သမိုင်းတစ်ခုကို ဖန်တီးနိုင်ခဲ့တယ်လို့ ဒေါ်နယ်ထရမ့်ပြော
6319
Pika (NP News) - နိုဝင်ဘာ ၆
အကြိတ်အနယ်ယှဉ်ပြိုင်ရတဲ့ ပြည်နယ်တွေမှာ အနိုင်ရရှိခဲ့ပြီးနောက် (၂၀၂၄)ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိကြောင်း ဒေါ်နယ်ထရမ့်က ထုတ်ပြန်ကြေညာခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် ၎င်းရဲ့အနိုင်ရရှိမှုဟာ သမိုင်းတစ်လျှောက်အကြီးကျယ်ဆုံးဖြစ်တယ်လို့ ဒေါ်နယ်ထ ရမ့်က ပြောဆိုခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က "ဒါဟာ အမေရိကန်ရဲ့ရွှေခေတ်ကြီးဖြစ်လာမှာပါ။ ဒါဟာ ကျွန်တော်တို့ကို အမေရိကန်ကို ပြန်ပြီးကြီးကျယ်ခမ်းနားအောင်လုပ်ခွင့်ပေးမယ့် အမေရိကန်ပြည်သူတွေအတွက် ကြီးကျယ်ခမ်းနားတဲ့အောင်ပွဲတစ်ခုဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ သမိုင်းတစ်ခုကို ဖန်တီးခဲ့ပါပြီ။ ဖြတ်ကျော်နိုင်မယ်လို့ ဘယ်သူကမှမထင်ထားတဲ့ အတားအဆီးတွေကို ကျွန်တော်တို့ကျော်ဖြတ်နိုင်ခဲ့ပြီး မယုံနိုင်စရာအကောင်းဆုံး နိုင်ငံရေးကို ပြီးမြောက်အောင်မြင်ခဲ့ပြီဆိုတာ သိသာပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။
၎င်းကို အမေရိကန်ရဲ့ (၄၇)ယောက်မြောက်သမ္မတအဖြစ် ရွေးချယ်ခဲ့တဲ့အတွက် ပြည်သူတွေကို ကျေးဇူးတင်ကြောင်းနဲ့ အမေရိကန်ပြည်သူတွေအတွက် နေ့ရက်တိုင်းမှာ တိုက်ပွဲဝင်ပေးသွားမယ်လို့ ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့ပါတယ်။ ပြီးတော့ အမေရိကန်အတွက် သာယာဝပြောပြီး ဘေးကင်းလုံခြုံတဲ့အနာဂတ်ကိုရရှိအောင် ဦးဆောင်သွားမယ်လို့လည်း ဒေါ်နယ်ထရမ့်က ကတိပြုခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ၎င်းရဲ့ကမ်းပိန်းရဲ့အကြီးတန်းအဖွဲ့ဝင်တွေကို ကျေးဇူးတင်ကြောင်းလည်း ပြောဆိုခဲ့ပြီး အောင်ပွဲရရှိဖို့အတွက် မှန်ကန်တဲ့လူတွေကို ရွေးချယ်ခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ရီပတ်ဘလစ်ကန်ပါတီဟာ အ ထက်လွှတ်တော်မှာ နေရာအများစုကို ရရှိနိုင်ဖွယ်ရှိနေတဲ့အပြင် အောက်လွှတ်တော်ကိုလည်း ဆက်လက်ထိန်းချုပ်သွားနိုင်ဖွယ်ရှိနေတယ်လို့ ဒေါ်နယ်ထရမ့်က ထပ်မံပြောကြားခဲ့ပါတယ်။
နိုဝင်ဘာလ(၆)ရက် ညနေ(၄)နာရီဝန်းကျင်အချိန် BBC သတင်းမှာ ဖော်ပြထားတဲ့ ရလဒ်တွေအရ ရီပတ်ဘလစ်ကန်သမ္မတလောင်းဒေါ်နယ်ထရမ့်ဟာ သမ္မတဖြစ်ဖို့လိုအပ်တဲ့ သမ္မတရွေးချယ်ရေးကော်မတီရဲ့ ဆန္ဒမဲ(၂၇၀)မဲအနက် (၂၆၆)မဲကို ရရှိထားပြီး ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်က (၂၁၉)မဲသာရရှိထားတယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ဒေါ်နယ်ထရမ့်ဟာ လူထုထောက်ခံမှုအရေအတွက် သန်း(၇၀)နီးပါးရရှိထားပြီး ကာမာလာဟားရစ်က (၆၃)သန်းကျော်သာ ရရှိထားတယ်လို့လည်း သိရပါတယ်။
zawgyi version
သမိုင္းတစ္ခုကို ဖန္တီးႏိုင္ခဲ့တယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ႏိုဝင္ဘာ ၆
အႀကိတ္အနယ္ယွဥ္ၿပိဳင္ရတဲ့ ျပည္နယ္ေတြမွာ အႏိုင္ရရွိခဲ့ၿပီးေနာက္ (၂၀၂၄)ခုႏွစ္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာ အႏိုင္ရရွိေၾကာင္း ေဒၚနယ္ထရမ့္က ထုတ္ျပန္ေၾကညာခဲ့တယ္လို႔ သိရပါတယ္။
ဒါ့ျပင္ ၎ရဲ႕အႏိုင္ရရွိမႈဟာ သမိုင္းတစ္ေလွ်ာက္အႀကီးက်ယ္ဆုံးျဖစ္တယ္လို႔ ေဒၚနယ္ထ ရမ့္က ေျပာဆိုခဲ့ပါတယ္။ ေဒၚနယ္ထရမ့္က "ဒါဟာ အေမရိကန္ရဲ႕ေ႐ႊေခတ္ႀကီးျဖစ္လာမွာပါ။ ဒါဟာ ကြၽန္ေတာ္တို႔ကို အေမရိကန္ကို ျပန္ၿပီးႀကီးက်ယ္ခမ္းနားေအာင္လုပ္ခြင့္ေပးမယ့္ အေမရိကန္ျပည္သူေတြအတြက္ ႀကီးက်ယ္ခမ္းနားတဲ့ေအာင္ပြဲတစ္ခုျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ ကြၽန္ေတာ္တို႔ သမိုင္းတစ္ခုကို ဖန္တီးခဲ့ပါၿပီ။ ျဖတ္ေက်ာ္ႏိုင္မယ္လို႔ ဘယ္သူကမွမထင္ထားတဲ့ အတားအဆီးေတြကို ကြၽန္ေတာ္တို႔ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီး မယုံႏိုင္စရာအေကာင္းဆုံး ႏိုင္ငံေရးကို ၿပီးေျမာက္ေအာင္ျမင္ခဲ့ၿပီဆိုတာ သိသာပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။
၎ကို အေမရိကန္ရဲ႕ (၄၇)ေယာက္ေျမာက္သမၼတအျဖစ္ ေ႐ြးခ်ယ္ခဲ့တဲ့အတြက္ ျပည္သူေတြကို ေက်းဇူးတင္ေၾကာင္းနဲ႔ အေမရိကန္ျပည္သူေတြအတြက္ ေန႔ရက္တိုင္းမွာ တိုက္ပြဲဝင္ေပးသြားမယ္လို႔ ေဒၚနယ္ထရမ့္က ေျပာဆိုခဲ့ပါတယ္။ ၿပီးေတာ့ အေမရိကန္အတြက္ သာယာဝေျပာၿပီး ေဘးကင္းလုံၿခဳံတဲ့အနာဂတ္ကိုရရွိေအာင္ ဦးေဆာင္သြားမယ္လို႔လည္း ေဒၚနယ္ထရမ့္က ကတိျပဳခဲ့ပါတယ္။ ေဒၚနယ္ထရမ့္ဟာ ၎ရဲ႕ကမ္းပိန္းရဲ႕အႀကီးတန္းအဖြဲ႕ဝင္ေတြကို ေက်းဇူးတင္ေၾကာင္းလည္း ေျပာဆိုခဲ့ၿပီး ေအာင္ပြဲရရွိဖို႔အတြက္ မွန္ကန္တဲ့လူေတြကို ေ႐ြးခ်ယ္ခဲ့တယ္လို႔လည္း ေျပာၾကားခဲ့ပါတယ္။ ရီပတ္ဘလစ္ကန္ပါတီဟာ အ ထက္လႊတ္ေတာ္မွာ ေနရာအမ်ားစုကို ရရွိႏိုင္ဖြယ္ရွိေနတဲ့အျပင္ ေအာက္လႊတ္ေတာ္ကိုလည္း ဆက္လက္ထိန္းခ်ဳပ္သြားႏိုင္ဖြယ္ရွိေနတယ္လို႔ ေဒၚနယ္ထရမ့္က ထပ္မံေျပာၾကားခဲ့ပါတယ္။
ႏိုဝင္ဘာလ(၆)ရက္ ညေန(၄)နာရီဝန္းက်င္အခ်ိန္ BBC သတင္းမွာ ေဖာ္ျပထားတဲ့ ရလဒ္ေတြအရ ရီပတ္ဘလစ္ကန္သမၼတေလာင္းေဒၚနယ္ထရမ့္ဟာ သမၼတျဖစ္ဖို႔လိုအပ္တဲ့ သမၼတေ႐ြးခ်ယ္ေရးေကာ္မတီရဲ႕ ဆႏၵမဲ(၂၇၀)မဲအနက္ (၂၆၆)မဲကို ရရွိထားၿပီး ဒီမိုကရက္တစ္သမၼတေလာင္း ကာမာလာဟားရစ္က (၂၁၉)မဲသာရရွိထားတယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ေဒၚနယ္ထရမ့္ဟာ လူထုေထာက္ခံမႈအေရအတြက္ သန္း(၇၀)နီးပါးရရွိထားၿပီး ကာမာလာဟားရစ္က (၆၃)သန္းေက်ာ္သာ ရရွိထားတယ္လို႔လည္း သိရပါတယ္။