မော်လမြိုင်မြို့တွင် PAJERO ကားပေါ်မှ သေနတ်(၈)လက် အပါအဝင် ကျည်ဘောက်(၁၀)ခု နှင့် ကျည်တောင့် (၁၀၀၀)နီးပါး ဖမ်းဆီးရမိ

 2214

သန့်ဇင် (NP News) - နိုဝင်ဘာ ၂

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် PAJERO ကားပေါ်မှ သေနတ်(၈)လက် အပါအဝင် ကျည်ဘောက်(၁၀)ခုနှင့် ကျည်တောင့်(၁၀၀၀)နီးပါး ဖမ်းဆီးရမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
လက်နက်ခဲယမ်းမျာကို အောက်တိုဘာ ၃၁ ရက်၊ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အချိန်ခန့်က မော်လမြိုင်မြို့၊ သံလွင် တံတားလုံခြုံရေးဂိတ်အနီးတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လုံခြုံရေးဂိတ်အနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မြဝတီမြို့ဘက်မှ မန္တလေးတိုင်း ဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ သဲကုန်းကျေးရွာတွင် နေထိုင်သူ အသက်(၃၅)နှစ်အရွယ် သူရဇော်(ခ)အောင်ကြီး မောင်းနှင်လာသော PAJERO အပြာရောင်ကားတစ်စီးကို သတင်းအရ စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရှာဖွေခဲ့ရာ ကားပေါ်မှ AK -47 (၇) လက်၊ MA-1 တစ်လက်၊ AK ကျည်ဘောက်(၇)ခု၊ MA-1 ကျည်ဘောက်(၃)ခုနှင့် ၅.၅၆ ကျည် (၈၈၀) တောင့်၊ ပွိုင့် ၃၈ ကျည် (၂၄) တောင့်၊ ပွိုင့် ၉ မမ ကျည် (၇၀) တောင့် တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သူရဇော်(ခ)အောင်ကြီးကို သက်ဆိုင်ရာမြို့မရဲစခန်းတွင် ဖမ်းဆီးအရေးယူထားပြီး ကွင်းဆက် ကျုးလွန်သူမျာကို ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် အောက်တိုဘာလ ၂၃ ရက်ကလည်း ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် ခရီးသည်တင်ကား ပေါ်မှ လိုက်ပါသည့် ခရီးသည်တစ်ဦးထံမှ ပစ္စတိုသေနတ်(၁၆) လက် နှင့် ကျည်(၅၃ဝ)ဖမ်းဆီးရမိခဲ့ဖူးသည်။

Zawgyi Version;
ေမာ္လၿမိဳင္ၿမိဳ႕တြင္ PAJERO ကားေပၚမွ ေသနတ္(၈)လက္ အပါအဝင္ က်ည္ေဘာက္(၁၀)ခု ႏွင့္ က်ည္ေတာင့္ (၁၀၀၀)နီးပါး ဖမ္းဆီးရမိ
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၂

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕တြင္ PAJERO ကားေပၚမွ ေသနတ္(၈)လက္ အပါအဝင္ က်ည္ေဘာက္(၁၀)ခုႏွင့္ က်ည္ေတာင့္(၁၀၀၀)နီးပါး ဖမ္းဆီးရမိခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
လက္နက္ခဲယမ္းမ်ာကို ေအာက္တိုဘာ ၃၁ ရက္၊ မြန္းလြဲ ၁ နာရီ ၅၀ မိနစ္အခ်ိန္ခန္႔က ေမာ္လၿမိဳင္ၿမိဳ႕၊ သံလြင္ တံတားလုံၿခဳံေရးဂိတ္အနီးတြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ လုံၿခဳံေရးဂိတ္အနီးတြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕က ျမဝတီၿမိဳ႕ဘက္မွ မႏၲေလးတိုင္း ေဒသႀကီး၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ သဲကုန္းေက်း႐ြာတြင္ ေနထိုင္သူ အသက္(၃၅)ႏွစ္အ႐ြယ္ သူရေဇာ္(ခ)ေအာင္ႀကီး ေမာင္းႏွင္လာေသာ PAJERO အျပာေရာင္ကားတစ္စီးကို သတင္းအရ စစ္ေဆးရွာေဖြခဲ့ေၾကာင္း သိရသည္။

ထိုသို႔ စစ္ေဆးရွာေဖြခဲ့ရာ ကားေပၚမွ AK -47 (၇) လက္၊ MA-1 တစ္လက္၊ AK က်ည္ေဘာက္(၇)ခု၊ MA-1 က်ည္ေဘာက္(၃)ခုႏွင့္ ၅.၅၆ က်ည္ (၈၈၀) ေတာင့္၊ ပြိဳင့္ ၃၈ က်ည္ (၂၄) ေတာင့္၊ ပြိဳင့္ ၉ မမ က်ည္ (၇၀) ေတာင့္ တို႔အား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ သူရေဇာ္(ခ)ေအာင္ႀကီးကို သက္ဆိုင္ရာၿမိဳ႕မရဲစခန္းတြင္ ဖမ္းဆီးအေရးယူထားၿပီး ကြင္းဆက္ က်ဳးလြန္သူမ်ာကို ဆက္လက္ စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့သည့္ ေအာက္တိုဘာလ ၂၃ ရက္ကလည္း ပဲခူးတိုင္းေဒသႀကီး၊ ေဝါၿမိဳ႕နယ္တြင္ ခရီးသည္တင္ကား ေပၚမွ လိုက္ပါသည့္ ခရီးသည္တစ္ဦးထံမွ ပစၥတိုေသနတ္(၁၆) လက္ ႏွင့္ က်ည္(၅၃ဝ)ဖမ္းဆီးရမိခဲ့ဖူးသည္။

Related news

© 2021. All rights reserved.