ဖေ့ဘွတ်ပို့စ်တစ်ခုကြောင့် စစ်တကောင်းတွင် ဆူပူအကြမ်းဖက်မှုများဖြစ်ပွား

 2671

Htay Oung (NP News) - နိုဝင်ဘာ ၈

လူမှုကွန်ရက်မှာ လွှင့်တင်ခဲ့တဲ့ ပို့စ်တစ်ခုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားလျက်ရှိပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေက လူနည်းစု ဟိန္ဒူအသိုင်းအဝိုင်းကို ပြင်းပြင်းထန်ထန် ဖြိုခွဲလိုက်တဲ့အတွက် နိုင်ငံ့အရှေ့တောင်ဖက် ဆိပ်ကမ်းမြို့ စစ်တ ကောင်းမှာ တင်းမာမှုတွေ တိုးမြင့်လာနေတယ်လို့ နယူးဒေလီအခြေစိုက် “အိန္ဒိယတူဒေး”က နိုဝင်ဘာလ ၇ ရက်က ရေးသားပါတယ်။

ဘင်္ဂလားဒေ့ရှ် အစွန်းရောက်အစ္စလာမ်မစ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ “ဂျမတ်အီအစ္စလာမ်မီ” အဖွဲ့ဝင် အူစမန် အလီဆိုသူက “နိုင်ငံတကာ ကရစ်ရှနား အသိပညာရေးအဖွဲ့” (ISKCON) နဲ့ ဟိန္ဒူဘာသာအပေါ် နှိမ်ချပုတ် ခတ်တဲ့ မှတ်ချက်များကို ဖေ့စ်ဘွတ် လူမှုကွန်ရက်မှာ လွှင့်တင်ခဲ့ခြင်းကြောင့် နိုဝင်ဘာ ၅-ရက်နေ့မှာ မငြိမ်သက် မှုများ စတင်ဖြစ်ပွားခဲ့ပါတယ်။
..
ပို့စ်ရေးသားသူ အူစမန်အလီရဲ့ ဈေးဆိုင်ဟာ စစ်တကောင်းမြို့ ဟိန္ဒူဘာသာဝင်အများစုနေထိုင်ရာ ဟာဇာရီ ဂယ်လီနယ်မြေမှာ တည်ရှိတယ်လို့ ဆိုပါတယ်။ ဟိန္ဒူနယ်မြေခံများက အလီရဲ့ဆိုင်အပြင်ဘက်မှာ စုရုံးကန့် ကွက် ဆန္ဒပြရာမှ လူ့အဖွဲ့အစည်းနှစ်ခုအကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် စစ်တပ်အပါအဝင် လုံခြုံ ရေးတပ်ဖွဲ့ဝင်များ ဖြန့်ကျက်ချထားချိန်မှာ အခြေအနေဟာ ဆိုးရွားလာခဲ့ပါတယ်။

ဟိန္ဒူဘာသာဝင်တို့အပေါ် လုံခြုံရေးတပ်များက ဖြိုခွင်းပုံကို ပြည်ပရောက် ဘင်္ဂလားဒေ့ရှ် စာရေးဆရာမ “ရှာလီ မာနက်စ်ရင်” က "ဟာဇာနီဂယ်လီလမ်း၊ ယနေ့ စစ်တကောင်း။ ဟိန္ဒူနှင့် စစ်မက်အရေး" ခေါင်းစဉ်တပ်ပြီး ဗီဒီ ယိုဖိုင်အဖြစ် X လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။ ဘင်္ဂါလီ အမျိုးသမီး စာရေးဆရာမ ရှာလီမာနက်စ်ရင်ဟာ ဆရာဝန်ဆေးပညာရှင်၊ ဣတ္ထိယဝါဒီ၊ လောကီရေးရာ လူသားဝါဒီနဲ့ တက်ကြွလှုပ်ရှားသူဖြစ်ပါတယ်။ အမျိုးသ မီးများအပေါ် ဖိနှိပ်မှုအကြောင်းနဲ့ ဘာသာရေး ထိုးနှက်ဝေဖန်ရေးသားမှုများကြောင့် လူသိများပါတယ်။ ရှာလီ မာရဲ့ စာအုပ်အချို့ကို ဘင်္ဂလားဒေ့ရှ်မှာ ပိတ်ပင်ထားပြီး မိခင်တိုင်းပြည်နဲ့ အိန္ဒိယ အနောက်ဘင်္ဂလား ပြည်နယ် နှစ်ခုစလုံးမှာ နာမည်ပျက်စာရင်းသွင်း နှင်ထုတ်ခံထားရတဲ့အတွက် အနောက်နိုင်ငံများမှာ လှည့်လည်နေထိုင် ရင်း စာပေများကို ဆက်လက် ရေးသားနေပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက အရပ်သားများနဲ့ ထိပ်တိုက်တွေ့ပြီး နံပါတ်တုတ်များဖြင့် ရိုက်နှက်နေပုံကို ရှာလီမာ ရဲ့ ဗွီဒီယိုဖိုင်မှာ တွေ့မြင်ရပါတယ်။ ဒေသခံ မီဒီယာတစ်စောင်ရဲ့ အဆိုအရ လူစုခွဲတဲ့ လုံခြုံရေးတပ်များဟာ ဗလာကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရပါတယ်။ အခင်းဖြစ်ရပ်ကို မှတ်တမ်းအဖြစ် မကျန်ရစ်စေရန် လုံခြုံ ရေးတပ်ဖွဲ့ဝင်အချို့က CCTV ကင်မရာများကို လိုက်လံဖြုတ်သိမ်းနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။

အဓိကရုန်းများဖြစ်ပွားခြင်းနဲ့ ပတ်သက်ပြီး ဟိန္ဒူဘာသာဝင်များ ဘေးကင်းရေးအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရ အနေနဲ့ ခိုင်မာအားကောင်းတဲ့ အစီအမံများကို လုပ်ဆောင်ရန် တိုက်တွန်းထားတယ်လို့ အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးပါတယ်။ အခင်းဖြစ်ရပ် နောက်ကွယ်မှာ အစွန်းရောက် အရိပ် လက္ခဏာများကို တွေ့မြင်နေပြီး ရာဇဝတ်မှုမကင်းတဲ့ ဥပဒေမဲ့ လှုပ်ရှားမှုများဖြစ်ကြောင်း၊ လူမှုအသိုင်းအဝိုင်း အတွင်း တင်းမာမှုတွေ ထပ်ပြီး ဖန်တီးနိုင်အောင် တားဆီးတဲ့အနေနဲ့ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရကို ထပ်မံ တိုက်တွန်းထားကြောင်း ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ ရဲတပ်ဖွဲ့ဝင်များအနေနဲ့ သိသာထင်ရှားတဲ့ ခုခံမှုများနဲ့ ရင်ဆိုင်ခဲ့ရကြောင်း၊ ဆန္ဒပြသူတွေ ဟာ အုတ်ခဲကျိုးများနဲ့ ပစ်ပေါက်ပြီး အက်ဆစ်ရည်များနဲ့လည်း ဖြန်းပက်ခဲ့ကြောင်း၊ အက်စစ်လောင်ခြင်းအပါ အဝင် လုံခြုံရေးတပ်ဖွဲ့ဝင် ၉-ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ စစ်တကောင်းမြို့မ ရဲတပ်ဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦး က ဆိုပါတယ်။ အင်္ဂါနေ့အထိ အာဏာပိုင်များက လူပေါင်း ၅၈၂- ဦးကို အမှုဖွင့်ထားပြီး ၎င်းတို့အနက် ၄၉ ဦးကို ဖမ်းဆီးထားကြောင်း “ဒါကာထရီဗြွန်း” က ရေးပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ဟိန္ဒူနယ်မြေခံများအပေါ် တစ်ဖက်သပ် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း၊ အခင်း ဖြစ်ရပ်မှာ နှစ်ဖက်လုံးမှ ဘာသာဝင်များပါဝင်နေပေမယ့် အာဏာပိုင်များက လူခွဲခြားပြီး တိုက်ခိုက်မှုများကို ပြု လုပ်ခဲ့ကြောင်း ဟိန္ဒူအသိုင်းအဝိုင်းခေါင်းဆောင်များက စွပ်စွဲပါတယ်။

သမိုင်းကြောင်းအရ ဟိန္ဒူများကြီးစိုးရာ စီးပွားရေးနယ်မြေဖြစ်တဲ့ ဟာဇာရီဂယ်လီဟာ တင်းကြပ်တဲ့ လုံခြုံရေး စောင့်ကြည့်မှုအောက်မှာ ကျန်ရှိနေပါတယ်။ ဆက်လက်လည်ပတ်နေတဲ့ လုပ်ငန်းများကြောင့် နေထိုင်သူအ များအပြားမှာ ထွက်ခွာရန် မဖြစ်နိုင်ကြောင်း သိရှိရပါတယ်။ နယ်မြေအတွင်း ရဲတပ်ဖွဲ့ဝင်များက တစ်အိမ်တက် ဆင်း ရှာဖွေမှုများ ပြုလုပ်နေကြောင်း သတင်းများလည်း ကြားသိရပါတယ်။

ယခုနောက်ဆုံး ပဋိပက္ခဟာ ရှိတ်ဟာစီနာ ရာထူးမှ ဖြုတ်ချခံရပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ရှိ လူနည်းစုများရဲ့ လုံခြုံရေးအတွက် အမျိုးမျိုးသော စိုးရိမ်မှုများကြားမှာ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ ဟိန္ဒူတို့အပေါ် ပိုမိုကျယ် ပြန့်တဲ့ အကြမ်းဖက်မှု အသွင်မျိုးနဲ့ ဇက်ရဲလက်ရဲဖြစ်လာတယ်လို့လည်း ဆိုနိုင်ပါတယ်။ နိုင်ငံ့ လူဦးရေရဲ့ ၈ ရာ ခိုင်နှုန်းခန့်ရှိပြီး အကြီးဆုံးလူနည်းစုဖြစ်တဲ့ ဟိန္ဒူဘာသာဝင်တွေဟာ ဟာစီနာရဲ့ အဝါမီလိဂ်ပါတီကို သမိုင်း ကြောင်းအရ ထောက်ခံခဲ့ကြသူများ ဖြစ်ပါတယ်။

နိုဘယ်ဆုရှင် မိုဟာမက် ယူနွတ်စ် ဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရကတော့ အဆိုပါ တိုက်ခိုက်မှု များကို ရှုတ်ချခဲ့ပြီး ဟိန္ဒူဘာသာဝင်များ ဘေးကင်းရေးအတွက် ရပ်ရွာခေါင်းဆောင်များနဲ့ လက်တွဲလုပ်ဆောင် သွားမယ်လို့ ကတိပြုပါတယ်။
..
(India Today., 7 November 2024,” Bangladeshi forces crack down on Hindus in Chittagong after post sparks unrest” ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

zawgyi version
ေဖ့ဘြတ္ပို႔စ္တစ္ခုေၾကာင့္ စစ္တေကာင္းတြင္ ဆူပူအၾကမ္းဖက္မႈမ်ားျဖစ္ပြား
Htay Oung (NP News) - ႏိုဝင္ဘာ ၈

လူမႈကြန္ရက္မွာ လႊင့္တင္ခဲ့တဲ့ ပို႔စ္တစ္ခုေၾကာင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ႐ုန္းရင္းဆန္ခတ္မႈမ်ားျဖစ္ပြားလ်က္ရွိပါတယ္။ လုံၿခဳံေရးတပ္ဖြဲ႕ေတြက လူနည္းစု ဟိႏၵဴအသိုင္းအဝိုင္းကို ျပင္းျပင္းထန္ထန္ ၿဖိဳခြဲလိုက္တဲ့အတြက္ ႏိုင္ငံ့အေရွ႕ေတာင္ဖက္ ဆိပ္ကမ္းၿမိဳ႕ စစ္တ ေကာင္းမွာ တင္းမာမႈေတြ တိုးျမင့္လာေနတယ္လို႔ နယူးေဒလီအေျခစိုက္ “အိႏၵိယတူေဒး”က ႏိုဝင္ဘာလ ၇ ရက္က ေရးသားပါတယ္။

ဘဂၤလားေဒ့ရွ္ အစြန္းေရာက္အစၥလာမ္မစ္အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ “ဂ်မတ္အီအစၥလာမ္မီ” အဖြဲ႕ဝင္ အူစမန္ အလီဆိုသူက “ႏိုင္ငံတကာ ကရစ္ရွနား အသိပညာေရးအဖြဲ႕” (ISKCON) နဲ႔ ဟိႏၵဴဘာသာအေပၚ ႏွိမ္ခ်ပုတ္ ခတ္တဲ့ မွတ္ခ်က္မ်ားကို ေဖ့စ္ဘြတ္ လူမႈကြန္ရက္မွာ လႊင့္တင္ခဲ့ျခင္းေၾကာင့္ ႏိုဝင္ဘာ ၅-ရက္ေန႔မွာ မၿငိမ္သက္ မႈမ်ား စတင္ျဖစ္ပြားခဲ့ပါတယ္။
..
ပို႔စ္ေရးသားသူ အူစမန္အလီရဲ႕ ေဈးဆိုင္ဟာ စစ္တေကာင္းၿမိဳ႕ ဟိႏၵဴဘာသာဝင္အမ်ားစုေနထိုင္ရာ ဟာဇာရီ ဂယ္လီနယ္ေျမမွာ တည္ရွိတယ္လို႔ ဆိုပါတယ္။ ဟိႏၵဴနယ္ေျမခံမ်ားက အလီရဲ႕ဆိုင္အျပင္ဘက္မွာ စု႐ုံးကန႔္ ကြက္ ဆႏၵျပရာမွ လူ႔အဖြဲ႕အစည္းႏွစ္ခုအၾကား ႐ုန္းရင္းဆန္ခတ္ျဖစ္ခဲ့ပါတယ္။ ဘဂၤလားေဒ့ရွ္ စစ္တပ္အပါအဝင္ လုံၿခဳံ ေရးတပ္ဖြဲ႕ဝင္မ်ား ျဖန႔္က်က္ခ်ထားခ်ိန္မွာ အေျခအေနဟာ ဆိုး႐ြားလာခဲ့ပါတယ္။

ဟိႏၵဴဘာသာဝင္တို႔အေပၚ လုံၿခဳံေရးတပ္မ်ားက ၿဖိဳခြင္းပုံကို ျပည္ပေရာက္ ဘဂၤလားေဒ့ရွ္ စာေရးဆရာမ “ရွာလီ မာနက္စ္ရင္” က "ဟာဇာနီဂယ္လီလမ္း၊ ယေန႔ စစ္တေကာင္း။ ဟိႏၵဴႏွင့္ စစ္မက္အေရး" ေခါင္းစဥ္တပ္ၿပီး ဗီဒီ ယိုဖိုင္အျဖစ္ X လူမႈကြန္ရက္မွာ မွ်ေဝခဲ့ပါတယ္။ ဘဂၤါလီ အမ်ိဳးသမီး စာေရးဆရာမ ရွာလီမာနက္စ္ရင္ဟာ ဆရာဝန္ေဆးပညာရွင္၊ ဣတၳိယဝါဒီ၊ ေလာကီေရးရာ လူသားဝါဒီနဲ႔ တက္ႂကြလႈပ္ရွားသူျဖစ္ပါတယ္။ အမ်ိဳးသ မီးမ်ားအေပၚ ဖိႏွိပ္မႈအေၾကာင္းနဲ႔ ဘာသာေရး ထိုးႏွက္ေဝဖန္ေရးသားမႈမ်ားေၾကာင့္ လူသိမ်ားပါတယ္။ ရွာလီ မာရဲ႕ စာအုပ္အခ်ိဳ႕ကို ဘဂၤလားေဒ့ရွ္မွာ ပိတ္ပင္ထားၿပီး မိခင္တိုင္းျပည္နဲ႔ အိႏၵိယ အေနာက္ဘဂၤလား ျပည္နယ္ ႏွစ္ခုစလုံးမွာ နာမည္ပ်က္စာရင္းသြင္း ႏွင္ထုတ္ခံထားရတဲ့အတြက္ အေနာက္ႏိုင္ငံမ်ားမွာ လွည့္လည္ေနထိုင္ ရင္း စာေပမ်ားကို ဆက္လက္ ေရးသားေနပါတယ္။

လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက အရပ္သားမ်ားနဲ႔ ထိပ္တိုက္ေတြ႕ၿပီး နံပါတ္တုတ္မ်ားျဖင့္ ႐ိုက္ႏွက္ေနပုံကို ရွာလီမာ ရဲ႕ ဗြီဒီယိုဖိုင္မွာ ေတြ႕ျမင္ရပါတယ္။ ေဒသခံ မီဒီယာတစ္ေစာင္ရဲ႕ အဆိုအရ လူစုခြဲတဲ့ လုံၿခဳံေရးတပ္မ်ားဟာ ဗလာက်ည္မ်ားျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း သိရွိရပါတယ္။ အခင္းျဖစ္ရပ္ကို မွတ္တမ္းအျဖစ္ မက်န္ရစ္ေစရန္ လုံၿခဳံ ေရးတပ္ဖြဲ႕ဝင္အခ်ိဳ႕က CCTV ကင္မရာမ်ားကို လိုက္လံျဖဳတ္သိမ္းေနေၾကာင္း သတင္းမ်ား ထြက္ေပၚခဲ့ပါတယ္။

အဓိက႐ုန္းမ်ားျဖစ္ပြားျခင္းနဲ႔ ပတ္သက္ၿပီး ဟိႏၵဴဘာသာဝင္မ်ား ေဘးကင္းေရးအတြက္ ဘဂၤလားေဒ့ရွ္ အစိုးရ အေနနဲ႔ ခိုင္မာအားေကာင္းတဲ့ အစီအမံမ်ားကို လုပ္ေဆာင္ရန္ တိုက္တြန္းထားတယ္လို႔ အိႏၵိယႏိုင္ငံျခားေရး ဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူက မွတ္ခ်က္ေပးပါတယ္။ အခင္းျဖစ္ရပ္ ေနာက္ကြယ္မွာ အစြန္းေရာက္ အရိပ္ လကၡဏာမ်ားကို ေတြ႕ျမင္ေနၿပီး ရာဇဝတ္မႈမကင္းတဲ့ ဥပေဒမဲ့ လႈပ္ရွားမႈမ်ားျဖစ္ေၾကာင္း၊ လူမႈအသိုင္းအဝိုင္း အတြင္း တင္းမာမႈေတြ ထပ္ၿပီး ဖန္တီးႏိုင္ေအာင္ တားဆီးတဲ့အေနနဲ႔ ျပင္းျပင္းထန္ထန္ အေရးယူေဆာင္႐ြက္ဖို႔ ဘဂၤလားေဒ့ရွ္ အစိုးရကို ထပ္မံ တိုက္တြန္းထားေၾကာင္း ေျပာပါတယ္။

တစ္ခ်ိန္တည္းမွာပဲ ရဲတပ္ဖြဲ႕ဝင္မ်ားအေနနဲ႔ သိသာထင္ရွားတဲ့ ခုခံမႈမ်ားနဲ႔ ရင္ဆိုင္ခဲ့ရေၾကာင္း၊ ဆႏၵျပသူေတြ ဟာ အုတ္ခဲက်ိဳးမ်ားနဲ႔ ပစ္ေပါက္ၿပီး အက္ဆစ္ရည္မ်ားနဲ႔လည္း ျဖန္းပက္ခဲ့ေၾကာင္း၊ အက္စစ္ေလာင္ျခင္းအပါ အဝင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ ၉-ဦး ဒဏ္ရာ ရရွိခဲ့တယ္လို႔ စစ္တေကာင္းၿမိဳ႕မ ရဲတပ္ဖြဲ႕မွ အႀကီးတန္းအရာရွိတစ္ဦး က ဆိုပါတယ္။ အဂၤါေန႔အထိ အာဏာပိုင္မ်ားက လူေပါင္း ၅၈၂- ဦးကို အမႈဖြင့္ထားၿပီး ၎တို႔အနက္ ၄၉ ဦးကို ဖမ္းဆီးထားေၾကာင္း “ဒါကာထရီႁဗြန္း” က ေရးပါတယ္။

လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြဟာ ဟိႏၵဴနယ္ေျမခံမ်ားအေပၚ တစ္ဖက္သပ္ ပစ္မွတ္ထားတိုက္ခိုက္ခဲ့ေၾကာင္း၊ အခင္း ျဖစ္ရပ္မွာ ႏွစ္ဖက္လုံးမွ ဘာသာဝင္မ်ားပါဝင္ေနေပမယ့္ အာဏာပိုင္မ်ားက လူခြဲျခားၿပီး တိုက္ခိုက္မႈမ်ားကို ျပဳ လုပ္ခဲ့ေၾကာင္း ဟိႏၵဴအသိုင္းအဝိုင္းေခါင္းေဆာင္မ်ားက စြပ္စြဲပါတယ္။

သမိုင္းေၾကာင္းအရ ဟိႏၵဴမ်ားႀကီးစိုးရာ စီးပြားေရးနယ္ေျမျဖစ္တဲ့ ဟာဇာရီဂယ္လီဟာ တင္းၾကပ္တဲ့ လုံၿခဳံေရး ေစာင့္ၾကည့္မႈေအာက္မွာ က်န္ရွိေနပါတယ္။ ဆက္လက္လည္ပတ္ေနတဲ့ လုပ္ငန္းမ်ားေၾကာင့္ ေနထိုင္သူအ မ်ားအျပားမွာ ထြက္ခြာရန္ မျဖစ္ႏိုင္ေၾကာင္း သိရွိရပါတယ္။ နယ္ေျမအတြင္း ရဲတပ္ဖြဲ႕ဝင္မ်ားက တစ္အိမ္တက္ ဆင္း ရွာေဖြမႈမ်ား ျပဳလုပ္ေနေၾကာင္း သတင္းမ်ားလည္း ၾကားသိရပါတယ္။

ယခုေနာက္ဆုံး ပဋိပကၡဟာ ရွိတ္ဟာစီနာ ရာထူးမွ ျဖဳတ္ခ်ခံရၿပီးေနာက္ပိုင္း ဘဂၤလားေဒ့ရွ္ရွိ လူနည္းစုမ်ားရဲ႕ လုံၿခဳံေရးအတြက္ အမ်ိဳးမ်ိဳးေသာ စိုးရိမ္မႈမ်ားၾကားမွာ ထြက္ေပၚလာျခင္းျဖစ္ပါတယ္။ ဟိႏၵဴတို႔အေပၚ ပိုမိုက်ယ္ ျပန႔္တဲ့ အၾကမ္းဖက္မႈ အသြင္မ်ိဳးနဲ႔ ဇက္ရဲလက္ရဲျဖစ္လာတယ္လို႔လည္း ဆိုႏိုင္ပါတယ္။ ႏိုင္ငံ့ လူဦးေရရဲ႕ ၈ ရာ ခိုင္ႏႈန္းခန႔္ရွိၿပီး အႀကီးဆုံးလူနည္းစုျဖစ္တဲ့ ဟိႏၵဴဘာသာဝင္ေတြဟာ ဟာစီနာရဲ႕ အဝါမီလိဂ္ပါတီကို သမိုင္း ေၾကာင္းအရ ေထာက္ခံခဲ့ၾကသူမ်ား ျဖစ္ပါတယ္။

ႏိုဘယ္ဆုရွင္ မိုဟာမက္ ယူႏြတ္စ္ ဦးေဆာင္တဲ့ ဘဂၤလားေဒ့ရွ္ၾကားျဖတ္အစိုးရကေတာ့ အဆိုပါ တိုက္ခိုက္မႈ မ်ားကို ရႈတ္ခ်ခဲ့ၿပီး ဟိႏၵဴဘာသာဝင္မ်ား ေဘးကင္းေရးအတြက္ ရပ္႐ြာေခါင္းေဆာင္မ်ားနဲ႔ လက္တြဲလုပ္ေဆာင္ သြားမယ္လို႔ ကတိျပဳပါတယ္။
..
(India Today., 7 November 2024,” Bangladeshi forces crack down on Hindus in Chittagong after post sparks unrest” ကို ဆီေလ်ာ္ေအာင္ ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.