မှာ အဲဒီဥပဒေကို အတည်ပြုပေးခဲ့ပြီး အောက်တိုဘာလ(၂၅)ရက်မှာ ဇီလန်စကီးက လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီဥပဒေဟာ ယူကရိန်းစစ်တပ်နဲ့ စာချုပ်ချုပ်ဆိုထားတဲ့ နိုင်ငံခြားကြေးစားစစ်သားတွေကို စစ်တပ်အတွင်းမှာ ရာထူးအာဏာရယူပိုင်ခွင့်ပေးမှာဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီဥပဒေကို ပြီးခဲ့တဲ့စက်တင်ဘာလမှာ ဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့တာဖြစ်ပြီး ယူကရိန်းစစ်တပ်မှာ ကွပ်ကဲမှုပိုင်း ဝန်ထမ်းနည်းပါးတာကို ဖြေရှင်းဖို့ လိုအပ်တယ်လို့ အမျိုးသားလုံခြုံရေး၊ ကာကွယ်ရေးနဲ့ ထောက်လှမ်းရေးဆိုင်ရာ လွှတ်တော်ကော်မတီရဲ့ လက်ထောက်အကြီးအကဲ အီဂေါချာနပ်ဗ်က ပြောကြားခဲ့ပါတယ်။
၎င်းက "အရာရှိတပ်ဖွဲ့တွေနဲ့ လက်ရှိအခြေအနေတွေအားလုံးကို ကျွန်တော်တို့နားလည်ပါတယ်။ ကျွန်တော်တို့မှာ ဝန်ထမ်းနည်းပါးမှုနဲ့ပတ်သက်တဲ့ပြဿနာရှိနေပါတယ်။ ပြီးတော့ ယူကရိန်းတပ်ဖွဲ့တွေနဲ့ပူးပေါင်းဖို့အတွက် အခြားနိုင်ငံတွေက အရာရှိဟောင်းတွေက စိတ်ဝင်စားမှုတွေလည်းရှိနေပါတယ်" လို့ ပြောခဲ့ပါတယ်။
ရုရှား-ယူကရိန်းပဋိပက္ခစတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကနေစတင်ပြီး နိုင်ငံခြားကြေးစားစစ်သား အနည်းဆုံး (၁၃၃၈၇)ဦးဟာ ယူကရိန်းကို ရောက်ရှိလာခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ မတ်လမှာ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ ဒါ့ပြင် ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲအတွင်း ယူကရိန်းဘက်ကနေ ပါဝင် တိုက်ခိုက်ပေးခဲ့တဲ့ နိုင်ငံခြားကြေးစားစစ်သား အနည်းဆုံး(၅၉၆၂)ဦး သေဆုံးခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီး ဌာနက ပြောဆိုခဲ့ပါတယ်။
Zawgyi Version;
ႏိုင္ငံျခားေၾကးစားစစ္သားေတြကို စစ္တပ္အတြင္းမွာ အရာရွိအျဖစ္ ထမ္းေဆာင္ခြင့္ျပဳတဲ့ဥပေဒကို ယူကရိန္းသမၼတ လက္မွတ္ေရးထိုး
Pika (NP News) - ေအာက္တိုဘာ ၂၈
ယူကရိန္းသမၼတဇီလန္စကီးဟာ ႏိုင္ငံျခားေၾကးစားစစ္သားေတြကို ယူကရိန္းစစ္တပ္မွာ အရာရွိအျဖစ္ ထမ္းေဆာင္ ခြင့္ျပဳတဲ့ဥပေဒတစ္ရပ္ကို လက္မွတ္ေရးထိုးခဲ့တယ္လို႔ သိရပါတယ္။ ယူကရိန္းလႊတ္ေတာ္ဟာ ၿပီးခဲ့တဲ့ ေအာက္တိုဘာလ(၁၀)ရက္မွာ အဲဒီဥပေဒကို အတည္ျပဳေပးခဲ့ၿပီး ေအာက္တိုဘာလ(၂၅)ရက္မွာ ဇီလန္စကီးက လက္မွတ္ေရးထိုးခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
အဲဒီဥပေဒဟာ ယူကရိန္းစစ္တပ္နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုထားတဲ့ ႏိုင္ငံျခားေၾကးစားစစ္သားေတြကို စစ္တပ္အတြင္းမွာ ရာထူးအာဏာရယူပိုင္ခြင့္ေပးမွာျဖစ္တယ္လို႔လည္း သိရပါတယ္။ အဲဒီဥပေဒကို ၿပီးခဲ့တဲ့စက္တင္ဘာလမွာ ေဆြးေႏြးမႈေတြလုပ္ေဆာင္ခဲ့တာျဖစ္ၿပီး ယူကရိန္းစစ္တပ္မွာ ကြပ္ကဲမႈပိုင္း ဝန္ထမ္းနည္းပါးတာကို ေျဖရွင္းဖို႔ လိုအပ္တယ္လို႔ အမ်ိဳးသားလုံၿခဳံေရး၊ ကာကြယ္ေရးနဲ႔ ေထာက္လွမ္းေရးဆိုင္ရာ လႊတ္ေတာ္ေကာ္မတီရဲ႕ လက္ေထာက္အႀကီးအကဲ အီေဂါခ်ာနပ္ဗ္က ေျပာၾကားခဲ့ပါတယ္။
၎က "အရာရွိတပ္ဖြဲ႕ေတြနဲ႔ လက္ရွိအေျခအေနေတြအားလုံးကို ကြၽန္ေတာ္တို႔နားလည္ပါတယ္။ ကြၽန္ေတာ္တို႔မွာ ဝန္ထမ္းနည္းပါးမႈနဲ႔ပတ္သက္တဲ့ျပႆနာရွိေနပါတယ္။ ၿပီးေတာ့ ယူကရိန္းတပ္ဖြဲ႕ေတြနဲ႔ပူးေပါင္းဖို႔အတြက္ အျခားႏိုင္ငံေတြက အရာရွိေဟာင္းေတြက စိတ္ဝင္စားမႈေတြလည္းရွိေနပါတယ္" လို႔ ေျပာခဲ့ပါတယ္။
႐ုရွား-ယူကရိန္းပဋိပကၡစတင္ျဖစ္ပြားခဲ့တဲ့ ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလကေနစတင္ၿပီး ႏိုင္ငံျခားေၾကးစားစစ္သား အနည္းဆုံး (၁၃၃၈၇)ဦးဟာ ယူကရိန္းကို ေရာက္ရွိလာခဲ့တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ၿပီးခဲ့တဲ့ မတ္လမွာ ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးပါတယ္။ ဒါ့ျပင္ ႐ုရွားနဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲအတြင္း ယူကရိန္းဘက္ကေန ပါဝင္ တိုက္ခိုက္ေပးခဲ့တဲ့ ႏိုင္ငံျခားေၾကးစားစစ္သား အနည္းဆုံး(၅၉၆၂)ဦး ေသဆုံးခဲ့တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီး ဌာနက ေျပာဆိုခဲ့ပါတယ္။