အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့ အကြား တောင်အာရှဒေသတင်းမာမှု အချိန်မရွေးပေါက်ကွဲမည့် ပဋိပက္ခယမ်းအိုးကြီးဖြစ်လာ

 287

Htay Oung (NP News) - နိုဝင်ဘာလ ၂၈
တောင်အာရှဒေသ အာဖဂန်နစ္စတန်၊ ပါကစ္စ တန်၊ အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်တို့အကြား တင်းမာမှု ပြင်းထန်လာခြင်းဟာ အချိန်မရွေးပေါက်ကွဲတော့မယ့် ပဋိပက္ခယမ်းအိုးကြီးလိုဖြစ်လာနေပါတယ်။ အာဖဂန် နစ္စတန်ကိုအုပ်ချုပ်နေတဲ့တာလီဘန်တို့နဲ့ ပါကစ္စတန် ဟာ ရင်းနှီးတဲ့ဆက်ဆံရေးအစဉ်အလာရှိခဲ့ပြီး အိန္ဒိယ နဲ့ဘင်္ဂလားဒေ့ရှ်ကလည်း အလားတူဖြစ်ပါတယ်။ အဲဒီ နိုင်ငံတွေကြား အတိတ်သမိုင်းနဲ့လတ်တလောဖြစ်ရပ် တွေဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန်ဆက်နွှယ်နေပြီး ပြဿနာအဖြေရှာရေးအတွက် ဘယ်နေရာကအစ ကောက်ရမှန်း မသိနိုင်လောက်အောင်ရှုပ်ထွေးနေပါ တယ်။
လွန်ခဲ့တဲ့လ အိန္ဒိယနိုင်ငံကို ချစ်ကြည်ခရီးရောက် ရှိလာတဲ့ အာဖဂန်နစ္စတန်နိုင်ငံ တာလီဘန်အစိုးရနိုင်ငံ ခြားရေးဝန်ကြီးကို နယူးဒေလီက အဆင့်မြင့်အခမ်းအ နားတွေနဲ့ နွေးထွေးစွာကြိုဆိုခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ တာလီဘန်တို့အပေါ် နှစ်ရှည်လများ ပံ့ပိုးကူညီခဲ့တဲ့ ပါကစ္စတန်အတွက် ပြတ်သားစွာ စိန်ခေါ်မှုတစ်ရပ်ဖြစ် နေတယ်လို့ “နယူးယောက်တိုင်းမ်စ်” (18 Novem­ber 2025) ကရေးပါတယ်။
ချစ်ကြည်ရေးခရီးစဉ်အတွင်း တာလီဘန်နိုင်ငံ ခြားရေးဝန်ကြီးရဲ့ အိန္ဒိယမြောက်ပိုင်း အူတာပရာ ဒက်ရှ်ပြည်နယ် “ဒီအိုဗန်” သမိုင်းဝင်ကျောင်းတော် ကြီးကို သွားရောက်လည်ပတ်ခြင်းဟာ ပါကစ္စတန် အတွက် ခံရအခက်ဆုံးဖြစ်ပါတယ်။ ဟိန္ဒူစတန်နီဘာ သာ “ဒေဝ”(နတ်ဘုရား)နဲ့ အူရဒူဘာသာ “ဗန်” (တောအုပ်)တို့ကို ရောနှောအမည်ပေးထားတဲ့ (၁၆) ရာစုနှစ် အဲဒီအဆောက်အအုံဟာ ရှေးဟောင်း အစ္စလာမ်စာသင်ကျောင်းတစ်ခုဖြစ်ပြီး အိန္ဒိယနိုင်ငံအ တွင်း အကြီးဆုံး အစ္စလာမ္မစ် အင်စတီကျူးရှင်းတွေအ နက် တစ်ခုဖြစ်ပါတယ်။ ကျောင်းတော်ကြီးဟာ (အာဖ ဂန်ဘာသာရေးကျောင်းသားတွေဖြစ်တဲ့) တာလီဘန် တို့ရဲ့ ရှေးရိုးစွဲအယူဝါဒနဲ့သန့်ရှင်းစင်ကြယ်တဲ့ တိုက်ပွဲ ဝင်မှု(jihad) ဂျီဟတ် အတွေးအခေါ်တို့ပေါ်ထွန်းရာ မူလအစအဖြစ် မှတ်ယူကြပါတယ်။
ပါကစ္စတန် နယ်ခြားစောင့်လုံခြုံရေးတပ်ဖွဲ့တွေ ကို အကြိမ်ကြိမ်တိုက်ခိုက်နေတဲ့ “(ပါကစ္စတန်) တာ လီဘန်” (Tehrik-i-Taliban Pakistan-TTP) စစ်သွေးကြွတွေကို အာဖဂန်အာဏာပိုင်တွေက ခိုလှုံ ခွင့်ပေးပြီး ပံ့ပိုးကူညီနေတယ်လို့ အစ္စလာမာဘတ်က စွပ်စွဲထားပါတယ်။ တာလီဘန်တို့ကငြင်းဆိုပေမယ့် တာလီဘန်နဲ့ TTP တို့ဟာ “ပက်ရှ်တွန်” (မြန်မာအ ခေါ်“ပထန်”)မျိုးနွယ်အများစု ဖြစ်ပုံချင်းတူညီကြပြီး သမိုင်းဝင် ဒီအိုဗန်ကျောင်းတော်ကြီးရဲ့ အတွေးအခေါ် တွေကို မျှဝေယုံကြည်ကြောင်း ဝန်ခံခဲ့ဖူးပါတယ်။
အတိုချုပ်ပြောရရင် တာလီဘန်နိုင်ငံခြားရေးဝန် ကြီးရဲ့ အိန္ဒိယခရီးစဉ်ဟာ ပါကစ္စတန်စစ်တပ်အတွက် သည်းမခံနိုင်တဲ့လုပ်ရပ်ဖြစ်သွားပြီး အာဖဂန်ကိုယ်စား လှယ်အဖွဲ့ နယူးဒေလီကိုရောက်ရှိပြီး နာရီပိုင်းအတွင်း မှာပဲ ပါကစ္စတန်စစ်တပ်က အာဖဂန်မြို့တော်ကဘူးလ် အပေါ် လေကြောင်းမှတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါ တယ်။ ယခင် မဟာမိတ်ဟောင်းနှစ်နိုင်ငံကြား အခုလို တိုက်ခိုက်မှုဟာ မကြုံစဖူးဖြစ်ပြီး ရက်သတ္တပတ်ကြာမှာ တာလီဘန်တို့က လက်တုံ့ပြန်တိုက်ခိုက်မှုတွေကို ဖြစ် ပေါ်စေခဲ့ပါတယ်။
ပါကစ္စတန်ဟာ(၁၉၇၉-၁၉၈၉)ခုနှစ် ဆိုဗီယက် ယူနီယံရဲ့ အာဖဂန်ကျူးကျော်မှုကို အမေရိကန် CIA နဲ့ ဆော်ဒီအာရေးဗျတို့က နှပ်ကြောင်းပေးတဲ့အတိုင်း ကမ္ဘာ့မွတ်စလင်အားလုံးတို့က သွေးစည်းညီညွတ်စွာ ခုခံရေး“မြင့်မြတ်သောစစ်ပွဲ”မှာ ထဲထဲဝင်ဝင် ကူညီခဲ့ ပါတယ်။ အဲဒီနောက် (၁၉၈၉-၁၉၉၂)ခုနှစ် ပထမ အာဖဂန်ပြည်တွင်းစစ်နဲ့ (၁၉၉၂-၁၉၉၆)ခုနှစ် ဒုတိ ယအာဖဂန်ပြည်တွင်းစစ်တို့မှာပေါ်ပေါက်လာတဲ့ တာ လီဘန်တို့နဲ့ (နောင် အယ်လ်ကိုင်ဒါဖြစ်လာမယ့်) အာဖဂန် မူဂျာဟီဒင်တွေကို ပါကစ္စတန်က ငွေကြေး-လေ့ကျင့်မှုတွေနဲ့ အကြီးအကျယ်ကူညီပေးခဲ့ပါတယ်။
ပါကစ္စတန်စစ်တပ်အနေနဲ့ တာလီဘန်တို့ကို ရင်းနှီးစွာအကူအညီပေးခဲ့တာဟာ ယဉ်ကျေးမှုသမိုင်း ကြောင်းအရ နီးစပ်သူတွေဖြစ်တဲ့အတွက် အချိန်တန် ရင် သူတို့ကိုထိန်းချုပ်နိုင်မယ်လို့ ယုံကြည်ခဲ့တာ ကြောင့်ဖြစ်ပါတယ်။ တာလီဘန်တို့ရဲ့ ဂျီဟတ်စိတ် ဓာတ်မြစ်ဖျားခံရာ “ဒီအိုဗန်” ကျောင်းတော်ကြီးဟာ ရန်သူဖြစ်တဲ့ အိန္ဒိယနယ်မြေအတွင်း ရောက်ရှိနေခြင်း ပင်လျှင် ကြိတ်ပြီး ဝမ်းသာစရာဖြစ်ခဲ့ပါတယ်။ (၂၀ဝ၁)ခုနှစ် (၉/၁၁) ဖြစ်စဉ်မှာ အဓိကတာဝန်ရှိသူ အယ်လ်ကိုင်ဒါတို့ကို တရားခံအဖြစ်လွှဲပြောင်းပေးဖို့အိမ်ဖြူတော်ရဲ့တောင်းဆိုချက်ကို တာလီဘန်တို့က ငြင်းဆိုတဲ့အတွက် အမေရိကန်ဦးဆောင် နေတိုးညွန့် ပေါင်းတပ်တွေက အာဖဂန်ကို စစ်ရေးအရ ဝင်ရောက် ကျူးကျော်ပါတယ်။ ထွက်ပြေးသွားတဲ့ တာလီဘန် ခေါင်းဆောင် မူလာအိုမာ ခြေရာပျောက်သွားမှုနဲ့ အယ်လ်ကိုင်ဒါခေါင်းဆောင် အိုစမာဘင်လာဒင်ကို (၂၀၁၁)ခုနှစ် အမေရိကန်နေဗီဆီးလ်တွေက သုတ် သင်ရာနေရာဟာ ပါကစ္စတန် စစ်တက္ကသိုလ်အနီး အဘော့တဘက်မြို့ဖြစ်နေမှုတို့က ပါကစ္စတန်နဲ့ ဂျီ ဟတ်ဝါဒီတွေအကြား နက်ရှိုင်းတဲ့ပတ်သက်မှုကို ဖော် ပြနေပါတယ်။
(၂၀၂၁)ခုနှစ် အမေရိကန်ဆုတ်ခွာသွားပြီး အာ ဖဂန်မှာ တာလီဘန်တို့ ပြန်လည်ထိန်းချုပ်လာပြီး နောက် သူတို့ကူညီလိုက်သူတွေရဲ့ “ဒီအိုဗန်ဒီ ဂျီ ဟတ်အတွေးအခေါ်”တွေဟာ ပါကစ္စတန်ကိုယ်တိုင် နေ့စဉ်နီးပါး အကြမ်းဖက်ခံရဖို့ဖြစ်လာပြီး " သရဲမွေး မိတဲ့အောက်လမ်းဆရာနဲ့မခြား" ရင်ထုမနာဖြစ်စေပါ တယ်။
ဒါ့ပြင် ပဋိပက္ခဟာ (၁၉)ရာစု ဗြိတိသျှတို့ကရေး ဆွဲခဲ့တဲ့နယ်နိမိတ်နဲ့ပတ်သက်ပြီး အခြေခံကျတဲ့ နယ် မြေအငြင်းပွားမှုကိုပါ ပြန်လည်အသက်ဝင်စေခဲ့ပါ တယ်။ “ဒါရန့်လိုင်း” လို့ခေါ်တဲ့ မိုင် (၁၆၀ဝ)ကျော် နယ်နိမိတ်မျဉ်းကို အာဖဂန်ဘက်က လုံးဝလက်မခံဘဲ ပထန်နွယ်ဖွားတွေကို ဟိုဘက်သည်ဘက် နှစ်နိုင်ငံအ တွင်း ထည့်သွင်းပိုင်းခြားထားတဲ့လုပ်ရပ်လို့ မှတ်ယူ ကြပါတယ်။ အရှင်မြတ်ကိုထောက်ထားသောအားဖြင့် ပါကစ္စတန်ဟာ သူတို့ဘက်မှာကျန်ရစ်ခဲ့တဲ့ ရှေး ဟောင်းနယ်မြေများကိစ္စကို ပြန်လည်ညှိနှိုင်းပေးဖို့ အာဖဂန်အစိုးရအဆက်ဆက်က ပါကစ္စတန်ခေါင်း ဆောင်တို့အပေါ် ပြင်းထန်စွာ ဝေဖန်ပြောဆိုခဲ့ကြပါ တယ်။ အိန္ဒိယကလည်း ပါကစ္စတန်နဲ့အာဖဂန်ကြား တင်းမာမှုတွေကိုအခွင့်ကောင်းယူပြီး တာလီဘန်တို့ ကိုချဉ်းကပ်နေတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။ ကုန်းတွင်းပိတ် အာဖဂန်ရဲ့ တင်း မာတဲ့ဘာသာရေးအမြင်နဲ့ အမျိုးသမီးတို့အပေါ် ဖိနှိပ် ချုပ်ခြယ်မှုကြောင့် နိုင်ငံတကာရဲ့ ဝိုင်းပယ်တာကိုခံနေ ရတဲ့ တာလီဘန်တို့ကိုယ်တိုင်မှာလည်း ပါကစ္စတန်အ ပေါ် မှီခိုအားထားရမှုကို လုံးဝလမ်းကြောင်းပြောင်း လိုက်ပြီး အိန္ဒိယလိုနိုင်ငံသစ်တွေနဲ့ဆက်ဆံဖို့ ကြိုး ပမ်းနေကြောင်း နယူးဒေလီခရီးစဉ်ကပြသနေပါ တယ်။ လွန်ခဲ့တဲ့ နိုဝင်ဘာ (၁၀)ရက် အိန္ဒိယနိုင်ငံ ဒေလီမြို့ သမိုင်းဝင် ခံတပ်နီအဆောက်အအုံအနီး အလွန်ပြင်းထန်တဲ့ ကားဗုံးပေါက်ကွဲမှုဖြစ်ပွားရာ ယာဉ်မောင်းနှင်သူအပါအဝင် (၁၃)ဦးထက် မနည်း သေဆုံးခဲ့ရပါတယ်။ “အကြမ်းဖက်မှု” အဖြစ် အိန္ဒိယ က တရားဝင်သတ်မှတ်လိုက်တဲ့အဲဒီဖြစ်စဉ်မှာ ပါကစ္စ တန်နိုင်ငံအတွင်းမှာခိုအောင်းပြီး အစ္စလာမာဘတ် စစ်ထောက်လှမ်းရေး ISI ကထောက်ပံ့ထားတဲ့ “ဂျမူး နဲ့ကက်ရှ်မီးယား လွတ်မြောက်ရေး” “ဂျိုင်အစ်ရှ် အီး မိုဟာမက်” JeM နဲ့ဆက်စပ်နေတယ်လို့ စွပ်စွဲခြင်းခံ ရပါတယ်။ ကားဗုံးပေါက်ကွဲစဉ်သေဆုံးသူမှာ ကက်ရှ် မီးယားဇာတိ ဆရာဝန်တစ်ဦးဖြစ်ကြောင်း၊ ၎င်းရဲ့နေ အိမ်အတွင်းမှ လွတ်မြောက်ရေးစစ်သွေးကြွများပိုင် လက်နက်ခဲယမ်းအများအပြားကို ရဲတပ်ဖွဲ့က တွေ့ရှိ သွားခြင်းကြောင့် အချိန်မတိုင်မီ မိမိကိုယ်မိမိ အသေ ခံဖောက်ခွဲခြင်းဖြစ်တယ်လို့ နယူးဒေလီကပြောပါ တယ်။
နောက်တစ်ရက် နိုဝင်ဘာ (၁၁)ရက် ပါကစ္စတန် နိုင်ငံ အစ္စလာမာဘတ်မြို့တော် ခရိုင်တရားရုံး ယာဉ် ရပ်နားရာနေရာ ရဲတပ်ဖွဲ့မော်တော်ယာဉ်အနီးမှာ အ သေခံဗုံးဖောက်ခွဲမှုဖြစ်ပေါ်ခဲ့ရာ (၁၂) ဦးထက်မနည်း သေဆုံးပြီး လူအတော်များများ ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီနေ့မတိုင်မီ အာဖဂန်နစ္စတန်နယ်စပ်အနီး ဝါဇီရစ္စ တန်ပြည်နယ်ရှိ “ဝါနာ စစ်ဘက်ဆိုင်ရာကောလိပ်” ကို လူ(၅)ဦးက ဝင်ရောက်စီးနင်းဖို့ကြိုးစားခဲ့ပါတယ်။ ဗိုလ်လောင်းတွေကို ဓားစာခံဖမ်းဆီးဖို့ကြိုးစားသူ စစ် သွေးကြွအားလုံးကို အသေဖမ်းဆီးနိုင်ခဲ့ပြီး အာဖဂန် နစ္စတန်နိုင်ငံသားတွေဖြစ်တယ်လို့ အစ္စလာမာဘတ် က သတင်းထုတ်ပြန်ပါတယ်။
အသေခံဗုံးခွဲမှုမှာ မိမိတို့လက်ချက်ဖြစ်တယ်လို့ အာဖဂန်နိုင်ငံအတွင်းမှာခြေကုပ်ယူပြီး ပါကစ္စတန် နိုင်ငံအတွင်း အကြမ်းဖက်မှုတွေပြုလုပ်နေတဲ့ “တာ ရစ်အီး တာလီဘန် ပါကစ္စတန်” TTP ခေါ် “ဂျမတ် အူလ်အဟား”မှခွဲထွက်လာတဲ့ စစ်သွေးကြွအဖွဲ့တစ်ခု ကပြောပါတယ်။
အိန္ဒိယကမွေးမြူထားတဲ့ အစွန်းရောက်စစ်သွေး ကြွတွေဟာ အာဖဂန်နယ်မြေကိုခြေကုပ်ယူပြီး မိမိ နိုင်ငံနယ်ခြားဒေသများမှာ အကြမ်းဖက်မှုတွေကို အ ကြိမ်ကြိမ်ပြုလုပ်လျက်ရှိကြောင်း၊ ခံတပ်နီအနီးပေါက် ကွဲမှုမှာ ဓာတ်ငွေ့ဆလင်ဒါအိုးကြောင့်သာဖြစ် ကြောင်း၊ အရှေ့ဘက် အိန္ဒိယနဲ့အနောက်ဘက် အာ ဖဂန်တို့က ပဋိပက္ခတွေ နှစ်ဖက်ညှပ်ဖန်တီးလာမှု ကြောင့်ဖြစ်ပေါ်လာမယ့်စစ်ပွဲအတွက် မိမိတို့အနေနဲ့ အပြည့်အဝ ပြင်ဆင်ထားပြီးဖြစ်ကြောင်း နယူးဒေလီ ရဲ့စွပ်စွဲချက်တွေကို ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး ကတုံ့ပြန်လိုက်တယ်လို့ ဗြိတိန်အခြေစိုက် “ဖက်ဒ ရယ်” ဒီဂျစ်တယ်သတင်းစာ (17 November 2025) ကရေးပါတယ်။
တူရကီနိုင်ငံ အစ္စတန်ဘူမြို့ ပါကစ္စတန်နဲ့ ငြိမ်း ချမ်းရေးဆွေးနွေးပွဲမှာ ရှေ့မဆက်နိုင်ဘဲ ပျက်ပြား သွားပြီဖြစ်ကြောင်း ယခုဖြစ်ရပ်တွေမတိုင်မီ နိုဝင်ဘာ (၇)ရက်မှာ အာဖဂန်နစ္စတန် တာလီဘန်အစိုးရကပြော ပါတယ်။ ပါကစ္စတန်နိုင်ငံအတွင်း ဖြစ်ပွားသမျှ လုံခြုံ ရေးဆိုင်ရာကိစ္စရပ်တွေအတွက် တာဝန်ယူရမယ်လို့ အစ္စလာမာဘတ်ရဲ့တောင်းဆိုမှုမှာ အာဖဂန်ရဲ့စွမ်း ဆောင်ရည်ဘောင်ကို ကျော်လွန်နေခြင်းကြောင့်ဖြစ် တယ်လို့ တာလီဘန်ကပြောပါတယ်။
တောင်အာရှနိုင်ငံတွေအတွင်း တစ်ခုနဲ့တစ်ခု ဆက်နွှယ်လျက်ရှိတဲ့တင်းမာမှုတွေဟာ ရက်ဆက်ဖြစ် လာနေစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ယမန်နှစ် ရာထူးမှ ဖယ်ရှားခြင်းခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီ နာကို အထူးတရားရုံးက မျက်ကွယ်သေဒဏ်ချမှတ် လိုက်ကြောင်း၊ ကျောင်းသားများဦးဆောင် လူထုအုံ ကြွမှုကို သွေးထွက်သံယိုဖြိုခွင်းရာမှာ အဓိကတာဝန် ရှိသူဖြစ်ကြောင်း တရားရုံးရဲ့စီရင်ချက်မှာ ဖော်ပြထား တယ်လို့ “ရိုက်တာသတင်းအေဂျင်စီ” (13 November 2025) က ရေးပါတယ်။
လောလောဆယ် ဟာစီနာဟာ အိန္ဒိယနိုင်ငံမှာ ခိုလှုံလျက်ရှိပြီး တရားခံလွှဲပြောင်းပေးဖို့ ယူနွတ်အစိုးရ ရဲ့တောင်းဆိုချက်ကို နယူးဒေလီက လျစ်လျူရှုထား ပါတယ်။ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန် ကြောင်းစွပ်စွဲချက်နဲ့ ရှိတ်ဟာစီနာရဲ့အမှုကို ကြားနာ နေခိုက် ဒါကာနဲ့ တခြားမြို့ကြီးတွေမှာ အဝါမီလိဂ်ပါတီ ထောက်ခံသူတို့က လမ်းနဲ့ ယာဉ်အသွားအလာတွေကို ပိတ်ဆို့ဆန္ဒပြရာမှ အကြမ်းဖက်မှုများဖြစ်ပွားလျက်ရှိ ပြီး လက်လုပ်ဗုံးပေါက်ကွဲမှု အကြိမ်သုံးဆယ်ကျော် ရှိခဲ့ပါတယ်။ လုံခြုံရေးတင်းကြပ်စွာချထားတဲ့တရား ရုံးက ယင်းနေ့အပြီး သတ်မိန့်ချမှတ်တာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ ယူနွတ်ကြားဖြတ် အစိုးရလက် ထက် ဘင်္ဂလားဒေ့ရှ်မှာ အာဏာရှင်လက်သစ်တွေ၊ အုပ်စုဖွဲ့ရမ်းကားနေတဲ့ မင်းမဲ့စရိုက်ဝါဒီတို့ လက်ရဲ ဇက်ရဲဖြစ်နေကြောင်းတွေ့ရပါတယ်။ ဖယ်ရှားခံအစိုးရ နဲ့ပတ်သက်တယ်လို့ စွပ်စွဲခံရရုံနဲ့ စစ်ဆေးမေးမြန်းခြင်း မရှိ လူစုလူဝေးနဲ့ ဥပဒေမဲ့စီရင်နေပါတယ်။ ရှိတ်ဟာစီ နာအလွန် ဘင်္ဂလားဒေ့ရှ်ဟာ အစ္စလာမာဘတ်နဲ့ နီး ကပ်စွာဆက်ဆံလာခဲ့ပြီး စစ်ဘက်ဆိုင်ရာထိပ်တန်းအ ရာရှိတို့ အပြန်အလှန်လည်ပတ်လာခဲ့ပါတယ်။ ဒီအ တွက် (၁၉၇၁)ခုနှစ် ဘင်္ဂလားဒေ့ရှ်လွတ်မြောက်မှု တော်လှန်ရေးမှာ ဝင်ရောက်ကူညီရာမှ ထိပ်တိုက်တွေ့ ရခြင်းအပါအဝင် ပါကစ္စတန်နဲ့ (၄)ကြိမ်အထိ အတိ အလင်းစစ်ခင်းခဲ့ပြီး ဆိုးရွားတဲ့တင်းမာမှုတွေ အကြိမ် ကြိမ်ဖြစ်ပွားနေဆဲ အိန္ဒိယအတွက် စိတ်ပျက်ဒေါသ ထွက်စရာတွေပဲဖြစ်ပါတယ်။
အသက် (၇၈)နှစ်အရွယ်ရှိတ်ဟာစီနာဟာ (၁၉၇၁)ခုနှစ် ပါကစ္စတန်ထံမှ လွတ်လပ်ရေးတောင်း ဆိုတဲ့ “ဘင်္ဂလား တော်လှန်ရေးစစ်ပွဲ” ဦးဆောင်သူ “ရှိတ်မူဂျီဘူရ် ရာမန်” ရဲ့အကြီးဆုံးသမီး ဖြစ်ပါတယ်။ ဖခင်ဖြစ်သူဟာ (၁၉၇၅)ခုနှစ် စစ်တပ်ရဲ့ မအောင်မြင် တဲ့အာဏာသိမ်းမှုမှာအသတ်ခံခဲ့ရပြီး ဟာစီနာနဲ့ညီမ ဖြစ်သူသာလျင် ဂျာမနီမှာရောက်ရှိနေတဲ့အတွက် အသက်ချမ်းသာရာရခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင်ဟောင်းရဲ့ သားသမီးတွေ အဖြစ် အဲဒီအချိန် အိန္ဒိယဝန်ကြီးချုပ် အင်ဒီရာဂနွီက ခိုလှုံခွင့်ပေးခဲ့ပါတယ်။ (၆)နှစ်အကြာ ပြည်ဝင်ခွင့်ရရှိ ခဲ့တဲ့ဟာစီနာဟာ ဖခင်ဖြစ်သူရဲ့ အဝါမီလိဂ်ပါတီကိုဦး ဆောင်ခဲ့ပြီး (၁၉၉၆)ခုနှစ်မှာ ဝန်ကြီးချုပ်အဖြစ် ပထမအကြိမ် ရွေးကောက်ခံရပါတယ်။ (၂၀ဝ၆) ခုနှစ်မှာ ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေးကောက်ခံရပြီး လူထုအုံကြွမှုကြောင့် ပြည်ပထွက်ခွာသွားရချိန် (၂၀၂၄) ခုနှစ် ဩဂုတ်လအထိ (၁၅)နှစ်ကြာ တာ ဝန်ထမ်းဆောင်ခဲ့ပါတယ်။
အတိုက်အခံပါတီတွေက မကြာခဏ သပိတ် မှောက်ခြင်း သို့မဟုတ် အတိုက်အခံပါတီတွေ ဝင် ရောက်ယှဉ်ပြိုင်ခြင်းမပြုနိုင်အောင်တားမြစ်ထားတဲ့ ရွေးကောက်ပွဲတွေမှာ ရှိတ်ဟာစီနာရဲ့ပါတီက အနိုင်ရ ရှိခဲ့တာဖြစ်ပါတယ်။ ဟာစီနာလက်ထက် ဘင်္ဂလား ဒေ့ရှ်မှာ လူထောင်ပေါင်းများစွာ အသံတိတ်ဖျောက် ဖျက်ခံရပြီး တရားလက်လွတ်သတ်ဖြတ်ခံရမှုတွေရှိ ခဲ့ပါတယ်။ နိုင်ငံရေးပြိုင်ဘက်တွေကို နှိပ်စက်ညှဉ်း ပန်းမှုတွေနဲ့ စစ်ဆေးမေးမြန်းမှုမရှိဘဲ ထောင်ဒဏ်အ ပြစ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဟာစီနာအစိုးရလက်ထက် ဘင်္ဂလားဒေ့ရှ်ဟာ ပြည်တွင်း အသားတင်ကုန်ထုတ် လုပ်မှု လျင်မြန်စွာတိုးတက်လာပြီး နိုင်ငံသားတစ်ဦး ချင်းရဲ့ဝင်ငွေဟာ အိန္ဒိယထက်သာလွန်သွားခဲ့ပါတယ်။ အိန္ဒိယရဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ရင်းနှီးစွာဆက်ဆံတယ်ဆို တာ ဟာစီနာရဲ့အဝါမီလိဂ်ပါတီနဲ့ဖြစ်တယ်လို့ ပြည် တွင်းမှာ ဝေဖန်မှုတွေရှိခဲ့ပါတယ်။ (၂၀၂၄)ခုနှစ် ဇူ လိုင်လ အဝါမီလိဂ်အစိုးရရဲ့ အလုပ်အကိုင်ခွဲတမ်း အပေါ် ကန့်ကွက်ဆန္ဒပြပွဲတွေဟာ ကျောင်းသားလူ ငယ်တွေနဲ့ရဲတပ်ဖွဲ့အကြားထိပ်တိုက်တွေ့ခဲ့ပြီး လူ ပေါင်း(၁၄၀ဝ)နီးပါးသေဆုံးခဲ့တယ်လို့ ကမ္ဘာ့ကုလ သမဂ္ဂကခန့်မှန်းပါတယ်။
ရှိတ်ဟာစီနာကို ခိုလှုံခွင့်ပေးထားမှုဟာ ဒါကာနဲ့ နယူးဒေလီအကြား ဆက်ဆံရေးဆိုးရွားစေဖို့ ဆူးတစ် ချောင်းဖြစ်နေပါတယ်။ သေဒဏ်ချမှတ်ခံရပြီး ရှိတ် ဟာနာကို တရားခံပြန်လည်လွှဲပြောင်းပေးရန် ယူနွတ် အစိုးရရဲ့တောင်းဆိုမှုဟာ အိမ်နီးချင်းနှစ်နိုင်ငံအကြား တင်းမာမှုကို အမြင့်ဆုံးရောက်ရှိအောင် ဆွဲတင်လိုက် ပါတယ်။ အလားတူ ဘင်္ဂလားဒေ့ရှ်ပြည်တွင်းမှာလည်း နိုင်ငံရေးကွဲပြားမှုကို ပိုမိုပီပြင်သွားစေပါတယ်။
အတိုချုပ်ပြောရရင် ရှိတ်ဟာစီနာအလွန် ဘင်္ဂ လားဒေ့ရှ်ရဲ့ ပါကစ္စတန်နဲ့ နီးကပ်စွာဆက်ဆံလာခြင်း ဟာ အိန္ဒိယအတွက် စိုးရိမ်စရာများဖြစ်ပြီး ယူနွတ်အ စိုးရလက်ထက်ဖြစ်ရပ်တွေဟာ နှစ်နိုင်ငံအကြား ပိုမို ဝေးကွာစေပါတယ်။ အာဖဂန်နစ္စတန်ဟာ ကမ္ဘာ့ စစ် အင်အားကြီး ဆိုဗီယက်နဲ့အမေရိကန်ကို အနိုင်ယူခဲ့ တယ်လို့ သွေးနားထင်ရောက်မှုကိုမလျှော့နိုင်ဘဲရှိ နေပါတယ်။ ကဘူးလ်နဲ့ နယူးဒေလီတို့ ဆက်ဆံရေး တိုးချဲ့လာမှုဟာ အစ္စလာမာဘတ်အတွက် ရတက်မ အေးဖြစ်ရပါတယ်။ တစ်ဖက်မှာကြည့်ရင်လည်း အာဖ ဂန်နစ္စတန်ဟာ ကမ္ဘာ့အရှေ့ အနောက်ဆက်သွယ်ရာ ပိုးလမ်းမကြီးပေါ်မှာတည်ရှိပါတယ်။ သူတစ်ပါးတိုင်း ပြည်တွင်း စစ်မက်ရေးရာတွေမှာ ဝင်ရောက်စွက်ဖက် တဲ့အတွက် အမေရိကန်မှာ ကြွေးမြီလည်ပင်းခိုက်ရ တယ်လို့ အာဖဂန်မှတပ်များကိုရုပ်သိမ်းစေခဲ့သူ သမ္မတဒေါ်နယ်ထရမ့်ကိုယ်တိုင် တရုတ်နျူကလီးယား စက်ရုံတွေနဲ့အလှမ်းမဝေးတဲ့ (အာဖဂန်နစ္စတန်) “ဘက်ဂရမ်လေတပ်အခြေစိုက်စခန်း”ကို ပြန်ယူမယ် လို့ကြွေးကြော်နေပါတယ်။

Zawgyi Version:
အာဖဂန္နစၥတန္၊ ပါကစၥတန္၊ အိႏၵိယ၊ ဘဂၤလားေဒ့ရွ္တို႔ အၾကား ေတာင္အာရွေဒသတင္းမာမႈ အခ်ိန္မေ႐ြးေပါက္ကြဲမည့္ ပဋိပကၡယမ္းအိုးႀကီးျဖစ္လာ
Htay Oung (NP News) - ႏိုဝင္ဘာလ ၂၈
ေတာင္အာရွေဒသ အာဖဂန္နစၥတန္၊ ပါကစၥ တန္၊ အိႏၵိယနဲ႔ဘဂၤလားေဒ့ရွ္တို႔အၾကား တင္းမာမႈ ျပင္းထန္လာျခင္းဟာ အခ်ိန္မေ႐ြးေပါက္ကြဲေတာ့မယ့္ ပဋိပကၡယမ္းအိုးႀကီးလိုျဖစ္လာေနပါတယ္။ အာဖဂန္ နစၥတန္ကိုအုပ္ခ်ဳပ္ေနတဲ့တာလီဘန္တို႔နဲ႔ ပါကစၥတန္ ဟာ ရင္းႏွီးတဲ့ဆက္ဆံေရးအစဥ္အလာရွိခဲ့ၿပီး အိႏၵိယ နဲ႔ဘဂၤလားေဒ့ရွ္ကလည္း အလားတူျဖစ္ပါတယ္။ အဲဒီ ႏိုင္ငံေတြၾကား အတိတ္သမိုင္းနဲ႔လတ္တေလာျဖစ္ရပ္ ေတြဟာ တစ္ခုနဲ႔တစ္ခု အျပန္အလွန္ဆက္ႏႊယ္ေနၿပီး ျပႆနာအေျဖရွာေရးအတြက္ ဘယ္ေနရာကအစ ေကာက္ရမွန္း မသိႏိုင္ေလာက္ေအာင္ရႈပ္ေထြးေနပါ တယ္။
လြန္ခဲ့တဲ့လ အိႏၵိယႏိုင္ငံကို ခ်စ္ၾကည္ခရီးေရာက္ ရွိလာတဲ့ အာဖဂန္နစၥတန္ႏိုင္ငံ တာလီဘန္အစိုးရႏိုင္ငံ ျခားေရးဝန္ႀကီးကို နယူးေဒလီက အဆင့္ျမင့္အခမ္းအ နားေတြနဲ႔ ေႏြးေထြးစြာႀကိဳဆိုခဲ့ပါတယ္။ ဒီျဖစ္ရပ္ဟာ တာလီဘန္တို႔အေပၚ ႏွစ္ရွည္လမ်ား ပံ့ပိုးကူညီခဲ့တဲ့ ပါကစၥတန္အတြက္ ျပတ္သားစြာ စိန္ေခၚမႈတစ္ရပ္ျဖစ္ ေနတယ္လို႔ “နယူးေယာက္တိုင္းမ္စ္” (18 Novem­ber 2025) ကေရးပါတယ္။
ခ်စ္ၾကည္ေရးခရီးစဥ္အတြင္း တာလီဘန္ႏိုင္ငံ ျခားေရးဝန္ႀကီးရဲ႕ အိႏၵိယေျမာက္ပိုင္း အူတာပရာ ဒက္ရွ္ျပည္နယ္ “ဒီအိုဗန္” သမိုင္းဝင္ေက်ာင္းေတာ္ ႀကီးကို သြားေရာက္လည္ပတ္ျခင္းဟာ ပါကစၥတန္ အတြက္ ခံရအခက္ဆုံးျဖစ္ပါတယ္။ ဟိႏၵဴစတန္နီဘာ သာ “ေဒဝ”(နတ္ဘုရား)နဲ႔ အူရဒူဘာသာ “ဗန္” (ေတာအုပ္)တို႔ကို ေရာေႏွာအမည္ေပးထားတဲ့ (၁၆) ရာစုႏွစ္ အဲဒီအေဆာက္အအုံဟာ ေရွးေဟာင္း အစၥလာမ္စာသင္ေက်ာင္းတစ္ခုျဖစ္ၿပီး အိႏၵိယႏိုင္ငံအ တြင္း အႀကီးဆုံး အစၥလာမၼစ္ အင္စတီက်ဴးရွင္းေတြအ နက္ တစ္ခုျဖစ္ပါတယ္။ ေက်ာင္းေတာ္ႀကီးဟာ (အာဖ ဂန္ဘာသာေရးေက်ာင္းသားေတြျဖစ္တဲ့) တာလီဘန္ တို႔ရဲ႕ ေရွး႐ိုးစြဲအယူဝါဒနဲ႔သန႔္ရွင္းစင္ၾကယ္တဲ့ တိုက္ပြဲ ဝင္မႈ(jihad) ဂ်ီဟတ္ အေတြးအေခၚတို႔ေပၚထြန္းရာ မူလအစအျဖစ္ မွတ္ယူၾကပါတယ္။
ပါကစၥတန္ နယ္ျခားေစာင့္လုံၿခဳံေရးတပ္ဖြဲ႕ေတြ ကို အႀကိမ္ႀကိမ္တိုက္ခိုက္ေနတဲ့ “(ပါကစၥတန္) တာ လီဘန္” (Tehrik-i-Taliban Pakistan-TTP) စစ္ေသြးႂကြေတြကို အာဖဂန္အာဏာပိုင္ေတြက ခိုလႈံ ခြင့္ေပးၿပီး ပံ့ပိုးကူညီေနတယ္လို႔ အစၥလာမာဘတ္က စြပ္စြဲထားပါတယ္။ တာလီဘန္တို႔ကျငင္းဆိုေပမယ့္ တာလီဘန္နဲ႔ TTP တို႔ဟာ “ပက္ရွ္တြန္” (ျမန္မာအ ေခၚ“ပထန္”)မ်ိဳးႏြယ္အမ်ားစု ျဖစ္ပုံခ်င္းတူညီၾကၿပီး သမိုင္းဝင္ ဒီအိုဗန္ေက်ာင္းေတာ္ႀကီးရဲ႕ အေတြးအေခၚ ေတြကို မွ်ေဝယုံၾကည္ေၾကာင္း ဝန္ခံခဲ့ဖူးပါတယ္။
အတိုခ်ဳပ္ေျပာရရင္ တာလီဘန္ႏိုင္ငံျခားေရးဝန္ ႀကီးရဲ႕ အိႏၵိယခရီးစဥ္ဟာ ပါကစၥတန္စစ္တပ္အတြက္ သည္းမခံႏိုင္တဲ့လုပ္ရပ္ျဖစ္သြားၿပီး အာဖဂန္ကိုယ္စား လွယ္အဖြဲ႕ နယူးေဒလီကိုေရာက္ရွိၿပီး နာရီပိုင္းအတြင္း မွာပဲ ပါကစၥတန္စစ္တပ္က အာဖဂန္ၿမိဳ႕ေတာ္ကဘူးလ္ အေပၚ ေလေၾကာင္းမွတိုက္ခိုက္မႈေတြျပဳလုပ္ခဲ့ပါ တယ္။ ယခင္ မဟာမိတ္ေဟာင္းႏွစ္ႏိုင္ငံၾကား အခုလို တိုက္ခိုက္မႈဟာ မႀကဳံစဖူးျဖစ္ၿပီး ရက္သတၱပတ္ၾကာမွာ တာလီဘန္တို႔က လက္တုံ႔ျပန္တိုက္ခိုက္မႈေတြကို ျဖစ္ ေပၚေစခဲ့ပါတယ္။
ပါကစၥတန္ဟာ(၁၉၇၉-၁၉၈၉)ခုႏွစ္ ဆိုဗီယက္ ယူနီယံရဲ႕ အာဖဂန္က်ဴးေက်ာ္မႈကို အေမရိကန္ CIA နဲ႔ ေဆာ္ဒီအာေရးဗ်တို႔က ႏွပ္ေၾကာင္းေပးတဲ့အတိုင္း ကမာၻ႔မြတ္စလင္အားလုံးတို႔က ေသြးစည္းညီၫြတ္စြာ ခုခံေရး“ျမင့္ျမတ္ေသာစစ္ပြဲ”မွာ ထဲထဲဝင္ဝင္ ကူညီခဲ့ ပါတယ္။ အဲဒီေနာက္ (၁၉၈၉-၁၉၉၂)ခုႏွစ္ ပထမ အာဖဂန္ျပည္တြင္းစစ္နဲ႔ (၁၉၉၂-၁၉၉၆)ခုႏွစ္ ဒုတိ ယအာဖဂန္ျပည္တြင္းစစ္တို႔မွာေပၚေပါက္လာတဲ့ တာ လီဘန္တို႔နဲ႔ (ေနာင္ အယ္လ္ကိုင္ဒါျဖစ္လာမယ့္) အာဖဂန္ မူဂ်ာဟီဒင္ေတြကို ပါကစၥတန္က ေငြေၾကး-ေလ့က်င့္မႈေတြနဲ႔ အႀကီးအက်ယ္ကူညီေပးခဲ့ပါတယ္။
ပါကစၥတန္စစ္တပ္အေနနဲ႔ တာလီဘန္တို႔ကို ရင္းႏွီးစြာအကူအညီေပးခဲ့တာဟာ ယဥ္ေက်းမႈသမိုင္း ေၾကာင္းအရ နီးစပ္သူေတြျဖစ္တဲ့အတြက္ အခ်ိန္တန္ ရင္ သူတို႔ကိုထိန္းခ်ဳပ္ႏိုင္မယ္လို႔ ယုံၾကည္ခဲ့တာ ေၾကာင့္ျဖစ္ပါတယ္။ တာလီဘန္တို႔ရဲ႕ ဂ်ီဟတ္စိတ္ ဓာတ္ျမစ္ဖ်ားခံရာ “ဒီအိုဗန္” ေက်ာင္းေတာ္ႀကီးဟာ ရန္သူျဖစ္တဲ့ အိႏၵိယနယ္ေျမအတြင္း ေရာက္ရွိေနျခင္း ပင္လွ်င္ ႀကိတ္ၿပီး ဝမ္းသာစရာျဖစ္ခဲ့ပါတယ္။ (၂၀ဝ၁)ခုႏွစ္ (၉/၁၁) ျဖစ္စဥ္မွာ အဓိကတာဝန္ရွိသူ အယ္လ္ကိုင္ဒါတို႔ကို တရားခံအျဖစ္လႊဲေျပာင္းေပးဖို႔အိမ္ျဖဴေတာ္ရဲ႕ေတာင္းဆိုခ်က္ကို တာလီဘန္တို႔က ျငင္းဆိုတဲ့အတြက္ အေမရိကန္ဦးေဆာင္ ေနတိုးၫြန႔္ ေပါင္းတပ္ေတြက အာဖဂန္ကို စစ္ေရးအရ ဝင္ေရာက္ က်ဴးေက်ာ္ပါတယ္။ ထြက္ေျပးသြားတဲ့ တာလီဘန္ ေခါင္းေဆာင္ မူလာအိုမာ ေျခရာေပ်ာက္သြားမႈနဲ႔ အယ္လ္ကိုင္ဒါေခါင္းေဆာင္ အိုစမာဘင္လာဒင္ကို (၂၀၁၁)ခုႏွစ္ အေမရိကန္ေနဗီဆီးလ္ေတြက သုတ္ သင္ရာေနရာဟာ ပါကစၥတန္ စစ္တကၠသိုလ္အနီး အေဘာ့တဘက္ၿမိဳ႕ျဖစ္ေနမႈတို႔က ပါကစၥတန္နဲ႔ ဂ်ီ ဟတ္ဝါဒီေတြအၾကား နက္ရႈိင္းတဲ့ပတ္သက္မႈကို ေဖာ္ ျပေနပါတယ္။
(၂၀၂၁)ခုႏွစ္ အေမရိကန္ဆုတ္ခြာသြားၿပီး အာ ဖဂန္မွာ တာလီဘန္တို႔ ျပန္လည္ထိန္းခ်ဳပ္လာၿပီး ေနာက္ သူတို႔ကူညီလိုက္သူေတြရဲ႕ “ဒီအိုဗန္ဒီ ဂ်ီ ဟတ္အေတြးအေခၚ”ေတြဟာ ပါကစၥတန္ကိုယ္တိုင္ ေန႔စဥ္နီးပါး အၾကမ္းဖက္ခံရဖို႔ျဖစ္လာၿပီး " သရဲေမြး မိတဲ့ေအာက္လမ္းဆရာနဲ႔မျခား" ရင္ထုမနာျဖစ္ေစပါ တယ္။
ဒါ့ျပင္ ပဋိပကၡဟာ (၁၉)ရာစု ၿဗိတိသွ်တို႔ကေရး ဆြဲခဲ့တဲ့နယ္နိမိတ္နဲ႔ပတ္သက္ၿပီး အေျခခံက်တဲ့ နယ္ ေျမအျငင္းပြားမႈကိုပါ ျပန္လည္အသက္ဝင္ေစခဲ့ပါ တယ္။ “ဒါရန႔္လိုင္း” လို႔ေခၚတဲ့ မိုင္ (၁၆၀ဝ)ေက်ာ္ နယ္နိမိတ္မ်ဥ္းကို အာဖဂန္ဘက္က လုံးဝလက္မခံဘဲ ပထန္ႏြယ္ဖြားေတြကို ဟိုဘက္သည္ဘက္ ႏွစ္ႏိုင္ငံအ တြင္း ထည့္သြင္းပိုင္းျခားထားတဲ့လုပ္ရပ္လို႔ မွတ္ယူ ၾကပါတယ္။ အရွင္ျမတ္ကိုေထာက္ထားေသာအားျဖင့္ ပါကစၥတန္ဟာ သူတို႔ဘက္မွာက်န္ရစ္ခဲ့တဲ့ ေရွး ေဟာင္းနယ္ေျမမ်ားကိစၥကို ျပန္လည္ညႇိႏႈိင္းေပးဖို႔ အာဖဂန္အစိုးရအဆက္ဆက္က ပါကစၥတန္ေခါင္း ေဆာင္တို႔အေပၚ ျပင္းထန္စြာ ေဝဖန္ေျပာဆိုခဲ့ၾကပါ တယ္။ အိႏၵိယကလည္း ပါကစၥတန္နဲ႔အာဖဂန္ၾကား တင္းမာမႈေတြကိုအခြင့္ေကာင္းယူၿပီး တာလီဘန္တို႔ ကိုခ်ဥ္းကပ္ေနတယ္လို႔ ႏိုင္ငံေရးေလ့လာသူေတြက သုံးသပ္ၾကပါတယ္။ ကုန္းတြင္းပိတ္ အာဖဂန္ရဲ႕ တင္း မာတဲ့ဘာသာေရးအျမင္နဲ႔ အမ်ိဳးသမီးတို႔အေပၚ ဖိႏွိပ္ ခ်ဳပ္ျခယ္မႈေၾကာင့္ ႏိုင္ငံတကာရဲ႕ ဝိုင္းပယ္တာကိုခံေန ရတဲ့ တာလီဘန္တို႔ကိုယ္တိုင္မွာလည္း ပါကစၥတန္အ ေပၚ မွီခိုအားထားရမႈကို လုံးဝလမ္းေၾကာင္းေျပာင္း လိုက္ၿပီး အိႏၵိယလိုႏိုင္ငံသစ္ေတြနဲ႔ဆက္ဆံဖို႔ ႀကိဳး ပမ္းေနေၾကာင္း နယူးေဒလီခရီးစဥ္ကျပသေနပါ တယ္။ လြန္ခဲ့တဲ့ ႏိုဝင္ဘာ (၁၀)ရက္ အိႏၵိယႏိုင္ငံ ေဒလီၿမိဳ႕ သမိုင္းဝင္ ခံတပ္နီအေဆာက္အအုံအနီး အလြန္ျပင္းထန္တဲ့ ကားဗုံးေပါက္ကြဲမႈျဖစ္ပြားရာ ယာဥ္ေမာင္းႏွင္သူအပါအဝင္ (၁၃)ဦးထက္ မနည္း ေသဆုံးခဲ့ရပါတယ္။ “အၾကမ္းဖက္မႈ” အျဖစ္ အိႏၵိယ က တရားဝင္သတ္မွတ္လိုက္တဲ့အဲဒီျဖစ္စဥ္မွာ ပါကစၥ တန္ႏိုင္ငံအတြင္းမွာခိုေအာင္းၿပီး အစၥလာမာဘတ္ စစ္ေထာက္လွမ္းေရး ISI ကေထာက္ပံ့ထားတဲ့ “ဂ်မူး နဲ႔ကက္ရွ္မီးယား လြတ္ေျမာက္ေရး” “ဂ်ိဳင္အစ္ရွ္ အီး မိုဟာမက္” JeM နဲ႔ဆက္စပ္ေနတယ္လို႔ စြပ္စြဲျခင္းခံ ရပါတယ္။ ကားဗုံးေပါက္ကြဲစဥ္ေသဆုံးသူမွာ ကက္ရွ္ မီးယားဇာတိ ဆရာဝန္တစ္ဦးျဖစ္ေၾကာင္း၊ ၎ရဲ႕ေန အိမ္အတြင္းမွ လြတ္ေျမာက္ေရးစစ္ေသြးႂကြမ်ားပိုင္ လက္နက္ခဲယမ္းအမ်ားအျပားကို ရဲတပ္ဖြဲ႕က ေတြ႕ရွိ သြားျခင္းေၾကာင့္ အခ်ိန္မတိုင္မီ မိမိကိုယ္မိမိ အေသ ခံေဖာက္ခြဲျခင္းျဖစ္တယ္လို႔ နယူးေဒလီကေျပာပါ တယ္။
ေနာက္တစ္ရက္ ႏိုဝင္ဘာ (၁၁)ရက္ ပါကစၥတန္ ႏိုင္ငံ အစၥလာမာဘတ္ၿမိဳ႕ေတာ္ ခ႐ိုင္တရား႐ုံး ယာဥ္ ရပ္နားရာေနရာ ရဲတပ္ဖြဲ႕ေမာ္ေတာ္ယာဥ္အနီးမွာ အ ေသခံဗုံးေဖာက္ခြဲမႈျဖစ္ေပၚခဲ့ရာ (၁၂) ဦးထက္မနည္း ေသဆုံးၿပီး လူအေတာ္မ်ားမ်ား ဒဏ္ရာရရွိခဲ့ပါတယ္။ အဲဒီေန႔မတိုင္မီ အာဖဂန္နစၥတန္နယ္စပ္အနီး ဝါဇီရစၥ တန္ျပည္နယ္ရွိ “ဝါနာ စစ္ဘက္ဆိုင္ရာေကာလိပ္” ကို လူ(၅)ဦးက ဝင္ေရာက္စီးနင္းဖို႔ႀကိဳးစားခဲ့ပါတယ္။ ဗိုလ္ေလာင္းေတြကို ဓားစာခံဖမ္းဆီးဖို႔ႀကိဳးစားသူ စစ္ ေသြးႂကြအားလုံးကို အေသဖမ္းဆီးႏိုင္ခဲ့ၿပီး အာဖဂန္ နစၥတန္ႏိုင္ငံသားေတြျဖစ္တယ္လို႔ အစၥလာမာဘတ္ က သတင္းထုတ္ျပန္ပါတယ္။
အေသခံဗုံးခြဲမႈမွာ မိမိတို႔လက္ခ်က္ျဖစ္တယ္လို႔ အာဖဂန္ႏိုင္ငံအတြင္းမွာေျခကုပ္ယူၿပီး ပါကစၥတန္ ႏိုင္ငံအတြင္း အၾကမ္းဖက္မႈေတြျပဳလုပ္ေနတဲ့ “တာ ရစ္အီး တာလီဘန္ ပါကစၥတန္” TTP ေခၚ “ဂ်မတ္ အူလ္အဟား”မွခြဲထြက္လာတဲ့ စစ္ေသြးႂကြအဖြဲ႕တစ္ခု ကေျပာပါတယ္။
အိႏၵိယကေမြးျမဴထားတဲ့ အစြန္းေရာက္စစ္ေသြး ႂကြေတြဟာ အာဖဂန္နယ္ေျမကိုေျခကုပ္ယူၿပီး မိမိ ႏိုင္ငံနယ္ျခားေဒသမ်ားမွာ အၾကမ္းဖက္မႈေတြကို အ ႀကိမ္ႀကိမ္ျပဳလုပ္လ်က္ရွိေၾကာင္း၊ ခံတပ္နီအနီးေပါက္ ကြဲမႈမွာ ဓာတ္ေငြ႕ဆလင္ဒါအိုးေၾကာင့္သာျဖစ္ ေၾကာင္း၊ အေရွ႕ဘက္ အိႏၵိယနဲ႔အေနာက္ဘက္ အာ ဖဂန္တို႔က ပဋိပကၡေတြ ႏွစ္ဖက္ညႇပ္ဖန္တီးလာမႈ ေၾကာင့္ျဖစ္ေပၚလာမယ့္စစ္ပြဲအတြက္ မိမိတို႔အေနနဲ႔ အျပည့္အဝ ျပင္ဆင္ထားၿပီးျဖစ္ေၾကာင္း နယူးေဒလီ ရဲ႕စြပ္စြဲခ်က္ေတြကို ပါကစၥတန္ကာကြယ္ေရးဝန္ႀကီး ကတုံ႔ျပန္လိုက္တယ္လို႔ ၿဗိတိန္အေျခစိုက္ “ဖက္ဒ ရယ္” ဒီဂ်စ္တယ္သတင္းစာ (17 November 2025) ကေရးပါတယ္။
တူရကီႏိုင္ငံ အစၥတန္ဘူၿမိဳ႕ ပါကစၥတန္နဲ႔ ၿငိမ္း ခ်မ္းေရးေဆြးေႏြးပြဲမွာ ေရွ႕မဆက္ႏိုင္ဘဲ ပ်က္ျပား သြားၿပီျဖစ္ေၾကာင္း ယခုျဖစ္ရပ္ေတြမတိုင္မီ ႏိုဝင္ဘာ (၇)ရက္မွာ အာဖဂန္နစၥတန္ တာလီဘန္အစိုးရကေျပာ ပါတယ္။ ပါကစၥတန္ႏိုင္ငံအတြင္း ျဖစ္ပြားသမွ် လုံၿခဳံ ေရးဆိုင္ရာကိစၥရပ္ေတြအတြက္ တာဝန္ယူရမယ္လို႔ အစၥလာမာဘတ္ရဲ႕ေတာင္းဆိုမႈမွာ အာဖဂန္ရဲ႕စြမ္း ေဆာင္ရည္ေဘာင္ကို ေက်ာ္လြန္ေနျခင္းေၾကာင့္ျဖစ္ တယ္လို႔ တာလီဘန္ကေျပာပါတယ္။
ေတာင္အာရွႏိုင္ငံေတြအတြင္း တစ္ခုနဲ႔တစ္ခု ဆက္ႏႊယ္လ်က္ရွိတဲ့တင္းမာမႈေတြဟာ ရက္ဆက္ျဖစ္ လာေနစဥ္ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ယမန္ႏွစ္ ရာထူးမွ ဖယ္ရွားျခင္းခံခဲ့ရတဲ့ ဝန္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ဟာစီ နာကို အထူးတရား႐ုံးက မ်က္ကြယ္ေသဒဏ္ခ်မွတ္ လိုက္ေၾကာင္း၊ ေက်ာင္းသားမ်ားဦးေဆာင္ လူထုအုံ ႂကြမႈကို ေသြးထြက္သံယိုၿဖိဳခြင္းရာမွာ အဓိကတာဝန္ ရွိသူျဖစ္ေၾကာင္း တရား႐ုံးရဲ႕စီရင္ခ်က္မွာ ေဖာ္ျပထား တယ္လို႔ “႐ိုက္တာသတင္းေအဂ်င္စီ” (13 November 2025) က ေရးပါတယ္။
ေလာေလာဆယ္ ဟာစီနာဟာ အိႏၵိယႏိုင္ငံမွာ ခိုလႈံလ်က္ရွိၿပီး တရားခံလႊဲေျပာင္းေပးဖို႔ ယူႏြတ္အစိုးရ ရဲ႕ေတာင္းဆိုခ်က္ကို နယူးေဒလီက လ်စ္လ်ဴရႈထား ပါတယ္။ လူသားမ်ိဳးႏြယ္အေပၚ ရာဇဝတ္မႈက်ဴးလြန္ ေၾကာင္းစြပ္စြဲခ်က္နဲ႔ ရွိတ္ဟာစီနာရဲ႕အမႈကို ၾကားနာ ေနခိုက္ ဒါကာနဲ႔ တျခားၿမိဳ႕ႀကီးေတြမွာ အဝါမီလိဂ္ပါတီ ေထာက္ခံသူတို႔က လမ္းနဲ႔ ယာဥ္အသြားအလာေတြကို ပိတ္ဆို႔ဆႏၵျပရာမွ အၾကမ္းဖက္မႈမ်ားျဖစ္ပြားလ်က္ရွိ ၿပီး လက္လုပ္ဗုံးေပါက္ကြဲမႈ အႀကိမ္သုံးဆယ္ေက်ာ္ ရွိခဲ့ပါတယ္။ လုံၿခဳံေရးတင္းၾကပ္စြာခ်ထားတဲ့တရား ႐ုံးက ယင္းေန႔အၿပီး သတ္မိန႔္ခ်မွတ္တာျဖစ္ပါတယ္။ ဘယ္လိုပဲျဖစ္ေနပါေစ ယူႏြတ္ၾကားျဖတ္ အစိုးရလက္ ထက္ ဘဂၤလားေဒ့ရွ္မွာ အာဏာရွင္လက္သစ္ေတြ၊ အုပ္စုဖြဲ႕ရမ္းကားေနတဲ့ မင္းမဲ့စ႐ိုက္ဝါဒီတို႔ လက္ရဲ ဇက္ရဲျဖစ္ေနေၾကာင္းေတြ႕ရပါတယ္။ ဖယ္ရွားခံအစိုးရ နဲ႔ပတ္သက္တယ္လို႔ စြပ္စြဲခံရ႐ုံနဲ႔ စစ္ေဆးေမးျမန္းျခင္း မရွိ လူစုလူေဝးနဲ႔ ဥပေဒမဲ့စီရင္ေနပါတယ္။ ရွိတ္ဟာစီ နာအလြန္ ဘဂၤလားေဒ့ရွ္ဟာ အစၥလာမာဘတ္နဲ႔ နီး ကပ္စြာဆက္ဆံလာခဲ့ၿပီး စစ္ဘက္ဆိုင္ရာထိပ္တန္းအ ရာရွိတို႔ အျပန္အလွန္လည္ပတ္လာခဲ့ပါတယ္။ ဒီအ တြက္ (၁၉၇၁)ခုႏွစ္ ဘဂၤလားေဒ့ရွ္လြတ္ေျမာက္မႈ ေတာ္လွန္ေရးမွာ ဝင္ေရာက္ကူညီရာမွ ထိပ္တိုက္ေတြ႕ ရျခင္းအပါအဝင္ ပါကစၥတန္နဲ႔ (၄)ႀကိမ္အထိ အတိ အလင္းစစ္ခင္းခဲ့ၿပီး ဆိုး႐ြားတဲ့တင္းမာမႈေတြ အႀကိမ္ ႀကိမ္ျဖစ္ပြားေနဆဲ အိႏၵိယအတြက္ စိတ္ပ်က္ေဒါသ ထြက္စရာေတြပဲျဖစ္ပါတယ္။
အသက္ (၇၈)ႏွစ္အ႐ြယ္ရွိတ္ဟာစီနာဟာ (၁၉၇၁)ခုႏွစ္ ပါကစၥတန္ထံမွ လြတ္လပ္ေရးေတာင္း ဆိုတဲ့ “ဘဂၤလား ေတာ္လွန္ေရးစစ္ပြဲ” ဦးေဆာင္သူ “ရွိတ္မူဂ်ီဘူရ္ ရာမန္” ရဲ႕အႀကီးဆုံးသမီး ျဖစ္ပါတယ္။ ဖခင္ျဖစ္သူဟာ (၁၉၇၅)ခုႏွစ္ စစ္တပ္ရဲ႕ မေအာင္ျမင္ တဲ့အာဏာသိမ္းမႈမွာအသတ္ခံခဲ့ရၿပီး ဟာစီနာနဲ႔ညီမ ျဖစ္သူသာလ်င္ ဂ်ာမနီမွာေရာက္ရွိေနတဲ့အတြက္ အသက္ခ်မ္းသာရာရခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ ဘဂၤလားေဒ့ရွ္ေခါင္းေဆာင္ေဟာင္းရဲ႕ သားသမီးေတြ အျဖစ္ အဲဒီအခ်ိန္ အိႏၵိယဝန္ႀကီးခ်ဳပ္ အင္ဒီရာဂႏြီက ခိုလႈံခြင့္ေပးခဲ့ပါတယ္။ (၆)ႏွစ္အၾကာ ျပည္ဝင္ခြင့္ရရွိ ခဲ့တဲ့ဟာစီနာဟာ ဖခင္ျဖစ္သူရဲ႕ အဝါမီလိဂ္ပါတီကိုဦး ေဆာင္ခဲ့ၿပီး (၁၉၉၆)ခုႏွစ္မွာ ဝန္ႀကီးခ်ဳပ္အျဖစ္ ပထမအႀကိမ္ ေ႐ြးေကာက္ခံရပါတယ္။ (၂၀ဝ၆) ခုႏွစ္မွာ ဝန္ႀကီးခ်ဳပ္အျဖစ္ ျပန္လည္ေ႐ြးေကာက္ခံရၿပီး လူထုအုံႂကြမႈေၾကာင့္ ျပည္ပထြက္ခြာသြားရခ်ိန္ (၂၀၂၄) ခုႏွစ္ ဩဂုတ္လအထိ (၁၅)ႏွစ္ၾကာ တာ ဝန္ထမ္းေဆာင္ခဲ့ပါတယ္။
အတိုက္အခံပါတီေတြက မၾကာခဏ သပိတ္ ေမွာက္ျခင္း သို႔မဟုတ္ အတိုက္အခံပါတီေတြ ဝင္ ေရာက္ယွဥ္ၿပိဳင္ျခင္းမျပဳႏိုင္ေအာင္တားျမစ္ထားတဲ့ ေ႐ြးေကာက္ပြဲေတြမွာ ရွိတ္ဟာစီနာရဲ႕ပါတီက အႏိုင္ရ ရွိခဲ့တာျဖစ္ပါတယ္။ ဟာစီနာလက္ထက္ ဘဂၤလား ေဒ့ရွ္မွာ လူေထာင္ေပါင္းမ်ားစြာ အသံတိတ္ေဖ်ာက္ ဖ်က္ခံရၿပီး တရားလက္လြတ္သတ္ျဖတ္ခံရမႈေတြရွိ ခဲ့ပါတယ္။ ႏိုင္ငံေရးၿပိဳင္ဘက္ေတြကို ႏွိပ္စက္ညႇဥ္း ပန္းမႈေတြနဲ႔ စစ္ေဆးေမးျမန္းမႈမရွိဘဲ ေထာင္ဒဏ္အ ျပစ္ေပးခဲ့ပါတယ္။ ဒါေပမဲ့ ဟာစီနာအစိုးရလက္ထက္ ဘဂၤလားေဒ့ရွ္ဟာ ျပည္တြင္း အသားတင္ကုန္ထုတ္ လုပ္မႈ လ်င္ျမန္စြာတိုးတက္လာၿပီး ႏိုင္ငံသားတစ္ဦး ခ်င္းရဲ႕ဝင္ေငြဟာ အိႏၵိယထက္သာလြန္သြားခဲ့ပါတယ္။ အိႏၵိယရဲ႕ ဘဂၤလားေဒ့ရွ္နဲ႔ ရင္းႏွီးစြာဆက္ဆံတယ္ဆို တာ ဟာစီနာရဲ႕အဝါမီလိဂ္ပါတီနဲ႔ျဖစ္တယ္လို႔ ျပည္ တြင္းမွာ ေဝဖန္မႈေတြရွိခဲ့ပါတယ္။ (၂၀၂၄)ခုႏွစ္ ဇူ လိုင္လ အဝါမီလိဂ္အစိုးရရဲ႕ အလုပ္အကိုင္ခြဲတမ္း အေပၚ ကန႔္ကြက္ဆႏၵျပပြဲေတြဟာ ေက်ာင္းသားလူ ငယ္ေတြနဲ႔ရဲတပ္ဖြဲ႕အၾကားထိပ္တိုက္ေတြ႕ခဲ့ၿပီး လူ ေပါင္း(၁၄၀ဝ)နီးပါးေသဆုံးခဲ့တယ္လို႔ ကမာၻ႔ကုလ သမဂၢကခန႔္မွန္းပါတယ္။
ရွိတ္ဟာစီနာကို ခိုလႈံခြင့္ေပးထားမႈဟာ ဒါကာနဲ႔ နယူးေဒလီအၾကား ဆက္ဆံေရးဆိုး႐ြားေစဖို႔ ဆူးတစ္ ေခ်ာင္းျဖစ္ေနပါတယ္။ ေသဒဏ္ခ်မွတ္ခံရၿပီး ရွိတ္ ဟာနာကို တရားခံျပန္လည္လႊဲေျပာင္းေပးရန္ ယူႏြတ္ အစိုးရရဲ႕ေတာင္းဆိုမႈဟာ အိမ္နီးခ်င္းႏွစ္ႏိုင္ငံအၾကား တင္းမာမႈကို အျမင့္ဆုံးေရာက္ရွိေအာင္ ဆြဲတင္လိုက္ ပါတယ္။ အလားတူ ဘဂၤလားေဒ့ရွ္ျပည္တြင္းမွာလည္း ႏိုင္ငံေရးကြဲျပားမႈကို ပိုမိုပီျပင္သြားေစပါတယ္။
အတိုခ်ဳပ္ေျပာရရင္ ရွိတ္ဟာစီနာအလြန္ ဘဂၤ လားေဒ့ရွ္ရဲ႕ ပါကစၥတန္နဲ႔ နီးကပ္စြာဆက္ဆံလာျခင္း ဟာ အိႏၵိယအတြက္ စိုးရိမ္စရာမ်ားျဖစ္ၿပီး ယူႏြတ္အ စိုးရလက္ထက္ျဖစ္ရပ္ေတြဟာ ႏွစ္ႏိုင္ငံအၾကား ပိုမို ေဝးကြာေစပါတယ္။ အာဖဂန္နစၥတန္ဟာ ကမာၻ႔ စစ္ အင္အားႀကီး ဆိုဗီယက္နဲ႔အေမရိကန္ကို အႏိုင္ယူခဲ့ တယ္လို႔ ေသြးနားထင္ေရာက္မႈကိုမေလွ်ာ့ႏိုင္ဘဲရွိ ေနပါတယ္။ ကဘူးလ္နဲ႔ နယူးေဒလီတို႔ ဆက္ဆံေရး တိုးခ်ဲ႕လာမႈဟာ အစၥလာမာဘတ္အတြက္ ရတက္မ ေအးျဖစ္ရပါတယ္။ တစ္ဖက္မွာၾကည့္ရင္လည္း အာဖ ဂန္နစၥတန္ဟာ ကမာၻ႔အေရွ႕ အေနာက္ဆက္သြယ္ရာ ပိုးလမ္းမႀကီးေပၚမွာတည္ရွိပါတယ္။ သူတစ္ပါးတိုင္း ျပည္တြင္း စစ္မက္ေရးရာေတြမွာ ဝင္ေရာက္စြက္ဖက္ တဲ့အတြက္ အေမရိကန္မွာ ေႂကြးၿမီလည္ပင္းခိုက္ရ တယ္လို႔ အာဖဂန္မွတပ္မ်ားကို႐ုပ္သိမ္းေစခဲ့သူ သမၼတေဒၚနယ္ထရမ့္ကိုယ္တိုင္ တ႐ုတ္န်ဴကလီးယား စက္႐ုံေတြနဲ႔အလွမ္းမေဝးတဲ့ (အာဖဂန္နစၥတန္) “ဘက္ဂရမ္ေလတပ္အေျခစိုက္စခန္း”ကို ျပန္ယူမယ္ လို႔ေႂကြးေၾကာ္ေနပါတယ္။

Related news

© 2021. All rights reserved.