တရုတ်နိုင်ငံက တောင်ကိုရီးယား အပါအဝင် နိုင်ငံ ၉ နိုင်ငံကို ဗီဇာကင်းလွတ်ခွင့်ပြု
1016
ရောင်နီ (NP News) - နိုဝင်ဘာ ၃
တရုတ်နိုင်ငံဟာ တောင်ကိုရီးယား၊ နော်ဝေးနဲ့ ဖင်လန် အပါအဝင် နောက်ထပ်ကိုးနိုင်ငံမှ နိုင်ငံသားတွေကို ဗီဇာ ကင်းလွတ် ဝင်ခွင့်သက်တမ်းတိုးမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့ (နိုဝင်ဘာ ၁ ရက်) မှာ ကြေညာခဲ့ပါတယ်။
အဆိုပါကြေညာချက်အရ လာမယ့် နိုဝင်ဘာ ၈ ရက်မှစ စလိုဗက်ကီးယား၊ ဒိန်းမတ်၊ အိုက်စလန်၊ အန်ဒိုရာ၊ မိုနာကို၊ တောင်ကိုရီးယား၊ နော်ဝေး၊ ဖင်လန်၊ လစ်တင်စတိုင်း နိုင်ငံတွေမှ နိုင်ငံသားတွေကို စီးပွားရေး၊ မိသားစုလည်ပတ်မှု၊ အလည်အပတ် စတဲ့ ဝင်ရောက်မှုတိုင်းအတွက် ဗီဇာမပါဘဲ ၁၅ ရက်အထိ ဖြတ်သန်းဝင်ရောက်ခွင့် ပြုမှာဖြစ်တယ် လို့ ဝန်ကြီးဌာနက ပြောပါတယ်။
အဆိုပါ မူဝါဒဟာ ၂၀၂၅ ဒီဇင်ဘာ ၃၁ ရက်အထိ အသက်ဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ တရုတ်ဟာ ယခုနှစ် ဩဂုတ်လ ၁၉ ရက်ကလည်း ဗီဇာကင်းလွတ်ခွင့်မူဝါဒကို နိုင်ငံပေါင်း ၅၄ နိုင်ငံက ဧည့်သည်တွေအတွက် သက်တမ်းတိုးပေးခဲ့ပါသေးတယ်။
Zawgyi Version;
တ႐ုတ္ႏိုင္ငံက ေတာင္ကိုရီးယား အပါအဝင္ ႏိုင္ငံ ၉ ႏိုင္ငံကို ဗီဇာကင္းလြတ္ခြင့္ျပဳ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၃
တ႐ုတ္ႏိုင္ငံဟာ ေတာင္ကိုရီးယား၊ ေနာ္ေဝးနဲ႔ ဖင္လန္ အပါအဝင္ ေနာက္ထပ္ကိုးႏိုင္ငံမွ ႏိုင္ငံသားေတြကို ဗီဇာ ကင္းလြတ္ ဝင္ခြင့္သက္တမ္းတိုးမယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေသာၾကာေန႔ (ႏိုဝင္ဘာ ၁ ရက္) မွာ ေၾကညာခဲ့ပါတယ္။
အဆိုပါေၾကညာခ်က္အရ လာမယ့္ ႏိုဝင္ဘာ ၈ ရက္မွစ စလိုဗက္ကီးယား၊ ဒိန္းမတ္၊ အိုက္စလန္၊ အန္ဒိုရာ၊ မိုနာကို၊ ေတာင္ကိုရီးယား၊ ေနာ္ေဝး၊ ဖင္လန္၊ လစ္တင္စတိုင္း ႏိုင္ငံေတြမွ ႏိုင္ငံသားေတြကို စီးပြားေရး၊ မိသားစုလည္ပတ္မႈ၊ အလည္အပတ္ စတဲ့ ဝင္ေရာက္မႈတိုင္းအတြက္ ဗီဇာမပါဘဲ ၁၅ ရက္အထိ ျဖတ္သန္းဝင္ေရာက္ခြင့္ ျပဳမွာျဖစ္တယ္ လို႔ ဝန္ႀကီးဌာနက ေျပာပါတယ္။
အဆိုပါ မူဝါဒဟာ ၂၀၂၅ ဒီဇင္ဘာ ၃၁ ရက္အထိ အသက္ဝင္မွာ ျဖစ္တယ္လို႔ သိရပါတယ္။ တ႐ုတ္ဟာ ယခုႏွစ္ ဩဂုတ္လ ၁၉ ရက္ကလည္း ဗီဇာကင္းလြတ္ခြင့္မူဝါဒကို ႏိုင္ငံေပါင္း ၅၄ ႏိုင္ငံက ဧည့္သည္ေတြအတြက္ သက္တမ္းတိုးေပးခဲ့ပါေသးတယ္။