ယူကရိန်းစစ်ပွဲမှာ အနိုင်မရရှိမချင်း ရုရှားနဲ့အတူ ခိုင်ခိုင်မာမာရပ်တည်သွားမယ်လို့ မြောက်ကိုရီးယားအစိုးရ ပြော

 1120

Pika (NP News) - နိုဝင်ဘာ ၂

ယူကရိန်းနှင့်ဖြစ်ပွားနေသောစစ်ပွဲတွင် ရုရှားဘက်က အနိုင်မရရှိမချင်း မြောက်ကိုရီးယားက ရုရှားနှင့်အတူ ရပ်တည်သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးချိုဆန်းဟွေက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံက ယူကရိန်းပဋိပက္ခထဲသို့ ဝင်ရောက်စွက်ဖက်လာမည်ကို စိုးရိမ်မှုများမြင့်တက်နေချိန်တွင် ချိုဆန်းဟွေ၏ ပြောဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ ချိုဆန်းဟွေသည် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ် နှင့် မော်စကိုမြို့တွင် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပြီးနောက် ယခုကဲ့သို့မှတ်ချက်ပြု ပြောဆိုခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားတပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာသည် ရုရှားတွင်ရောက်ရှိနေပြီး ယူကရိန်းနှင့်ဖြစ်ပွားနေသော စစ်ပွဲ တွင် ပါဝင်တိုက်ခိုက်ပေးနေနိုင်ဖွယ်ရှိကြောင်း အနောက်အုပ်စုနိုင်ငံများက ပြောဆိုမှုများရှိနေချိန်တွင် ချိုဆန်းဟွေ ၏ မော်စကိုမြို့သို့သွားရောက်လည်ပတ်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။
ချိုဆန်းဟွေက "ယူကရိန်းစစ်ပွဲမှာ ရုရှားက အနိုင်မရရှိမချင်း မြောက်ကိုရီးယားက ရုရှားနဲ့အတူ အမြဲတမ်း ခိုင်ခိုင် မာမာရပ်တည်သွားမှာပါ။ ရုရှားသမ္မတပူတင်ရဲ့ဥာဏ်ပညာရှိတဲ့ ဦးဆောင်မှုအောက်မှာ ရုရှားစစ်တပ်နဲ့ပြည်သူ တို့ဟာ သူတို့နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကိုကာကွယ်ဖို့အတွက် ကြိုးပမ်းမှုတွေမှာ ကြီးကျယ်ခမ်းနား တဲ့အောင်မြင်မှုတစ်ခုကို ရရှိမယ်ဆိုတာ အသေအချာပါပဲ" ဟု ပြောခဲ့သည်။
နှစ်နိုင်ငံစလုံး၏ စစ်တပ်များနှင့် အထူးဝန်ဆောင်မှုများကြား နီးကပ်သည့်ဆက်ဆံရေးကို ဆာဂေးလာရော့ဗ် က ချီးကျူးပြောဆိုခဲ့ကြောင်းလည်း သိရသည်။ ယခုနွေရာသီတွင် ရုရှားသည် မြောက်ကိုရီးယားနိုင်ငံနှင့် အပြန်အလှန်ကာကွယ်ရေးသဘောတူစာချုပ်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်းလည်း သိရသည်။

ဆာဂေးလာရော့ဗ်က "ကျွန်တော်တို့နှစ်နိုင်ငံစလုံးရဲ့စစ်ဘက်နဲ့အထူးဝန်ဆောင်မှုတွေကြားမှာ နီးကပ်တဲ့ ဆက်ဆံရေးတွေကို ထူထောင်ထားပါတယ်။ ဒီဆက်ဆံရေးတွေက ကျွန်တော်တို့ပြည်သူတွေနဲ့ မြောက်ကိုရီးယား ပြည်သူတွေအတွက် အရေးကြီးတဲ့လုံခြုံရေးရည်မှန်းချက်တွေကို ဖြေရှင်းစေနိုင်ပါလိမ့်မယ်" ဟု ပြောခဲ့သည်။
ထို့ပြင် ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး ၎င်း၏အခြေခံရပ်တည်ချက်အတွက် မြောက်ကိုရီးယားကို ကျေးဇူးတင် ကြောင်း ဆာဂေးလာရော့ဗ်က ထပ်မံပြောခဲ့သည်။ သို့သော်လည်း ဆာဂေးလာရော့ဗ်နှင့် ချိုဆန်းဟွေတို့သည် ရုရှားတွင် မြောက်ကိုရီးယားတပ်ဖွဲ့များဖြန့်ကျက်ချထားသည်ဆိုသည့် အနောက်အုပ်စုနိုင်ငံများ၏ အစီရင်ခံစာများ နှင့်ပတ်သက်ပြီး တစ်စုံတစ်ရာပြောဆိုခဲ့ခြင်းမျိုး မရှိခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version;
ယူကရိန္းစစ္ပြဲမွာ အႏိုင္မရရွိမခ်င္း ႐ုရွားနဲ႔အတူ ခိုင္ခိုင္မာမာရပ္တည္သြားမယ္လို႔ ေျမာက္ကိုရီးယားအစိုးရ ေျပာ
Pika (NP News) - ႏိုဝင္ဘာ ၂

ယူကရိန္းႏွင့္ျဖစ္ပြားေနေသာစစ္ပြဲတြင္ ႐ုရွားဘက္က အႏိုင္မရရွိမခ်င္း ေျမာက္ကိုရီးယားက ႐ုရွားႏွင့္အတူ ရပ္တည္သြားမည္ျဖစ္ေၾကာင္း ေျမာက္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီးခ်ိဳဆန္းေဟြက ေျပာၾကားခဲ့သည္။

ေျမာက္ကိုရီးယားႏိုင္ငံက ယူကရိန္းပဋိပကၡထဲသို႔ ဝင္ေရာက္စြက္ဖက္လာမည္ကို စိုးရိမ္မႈမ်ားျမင့္တက္ေနခ်ိန္တြင္ ခ်ိဳဆန္းေဟြ၏ ေျပာဆိုခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။ ခ်ိဳဆန္းေဟြသည္ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာေရာ့ဗ္ ႏွင့္ ေမာ္စကိုၿမိဳ႕တြင္ ေတြ႕ဆုံေဆြးေႏြးမႈမ်ား လုပ္ေဆာင္ခဲ့ၿပီးေနာက္ ယခုကဲ့သို႔မွတ္ခ်က္ျပဳ ေျပာဆိုခဲ့ျခင္းျဖစ္သည္။

ေျမာက္ကိုရီးယားတပ္ဖြဲ႕ဝင္ေထာင္ေပါင္းမ်ားစြာသည္ ႐ုရွားတြင္ေရာက္ရွိေနၿပီး ယူကရိန္းႏွင့္ျဖစ္ပြားေနေသာ စစ္ပြဲ တြင္ ပါဝင္တိုက္ခိုက္ေပးေနႏိုင္ဖြယ္ရွိေၾကာင္း အေနာက္အုပ္စုႏိုင္ငံမ်ားက ေျပာဆိုမႈမ်ားရွိေနခ်ိန္တြင္ ခ်ိဳဆန္းေဟြ ၏ ေမာ္စကိုၿမိဳ႕သို႔သြားေရာက္လည္ပတ္မႈ ထြက္ေပၚလာျခင္းျဖစ္သည္။
ခ်ိဳဆန္းေဟြက "ယူကရိန္းစစ္ပြဲမွာ ႐ုရွားက အႏိုင္မရရွိမခ်င္း ေျမာက္ကိုရီးယားက ႐ုရွားနဲ႔အတူ အၿမဲတမ္း ခိုင္ခိုင္ မာမာရပ္တည္သြားမွာပါ။ ႐ုရွားသမၼတပူတင္ရဲ႕ဥာဏ္ပညာရွိတဲ့ ဦးေဆာင္မႈေအာက္မွာ ႐ုရွားစစ္တပ္နဲ႔ျပည္သူ တို႔ဟာ သူတို႔ႏိုင္ငံရဲ႕အခ်ဳပ္အျခာအာဏာနဲ႔ လုံၿခဳံေရးကိုကာကြယ္ဖို႔အတြက္ ႀကိဳးပမ္းမႈေတြမွာ ႀကီးက်ယ္ခမ္းနား တဲ့ေအာင္ျမင္မႈတစ္ခုကို ရရွိမယ္ဆိုတာ အေသအခ်ာပါပဲ" ဟု ေျပာခဲ့သည္။
ႏွစ္ႏိုင္ငံစလုံး၏ စစ္တပ္မ်ားႏွင့္ အထူးဝန္ေဆာင္မႈမ်ားၾကား နီးကပ္သည့္ဆက္ဆံေရးကို ဆာေဂးလာေရာ့ဗ္ က ခ်ီးက်ဴးေျပာဆိုခဲ့ေၾကာင္းလည္း သိရသည္။ ယခုေႏြရာသီတြင္ ႐ုရွားသည္ ေျမာက္ကိုရီးယားႏိုင္ငံႏွင့္ အျပန္အလွန္ကာကြယ္ေရးသေဘာတူစာခ်ဳပ္တစ္ခုကို လက္မွတ္ေရးထိုးခဲ့ေၾကာင္းလည္း သိရသည္။

ဆာေဂးလာေရာ့ဗ္က "ကြၽန္ေတာ္တို႔ႏွစ္ႏိုင္ငံစလုံးရဲ႕စစ္ဘက္နဲ႔အထူးဝန္ေဆာင္မႈေတြၾကားမွာ နီးကပ္တဲ့ ဆက္ဆံေရးေတြကို ထူေထာင္ထားပါတယ္။ ဒီဆက္ဆံေရးေတြက ကြၽန္ေတာ္တို႔ျပည္သူေတြနဲ႔ ေျမာက္ကိုရီးယား ျပည္သူေတြအတြက္ အေရးႀကီးတဲ့လုံၿခဳံေရးရည္မွန္းခ်က္ေတြကို ေျဖရွင္းေစႏိုင္ပါလိမ့္မယ္" ဟု ေျပာခဲ့သည္။
ထို႔ျပင္ ယူကရိန္းစစ္ပြဲႏွင့္ပတ္သက္ၿပီး ၎၏အေျခခံရပ္တည္ခ်က္အတြက္ ေျမာက္ကိုရီးယားကို ေက်းဇူးတင္ ေၾကာင္း ဆာေဂးလာေရာ့ဗ္က ထပ္မံေျပာခဲ့သည္။ သို႔ေသာ္လည္း ဆာေဂးလာေရာ့ဗ္ႏွင့္ ခ်ိဳဆန္းေဟြတို႔သည္ ႐ုရွားတြင္ ေျမာက္ကိုရီးယားတပ္ဖြဲ႕မ်ားျဖန႔္က်က္ခ်ထားသည္ဆိုသည့္ အေနာက္အုပ္စုႏိုင္ငံမ်ား၏ အစီရင္ခံစာမ်ား ႏွင့္ပတ္သက္ၿပီး တစ္စုံတစ္ရာေျပာဆိုခဲ့ျခင္းမ်ိဳး မရွိခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.