စူပါတိုင်ဖွန်းမုန်တိုင်းယူဆာဂီ ချဉ်းကပ်လာမှုနဲ့အတူ အမြင့်ဆုံးမုန်တိုင်းသတိပေးချက်ကို ဖိလစ်ပိုင်အစိုးရထုတ်ပြန်

 518

Pika (NP News) - နိုဝင်ဘာ ၁၄

စူပါတိုင်ဖွန်းမုန်တိုင်းယူဆာဂီက ချဉ်းကပ်လာမှုနဲ့အတူ နိုဝင်ဘာလ(၁၄) ရက်မှာ ဖိလစ်ပိုင်အစိုးရဟာ အမြင့်ဆုံးမုန်တိုင်းသတိပေးချက်ကို ထုတ်ပြန်ခဲ့ပြီး လူထောင်ချီကို ဘေးလွတ်ကင်းရာသို့ရွှေ့ပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

တစ်နာရီလျှင်လေတိုက်နှုန်း(၁၈၀)ကီလိုမီတာနဲ့ ချဉ်းကပ်လာနေတဲ့ စူပါတိုင်ဖွန်းမုန်တိုင်းယူဆာဂီဟာ နိုဝင်ဘာလ(၁၄)ရက်၊ မွန်းလွဲပိုင်းမှာ လူဇွန်ကျွန်းကိုဝင်ရောက်တိုက်ခတ်နိုင်ဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။ စူပါတိုင်ဖွန်းမုန်တိုင်းယူဆာဂီကြောင့် ကမ်းရိုးတန်းဒေသတွေမှာ ပျက်စီးဆုံးရှုံးမှုတွေ အများအပြားဖြစ်ပေါ်လာနိုင်တယ်လို့ အမျိုးသားမိုးလေဝသအေဂျင်စီက ထုတ်ပြန်ပြောကြားထားပါတယ်။ အမျိုးသားမိုးလေဝသအေဂျင်စီက "မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ လေပြင်းတိုက်ခတ်နိုင်ခြေတွေကြောင့် လူသေဆုံးတာမျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ပြီးတော့ ကမ်းရိုးတန်းကို လာရောက်ရိုက်ခတ်မယ့် လှိုင်းလုံးတွေဟာ (၃)မီတာလောက်ရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။ မုန်တိုင်းသတိပေးချက်ကို အမြင့်ဆုံးအချက်ပြမှု အဆင့်(၅)အဖြစ် တိုးမြှင့်ထားပါတယ်"လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

ဒါ့ပြင် Cagayan ပြည်နယ်နဲ့ မြေနိမ့်ပိုင်းဒေသတွေနဲ့ ကမ်းရိုးတန်းဒေသတွေမှာ ရွှေ့ပြောင်းကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ အရပ်ဘက်ကာကွယ်ရေးအကြီးအကဲ Rueli Rapsing က ပြောကြားခဲ့ပါတယ်။ Rueli Rapsing က"စူပါတိုင်ဖွန်းမုန်တိုင်းယူဆာဂီကြောင့် မိုးသည်းထန်စွာရွာသွန်းမှုတွေကို လာမယ့်ရက်အနည်းငယ်အထိ ဆက် လက်ကြုံတွေ့နေရဦးမယ်လို့ ကျွန်တော်တို့ခန့်မှန်းထားပါတယ်"လို့ပြောဆိုခဲ့ပါတယ်။

စူပါတိုင်ဖွန်းမုန်တိုင်းယူဆာဂီ ဝင်ရောက်တိုက်ခတ်ပြီးလျှင် အပူပိုင်းမုန်တိုင်းမန်ယီဟာ မနီလာမြို့ကို ယခုသီတင်းပတ်အတွင်း ဝင်ရောက်တိုက်ခတ်နိုင်ခြေရှိနေတယ်လို့လည်း သိရပါတယ်။

zawgyi version
စူပါတိုင္ဖြန္းမုန္တိုင္းယူဆာဂီ ခ်ဥ္းကပ္လာမႈနဲ႔အတူ အျမင့္ဆုံးမုန္တိုင္းသတိေပးခ်က္ကို ဖိလစ္ပိုင္အစိုးရထုတ္ျပန္
Pika (NP News) - ႏိုဝင္ဘာ ၁၄

စူပါတိုင္ဖြန္းမုန္တိုင္းယူဆာဂီက ခ်ဥ္းကပ္လာမႈနဲ႔အတူ ႏိုဝင္ဘာလ(၁၄) ရက္မွာ ဖိလစ္ပိုင္အစိုးရဟာ အျမင့္ဆုံးမုန္တိုင္းသတိေပးခ်က္ကို ထုတ္ျပန္ခဲ့ၿပီး လူေထာင္ခ်ီကို ေဘးလြတ္ကင္းရာသို႔ေ႐ႊ႕ေျပာင္းေပးခဲ့တယ္လို႔ သိရပါတယ္။

တစ္နာရီလွ်င္ေလတိုက္ႏႈန္း(၁၈၀)ကီလိုမီတာနဲ႔ ခ်ဥ္းကပ္လာေနတဲ့ စူပါတိုင္ဖြန္းမုန္တိုင္းယူဆာဂီဟာ ႏိုဝင္ဘာလ(၁၄)ရက္၊ မြန္းလြဲပိုင္းမွာ လူဇြန္ကြၽန္းကိုဝင္ေရာက္တိုက္ခတ္ႏိုင္ဖြယ္ရွိေနတယ္လို႔လည္း သိရပါတယ္။ စူပါတိုင္ဖြန္းမုန္တိုင္းယူဆာဂီေၾကာင့္ ကမ္း႐ိုးတန္းေဒသေတြမွာ ပ်က္စီးဆုံးရႈံးမႈေတြ အမ်ားအျပားျဖစ္ေပၚလာႏိုင္တယ္လို႔ အမ်ိဳးသားမိုးေလဝသေအဂ်င္စီက ထုတ္ျပန္ေျပာၾကားထားပါတယ္။ အမ်ိဳးသားမိုးေလဝသေအဂ်င္စီက "မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ေလျပင္းတိုက္ခတ္ႏိုင္ေျခေတြေၾကာင့္ လူေသဆုံးတာမ်ိဳးေတြ ျဖစ္ေပၚလာႏိုင္ပါတယ္။ ၿပီးေတာ့ ကမ္း႐ိုးတန္းကို လာေရာက္႐ိုက္ခတ္မယ့္ လႈိင္းလုံးေတြဟာ (၃)မီတာေလာက္ရွိမယ္လို႔လည္း ခန႔္မွန္းထားပါတယ္။ မုန္တိုင္းသတိေပးခ်က္ကို အျမင့္ဆုံးအခ်က္ျပမႈ အဆင့္(၅)အျဖစ္ တိုးျမႇင့္ထားပါတယ္"လို႔ ထုတ္ျပန္ေျပာဆိုထားပါတယ္။

ဒါ့ျပင္ Cagayan ျပည္နယ္နဲ႔ ေျမနိမ့္ပိုင္းေဒသေတြနဲ႔ ကမ္း႐ိုးတန္းေဒသေတြမွာ ေ႐ႊ႕ေျပာင္းကယ္ဆယ္ေရးလုပ္ငန္းေတြကို ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ အရပ္ဘက္ကာကြယ္ေရးအႀကီးအကဲ Rueli Rapsing က ေျပာၾကားခဲ့ပါတယ္။ Rueli Rapsing က"စူပါတိုင္ဖြန္းမုန္တိုင္းယူဆာဂီေၾကာင့္ မိုးသည္းထန္စြာ႐ြာသြန္းမႈေတြကို လာမယ့္ရက္အနည္းငယ္အထိ ဆက္ လက္ႀကဳံေတြ႕ေနရဦးမယ္လို႔ ကြၽန္ေတာ္တို႔ခန႔္မွန္းထားပါတယ္"လို႔ေျပာဆိုခဲ့ပါတယ္။

စူပါတိုင္ဖြန္းမုန္တိုင္းယူဆာဂီ ဝင္ေရာက္တိုက္ခတ္ၿပီးလွ်င္ အပူပိုင္းမုန္တိုင္းမန္ယီဟာ မနီလာၿမိဳ႕ကို ယခုသီတင္းပတ္အတြင္း ဝင္ေရာက္တိုက္ခတ္ႏိုင္ေျခရွိေနတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.