နယ်သာလန်နိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ အစ္စရေးနိုင်ငံသားတွေကိုကယ်ထုတ်ဖို့ လေယာဉ်များစေလွှတ်ခဲ့ဟု အစ္စရေးဝန်ကြီးချုပ်ပြော

 871

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၈

နယ်သာလန်နိုင်ငံမှာ အစ္စရေးဘောလုံးကလပ်အသင်း တိုက်ခိုက်ခံရခြင်းကြောင့် အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုဟာ လေယာဉ်များစေလွှတ်ကာ ကယ်ထုတ်ဖို့ ကြိုးပမ်းခဲ့ရကြောင်းသိရပါတယ်။

နယ်သာလန်နိုင်ငံ အက်စတာဒမ်မြို့မှာ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် Maccabi Tel Aviv အသင်းနဲ့ နယ်သာလန်အေဂျက်ဇ်အသင်းတို့ကစားခဲ့ပြီးနောက် အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ် ပွားခဲ့ကြောင်း သိရပါတယ်။ အဲဒီအကြမ်းဖက်တိုက်ခိုက်မှုကြောင့် (၅)ဦး ဒဏ်ရာရကာ ဆေးရုံတင်ပို့ခဲ့ရပြီး အခြား(၆၂)ဦးကိုတော့ ဆေးရုံတင်ပို့ခဲ့ရကြောင်း သိရပါတယ်။ အစ္စရေးဘောလုံးပရိသတ်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ အစ္စရေးဝန်ကြီးချုပ်က အစ္စရေးဘောလုံးပရိသတ်တွေကိုကယ်ထုတ်ဖို့ လေယာဉ်တွေကို စေလွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

ရဲတပ်ဖွဲ့တွေဟာ ဘယ်နိုင်ငံသားတွေကို ဖမ်းဆီးခဲ့သလဲဆိုတဲ့အချက်ကို အတိအကျပြော ဆိုခြင်းမျိုးမရှိခဲ့ကြောင်း သိရပါတယ်။ အစ္စရေးအစိုးရကတော့ နယ်သာလန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုအတွင်း ဖမ်းဆီးခံရတဲ့ အစ္စရေးနိုင်ငံသားတွေကို ပြန်လည်လွတ်မြောက်အောင်ကြိုးပမ်းနေကြောင်း ပြောပါတယ်။ အစ္စရေးဝန်ကြီးချုပ်က "အက်စတာဒမ်မြို့မှာ ဖြစ်ပွားခဲ့တဲ့အစ္စရေး ဆန့်ကျင်ရေး အကြမ်းဖက်တိုက်ခိုက်မှုအတွင်း တိုက် ခိုက်ခံရတဲ့ အစ္စရေးနိုင်ငံသားတွေ ဘေးကင်းလုံခြုံစွာနဲ့ ပြန်လာနိုင်အောင် ဘာပဲဖြစ်ဖြစ်လုပ်ဆောင်သွားမယ်။ ပရော်ဖက်ရှင်နယ်ကယ်ဆယ်ရေးမစ်ရှင်အဖွဲ့ကိုလက်ရှိမှာစေလွှတ်ဖို့ မလိုသေးဘူး"လို့ပြောပါတယ်။

အစ္စရေးအစိုးရဟာ ယူရိုပါလိဂ်ပွဲစဉ်ကစားတဲ့ အစ္စရေး Tel Aviv အသင်းကိုလိုက်ပါအားပေးခဲ့တဲ့ ပရိသတ်တွေကို မိခင်နိုင်ငံကို ပြန်လည်ခေါ်ယူနိုင်ဖို့ Ben Gurion လေဆိပ်ကနေ လေယာဉ်နှစ်စင်းစေလွှတ်ခဲ့တယ်လို့လည်း အစ္စရေးလေဆိပ်အာဏာပိုင်တွေကပြောပါတယ်။

zawgyi version
နယ္သာလန္ႏိုင္ငံမွာ အၾကမ္းဖက္တိုက္ခိုက္ခံရတဲ့ အစၥေရးႏိုင္ငံသားေတြကိုကယ္ထုတ္ဖို႔ ေလယာဥ္မ်ားေစလႊတ္ခဲ့ဟု အစၥေရးဝန္ႀကီးခ်ဳပ္ေျပာ
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၈

နယ္သာလန္ႏိုင္ငံမွာ အစၥေရးေဘာလုံးကလပ္အသင္း တိုက္ခိုက္ခံရျခင္းေၾကာင့္ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုဟာ ေလယာဥ္မ်ားေစလႊတ္ကာ ကယ္ထုတ္ဖို႔ ႀကိဳးပမ္းခဲ့ရေၾကာင္းသိရပါတယ္။

နယ္သာလန္ႏိုင္ငံ အက္စတာဒမ္ၿမိဳ႕မွာ ယူ႐ိုပါလိဂ္ပြဲစဥ္အျဖစ္ Maccabi Tel Aviv အသင္းနဲ႔ နယ္သာလန္ေအဂ်က္ဇ္အသင္းတို႔ကစားခဲ့ၿပီးေနာက္ အၾကမ္းဖက္တိုက္ခိုက္မႈေတြျဖစ္ ပြားခဲ့ေၾကာင္း သိရပါတယ္။ အဲဒီအၾကမ္းဖက္တိုက္ခိုက္မႈေၾကာင့္ (၅)ဦး ဒဏ္ရာရကာ ေဆး႐ုံတင္ပို႔ခဲ့ရၿပီး အျခား(၆၂)ဦးကိုေတာ့ ေဆး႐ုံတင္ပို႔ခဲ့ရေၾကာင္း သိရပါတယ္။ အစၥေရးေဘာလုံးပရိသတ္ေတြကို ပစ္မွတ္ထားၿပီး တိုက္ခိုက္ခဲ့ျခင္းျဖစ္ရာ အစၥေရးဝန္ႀကီးခ်ဳပ္က အစၥေရးေဘာလုံးပရိသတ္ေတြကိုကယ္ထုတ္ဖို႔ ေလယာဥ္ေတြကို ေစလႊတ္ေပးခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။

ရဲတပ္ဖြဲ႕ေတြဟာ ဘယ္ႏိုင္ငံသားေတြကို ဖမ္းဆီးခဲ့သလဲဆိုတဲ့အခ်က္ကို အတိအက်ေျပာ ဆိုျခင္းမ်ိဳးမရွိခဲ့ေၾကာင္း သိရပါတယ္။ အစၥေရးအစိုးရကေတာ့ နယ္သာလန္ႏိုင္ငံမွာ ျဖစ္ပြားခဲ့တဲ့အၾကမ္းဖက္မႈအတြင္း ဖမ္းဆီးခံရတဲ့ အစၥေရးႏိုင္ငံသားေတြကို ျပန္လည္လြတ္ေျမာက္ေအာင္ႀကိဳးပမ္းေနေၾကာင္း ေျပာပါတယ္။ အစၥေရးဝန္ႀကီးခ်ဳပ္က "အက္စတာဒမ္ၿမိဳ႕မွာ ျဖစ္ပြားခဲ့တဲ့အစၥေရး ဆန႔္က်င္ေရး အၾကမ္းဖက္တိုက္ခိုက္မႈအတြင္း တိုက္ ခိုက္ခံရတဲ့ အစၥေရးႏိုင္ငံသားေတြ ေဘးကင္းလုံၿခဳံစြာနဲ႔ ျပန္လာႏိုင္ေအာင္ ဘာပဲျဖစ္ျဖစ္လုပ္ေဆာင္သြားမယ္။ ပေရာ္ဖက္ရွင္နယ္ကယ္ဆယ္ေရးမစ္ရွင္အဖြဲ႕ကိုလက္ရွိမွာေစလႊတ္ဖို႔ မလိုေသးဘူး"လို႔ေျပာပါတယ္။

အစၥေရးအစိုးရဟာ ယူ႐ိုပါလိဂ္ပြဲစဥ္ကစားတဲ့ အစၥေရး Tel Aviv အသင္းကိုလိုက္ပါအားေပးခဲ့တဲ့ ပရိသတ္ေတြကို မိခင္ႏိုင္ငံကို ျပန္လည္ေခၚယူႏိုင္ဖို႔ Ben Gurion ေလဆိပ္ကေန ေလယာဥ္ႏွစ္စင္းေစလႊတ္ခဲ့တယ္လို႔လည္း အစၥေရးေလဆိပ္အာဏာပိုင္ေတြကေျပာပါတယ္။

Related news

© 2021. All rights reserved.