MNDAA ၊ TNLA နှင့် AA တို့အနေဖြင့် ငြိမ်းချမ်းရေးကို လိုလားကြောင်း ရှင်းလင်းပြတ်သားသည့် လုပ်ဆောင်ချက် ပြသလာမှသာလျှင် ဆွေးနွေးမှုကို ဆောင်ရွက်နိုင်မည်ဟု တပ်ချုပ်ပြော
12451
ထွန်းမွန်သက် (NP News) နိုဝင်ဘာလ ၆
MNDAA ၊ TNLA နှင့် AA အဖွဲ့သုံးဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးကို လိုလားကြောင်း ရှင်းလင်းပြတ်သားသည့် လုပ်ဆောင်ချက် ပြသလာမှသာလျှင် မိမိတို့အနေဖြင့် ဆွေးနွေးမှုကို ဆောင်ရွက်နိုင်မည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်းသိရသည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Li Qiang တို့သည် နိုဝင်ဘာ ၆ ရက် မွန်းလွဲပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့ရှိ Haigeng Garden Hotel ၌ တွေ့ဆုံရာဆွေးနွေးကြရာတွင် ဗိုလ်ချုပ်မှူးကြီးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံ၏ ဖိတ်ကြားချက်အရ ဒေသတွင်း ထိပ်သီးအစည်းအဝေးများ တက်ရောက်ရန် တရုတ်နိုင်ငံသို့ နိုဝင်ဘာ ၅ ရက် နေ့ကတည်းက ရောက်ရှိနေခြင်းဖြစ်သည်။
zawgyi version
MNDAA ၊ TNLA ႏွင့္ AA တို႔အေနျဖင့္ ၿငိမ္းခ်မ္းေရးကို လိုလားေၾကာင္း ရွင္းလင္းျပတ္သားသည့္ လုပ္ေဆာင္ခ်က္ ျပသလာမွသာလွ်င္ ေဆြးေႏြးမႈကို ေဆာင္႐ြက္ႏိုင္မည္ဟု တပ္ခ်ဳပ္ေျပာ
ထြန္းမြန္သက္ (NP News) ႏိုဝင္ဘာလ ၆
MNDAA ၊ TNLA ႏွင့္ AA အဖြဲ႕သုံးဖြဲ႕အေနျဖင့္ ၿငိမ္းခ်မ္းေရးကို လိုလားေၾကာင္း ရွင္းလင္းျပတ္သားသည့္ လုပ္ေဆာင္ခ်က္ ျပသလာမွသာလွ်င္ မိမိတို႔အေနျဖင့္ ေဆြးေႏြးမႈကို ေဆာင္႐ြက္ႏိုင္မည္ဟု ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့ေၾကာင္းသိရသည္။
ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ ဝန္ႀကီးခ်ဳပ္ Mr. Li Qiang တို႔သည္ ႏိုဝင္ဘာ ၆ ရက္ မြန္းလြဲပိုင္းက တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ ကူမင္းၿမိဳ႕ရွိ Haigeng Garden Hotel ၌ ေတြ႕ဆုံရာေဆြးေႏြးၾကရာတြင္ ဗိုလ္ခ်ဳပ္မႉးႀကီးက အထက္ပါအတိုင္း ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ တ႐ုတ္ႏိုင္ငံ၏ ဖိတ္ၾကားခ်က္အရ ေဒသတြင္း ထိပ္သီးအစည္းအေဝးမ်ား တက္ေရာက္ရန္ တ႐ုတ္ႏိုင္ငံသို႔ ႏိုဝင္ဘာ ၅ ရက္ ေန႔ကတည္းက ေရာက္ရွိေနျခင္းျဖစ္သည္။