ငွေလမ်းခင်းသော အမေရိကန်ရွေးကောက်ပွဲ အခင်းအကျင်းနှင့် နောက်ဆက်တွဲရလဒ်အပေါ် တိုးပွားလာသော စိုးရိမ်မှုများ
1256
တင်ဇာ (NP News) - နိုဝင်ဘာ ၆
လာမည့် အမေရိကန် ရွေးကောက်ပွဲသည် ငွေလမ်းခင်းသော နိုင်ငံရေးအခင်းအကျင်းတစ်ခု ဖြစ်နေသည်။ အမေရိကန်ရွေးကောက်ပွဲများတွင် ငွေကြေး အသုံးစရိတ်က အခြားနိုင်ငံများထက် ပိုမိုများပြားနေသည်။ အမေရိကန်တွင် မဲဆွယ်စည်းရုံးရေးအသုံး စရိတ်အတွက် တရားဝင်ကန့်သတ်ချက်မရှိပါ။ ငွေကြေးများများသုံးစွဲနိုင်သော ကိုယ်စားလှယ်လောင်း များက များသောအားဖြင့် အနိုင်ရတတ်ကြသည်။ ထို့ ကြောင့် အီးမေးလ်များ၊ စာတိုများနှင့် ဆိုရှယ်မီဒီယာများမှတစ်ဆင့် ရွေးကောက်ပွဲ ရန်ပုံငွေရရေးအပြိုင်အဆိုင်ကြိုးပမ်းလျက်ရှိကြသည်။
မဲဆွယ်ပွဲများသည် အမေရိကန်တွင် ပို၍ စရိတ် စကများလာသည်။ (၂ဝ၂ဝ) သမ္မတနှင့် ကွန်ဂရက် လွှတ်တော် ရွေးကောက်ပွဲများအတွက် အသုံးစရိတ် စုစုပေါင်းမှာ ဒေါ်လာ (၁၄ ဒသမ ၄)ဘီလျံရှိပြီး ယင်း ပမာဏသည် လွန်ခဲ့သည့် လေးနှစ်က ရွေးကောက်ပွဲ အတွက်သုံးစွဲခဲ့သည့် စံချိန်တင်ပမာဏထက် နှစ်ဆပို များနေသည်။ (၂၀၂၄) ခုနှစ် နိုဝင်ဘာ ၅ ရက်တွင် ပြုလုပ်ရန်စီစဉ်ထားသည့် ရွေးကောက်ပွဲအတွက် တို့ကိုထောက်ခံသည့် ကိုယ်စားလှယ်လောင်းများ နှင့် အဖွဲ့များက ဩဂုတ် (၃၁) ရက်အထိ ဒေါ်လာ (၁၄ ဒသမ ၈)ဘီလျံကျော် စုဆောင်းထားပြီး အကြီးမားဆုံး ရန်ပုံငွေကောက်ခံနိုင်မှုအဖြစ် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်မှတ်တမ်းများက ဖော်ပြထားသည်။
ရွေးကောက်ပွဲတွင် အကျော်အမော်များလည်း ပါဝင်လာကြ
ကမ်မလာဟားရစ်သည် ၎င်း၏ပြိုင်ဘက် ဒေါ် နယ်ထရမ့်ကိုကျော်လွန်ကာ တစ်လအတွင်း ဒေါ်လာ သန်း ၅၀ဝ (ယူရို ၄၆၀ သန်း) စုဆောင်းနိုင်ခဲ့သည်။ ရီပတ်ဘလီကန်သမ္မတလောင်း၏မဲဆွယ်စည်းရုံးရေးသို့ ဒေါ်လာ ၇၅ သန်းကျော် လှူဒါန်းထားပြီးဖြစ်သည့် စွန့်ဦးတီထွင်သူ အီလွန်မတ်စ်သည် ဆန်းသစ်သောနည်းလမ်းများဖြင့်မဲဆွယ်ရာတွင်လည်း အကူအညီပေးလျက်ရှိနေသည်။ ယင်းမှာ အမေရိကန်ပြည်ထောင်စု၏ အဓိကကျသော' swing states' များရှိ မဲဆန္ဒရှင် တစ်ဦးသည် ရီပတ်ဘလစ်ကန်သမ္မလောင်း၏ အဓိက ကတိကဝတ်နှစ်ခုဖြစ်သည့် လွတ်လပ်စွာပြောဆိုခွင့်နှင့် လက်နက်ကိုင်ဆောင်ခွင့်တို့ကိုထောက်ခံရန် အွန်လိုင်းတောင်းဆိုချက်တစ်ရပ်ကို လက်မှတ်ရေးထိုးမည်ဆိုပါက နေ့စဉ်ဒေါ်လာ(၁) သန်းပေးမည့် ကံစမ်းမဲအစီအစဉ်တစ်ခုကိုလည်း တီထွင်ခဲ့သည်။ အချို့သော ဥပဒေရေးရာကျွမ်းကျင်သူများနှင့် ဒီမိုကရက်တစ်များက ထိုကဲ့သို့ ငွေနှင့်မက်လုံးပေး၍မဲဆွယ်စည်းရုံးခြင်းသည် တရားဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း ဝေဖန်သုံးသပ်နေကြသည်။ မတ်စ်၏ငွေကြေးမက်လုံးများကို စုံစမ်းစစ်ဆေးပေးရန် ရီပတ်ဘလီကန်အရာရှိဟောင်းများထံမှ တောင်းဆို ချက်ကို အမေရိကန်တရားရေးဌာနက လက်ခံရရှိပြီး ဖြစ်ကြောင်းလည်း အတည်ပြုခဲ့သည်။
ကမ်မလာဟားရစ်သည်လည်း နာမည်ကြီး အကျော်အမော်များ၏ အားပေးကူညီမှုကို ရယူခဲ့သည်။ ယခုနှစ် စက်တင်ဘာလတွင် ပင်ဆယ်ဗေးနီးယားပြည် နယ် ဖီလာဒဲလ်ဖီးယားမြို့၌ ဟားရစ်နှင့် ထရမ့်တို့ သမ္မတ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု စကားစစ်ထိုးပွဲ အပြီးတွင် ဆိုရှယ်မီဒီယာပေါ်၌ ပရိသတ် သန်းရာနှင့်ချီ ရှိသော အမေရိကန်ဖျော်ဖြေရေး ထိပ်တန်းစူပါစတား တေလာဆွဖ်က ယခုနှစ် သမ္မတရွေးကောက်ပွဲတွင် ၎င်းသည် ဟားရစ်ကို မဲပေးမည်ဖြစ်ကြောင်း ကြေညာ ခဲ့သည်။ ထို့ပြင် ဂျော့ကလူနီ၊ အန်းဟသာဝေးနှင့် ဂျနီဖာလောရင့် စသည့် ဟောလိဝုဒ်စူပါစတားများစွာတို့ကလည်း ဟားရစ်ကို ထောက်ခံကြောင်းပြသခဲ့ သည်။
Swing State တွေမှာ ဘယ်သူက အသာစီးရနေသလဲ
ယခု ရွေးကောက်ပွဲတွင် စစ်မြေပြင်ဟု ယူဆရ သည့် ဘက်ပြောင်းနိုင်သော ပြည်နယ်ခုနစ်ခု (swing states) တွင် မဲရုံများကို တင်းကြပ်ထားပြီး စစ်တမ်းများအရ ဒီမိုကရက်နှင့် ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း နှစ်ဦးစလုံး မည်သူမျှ အသာ စီးရမနေကြောင်း တွေ့ရသည်။ အရီဇိုးနား၊ ဂျော်ဂျီ ယာ၊ နီဗားဒါးနှင့် မြောက်ကာရိုလိုင်းနားတို့တွင် ဩ ဂုတ်လအစကတည်းက အနည်းငယ်သာ အပြောင်း အလဲရှိခဲ့ပြီး ထရမ့်သည် ၎င်းပြည်နယ်များတွင် အ နည်းငယ် အသာစီးရနေသည်။ အခြားပြည်နယ်သုံးခု ဖြစ်သည့် မီချီဂန်နှင့် ဝစ်ကွန်ဆင်တို့တွင် ဟားရစ် သည် ဩဂုတ်လအစကတည်းက တစ်ခါတစ်ရံ (၂) မှတ်၊ (၃)မှတ်ဖြင့် ဦးဆောင်ခဲ့သော်လည်း မကြာသေးမီရက်များအတွင်း မဲရုံများသိသိသာသာ တင်း ကြပ်လာကာ ယခုအခါထရမ့်သည် ပင်ဆယ်ဗေးနီး ယားတွင် အနည်းငယ်သာဦးဆောင်နေသည်။ ထို ပြည်နယ်သုံးခုစလုံးသည် ဒီမိုကရက်တစ် အမာခံနယ် မြေများဖြစ်ခဲ့သော်လည်း ထရမ့်သည် (၂၀၁၆) ခုနှစ် တွင် အနီရောင်အဖြစ်ပြောင်းလဲခဲ့ပြီး အနိုင်ရယူခဲ့ သည်။ (၂၀၂၀) ပြည့်နှစ်တွင် ဘိုင်ဒန်သည် ၎င်းတို့ကို ပြန်လည်ရယူခဲ့ပြီး ဟားရစ်သာ ထိုနည်းအတိုင်းလုပ် ဆောင်နိုင်ပါက ရွေးကောက်ပွဲတွင် အနိုင်ရရန် လမ်းစရှိလာမည်ဖြစ်သည်။ ဘိုင်ဒန်နုတ်ထွက်ချိန်၌ ပင် ဆယ်ဗေးနီးယားတွင် ဒီမိုကရက်ကို ထောက်ခံသည့် ရာခိုင်နှုန်း (၄ ဒသမ ၅)နီးပါးအထိ နည်းပါးနေခဲ့ သည်။ ၎င်းသည် မဲဆွယ်စည်းရုံးမှုနှစ်ခုစလုံးအတွက် အဓိကကျသော ပြည်နယ်တစ်ခုဖြစ်ပြီး ၎င်းသည် ရွေးကောက်ပွဲ မဲအရေအတွက်ကို လွှမ်းမိုးနိုင်သော ခုနစ်ပြည်နယ်အနက် အမြင့်ဆုံးဖြစ်နေသောကြောင့် အနိုင်ရပါက လိုအပ်သော မဲ(၂၇၀)သို့ ရောက်ရှိရန် ပိုမိုလွယ်ကူစေမည်ဖြစ်သည်။
လောလောဆယ်တွင် ကမ်မလာဟားရစ်နှင့် ဒေါ်နယ်ထရမ့်တို့သည် Swing State ပြည်နယ်အား လုံးတွင် တစ်ဦးနှင့်တစ်ဦးရာခိုင်နှုန်းအနည်းငယ်သာ ကွာဟမှုရှိနေကြောင်း စစ်တမ်းများက ဖော်ပြနေ သည်။ ထို့ကြောင့် ရွေးကောက်ပွဲနီးကပ်လာသော်လည်း အနိုင်ရနိုင်မည့်သူကို ခန့်မှန်းရခက်နေဆဲဖြစ်သည်။
ရွေးကောက်ပွဲရလဒ်အပေါ် စိုးရိမ်မှုများရှိလာ
၎င်းတို့၏မဲဆွယ်စည်းရုံးမှုအသီးသီးသည် မဲဆန္ဒရှင် များကို တွန်းအားပေးရန်ကြိုးပမ်းနေသောကြောင့် ပြိုင်ဆိုင်မှုပြင်းထန်လာသည်။ ထို့ကြောင့် နိုဝင်ဘာ (၅)ရက် ရွေးကောက်ပွဲကသာလျှင် အဆုံးအဖြတ်ပေး နိုင်မည်ဟု မျှော်လင့်လျက်ရှိကြသည်။ သို့သော် ရွေး ကောက်ပွဲတွင် အနိုင်/အရှုံးကျဉ်းမြောင်းသောရလဒ်သည် နိုင်ငံရေးတွင် အန္တရာယ်ကို မြင့်မားစေမည်ဖြစ်သည်။
အမေရိကန်အများစုသည် ယုံကြည်စိတ်ချရ သော ရွေးကောက်ပွဲရလဒ်မျိုး ထွက်ပေါ်လာနိုင်ခြင်း မရှိဟု သံသယဝင်နေပြီး အမေရိကန်၏ ဒီမိုကရေစီအပေါ် ယုံကြည်မှုနည်းပါးနေသည်။ ရီပတ်ဘလီကန်မဲဆန္ဒ ရှင် သုံးပုံနှစ်ပုံသည် (၂၀၂၀) ရွေးကောက်ပွဲရလဒ်ကို ယနေ့တိုင် မှားယွင်းနေသည်ဟု ထင်မြင်နေကြပြီး ဒေါ်နယ်ထရမ့်ထံမှ မဲခိုးယူကြသည်ဟု ဆက်လက်ယုံ ကြည်နေကြကာ အများစုမှာမူ ဘိုင်ဒန်သမ္မတဖြစ်လာ ခြင်းသည် အမေရိကန်ဒီမိုကရေစီအတွက် အင်အားမဟုတ်ဘဲ အားနည်းမှုကို ပြသနေသည်ဟု ယူဆနေကြသည်။
ဤသို့သော အခြေအနေအရပ်ရပ်သည် လာ မည့်ရွေးကောက်ပွဲနှင့်ပတ်သက်၍ အများသူငါကို စိုးရိမ်မှုများစွာဖြစ်ပေါ်စေပြီး ရလဒ်ထုတ်ပြန်ချက် နှောင့်နှေးမှုများလည်း ရှိလာနိုင်သည့်အတွက် အား လုံးက ကြိုတင်ပြင်ဆင်ထားသင့်သည်။ ရွေးကောက်ပွဲ မတိုင်ခင်ကာလများကတည်းက အမေရိကန်နိုင်ငံရေး တွင် လုပ်ကြံမှုများနှင့် နက်ရှိုင်းသောသဘောထား ကွဲလွဲမှုများကြောင့် ရလဒ်ကွာဟချက် ကျဉ်းမြောင်း သော အောင်ပွဲသည် ဥပဒေဆိုင်ရာ စိန်ခေါ်မှုများနှင့် နိုင်ငံရေးအကြမ်းဖက်မှုများကိုပင် ဖြစ်ပေါ်စေနိုင် ကြောင်း သုံးသပ်ရသည်။ ဇန်နဝါရီ (၆) ရက် အမေရိ ကန်လွှတ်တော်ကို ဝင်ရောက်စီးနင်းမှုဖြစ်စဉ်သည် အမေရိကန်၏ လျော့ရဲလာသော အမျိုးသားလုံခြုံ ရေးအခြေအနေကိုဖော်ပြနေသလို အမေရိကန်ကဲ့ သို့နိုင်ငံကြီးတွင်ပင် ဒီမိုကရေစီစံနှုန်းများ ယုတ်လျော့လာကြောင်း မီးမောင်းထိုးပြနေခြင်းလည်း ဖြစ်သည်။
ထို့ကြောင့် မှတ်ပုံတင်ထားသည့် မဲဆန္ဒရှင် (၁၀)ဦး လျှင် (၄)ဦးခန့်က ၎င်းတို့သည် နိုဝင်ဘာရွေးကောက် ပွဲပြီးနောက် ရလဒ်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများနှင့်ပတ်သက်၍ အလွန်အမင်း စိုးရိမ် နေကြသည်ဟု ဆိုကြသည်။ အလားတူပင် ပါတီ နှစ်ရပ်လုံးမှ အဖွဲ့ဝင်များသည်လည်း နိုဝင်ဘာလ ရွေးကောက်ပွဲရလဒ်အပေါ်မူတည်၍ အမေရိကန် ဒီမိုကရေစီမည်ကဲ့သို့ ပြောင်းလဲလာမည်ကို စိုးရိမ်မှု အများအပြားရှိနေသည်။ ယေဘုယျအားဖြင့် မဲဆန္ဒ ရှင် ထက်ဝက်ခန့်ကTrump အနိုင်ရပါက အမေရိ ကန်တွင် ဒီမိုကရေစီ အားနည်းသွားလိမ့်မည်ဟု ယုံ ကြည်ကြသည်။ ထို့အတူ မဲဆန္ဒရှင် (၁၀)ဦးလျှင် (၄)ဦးက ဟားရစ်အနိုင်ရလျှင် ထိုနည်းတူစွာပင် ဒီမိုက ရေစီအားနည်းသွားမည်ဟု ဆိုသည်။ မည်သို့ပင်ဆို စေကာမူ (၂၀၂၄) အမေရိကန်ရွေးကောက်ပွဲမှာ မကြာမီအချိန်အတွင်း ကျင်းပတော့မည်ဖြစ်သည်။ သို့သော် ပြိုင်ဘက်နှစ်ဦးစလုံးမှာ အမေရိကန် ပြည် သူများ ယုံကြည်ကိုးစားရလောက်သည်အထိ ဒေါင်ဒေါင်မြည် နိုင်ငံရေးသမားများမဟုတ်သကဲ့သို့ အခြား သော ကမ္ဘာ့နိုင်ငံများအနေဖြင့်လည်း အမေရိကန်ရွေး ကောက်ပွဲအပေါ် အများကြီး မျှော်လင့်ထားခြင်းမရှိ ကြောင်း တွေ့ရသည်။ ယခုနှစ် သမ္မတရွေး ကောက်ပွဲ သည် ဂယက်များ၊ နိုင်ငံရေးအဖျက်အမှောင့်များအ ပြင် နိုင်ငံတွင်းအကြမ်းဖက်လုပ်ရပ်များကလည်း တစ် နေ့တခြား ပိုမိုတိုးပွားလာသည်ကို တွေ့ရှိရသည်။ ထို နည်းတူစွာပင် ကမ္ဘာကြီးသည်လည်း လှုပ်လှုပ်ခတ် ခတ်နှင့် မတည်မငြိမ်ပဋိပက္ခများ နေ့စဉ်နှင့်အမျှ တိုး ပွားလာလျက်ရှိသည်။ ထို့ကြောင့် ရွေး ကောက်ပွဲရလဒ် များအရ ဖြစ်ပေါ်လာမည့် အမေရိကန် သမ္မတသစ်အ နေဖြင့် ပြည်တွင်းရေးအခြေအနေများကို ကိုင်တွယ် ဖြေရှင်းရမည်ဖြစ်သကဲ့သို့ ကမ္ဘာ့ အရေးကိစ္စများစွာကို လည်း အာရုံစိုက်ရဦးမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ ဒေါင်ဒေါင်မြည် အရည်အချင်းပြည့်မီခြင်းမရှိသော ခေါင်း ဆောင်သစ်များအနေဖြင့် စိန်ခေါ်မှုများစွာရှိနိုင်သကဲ့ သို့ ၎င်းတို့၏ မူဝါဒအလွဲအမှားများသည်လည်း ပြည်တွင်းနိုင်ငံရေးကိုသာမက နိုင်ငံတကာပဋိပက္ခများအပေါ်ပါ လွှမ်းမိုးလာလိမ့်မည်ဖြစ်ပါကြောင်း သတိပြုမိ စေရန် ရေးသားလိုက်ရပါသည်။
zawgyi version
ေငြလမ္းခင္းေသာ အေမရိကန္ေ႐ြးေကာက္ပြဲ အခင္းအက်င္းႏွင့္ ေနာက္ဆက္တြဲရလဒ္အေပၚ တိုးပြားလာေသာ စိုးရိမ္မႈမ်ား
တင္ဇာ (NP News) - ႏိုဝင္ဘာ ၆
လာမည့္ အေမရိကန္ ေ႐ြးေကာက္ပြဲသည္ ေငြလမ္းခင္းေသာ ႏိုင္ငံေရးအခင္းအက်င္းတစ္ခု ျဖစ္ေနသည္။ အေမရိကန္ေ႐ြးေကာက္ပြဲမ်ားတြင္ ေငြေၾကး အသုံးစရိတ္က အျခားႏိုင္ငံမ်ားထက္ ပိုမိုမ်ားျပားေနသည္။ အေမရိကန္တြင္ မဲဆြယ္စည္း႐ုံးေရးအသုံး စရိတ္အတြက္ တရားဝင္ကန႔္သတ္ခ်က္မရွိပါ။ ေငြေၾကးမ်ားမ်ားသုံးစြဲႏိုင္ေသာ ကိုယ္စားလွယ္ေလာင္း မ်ားက မ်ားေသာအားျဖင့္ အႏိုင္ရတတ္ၾကသည္။ ထို႔ ေၾကာင့္ အီးေမးလ္မ်ား၊ စာတိုမ်ားႏွင့္ ဆိုရွယ္မီဒီယာမ်ားမွတစ္ဆင့္ ေ႐ြးေကာက္ပြဲ ရန္ပုံေငြရေရးအၿပိဳင္အဆိုင္ႀကိဳးပမ္းလ်က္ရွိၾကသည္။
မဲဆြယ္ပြဲမ်ားသည္ အေမရိကန္တြင္ ပို၍ စရိတ္ စကမ်ားလာသည္။ (၂ဝ၂ဝ) သမၼတႏွင့္ ကြန္ဂရက္ လႊတ္ေတာ္ ေ႐ြးေကာက္ပြဲမ်ားအတြက္ အသုံးစရိတ္ စုစုေပါင္းမွာ ေဒၚလာ (၁၄ ဒသမ ၄)ဘီလ်ံရွိၿပီး ယင္း ပမာဏသည္ လြန္ခဲ့သည့္ ေလးႏွစ္က ေ႐ြးေကာက္ပြဲ အတြက္သုံးစြဲခဲ့သည့္ စံခ်ိန္တင္ပမာဏထက္ ႏွစ္ဆပို မ်ားေနသည္။ (၂၀၂၄) ခုႏွစ္ ႏိုဝင္ဘာ ၅ ရက္တြင္ ျပဳလုပ္ရန္စီစဥ္ထားသည့္ ေ႐ြးေကာက္ပြဲအတြက္ တို႔ကိုေထာက္ခံသည့္ ကိုယ္စားလွယ္ေလာင္းမ်ား ႏွင့္ အဖြဲ႕မ်ားက ဩဂုတ္ (၃၁) ရက္အထိ ေဒၚလာ (၁၄ ဒသမ ၈)ဘီလ်ံေက်ာ္ စုေဆာင္းထားၿပီး အႀကီးမားဆုံး ရန္ပုံေငြေကာက္ခံႏိုင္မႈအျဖစ္ ျပည္ေထာင္စုေ႐ြးေကာက္ ပြဲေကာ္မရွင္မွတ္တမ္းမ်ားက ေဖာ္ျပထားသည္။
ေ႐ြးေကာက္ပြဲတြင္ အေက်ာ္အေမာ္မ်ားလည္း ပါဝင္လာၾက
ကမ္မလာဟားရစ္သည္ ၎၏ၿပိဳင္ဘက္ ေဒၚ နယ္ထရမ့္ကိုေက်ာ္လြန္ကာ တစ္လအတြင္း ေဒၚလာ သန္း ၅၀ဝ (ယူ႐ို ၄၆၀ သန္း) စုေဆာင္းႏိုင္ခဲ့သည္။ ရီပတ္ဘလီကန္သမၼတေလာင္း၏မဲဆြယ္စည္း႐ုံးေရးသို႔ ေဒၚလာ ၇၅ သန္းေက်ာ္ လႉဒါန္းထားၿပီးျဖစ္သည့္ စြန႔္ဦးတီထြင္သူ အီလြန္မတ္စ္သည္ ဆန္းသစ္ေသာနည္းလမ္းမ်ားျဖင့္မဲဆြယ္ရာတြင္လည္း အကူအညီေပးလ်က္ရွိေနသည္။ ယင္းမွာ အေမရိကန္ျပည္ေထာင္စု၏ အဓိကက်ေသာ' swing states' မ်ားရွိ မဲဆႏၵရွင္ တစ္ဦးသည္ ရီပတ္ဘလစ္ကန္သမၼေလာင္း၏ အဓိက ကတိကဝတ္ႏွစ္ခုျဖစ္သည့္ လြတ္လပ္စြာေျပာဆိုခြင့္ႏွင့္ လက္နက္ကိုင္ေဆာင္ခြင့္တို႔ကိုေထာက္ခံရန္ အြန္လိုင္းေတာင္းဆိုခ်က္တစ္ရပ္ကို လက္မွတ္ေရးထိုးမည္ဆိုပါက ေန႔စဥ္ေဒၚလာ(၁) သန္းေပးမည့္ ကံစမ္းမဲအစီအစဥ္တစ္ခုကိုလည္း တီထြင္ခဲ့သည္။ အခ်ိဳ႕ေသာ ဥပေဒေရးရာကြၽမ္းက်င္သူမ်ားႏွင့္ ဒီမိုကရက္တစ္မ်ားက ထိုကဲ့သို႔ ေငြႏွင့္မက္လုံးေပး၍မဲဆြယ္စည္း႐ုံးျခင္းသည္ တရားဥပေဒကို ခ်ိဳးေဖာက္ရာေရာက္ေၾကာင္း ေဝဖန္သုံးသပ္ေနၾကသည္။ မတ္စ္၏ေငြေၾကးမက္လုံးမ်ားကို စုံစမ္းစစ္ေဆးေပးရန္ ရီပတ္ဘလီကန္အရာရွိေဟာင္းမ်ားထံမွ ေတာင္းဆို ခ်က္ကို အေမရိကန္တရားေရးဌာနက လက္ခံရရွိၿပီး ျဖစ္ေၾကာင္းလည္း အတည္ျပဳခဲ့သည္။
ကမ္မလာဟားရစ္သည္လည္း နာမည္ႀကီး အေက်ာ္အေမာ္မ်ား၏ အားေပးကူညီမႈကို ရယူခဲ့သည္။ ယခုႏွစ္ စက္တင္ဘာလတြင္ ပင္ဆယ္ေဗးနီးယားျပည္ နယ္ ဖီလာဒဲလ္ဖီးယားၿမိဳ႕၌ ဟားရစ္ႏွင့္ ထရမ့္တို႔ သမၼတ ေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးမႈ စကားစစ္ထိုးပြဲ အၿပီးတြင္ ဆိုရွယ္မီဒီယာေပၚ၌ ပရိသတ္ သန္းရာႏွင့္ခ်ီ ရွိေသာ အေမရိကန္ေဖ်ာ္ေျဖေရး ထိပ္တန္းစူပါစတား ေတလာဆြဖ္က ယခုႏွစ္ သမၼတေ႐ြးေကာက္ပြဲတြင္ ၎သည္ ဟားရစ္ကို မဲေပးမည္ျဖစ္ေၾကာင္း ေၾကညာ ခဲ့သည္။ ထို႔ျပင္ ေဂ်ာ့ကလူနီ၊ အန္းဟသာေဝးႏွင့္ ဂ်နီဖာေလာရင့္ စသည့္ ေဟာလိဝုဒ္စူပါစတားမ်ားစြာတို႔ကလည္း ဟားရစ္ကို ေထာက္ခံေၾကာင္းျပသခဲ့ သည္။
Swing State ေတြမွာ ဘယ္သူက အသာစီးရေနသလဲ
ယခု ေ႐ြးေကာက္ပြဲတြင္ စစ္ေျမျပင္ဟု ယူဆရ သည့္ ဘက္ေျပာင္းႏိုင္ေသာ ျပည္နယ္ခုနစ္ခု (swing states) တြင္ မဲ႐ုံမ်ားကို တင္းၾကပ္ထားၿပီး စစ္တမ္းမ်ားအရ ဒီမိုကရက္ႏွင့္ ရီပတ္ဘလစ္ကန္ ကိုယ္စားလွယ္ေလာင္း ႏွစ္ဦးစလုံး မည္သူမွ် အသာ စီးရမေနေၾကာင္း ေတြ႕ရသည္။ အရီဇိုးနား၊ ေဂ်ာ္ဂ်ီ ယာ၊ နီဗားဒါးႏွင့္ ေျမာက္ကာ႐ိုလိုင္းနားတို႔တြင္ ဩ ဂုတ္လအစကတည္းက အနည္းငယ္သာ အေျပာင္း အလဲရွိခဲ့ၿပီး ထရမ့္သည္ ၎ျပည္နယ္မ်ားတြင္ အ နည္းငယ္ အသာစီးရေနသည္။ အျခားျပည္နယ္သုံးခု ျဖစ္သည့္ မီခ်ီဂန္ႏွင့္ ဝစ္ကြန္ဆင္တို႔တြင္ ဟားရစ္ သည္ ဩဂုတ္လအစကတည္းက တစ္ခါတစ္ရံ (၂) မွတ္၊ (၃)မွတ္ျဖင့္ ဦးေဆာင္ခဲ့ေသာ္လည္း မၾကာေသးမီရက္မ်ားအတြင္း မဲ႐ုံမ်ားသိသိသာသာ တင္း ၾကပ္လာကာ ယခုအခါထရမ့္သည္ ပင္ဆယ္ေဗးနီး ယားတြင္ အနည္းငယ္သာဦးေဆာင္ေနသည္။ ထို ျပည္နယ္သုံးခုစလုံးသည္ ဒီမိုကရက္တစ္ အမာခံနယ္ ေျမမ်ားျဖစ္ခဲ့ေသာ္လည္း ထရမ့္သည္ (၂၀၁၆) ခုႏွစ္ တြင္ အနီေရာင္အျဖစ္ေျပာင္းလဲခဲ့ၿပီး အႏိုင္ရယူခဲ့ သည္။ (၂၀၂၀) ျပည့္ႏွစ္တြင္ ဘိုင္ဒန္သည္ ၎တို႔ကို ျပန္လည္ရယူခဲ့ၿပီး ဟားရစ္သာ ထိုနည္းအတိုင္းလုပ္ ေဆာင္ႏိုင္ပါက ေ႐ြးေကာက္ပြဲတြင္ အႏိုင္ရရန္ လမ္းစရွိလာမည္ျဖစ္သည္။ ဘိုင္ဒန္ႏုတ္ထြက္ခ်ိန္၌ ပင္ ဆယ္ေဗးနီးယားတြင္ ဒီမိုကရက္ကို ေထာက္ခံသည့္ ရာခိုင္ႏႈန္း (၄ ဒသမ ၅)နီးပါးအထိ နည္းပါးေနခဲ့ သည္။ ၎သည္ မဲဆြယ္စည္း႐ုံးမႈႏွစ္ခုစလုံးအတြက္ အဓိကက်ေသာ ျပည္နယ္တစ္ခုျဖစ္ၿပီး ၎သည္ ေ႐ြးေကာက္ပြဲ မဲအေရအတြက္ကို လႊမ္းမိုးႏိုင္ေသာ ခုနစ္ျပည္နယ္အနက္ အျမင့္ဆုံးျဖစ္ေနေသာေၾကာင့္ အႏိုင္ရပါက လိုအပ္ေသာ မဲ(၂၇၀)သို႔ ေရာက္ရွိရန္ ပိုမိုလြယ္ကူေစမည္ျဖစ္သည္။
ေလာေလာဆယ္တြင္ ကမ္မလာဟားရစ္ႏွင့္ ေဒၚနယ္ထရမ့္တို႔သည္ Swing State ျပည္နယ္အား လုံးတြင္ တစ္ဦးႏွင့္တစ္ဦးရာခိုင္ႏႈန္းအနည္းငယ္သာ ကြာဟမႈရွိေနေၾကာင္း စစ္တမ္းမ်ားက ေဖာ္ျပေန သည္။ ထို႔ေၾကာင့္ ေ႐ြးေကာက္ပြဲနီးကပ္လာေသာ္လည္း အႏိုင္ရႏိုင္မည့္သူကို ခန႔္မွန္းရခက္ေနဆဲျဖစ္သည္။
ေ႐ြးေကာက္ပြဲရလဒ္အေပၚ စိုးရိမ္မႈမ်ားရွိလာ
၎တို႔၏မဲဆြယ္စည္း႐ုံးမႈအသီးသီးသည္ မဲဆႏၵရွင္ မ်ားကို တြန္းအားေပးရန္ႀကိဳးပမ္းေနေသာေၾကာင့္ ၿပိဳင္ဆိုင္မႈျပင္းထန္လာသည္။ ထို႔ေၾကာင့္ ႏိုဝင္ဘာ (၅)ရက္ ေ႐ြးေကာက္ပြဲကသာလွ်င္ အဆုံးအျဖတ္ေပး ႏိုင္မည္ဟု ေမွ်ာ္လင့္လ်က္ရွိၾကသည္။ သို႔ေသာ္ ေ႐ြး ေကာက္ပြဲတြင္ အႏိုင္/အရႈံးက်ဥ္းေျမာင္းေသာရလဒ္သည္ ႏိုင္ငံေရးတြင္ အႏၲရာယ္ကို ျမင့္မားေစမည္ျဖစ္သည္။
အေမရိကန္အမ်ားစုသည္ ယုံၾကည္စိတ္ခ်ရ ေသာ ေ႐ြးေကာက္ပြဲရလဒ္မ်ိဳး ထြက္ေပၚလာႏိုင္ျခင္း မရွိဟု သံသယဝင္ေနၿပီး အေမရိကန္၏ ဒီမိုကေရစီအေပၚ ယုံၾကည္မႈနည္းပါးေနသည္။ ရီပတ္ဘလီကန္မဲဆႏၵ ရွင္ သုံးပုံႏွစ္ပုံသည္ (၂၀၂၀) ေ႐ြးေကာက္ပြဲရလဒ္ကို ယေန႔တိုင္ မွားယြင္းေနသည္ဟု ထင္ျမင္ေနၾကၿပီး ေဒၚနယ္ထရမ့္ထံမွ မဲခိုးယူၾကသည္ဟု ဆက္လက္ယုံ ၾကည္ေနၾကကာ အမ်ားစုမွာမူ ဘိုင္ဒန္သမၼတျဖစ္လာ ျခင္းသည္ အေမရိကန္ဒီမိုကေရစီအတြက္ အင္အားမဟုတ္ဘဲ အားနည္းမႈကို ျပသေနသည္ဟု ယူဆေနၾကသည္။
ဤသို႔ေသာ အေျခအေနအရပ္ရပ္သည္ လာ မည့္ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္၍ အမ်ားသူငါကို စိုးရိမ္မႈမ်ားစြာျဖစ္ေပၚေစၿပီး ရလဒ္ထုတ္ျပန္ခ်က္ ေႏွာင့္ေႏွးမႈမ်ားလည္း ရွိလာႏိုင္သည့္အတြက္ အား လုံးက ႀကိဳတင္ျပင္ဆင္ထားသင့္သည္။ ေ႐ြးေကာက္ပြဲ မတိုင္ခင္ကာလမ်ားကတည္းက အေမရိကန္ႏိုင္ငံေရး တြင္ လုပ္ႀကံမႈမ်ားႏွင့္ နက္ရႈိင္းေသာသေဘာထား ကြဲလြဲမႈမ်ားေၾကာင့္ ရလဒ္ကြာဟခ်က္ က်ဥ္းေျမာင္း ေသာ ေအာင္ပြဲသည္ ဥပေဒဆိုင္ရာ စိန္ေခၚမႈမ်ားႏွင့္ ႏိုင္ငံေရးအၾကမ္းဖက္မႈမ်ားကိုပင္ ျဖစ္ေပၚေစႏိုင္ ေၾကာင္း သုံးသပ္ရသည္။ ဇန္နဝါရီ (၆) ရက္ အေမရိ ကန္လႊတ္ေတာ္ကို ဝင္ေရာက္စီးနင္းမႈျဖစ္စဥ္သည္ အေမရိကန္၏ ေလ်ာ့ရဲလာေသာ အမ်ိဳးသားလုံၿခဳံ ေရးအေျခအေနကိုေဖာ္ျပေနသလို အေမရိကန္ကဲ့ သို႔ႏိုင္ငံႀကီးတြင္ပင္ ဒီမိုကေရစီစံႏႈန္းမ်ား ယုတ္ေလ်ာ့လာေၾကာင္း မီးေမာင္းထိုးျပေနျခင္းလည္း ျဖစ္သည္။
ထို႔ေၾကာင့္ မွတ္ပုံတင္ထားသည့္ မဲဆႏၵရွင္ (၁၀)ဦး လွ်င္ (၄)ဦးခန႔္က ၎တို႔သည္ ႏိုဝင္ဘာေ႐ြးေကာက္ ပြဲၿပီးေနာက္ ရလဒ္မ်ားေၾကာင့္ ျဖစ္ေပၚလာႏိုင္သည့္ အေျခအေနမ်ားႏွင့္ပတ္သက္၍ အလြန္အမင္း စိုးရိမ္ ေနၾကသည္ဟု ဆိုၾကသည္။ အလားတူပင္ ပါတီ ႏွစ္ရပ္လုံးမွ အဖြဲ႕ဝင္မ်ားသည္လည္း ႏိုဝင္ဘာလ ေ႐ြးေကာက္ပြဲရလဒ္အေပၚမူတည္၍ အေမရိကန္ ဒီမိုကေရစီမည္ကဲ့သို႔ ေျပာင္းလဲလာမည္ကို စိုးရိမ္မႈ အမ်ားအျပားရွိေနသည္။ ေယဘုယ်အားျဖင့္ မဲဆႏၵ ရွင္ ထက္ဝက္ခန႔္ကTrump အႏိုင္ရပါက အေမရိ ကန္တြင္ ဒီမိုကေရစီ အားနည္းသြားလိမ့္မည္ဟု ယုံ ၾကည္ၾကသည္။ ထို႔အတူ မဲဆႏၵရွင္ (၁၀)ဦးလွ်င္ (၄)ဦးက ဟားရစ္အႏိုင္ရလွ်င္ ထိုနည္းတူစြာပင္ ဒီမိုက ေရစီအားနည္းသြားမည္ဟု ဆိုသည္။ မည္သို႔ပင္ဆို ေစကာမူ (၂၀၂၄) အေမရိကန္ေ႐ြးေကာက္ပြဲမွာ မၾကာမီအခ်ိန္အတြင္း က်င္းပေတာ့မည္ျဖစ္သည္။ သို႔ေသာ္ ၿပိဳင္ဘက္ႏွစ္ဦးစလုံးမွာ အေမရိကန္ ျပည္ သူမ်ား ယုံၾကည္ကိုးစားရေလာက္သည္အထိ ေဒါင္ေဒါင္ျမည္ ႏိုင္ငံေရးသမားမ်ားမဟုတ္သကဲ့သို႔ အျခား ေသာ ကမာၻ႔ႏိုင္ငံမ်ားအေနျဖင့္လည္း အေမရိကန္ေ႐ြး ေကာက္ပြဲအေပၚ အမ်ားႀကီး ေမွ်ာ္လင့္ထားျခင္းမရွိ ေၾကာင္း ေတြ႕ရသည္။ ယခုႏွစ္ သမၼတေ႐ြး ေကာက္ပြဲ သည္ ဂယက္မ်ား၊ ႏိုင္ငံေရးအဖ်က္အေမွာင့္မ်ားအ ျပင္ ႏိုင္ငံတြင္းအၾကမ္းဖက္လုပ္ရပ္မ်ားကလည္း တစ္ ေန႔တျခား ပိုမိုတိုးပြားလာသည္ကို ေတြ႕ရွိရသည္။ ထို နည္းတူစြာပင္ ကမာၻႀကီးသည္လည္း လႈပ္လႈပ္ခတ္ ခတ္ႏွင့္ မတည္မၿငိမ္ပဋိပကၡမ်ား ေန႔စဥ္ႏွင့္အမွ် တိုး ပြားလာလ်က္ရွိသည္။ ထို႔ေၾကာင့္ ေ႐ြး ေကာက္ပြဲရလဒ္ မ်ားအရ ျဖစ္ေပၚလာမည့္ အေမရိကန္ သမၼတသစ္အ ေနျဖင့္ ျပည္တြင္းေရးအေျခအေနမ်ားကို ကိုင္တြယ္ ေျဖရွင္းရမည္ျဖစ္သကဲ့သို႔ ကမာၻ႔ အေရးကိစၥမ်ားစြာကို လည္း အာ႐ုံစိုက္ရဦးမည္ျဖစ္သည္။ သို႔ျဖစ္ပါ၍ ေဒါင္ေဒါင္ျမည္ အရည္အခ်င္းျပည့္မီျခင္းမရွိေသာ ေခါင္း ေဆာင္သစ္မ်ားအေနျဖင့္ စိန္ေခၚမႈမ်ားစြာရွိႏိုင္သကဲ့ သို႔ ၎တို႔၏ မူဝါဒအလြဲအမွားမ်ားသည္လည္း ျပည္တြင္းႏိုင္ငံေရးကိုသာမက ႏိုင္ငံတကာပဋိပကၡမ်ားအေပၚပါ လႊမ္းမိုးလာလိမ့္မည္ျဖစ္ပါေၾကာင္း သတိျပဳမိ ေစရန္ ေရးသားလိုက္ရပါသည္။