မန္တလေးတွင် အမျိုးသားတစ်ဦး မယ်ဇလီဖူးတက်ခူးရာမှ ဓာတ်လိုက်သေဆုံး
1195
ချယ်ရီ( NP News) - အောက်တိုဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် အမျိုးသားတစ်ဦး မယ်ဇလီဖူးတက်ခူးရာမှ ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ရွှေမဉ္ဇူပရဟိတလူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (အောက်တိုဘာလ ၂၇ ရက်)၊ ညနေ ၅ နာရီဝန်းကျင်ခန့်က ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၅၆ လမ်းနှင့် ၁၂၅ လမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ “သူက မယ်ဇလီပင်ပေါ်မှာ မယ်ဇလီဖူး တက်ခူးနေတာ။ အဲဒီမှာ မီးလည်းလာတော့ ဓာတ်လိုက်တယ်။ ဓာတ်လိုက်ပြီးတော့ သေဆုံးသွားတာပါ”ဟု ရွှေမဉ္ဇူပရဟိတလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ ဓာတ်လိုက်သေဆုံးသူမှာ အသက် (၃၈)အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး ဓာတ်လိုက်၍ လက်နှင့် ခြေထောက်များတွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။ထို့နောက် သေဆုံးသူ၏ရုပ်အလောင်းကို ရွှေမဥ္ဇူပရဟိတလူမှုကူညီရေးအသင်းက မန္တလေးပြည့်သူ့ဆေးရုံကြီး ရေခဲတိုက်သို့ ပို့ဆောင် ကူညီပေးခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် အောက်တိုဘာ၂၅ ရက်၊ နံနက်ပိုင်း ၈ နာရီခွဲအချိန်ခန့်ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် ပလုံကောက်စဉ် ဓာတ်လိုက်နေသည့် ဇနီးကို ကယ်တင်ရာမှအမျိုးသားဖြစ်သူမှာ ဓာတ်လိုက်သေဆုံးခဲ့ရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ဖူးသည်။
zawgyi version
မႏၲေလးတြင္ အမ်ိဳးသားတစ္ဦး မယ္ဇလီဖူးတက္ခူးရာမွ ဓာတ္လိုက္ေသဆုံး
ခ်ယ္ရီ( NP News) - ေအာက္တိုဘာ ၂၈
မႏၲေလးတိုင္းေဒသႀကီး၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္တြင္ အမ်ိဳးသားတစ္ဦး မယ္ဇလီဖူးတက္ခူးရာမွ ဓာတ္လိုက္ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း ေ႐ႊမၪၨဴပရဟိတလူမႈကူညီေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ေအာက္တိုဘာလ ၂၇ ရက္)၊ ညေန ၅ နာရီဝန္းက်င္ခန႔္က ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ (စ)ရပ္ကြက္၊ ၅၆ လမ္းႏွင့္ ၁၂၅ လမ္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။ “သူက မယ္ဇလီပင္ေပၚမွာ မယ္ဇလီဖူး တက္ခူးေနတာ။ အဲဒီမွာ မီးလည္းလာေတာ့ ဓာတ္လိုက္တယ္။ ဓာတ္လိုက္ၿပီးေတာ့ ေသဆုံးသြားတာပါ”ဟု ေ႐ႊမၪၨဴပရဟိတလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါ ဓာတ္လိုက္ေသဆုံးသူမွာ အသက္ (၃၈)အ႐ြယ္အမ်ိဳးသားတစ္ဦးျဖစ္ၿပီး ဓာတ္လိုက္၍ လက္ႏွင့္ ေျခေထာက္မ်ားတြင္ ထိခိုက္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။ထို႔ေနာက္ ေသဆုံးသူ၏႐ုပ္အေလာင္းကို ေ႐ႊမၪၨဴပရဟိတလူမႈကူညီေရးအသင္းက မႏၲေလးျပည့္သူ႔ေဆး႐ုံႀကီး ေရခဲတိုက္သို႔ ပို႔ေဆာင္ ကူညီေပးခဲ့ေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့သည့္ ေအာက္တိုဘာ၂၅ ရက္၊ နံနက္ပိုင္း ၈ နာရီခြဲအခ်ိန္ခန႔္ကလည္း ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒုံၿမိဳ႕နယ္တြင္ ပလုံေကာက္စဥ္ ဓာတ္လိုက္ေနသည့္ ဇနီးကို ကယ္တင္ရာမွအမ်ိဳးသားျဖစ္သူမွာ ဓာတ္လိုက္ေသဆုံးခဲ့ရသည့္ ျဖစ္စဥ္တစ္ခု ျဖစ္ပြားခဲ့ဖူးသည္။