မော်လမြိုင်တွင် ဆီဘောက်ဆာကား မီးလောင်ပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးကာ မီးသတ်တပ်ဖွဲ့နှင့် ပရဟိတအသင်းသားများအပါအဝင် (၂၁)ဦး ဒဏ်ရာရ

 855

သန့်ဇင် (NP News) - နိုဝင်ဘာ ၈

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဆီဘောက်ဆာကား မီးလောင်ပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးကာ မီးသတ်တပ်ဖွဲ့ နှင့် ပရဟိတအသင်းသားများအပါအဝင် (၂၁)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သွားရောက်ကူညီခဲ့သည့် ဒေသခံလူမှုကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(နိုဝင်ဘာ ၇ ရက်)၊ ညနေ ၅နာရီ ၂၀မိနစ်အချိန်ခန့်က မော်လမြိုင်မြို့၊ ရိုးဂိုကျေးရွာ၊ မင်းသန့်စက်သုံးဆီအရောင်းဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်သုံးဆီအရောင်းဆိုင်ရှိ ဆီကန်အတွင်းသို့ ဆီဘောက်ဆာယာဉ်တစ်စီးက ဆီလှယ်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင်နှင့် ဒေသခံလူမှုကယ်ဆယ်ရေးအသင်းများက ဝိုင်းဝန်းမီးငြှိမ်းသတ်နေစဉ် ၎င်းဆီဘောက်ယာဉ်က မီးလောင်ပေါက် ကွဲခဲ့ခြင်းဖြစ်ကြောင်း အေးမြကြည်လင်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ဆီဘောက်ဆာယာဉ်မီးလောင်ပေါက်ကွဲမှုကြောင့် ယာဉ်မောင်းအမျိုးသားတစ်ဦးတွင် ထိ ခိုက်ဒဏ်ရာများရရှိကာသေဆုံးသွားခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်နှင့် ဒေသခံပရဟိတအသင်း သားများအပါအဝင်(၂၁)ဦး မီးလောင်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် ဆီဘောက်ဆာယာဉ်တစ်စီး မီးလောင်ပျက်စီးခဲ့ပြီး မင်းသန့်စက်သုံးဆီဆိုင်၏ အောက်ဘက်ခြမ်းတွင်လည်း အနည်းငယ်ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့အသင်းက (၃)ယောက်ဒဏ်ရာရတယ်။ အသင်းသား(၂)ယောက်ကတော့ ခွဲစိတ်ကုသနေရတယ်။ မီးလောင်ဒဏ်ရာတွေက မျက်နှာတွေ လက်တွေမှာ တော်တော်များများ ထိခိုက်သွားတယ်။ မီးသတ်နဲ့ အခြားအသင်းသားတွေလည်း ထိခိုက်ဒဏ်ရာတွေရကြတယ်။ ဆီဘောက်ဆာယာဉ်မောင်းကတော့ ဒီနေ့မနက် (၅)နာရီမှာပဲ ဆေးရုံမှာ ဆုံသွားတယ်။ အမျိုးသားတစ်ဦးလည်း ဒဏ်ရာရတယ်”ဟု ဘိုဘိုဝင်းအရေးပေါ်ကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောသည်။

မီးလောင်မှုကို မွန်ပြည်နယ်အတွင်းရှိ မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်(၆)စီး၊ မီး သတ်ရေသယ်ယာဉ်(၈)စီး၊ Foam မီးငြှိမ်းသတ်ယာဉ်(၄)စီးအပါအဝင် ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းများကလည်း (၃)နာရီခန့်အကြာ သွားရောက် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

အလားတူ ၂၀၁၉ ခုနှစ်ကလည်း မော်လမြိုင်မြို့တွင် ဂါလံ(၄၈၀၀)ဆံ့ ဆီဘောက်ယာဉ်တစ်စီးတိမ်းမှောက်ကာ မီးလောင်မှုဖြစ်ပွားခဲ့ဖူးကြောင်း အထက်ပါ လူမှုကယ်ဆယ်ရေးအသင်းက ဆိုသည်။

zawgyi version
ေမာ္လၿမိဳင္တြင္ ဆီေဘာက္ဆာကား မီးေလာင္ေပါက္ကြဲမႈေၾကာင့္ တစ္ဦးေသဆုံးကာ မီးသတ္တပ္ဖြဲ႕ႏွင့္ ပရဟိတအသင္းသားမ်ားအပါအဝင္ (၂၁)ဦး ဒဏ္ရာရ
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၈

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕တြင္ ဆီေဘာက္ဆာကား မီးေလာင္ေပါက္ကြဲမႈေၾကာင့္ တစ္ဦးေသဆုံးကာ မီးသတ္တပ္ဖြဲ႕ ႏွင့္ ပရဟိတအသင္းသားမ်ားအပါအဝင္ (၂၁)ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း သြားေရာက္ကူညီခဲ့သည့္ ေဒသခံလူမႈကယ္ဆယ္ေရးအသင္းမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ႏိုဝင္ဘာ ၇ ရက္)၊ ညေန ၅နာရီ ၂၀မိနစ္အခ်ိန္ခန႔္က ေမာ္လၿမိဳင္ၿမိဳ႕၊ ႐ိုးဂိုေက်း႐ြာ၊ မင္းသန္႔စက္သုံးဆီအေရာင္းဆိုင္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ စက္သုံးဆီအေရာင္းဆိုင္ရွိ ဆီကန္အတြင္းသို႔ ဆီေဘာက္ဆာယာဥ္တစ္စီးက ဆီလွယ္ရာမွ မီးစတင္ေလာင္ကြၽမ္းခဲ့ျခင္းျဖစ္ၿပီး မီးသတ္တပ္ဖြဲ႕ဝင္ႏွင့္ ေဒသခံလူမႈကယ္ဆယ္ေရးအသင္းမ်ားက ဝိုင္းဝန္းမီးျငႇိမ္းသတ္ေနစဥ္ ၎ဆီေဘာက္ယာဥ္က မီးေလာင္ေပါက္ ကြဲခဲ့ျခင္းျဖစ္ေၾကာင္း ေအးျမၾကည္လင္အေရးေပၚကယ္ဆယ္ေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ဆီေဘာက္ဆာယာဥ္မီးေလာင္ေပါက္ကြဲမႈေၾကာင့္ ယာဥ္ေမာင္းအမ်ိဳးသားတစ္ဦးတြင္ ထိ ခိုက္ဒဏ္ရာမ်ားရရွိကာေသဆုံးသြားခဲ့ၿပီး မီးသတ္တပ္ဖြဲ႕ဝင္ႏွင့္ ေဒသခံပရဟိတအသင္း သားမ်ားအပါအဝင္(၂၁)ဦး မီးေလာင္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ ဆီေဘာက္ဆာယာဥ္တစ္စီး မီးေလာင္ပ်က္စီးခဲ့ၿပီး မင္းသန႔္စက္သုံးဆီဆိုင္၏ ေအာက္ဘက္ျခမ္းတြင္လည္း အနည္းငယ္ထိခိုက္ပ်က္စီးမႈအခ်ိဳ႕ရွိခဲ့ေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔အသင္းက (၃)ေယာက္ဒဏ္ရာရတယ္။ အသင္းသား(၂)ေယာက္ကေတာ့ ခြဲစိတ္ကုသေနရတယ္။ မီးေလာင္ဒဏ္ရာေတြက မ်က္ႏွာေတြ လက္ေတြမွာ ေတာ္ေတာ္မ်ားမ်ား ထိခိုက္သြားတယ္။ မီးသတ္နဲ႔ အျခားအသင္းသားေတြလည္း ထိခိုက္ဒဏ္ရာေတြရၾကတယ္။ ဆီေဘာက္ဆာယာဥ္ေမာင္းကေတာ့ ဒီေန႔မနက္ (၅)နာရီမွာပဲ ေဆး႐ုံမွာ ဆုံသြားတယ္။ အမ်ိဳးသားတစ္ဦးလည္း ဒဏ္ရာရတယ္”ဟု ဘိုဘိုဝင္းအေရးေပၚကူညီကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက ဆက္လက္ေျပာသည္။

မီးေလာင္မႈကို မြန္ျပည္နယ္အတြင္းရွိ မီးသတ္စခန္းမ်ားမွ မီးျငႇိမ္းသတ္ယာဥ္(၆)စီး၊ မီး သတ္ေရသယ္ယာဥ္(၈)စီး၊ Foam မီးျငႇိမ္းသတ္ယာဥ္(၄)စီးအပါအဝင္ ေဒသတြင္း လူမႈကယ္ဆယ္ေရးအသင္းမ်ားကလည္း (၃)နာရီခန႔္အၾကာ သြားေရာက္ မီးျငႇိမ္းသတ္ခဲ့ေၾကာင္း သိရသည္။

အလားတူ ၂၀၁၉ ခုႏွစ္ကလည္း ေမာ္လၿမိဳင္ၿမိဳ႕တြင္ ဂါလံ(၄၈၀၀)ဆံ့ ဆီေဘာက္ယာဥ္တစ္စီးတိမ္းေမွာက္ကာ မီးေလာင္မႈျဖစ္ပြားခဲ့ဖူးေၾကာင္း အထက္ပါ လူမႈကယ္ဆယ္ေရးအသင္းက ဆိုသည္။

Related news

© 2021. All rights reserved.