တောင်ငူမြို့အနီးရှိ ရေဘေးဒဏ်ဆိုးရွားစွာခံစားခဲ့ရသော ကျေးရွာအချို့တွင် တိုက်ပွဲထပ်မံဖြစ်ပွားနေ

 679

NP News - နိုဝင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့အနီးရှိ ရေဘေးဒဏ်ဆိုးရွားစွာခံစားခဲ့ရသော ကျေးရွာအချို့တွင် တပ်မတော် နှင့် နယ်မြေခံလက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်သဖြင့် ဒေသခံထောင်နှင့်ချီကာ နေရပ်စွန့်ခွာတိမ်း ရှောင် နေရကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့(နိုဝင်ဘာ ၈ ရက်) နံနက် ၈ နာရီခန့်က တောင်ငူမြို့၏ အရှေ့မြောက်ဘက်၊ ၂ မိုင်ခန့်အကွာတွင် တပ်မတော် နှင့် နယ်မြေခံ လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သဖြင့် ကျေးရွာ(၆)ရွာထက်မနည်းမှ ဒေသခံဦးရေ (၄၀၀၀)ခန့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။

“ကွင်းသီးပင်၊ အိုင်စောက်၊ သက်ကယ်ကျင်း၊ ကရင်နီကုန်း၊ ကမ်းနီ အဲဒီဘက်တွေကတော့ အဓိကရှောင်နေရတာ ပေါ့နော်။ နောက်ပြီးတော့ ဂွေးပင်ရွာလည်းပါတယ်။ လက်ရှိတော့ ဘုန်းကြီးကျောင်းတွေမှာ‌နေတာက လူဦးရေ (၁၀၀၀) လောက်ရှိမယ်။ ဘုန်းကြီးကျောင်း ပြင်ပ မှာနေတဲ့ လူတွေက မနေ့ကဆိုရင် (၃၀၀၀)လောက်ရှိမယ်။ ဒီနေ့လည်း ပြောင်းတဲ့လူတွေရှိတယ်” ဟု ဒေသခံတစ်ဦးက NP News ကို ပြောသည်။

လက်ရှိ တိုက်ပွဲပြင်းထန်နေသည့် ကျေးရွာများမှာ ပြီးခဲ့သည့်ကာလက ရေဘေးဒဏ် ဆိုးရွားစွာခံစားခဲ့သည့် ကျေးရွာများဖြစ်ပြီး ပြန်လည်ထူထောင်ရေးများလုပ်ဆောင်ချိန် ယခုကဲ့သို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်တာ။ အဲဒီဒေသတွေက ရေးဘေးသင့်ခဲ့တဲ့ ဒေသတွေ။ ရေဘေးကို တော်တော်ကို ဆိုးဆိုးရွားဖြစ်ခဲ့တဲ့နေရာတွေပေါ့။ အိမ်တွေပျက်စီးပြီးတော့ အရမ်းကိုဆိုးခဲ့တဲ့နေရာတွေ။ ရွာလုံးကျွတ် ထိခိုက်ခဲ့တဲ့နေရာပေါ့။ အဲဒါတွေ နည်းနည်းပြန်ငြိမ်သွားတော့မှ စပါးခင်းတွေဆုံးရှုံး နေအိမ်တွေဆုံးရှုံး ပြီးတော့မှ အခု စပါးတွေ၊ ပဲတွေ ကြဲတယ်။ အခုကြဲပြီးတော့ မိုးကရွာတော့ ရေထပ်မြုပ်ပြန်ကော။ အဲဒီလိုရေမြုပ်ပြီးလို့ ဆုံးရှုံးတာမကြာသေးဘူး။ အခုထပ်ဖြစ်ပြန်တော့ မိအေး(၃)ခါနာ သလိုဖြစ်နေတာပေါ့” ဟု ၎င်းက ဆက်လက် ပြောပြသည်။

လက်ရှိအချိန်ထိ အဆိုပါကျေးရွာများတွင် တိုက်ပွဲပြင်းထန်နေလျက်ပြီး ယင်းကျေးရွာများအတွင်း ကျန်ရှိနေသည့် ဒေသခံများမှာလည်း နည်းလမ်းမျိုးစုံဖြင့် နေရပ်စွန့်ခွာနေရလျက်ရှိကြောင်း သတင်းရထားသည်။

Zawgyi Version;
ေတာင္ငူၿမိဳ႕အနီးရွိ ေရေဘးဒဏ္ဆိုး႐ြားစြာခံစားခဲ့ရေသာ ေက်း႐ြာအခ်ိဳ႕တြင္ တိုက္ပြဲထပ္မံျဖစ္ပြားေန
NP News - ႏိုဝင္ဘာ ၉

ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕အနီးရွိ ေရေဘးဒဏ္ဆိုး႐ြားစြာခံစားခဲ့ရေသာ ေက်း႐ြာအခ်ိဳ႕တြင္ တပ္မေတာ္ ႏွင့္ နယ္ေျမခံလက္နက္ကိုင္အဖြဲ႕တို႔အၾကား တိုက္ပြဲျပင္းထန္သျဖင့္ ေဒသခံေထာင္ႏွင့္ခ်ီကာ ေနရပ္စြန႔္ခြာတိမ္း ေရွာင္ ေနရေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ယမန္ေန႔(ႏိုဝင္ဘာ ၈ ရက္) နံနက္ ၈ နာရီခန႔္က ေတာင္ငူၿမိဳ႕၏ အေရွ႕ေျမာက္ဘက္၊ ၂ မိုင္ခန႔္အကြာတြင္ တပ္မေတာ္ ႏွင့္ နယ္ေျမခံ လက္နက္ကိုင္အဖြဲ႕တို႔ တိုက္ပြဲမ်ား စတင္ျဖစ္ပြားခဲ့သျဖင့္ ေက်း႐ြာ(၆)႐ြာထက္မနည္းမွ ေဒသခံဦးေရ (၄၀၀၀)ခန႔္ ေဘးလြတ္ရာသို႔ တိမ္းေရွာင္ေနရေၾကာင္း သိရသည္။

“ကြင္းသီးပင္၊ အိုင္ေစာက္၊ သက္ကယ္က်င္း၊ ကရင္နီကုန္း၊ ကမ္းနီ အဲဒီဘက္ေတြကေတာ့ အဓိကေရွာင္ေနရတာ ေပါ့ေနာ္။ ေနာက္ၿပီးေတာ့ ေဂြးပင္႐ြာလည္းပါတယ္။ လက္ရွိေတာ့ ဘုန္းႀကီးေက်ာင္းေတြမွာ‌ေနတာက လူဦးေရ (၁၀၀၀) ေလာက္ရွိမယ္။ ဘုန္းႀကီးေက်ာင္း ျပင္ပ မွာေနတဲ့ လူေတြက မေန႔ကဆိုရင္ (၃၀၀၀)ေလာက္ရွိမယ္။ ဒီေန႔လည္း ေျပာင္းတဲ့လူေတြရွိတယ္” ဟု ေဒသခံတစ္ဦးက NP News ကို ေျပာသည္။

လက္ရွိ တိုက္ပြဲျပင္းထန္ေနသည့္ ေက်း႐ြာမ်ားမွာ ၿပီးခဲ့သည့္ကာလက ေရေဘးဒဏ္ ဆိုး႐ြားစြာခံစားခဲ့သည့္ ေက်း႐ြာမ်ားျဖစ္ၿပီး ျပန္လည္ထူေထာင္ေရးမ်ားလုပ္ေဆာင္ခ်ိန္ ယခုကဲ့သို႔ တိုက္ပြဲျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“အျပန္အလွန္ပစ္ခတ္မႈေတြျဖစ္တာ။ အဲဒီေဒသေတြက ေရးေဘးသင့္ခဲ့တဲ့ ေဒသေတြ။ ေရေဘးကို ေတာ္ေတာ္ကို ဆိုးဆိုး႐ြားျဖစ္ခဲ့တဲ့ေနရာေတြေပါ့။ အိမ္ေတြပ်က္စီးၿပီးေတာ့ အရမ္းကိုဆိုးခဲ့တဲ့ေနရာေတြ။ ႐ြာလုံးကြၽတ္ ထိခိုက္ခဲ့တဲ့ေနရာေပါ့။ အဲဒါေတြ နည္းနည္းျပန္ၿငိမ္သြားေတာ့မွ စပါးခင္းေတြဆုံးရႈံး ေနအိမ္ေတြဆုံးရႈံး ၿပီးေတာ့မွ အခု စပါးေတြ၊ ပဲေတြ ႀကဲတယ္။ အခုႀကဲၿပီးေတာ့ မိုးက႐ြာေတာ့ ေရထပ္ျမဳပ္ျပန္ေကာ။ အဲဒီလိုေရျမဳပ္ၿပီးလို႔ ဆုံးရႈံးတာမၾကာေသးဘူး။ အခုထပ္ျဖစ္ျပန္ေတာ့ မိေအး(၃)ခါနာ သလိုျဖစ္ေနတာေပါ့” ဟု ၎က ဆက္လက္ ေျပာျပသည္။

လက္ရွိအခ်ိန္ထိ အဆိုပါေက်း႐ြာမ်ားတြင္ တိုက္ပြဲျပင္းထန္ေနလ်က္ၿပီး ယင္းေက်း႐ြာမ်ားအတြင္း က်န္ရွိေနသည့္ ေဒသခံမ်ားမွာလည္း နည္းလမ္းမ်ိဳးစုံျဖင့္ ေနရပ္စြန႔္ခြာေနရလ်က္ရွိေၾကာင္း သတင္းရထားသည္။

Related news

© 2021. All rights reserved.