ကလေးမြို့နယ်တွင် ဆပ်ပြာခွက်များအတွင်းမှ ငွေကျပ် သိန်း (၄၀၀၀)ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ
1054
နာမူ (NP News) - အောက်တိုဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် ဆပ်ပြာခွက်များအတွင်းမှ ငွေကျပ် သိန်း (၄၀၀၀)ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့်ပူးပေါင်းအဖွဲ့က အောက်တိုဘာလ ၂၃ ရက် ၊ ညနေ ၆ နာရီခွဲအချိန်တွင် ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်၊ နယ်မြေ (၆)၊အမှတ်(၉) လမ်း၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အထက်ပါလမ်းပေါ်တွင် ရိုဒိန်းလျန်နာ မောင်းနှင်ပြီး မောင်မောင်နိုင်ဝင်း(ခ) မောင်နိုင် လိုက်ပါလာသည့် TOYOTA MARK II ကားကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့က တားဆီးစစ်ဆေးခဲ့ရာ ကားပေါ်မှ ဆပ်ပြာခွက် (၂၀၀)ခွက်ဖြင့်ထည့်၍ သယ်ဆောင်လာသော ဘိန်းဖြူ (၂)ကီလို အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် စစ်ဆေးဖော်ထုတ်ချက်အရ ည ၈ နာရီခွဲအချိန်တွင် ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်၊ နယ်မြေ (၁၀)၊ ဘုရင့်နောင်လမ်းဆုံ၌ ဘိန်းဖြူများရောင်းချခိုင်းသည့် မျိုးကိုဦးနှင့် မဆန်ချင်းတိလ် (၂)ဦးတို့ကို ဆပ်ပြာခွက် (၆၆၀)ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူ (၆ ဒသမ ၆)ကီလို အပါအဝင် TOYOTA MARK II ကားတစ်စီးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့ထံမှ စုစုပေါင်း ငွေကျပ် သိန်း (၄၃၀၀) တန်ဖိုးရှိ ဘိန်းဖြူ (၈ ဒသမ ၆)ကီလိုအား ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ထပ်မံစစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိသည့် ဘိန်းဖြူများကို မန္တလေးမှ ဖိုးကျော်(ခ) ကျော်ကျော်(ခ)မော်သင်း နှင့် ဇနီးမခင်မိုးနွယ်(ခ)မိုးနွယ်တို့၏ စီစဉ်မှုဖြင့် မိတ္တူကူးစက် အဟောင်းများအတွင်း သိုဝှက်ကာ ကလေးမြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ထို့ကြောင့် ၎င်းတို့ကို ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကိုလည်း ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း နှင့် မူးယစ်ဆေးဝါးများသယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေး ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
zawgyi version
ကေလးၿမိဳ႕နယ္တြင္ ဆပ္ျပာခြက္မ်ားအတြင္းမွ ေငြက်ပ္ သိန္း (၄၀၀၀)ေက်ာ္တန္ဖိုးရွိ ဘိန္းျဖဴမ်ား ဖမ္းဆီးရမိ
နာမူ (NP News) - ေအာက္တိုဘာ ၂၈
စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလးၿမိဳ႕နယ္တြင္ ဆပ္ျပာခြက္မ်ားအတြင္းမွ ေငြက်ပ္ သိန္း (၄၀၀၀)ေက်ာ္တန္ဖိုးရွိ ဘိန္းျဖဴမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ထံမွ သိရသည္။
မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ႏွင့္ပူးေပါင္းအဖြဲ႕က ေအာက္တိုဘာလ ၂၃ ရက္ ၊ ညေန ၆ နာရီခြဲအခ်ိန္တြင္ ကေလးၿမိဳ႕၊ ေတာင္ဇလပ္ရပ္ကြက္၊ နယ္ေျမ (၆)၊အမွတ္(၉) လမ္း၌ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အထက္ပါလမ္းေပၚတြင္ ႐ိုဒိန္းလ်န္နာ ေမာင္းႏွင္ၿပီး ေမာင္ေမာင္ႏိုင္ဝင္း(ခ) ေမာင္ႏိုင္ လိုက္ပါလာသည့္ TOYOTA MARK II ကားကို မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ႏွင့္ ပူးေပါင္းအဖြဲ႕က တားဆီးစစ္ေဆးခဲ့ရာ ကားေပၚမွ ဆပ္ျပာခြက္ (၂၀၀)ခြက္ျဖင့္ထည့္၍ သယ္ေဆာင္လာေသာ ဘိန္းျဖဴ (၂)ကီလို အား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ စစ္ေဆးေဖာ္ထုတ္ခ်က္အရ ည ၈ နာရီခြဲအခ်ိန္တြင္ ကေလးၿမိဳ႕၊ ေတာင္ဇလပ္ရပ္ကြက္၊ နယ္ေျမ (၁၀)၊ ဘုရင့္ေနာင္လမ္းဆုံ၌ ဘိန္းျဖဴမ်ားေရာင္းခ်ခိုင္းသည့္ မ်ိဳးကိုဦးႏွင့္ မဆန္ခ်င္းတိလ္ (၂)ဦးတို႔ကို ဆပ္ျပာခြက္ (၆၆၀)ခြက္ျဖင့္ထည့္ထားသည့္ ဘိန္းျဖဴ (၆ ဒသမ ၆)ကီလို အပါအဝင္ TOYOTA MARK II ကားတစ္စီးတို႔ႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၎တို႔ထံမွ စုစုေပါင္း ေငြက်ပ္ သိန္း (၄၃၀၀) တန္ဖိုးရွိ ဘိန္းျဖဴ (၈ ဒသမ ၆)ကီလိုအား ဖမ္းဆီးရမိခဲ့ေၾကာင္း မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။
ထပ္မံစစ္ေဆးေဖာ္ထုတ္ခ်က္အရ ဖမ္းဆီးရမိသည့္ ဘိန္းျဖဴမ်ားကို မႏၲေလးမွ ဖိုးေက်ာ္(ခ) ေက်ာ္ေက်ာ္(ခ)ေမာ္သင္း ႏွင့္ ဇနီးမခင္မိုးႏြယ္(ခ)မိုးႏြယ္တို႔၏ စီစဥ္မႈျဖင့္ မိတၱဴကူးစက္ အေဟာင္းမ်ားအတြင္း သိုဝွက္ကာ ကေလးၿမိဳ႕သို႔ သယ္ေဆာင္ေရာင္းဝယ္ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။
ထို႔ေၾကာင့္ ၎တို႔ကို ဥပေဒအရ အေရးယူထားၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားကိုလည္း ဆက္လက္စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း ႏွင့္ မူးယစ္ေဆးဝါးမ်ားသယ္ေဆာင္ေရာင္းဝယ္ရာမွ ရရွိသည့္ ေငြေၾကးအက်ိဳးအျမတ္မ်ား၊ ပိုင္ဆိုင္မႈမ်ားကို ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းဆည္းႏိုင္ေရး ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးဥပေဒျဖင့္ ဆက္လက္အေရးယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း သိရသည္။