၂၀၂၄ ခုနှစ်ဟာ ကမ္ဘာပေါ်မှာ အပူဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့တယ်လို့ EU သိပ္ပံပညာရှင်တွေပြော

 230

ရောင်နီ (NP News) - နိုဝင်ဘာ ၈

ဥရောပသမဂ္ဂ Copernicus Climate Change Service (C3S)ရဲ့ မှတ်တမ်းတွေအရ ၂၀၂၄ ခုနှစ်ဟာ ကမ္ဘာပေါ်မှာ အပူဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီမှ အောက်တိုဘာလအထိဟာ ကမ္ဘာ့အပူချိန် အလွန်မြင့်မားခဲ့ပြီး ကမ္ဘာပေါ်မှာ အပူဆုံးနှစ်ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၄ ခုနှစ်ဟာ လူသား ရုပ်ကြွင်းလောင်စာ စတင်လောင်ကျွမ်းတဲ့ ၁၈၅၀ - ၁၉၀၀ ခုနှစ်၊ စက်မှုခေတ်ထက် 1.5 ºC ထက်ပိုမိုပူပြင်းတဲ့ ကမ္ဘာ့ပထမဆုံးနှစ် ဖြစ်လိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက ပြောကြားပါတယ်။ ကျောက်မီးသွေး၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ မီးရှို့ခြင်းကနေ ထွက်ရှိလာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေဟာ ကမ္ဘာကြီးပူနွေးလာမှုရဲ့ အဓိကအကြောင်းရင်း ဖြစ်ပါတယ်။

အပူချိန်မြင့်မားခြင်းမှ ရာသီဥတုဖောက်ပြန်မှုတွေ ဖြစ်ပေါ်လာခဲ့ပြီး အောက်တိုဘာ လက လျှပ်တပြက်ရေကြီးမှုကြောင့် စပိန်မှာ လူရာနဲ့ချီ သေဆုံးခဲ့ပါတယ်။ ဒါအပြင် ပီရူးမှာ စံချိန်တင် တောမီး လောင်ကျွမ်းခဲ့သလို ဘင်္ဂလားဒေ့ရှ်မှာ ရေကြီးမှုကြောင့် ဆန်တန်ချိန် ၁ သန်းကျော် ပျက်စီးခဲ့ပြီး အစားအသောက်ဈေးတွေ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

zawgyi version
၂၀၂၄ ခုႏွစ္ဟာ ကမာၻေပၚမွာ အပူဆုံးႏွစ္အျဖစ္ စံခ်ိန္တင္ခဲ့တယ္လို႔ EU သိပၸံပညာရွင္ေတြေျပာ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၈

ဥေရာပသမဂၢ Copernicus Climate Change Service (C3S)ရဲ႕ မွတ္တမ္းေတြအရ ၂၀၂၄ ခုႏွစ္ဟာ ကမာၻေပၚမွာ အပူဆုံးႏွစ္အျဖစ္ စံခ်ိန္တင္ခဲ့တယ္လို႔ သိရပါတယ္။

၂၀၂၄ ခုႏွစ္၊ ဇန္နဝါရီမွ ေအာက္တိုဘာလအထိဟာ ကမာၻ႔အပူခ်ိန္ အလြန္ျမင့္မားခဲ့ၿပီး ကမာၻေပၚမွာ အပူဆုံးႏွစ္ျဖစ္လာခဲ့တယ္လို႔ သိရပါတယ္။ ၂၀၂၄ ခုႏွစ္ဟာ လူသား ႐ုပ္ႂကြင္းေလာင္စာ စတင္ေလာင္ကြၽမ္းတဲ့ ၁၈၅၀ - ၁၉၀၀ ခုႏွစ္၊ စက္မႈေခတ္ထက္ 1.5 ºC ထက္ပိုမိုပူျပင္းတဲ့ ကမာၻ႔ပထမဆုံးႏွစ္ ျဖစ္လိမ့္မယ္လို႔ သိပၸံပညာရွင္ေတြက ေျပာၾကားပါတယ္။ ေက်ာက္မီးေသြး၊ ေရနံနဲ႔ သဘာဝဓာတ္ေငြ႕ မီးရႈိ႕ျခင္းကေန ထြက္ရွိလာတဲ့ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ ဓာတ္ေငြ႕ေတြဟာ ကမာၻႀကီးပူေႏြးလာမႈရဲ႕ အဓိကအေၾကာင္းရင္း ျဖစ္ပါတယ္။

အပူခ်ိန္ျမင့္မားျခင္းမွ ရာသီဥတုေဖာက္ျပန္မႈေတြ ျဖစ္ေပၚလာခဲ့ၿပီး ေအာက္တိုဘာ လက လွ်ပ္တျပက္ေရႀကီးမႈေၾကာင့္ စပိန္မွာ လူရာနဲ႔ခ်ီ ေသဆုံးခဲ့ပါတယ္။ ဒါအျပင္ ပီ႐ူးမွာ စံခ်ိန္တင္ ေတာမီး ေလာင္ကြၽမ္းခဲ့သလို ဘဂၤလားေဒ့ရွ္မွာ ေရႀကီးမႈေၾကာင့္ ဆန္တန္ခ်ိန္ ၁ သန္းေက်ာ္ ပ်က္စီးခဲ့ၿပီး အစားအေသာက္ေဈးေတြ ျမင့္တက္လာခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.