ကုလသမဂ္ဂ၏ ဒုက္ခသည်အေဂျင်စီ (Unrwa)အဖွဲ့၏ လုပ်ငန်းများလုပ်ကိုင်ခြင်းကို အစ္စရေးလွှတ်တော် ပိတ်ပင်
390
ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၉
အစ္စရေးလွှတ်တော်သည် ပြီးခဲ့သောရက်ပိုင်းအတွင်း ဥပဒေတစ်ရပ်ထုတ်ပြန်ခဲ့ရာ ကုလသမဂ္ဂ၏ ဒုက္ခသည်အေဂျင်စီ (Unrwa)ကို အစ္စရေးနှင့် အစ္စရေးထိန်းချုပ်ထားသည့် အရှေ့ဂျေရုဆလင်ဒေသအတွင်းလုပ်ငန်းများ လုပ်ကိုင်ခြင်းကို သုံးလအတွင်း ရပ်နားရန်တားဆီးပိတ်ပင်လိုက်ကြောင်း သိရသည်။
အစ္စရေးလွှတ်တော်၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး အမေရိကန်အပါအဝင်အနောက်အုပ် စုနိုင်ငံများက ဝေဖန်ပြစ်တင်နေကြောင်းသိရသည်။ အစ္စရေးလွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့သော ဥပဒေထဲတွင် အစ္စရေးအစိုးရတာဝန်ရှိသူများနှင့် (Unrwa)အဖွဲ့တာဝန်ရှိသူများကြား ဆက်သွယ်ဆောင်ရွက်မှုများကိုလည်း ပိတ်ပင်သွားမည်ဖြစ်ကြောင်းသိရသည်။
ကုလသမဂ္ဂ၏ ဒုက္ခသည်အေဂျင်စီသည် ဂါဇာဒေသနှင့် အစ္စရေးထိန်းချုပ်ထားသော အနောက်ဘက်ကမ်းခြေဒေသတွင် လုပ်ငန်းများလုပ်ကိုင်ခြင်းကို အကန့်သတ်ဖြင့်သာလုပ်ကိုင်ခွင့်ရမည်ဖြစ်ရာ ဂါဒေသရှိ လူသားချင်းဆိုင်ရာ စာနာမှုအကူညီလိုအပ်သူများအတွက် အခက်ခဲများစွာဖြစ်လာစေခဲ့ကြောင်းသိရသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က အစ္စရေးလွှတ်တော်က ဆုံးဖြတ်လိုက်သော ဥပဒေသည် ဒေသအတွင်း လုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့် အစ္စရေး -ပါလက်စတိုင်း ဆုံးဖြတ်ချက်များကို ထိခိုက်နိုင်ဖွယ်ရှိနေကြောင်း ပြောသည်။
အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးဖြစ်သော မက်သရူးမီလ်လာက "ကုလသမဂ္ဂအေဂျင်စီအဖွဲ့ကို တားဆီးပိတ်ပင်မယ့် အစ္စရေးလွှတ်တော်ရဲ့ဆောင်ရွက်ချက်တွေကို ရပ်တန်ဖို့ အစ္စရေးအစိုးရကိုတိုက်တွန်းတောင်းဆိုသွားမယ်။ အဲဒီ ဥပဒေကိုအလုံးစုံခွင့်ပြုတာမျိုးမလုပ်ဖို့ အစ္စရေးကိုတိုက်တွန်းတောင်းဆိုထားပါတယ်"ဟု ပြောသည်။ အစ္စရေးအစိုးရက အဆိုပါကုလသမဂ္ဂ၏ ဒုက္ခသည်အေဂျင်စီ (Unrwa)သည် အစ္စရေးနိုင်ငံကို ဟားမတ်စ်အဖွဲ့က ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တွင်ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများအတွင်းပါဝင်ဆက်နွှယ်ခဲ့ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။
zawgyi version
ကုလသမဂၢ၏ ဒုကၡသည္ေအဂ်င္စီ (Unrwa)အဖြဲ႕၏ လုပ္ငန္းမ်ားလုပ္ကိုင္ျခင္းကို အစၥေရးလႊတ္ေတာ္ ပိတ္ပင္
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂၉
အစၥေရးလႊတ္ေတာ္သည္ ၿပီးခဲ့ေသာရက္ပိုင္းအတြင္း ဥပေဒတစ္ရပ္ထုတ္ျပန္ခဲ့ရာ ကုလသမဂၢ၏ ဒုကၡသည္ေအဂ်င္စီ (Unrwa)ကို အစၥေရးႏွင့္ အစၥေရးထိန္းခ်ဳပ္ထားသည့္ အေရွ႕ေဂ်႐ုဆလင္ေဒသအတြင္းလုပ္ငန္းမ်ား လုပ္ကိုင္ျခင္းကို သုံးလအတြင္း ရပ္နားရန္တားဆီးပိတ္ပင္လိုက္ေၾကာင္း သိရသည္။
အစၥေရးလႊတ္ေတာ္၏ ဆုံးျဖတ္ခ်က္ႏွင့္ပတ္သက္ၿပီး အေမရိကန္အပါအဝင္အေနာက္အုပ္ စုႏိုင္ငံမ်ားက ေဝဖန္ျပစ္တင္ေနေၾကာင္းသိရသည္။ အစၥေရးလႊတ္ေတာ္က မဲခြဲဆုံးျဖတ္ခဲ့ေသာ ဥပေဒထဲတြင္ အစၥေရးအစိုးရတာဝန္ရွိသူမ်ားႏွင့္ (Unrwa)အဖြဲ႕တာဝန္ရွိသူမ်ားၾကား ဆက္သြယ္ေဆာင္႐ြက္မႈမ်ားကိုလည္း ပိတ္ပင္သြားမည္ျဖစ္ေၾကာင္းသိရသည္။
ကုလသမဂၢ၏ ဒုကၡသည္ေအဂ်င္စီသည္ ဂါဇာေဒသႏွင့္ အစၥေရးထိန္းခ်ဳပ္ထားေသာ အေနာက္ဘက္ကမ္းေျခေဒသတြင္ လုပ္ငန္းမ်ားလုပ္ကိုင္ျခင္းကို အကန႔္သတ္ျဖင့္သာလုပ္ကိုင္ခြင့္ရမည္ျဖစ္ရာ ဂါေဒသရွိ လူသားခ်င္းဆိုင္ရာ စာနာမႈအကူညီလိုအပ္သူမ်ားအတြက္ အခက္ခဲမ်ားစြာျဖစ္လာေစခဲ့ေၾကာင္းသိရသည္။ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ ဂူတာရက္စ္က အစၥေရးလႊတ္ေတာ္က ဆုံးျဖတ္လိုက္ေသာ ဥပေဒသည္ ေဒသအတြင္း လုံၿခဳံေရး၊ ၿငိမ္းခ်မ္းေရးႏွင့္ အစၥေရး -ပါလက္စတိုင္း ဆုံးျဖတ္ခ်က္မ်ားကို ထိခိုက္ႏိုင္ဖြယ္ရွိေနေၾကာင္း ေျပာသည္။
အေမရိကန္အစိုးရတာဝန္ရွိသူတစ္ဦးျဖစ္ေသာ မက္သ႐ူးမီလ္လာက "ကုလသမဂၢေအဂ်င္စီအဖြဲ႕ကို တားဆီးပိတ္ပင္မယ့္ အစၥေရးလႊတ္ေတာ္ရဲ႕ေဆာင္႐ြက္ခ်က္ေတြကို ရပ္တန္ဖို႔ အစၥေရးအစိုးရကိုတိုက္တြန္းေတာင္းဆိုသြားမယ္။ အဲဒီ ဥပေဒကိုအလုံးစုံခြင့္ျပဳတာမ်ိဳးမလုပ္ဖို႔ အစၥေရးကိုတိုက္တြန္းေတာင္းဆိုထားပါတယ္"ဟု ေျပာသည္။ အစၥေရးအစိုးရက အဆိုပါကုလသမဂၢ၏ ဒုကၡသည္ေအဂ်င္စီ (Unrwa)သည္ အစၥေရးႏိုင္ငံကို ဟားမတ္စ္အဖြဲ႕က ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာ ၇ ရက္တြင္ျဖစ္ပြားခဲ့ေသာ တိုက္ခိုက္မႈမ်ားအတြင္းပါဝင္ဆက္ႏႊယ္ခဲ့ေၾကာင္း စြပ္စြဲေျပာဆိုခဲ့သည္။