အင်ဒိုနီးရှားက (၂၀၃၀)တွင် လျှပ်စစ်ကားနှင့် လျှပ်စစ်ဆိုင်ကယ်အစီးရေ သန်းနှင့်ချီ ထုတ်လုပ်ရန်စီစဉ်နေ

 252

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၉

အင်ဒိုနီးရှားနိုင်ငံသည် (၂၀၃၀)ပြည့်နှစ်အတွင်း လျှပ်စစ်ကား EV အစီးရေ (၂)သန်းကျော်နှင့် လျှပ်စစ်ဆိုင်ကယ်အစီးရေ (၁၃)သန်းကျော် ထုတ် လုပ်ရန် ပစ်မှတ်ထားနေကြောင်းသိရသည်။ တရုတ် ကားထုတ်လုပ်ရေးကုမ္ပဏီများသည် အင်ဒိုနီးရှားနိုင်ငံ၏ လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းများတွင် အဓိကထားရင်းနှီးမြှုပ်နှံနေပြီး အာဆီယံဒေသအ တွင်းနိုင်ငံများတွင် " Made in China "အမှတ်တံဆိပ်ပါ တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားများကို အသုံး ပြုလျက်ရှိနေကြောင်း သိရသည်။

တရုတ်အစိုးရသည် အင်ဒိုနိးရှားနိုင်ငံ၏ လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းကို ပိုမိုဖွံ့ဖြိုးတိုး တက်စေရန် ကူညီပေးမည်ဟု ကတိပြုထားပြီး ရင်း နှီးမြှုပ်နှံမှုများ ပိုမိုလုပ်ဆောင်လာဖွယ်ရှိနေကြောင်း သိရသည်။ တရုတ်အစိုးရသည် အင်ဒိုနီးရှားအစိုးရ၏ နိုင်ငံအတွင်း လျှပ်စစ်ကား ထုတ်လုပ်ရေးလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်ရန်အတွက် နှစ်နိုင်ငံကြားသံတမန် ဆက်ဆံရေးလမ်းကြောင်းမှတစ်ဆင့် ဆွေးနွေးကတိ ပြုခဲ့ကြောင်းသိရသည်။

အင်ဒိုနီးရှားနိုင်ငံ၏ လျှပ်စစ်ကား ထုတ် လုပ်ရေးလုပ်ငန်းများတွင် တရုတ်နိုင်ငံ၏ လျှပ်စစ် ကားထုတ်လုပ်ရေးလုပ်ငန်းများ အဓိကစိုမိုးထား ကြောင်းသိရသည်။ ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကား ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သော BYD သည် အင်ဒိုနီးရှားနိုင်ငံ၏ လျှပ်စစ်ကားထုတ်လုပ်ရေးလုပ် ငန်းတွင် အမေရိကန်ဒေါ်လာ (၁)ဒသမ (၃)ဘီလျံ ရင်းနှီးမြှုပ်နှံရန် စီစဉ်နေပြီး လျှပ်စစ်ကားထုတ်လုပ် ရေးစက်ရုံများကို (၂၀၂၆)ခုနှစ် ဇန်နဝါရီလ အတွင်း စတင်နိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။ အဆိုပါ BYD ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှု များက နိုင်ငံ၏ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုများအပြင် အလုပ်ကိုင်အခွင့်လမ်းကောင်းများရရှိစေရန် အ ထောက်ကူဖြစ်စေမည်ဟု သိရသည်။

အင်ဒိုနီးရှား နိုင်ငံသားတစ်ဦးဖြစ်သော ဂူနာဝမ်က "ကျွန်တော်ရဲ့သားဖြစ်သူဟာ လျှပ်စစ် ကားမောင်းနှင်ရတာကို ပိုမိုနှစ်သက်လာတယ်။ လျှပ် စစ်ကားမောင်းနှင်ရတာလွယ်ကူတယ်။ ကျွန်တော့် ရဲ့သားဖြစ်သူဆိုရင် လျှပ်စစ်ကားကို ခြောက်လတစ် ကြိမ် ဝန်ဆောင်မှုပို့တယ်။ စစ်ဆေးတယ်။ လျှပ်စစ် ကားအတွက် ဝန်ဆောင်မှုဟာ သမားရိုးကျကားတွေ ထက်လည်း သက်သာတယ်" ဟုပြောသည်။

zawgyi version
အင္ဒိုနီးရွားက (၂၀၃၀)တြင္ လွ်ပ္စစ္ကားႏွင့္ လွ်ပ္စစ္ဆိုင္ကယ္အစီးေရ သန္းႏွင့္ခ်ီ ထုတ္ လုပ္ရန္စီစဥ္ေန
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂၉

အင္ဒိုနီးရွားႏိုင္ငံသည္ (၂၀၃၀)ျပည့္ႏွစ္အတြင္း လွ်ပ္စစ္ကား EV အစီးေရ (၂)သန္းေက်ာ္ႏွင့္ လွ်ပ္စစ္ဆိုင္ကယ္အစီးေရ (၁၃)သန္းေက်ာ္ ထုတ္ လုပ္ရန္ ပစ္မွတ္ထားေနေၾကာင္းသိရသည္။ တ႐ုတ္ ကားထုတ္လုပ္ေရးကုမၸဏီမ်ားသည္ အင္ဒိုနီးရွားႏိုင္ငံ၏ လွ်ပ္စစ္ကားထုတ္လုပ္ေရးလုပ္ငန္းမ်ားတြင္ အဓိကထားရင္းႏွီးျမႇဳပ္ႏွံေနၿပီး အာဆီယံေဒသအ တြင္းႏိုင္ငံမ်ားတြင္ " Made in China "အမွတ္တံဆိပ္ပါ တ႐ုတ္ႏိုင္ငံထုတ္ လွ်ပ္စစ္ကားမ်ားကို အသုံး ျပဳလ်က္ရွိေနေၾကာင္း သိရသည္။

တ႐ုတ္အစိုးရသည္ အင္ဒိုနိးရွားႏိုင္ငံ၏ လွ်ပ္စစ္ကားထုတ္လုပ္ေရးလုပ္ငန္းကို ပိုမိုဖြံ႕ၿဖိဳးတိုး တက္ေစရန္ ကူညီေပးမည္ဟု ကတိျပဳထားၿပီး ရင္း ႏွီးျမႇဳပ္ႏွံမႈမ်ား ပိုမိုလုပ္ေဆာင္လာဖြယ္ရွိေနေၾကာင္း သိရသည္။ တ႐ုတ္အစိုးရသည္ အင္ဒိုနီးရွားအစိုးရ၏ ႏိုင္ငံအတြင္း လွ်ပ္စစ္ကား ထုတ္လုပ္ေရးလုပ္ငန္း ပိုမိုဖြံ႕ၿဖိဳးတိုးတက္ရန္အတြက္ ႏွစ္ႏိုင္ငံၾကားသံတမန္ ဆက္ဆံေရးလမ္းေၾကာင္းမွတစ္ဆင့္ ေဆြးေႏြးကတိ ျပဳခဲ့ေၾကာင္းသိရသည္။

အင္ဒိုနီးရွားႏိုင္ငံ၏ လွ်ပ္စစ္ကား ထုတ္ လုပ္ေရးလုပ္ငန္းမ်ားတြင္ တ႐ုတ္ႏိုင္ငံ၏ လွ်ပ္စစ္ ကားထုတ္လုပ္ေရးလုပ္ငန္းမ်ား အဓိကစိုမိုးထား ေၾကာင္းသိရသည္။ ကမာၻ႔အႀကီးဆုံး လွ်ပ္စစ္ကား ထုတ္လုပ္ေရးကုမၸဏီတစ္ခုျဖစ္ေသာ BYD သည္ အင္ဒိုနီးရွားႏိုင္ငံ၏ လွ်ပ္စစ္ကားထုတ္လုပ္ေရးလုပ္ ငန္းတြင္ အေမရိကန္ေဒၚလာ (၁)ဒသမ (၃)ဘီလ်ံ ရင္းႏွီးျမႇဳပ္ႏွံရန္ စီစဥ္ေနၿပီး လွ်ပ္စစ္ကားထုတ္လုပ္ ေရးစက္႐ုံမ်ားကို (၂၀၂၆)ခုႏွစ္ ဇန္နဝါရီလ အတြင္း စတင္ႏိုင္ရန္ ေမွ်ာ္လင့္ထားေၾကာင္း သိရသည္။ အဆိုပါ BYD ကုမၸဏီ၏ ရင္းႏွီးျမႇဳပ္ႏွံမႈ မ်ားက ႏိုင္ငံ၏ စီးပြားေရးႏွင့္ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားအျပင္ အလုပ္ကိုင္အခြင့္လမ္းေကာင္းမ်ားရရွိေစရန္ အ ေထာက္ကူျဖစ္ေစမည္ဟု သိရသည္။

အင္ဒိုနီးရွား ႏိုင္ငံသားတစ္ဦးျဖစ္ေသာ ဂူနာဝမ္က "ကြၽန္ေတာ္ရဲ႕သားျဖစ္သူဟာ လွ်ပ္စစ္ ကားေမာင္းႏွင္ရတာကို ပိုမိုႏွစ္သက္လာတယ္။ လွ်ပ္ စစ္ကားေမာင္းႏွင္ရတာလြယ္ကူတယ္။ ကြၽန္ေတာ့္ ရဲ႕သားျဖစ္သူဆိုရင္ လွ်ပ္စစ္ကားကို ေျခာက္လတစ္ ႀကိမ္ ဝန္ေဆာင္မႈပို႔တယ္။ စစ္ေဆးတယ္။ လွ်ပ္စစ္ ကားအတြက္ ဝန္ေဆာင္မႈဟာ သမား႐ိုးက်ကားေတြ ထက္လည္း သက္သာတယ္" ဟုေျပာသည္။

Related news

© 2021. All rights reserved.