မော်လ်ဒိုက်ကို ကျောင်းခရီးစဉ်နဲ့လိုက်ပါသွားတဲ့ စင်ကာပူ SJI International ကျောင်းမှ အသက် ၁၅ နှစ်အရွယ် ကျောင်းသား သေဆုံး
822
ရောင်နီ (NP News) - နိုဝင်ဘာ ၉
စင်ကာပူ St Joseph's Institution (SJI) International မှ အသက် ၁၅ နှစ်အရွယ် ကျောင်းသားတစ်ဦးဟာ မော်လ်ဒိုက်ကို ကျောင်းခရီးစဉ်နဲ့ လိုက်ပါသွားလည်ရင်းခရီးစဉ်အတွင်းမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ကျောင်းသားဟာ စင်္ကာပူနိုင်ငံသား ဂျန်နာချန်ဖြစ်တယ်လို့ CNA သတင်းဌာနက နိုဝင်ဘာ ၈ ရက် ဖော်ပြချက်အရ သိရပါတယ်။
အဆိုပါခရီးစဉ်ကို ဝေလငါးမန်း သုတေသန ပရောဂျက်တစ်ခုအတွက် သွားရောက်ကြတာဖြစ်ပြီး Maldivian သတင်းဌာန The Edition ရဲ့အဆိုအရ ကျောင်းသူဟာ မြို့တော်မေးလ် ရဲ့အနောက်တောင်ဘက် ကီလိုမီတာ ၁၀၀ ခန့်အကွာ ဒါဟီဂူရက် ကျွန်းမှာ snorkelling လုပ်နေချိန် မတော်တဆဖြစ်ပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ "မော်လ်ဒိုက်မှာ National Youth Achievement Award (NYAA) အတွက် ခရီးထွက်လာရင်း ၉ တန်း၊ အသက် ၁၅ နှစ်အရွယ် ဂျန်နာချန် ကွယ်လွန်သွားကြောင်း အတည်ပြုလိုက်ရတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်" လို့ SJI International ရဲ့ အမှုဆောင်အရာရှိချုပ် ဒေါက်တာ မိုက်ကယ် ဂျွန်စတန်က ပြောကြားခဲ့ပါတယ်။
SJI International ရဲ့ ဝက်ဘ်ဆိုဒ်အရ ကျောင်းဟာ မူလတန်းနဲ့ အထက်တန်းကျောင်းပညာရေး ကဏ္ဍတွေအတွက် ကျောင်းပြင်ပ ပညာရေးပရိုဂရမ်တွေကိုလည်း ပံ့ပိုးပေးလေ့ရှိပြီး အခု ခရီးထွက်ကြတဲ့ National Youth Achievement Award အတွက် ခရီးစဉ်ဟာလည်း Grade 9 သင်ရိုးညွှန်းတမ်းရဲ့မသင်မနေရ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကလည်း ကျောင်းရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ တင်ထားတဲ့ပို့စ်တွေအရ မော်လ်ဒိုက်ကို ကျောင်းသားတွေနဲ့ လေ့လာရေး ခရီးထွက်ခဲ့တာတွေ့ရပါတယ်။
Zawgyi Version;
ေမာ္လ္ဒိုက္ကို ေက်ာင္းခရီးစဥ္နဲ႔လိုက္ပါသြားတဲ့ စင္ကာပူ SJI International ေက်ာင္းမွ အသက္ ၁၅ ႏွစ္အ႐ြယ္ ေက်ာင္းသား ေသဆုံး
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၉
စင္ကာပူ St Joseph's Institution (SJI) International မွ အသက္ ၁၅ ႏွစ္အ႐ြယ္ ေက်ာင္းသားတစ္ဦးဟာ ေမာ္လ္ဒိုက္ကို ေက်ာင္းခရီးစဥ္နဲ႔ လိုက္ပါသြားလည္ရင္းခရီးစဥ္အတြင္းမွာပဲ ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ အဲဒီ ေက်ာင္းသားဟာ စကၤာပူႏိုင္ငံသား ဂ်န္နာခ်န္ျဖစ္တယ္လို႔ CNA သတင္းဌာနက ႏိုဝင္ဘာ ၈ ရက္ ေဖာ္ျပခ်က္အရ သိရပါတယ္။
အဆိုပါခရီးစဥ္ကို ေဝလငါးမန္း သုေတသန ပေရာဂ်က္တစ္ခုအတြက္ သြားေရာက္ၾကတာျဖစ္ၿပီး Maldivian သတင္းဌာန The Edition ရဲ႕အဆိုအရ ေက်ာင္းသူဟာ ၿမိဳ႕ေတာ္ေမးလ္ ရဲ႕အေနာက္ေတာင္ဘက္ ကီလိုမီတာ ၁၀၀ ခန႔္အကြာ ဒါဟီဂူရက္ ကြၽန္းမွာ snorkelling လုပ္ေနခ်ိန္ မေတာ္တဆျဖစ္ၿပီး ေသဆုံးခဲ့တယ္လို႔ ဆိုပါတယ္။ "ေမာ္လ္ဒိုက္မွာ National Youth Achievement Award (NYAA) အတြက္ ခရီးထြက္လာရင္း ၉ တန္း၊ အသက္ ၁၅ ႏွစ္အ႐ြယ္ ဂ်န္နာခ်န္ ကြယ္လြန္သြားေၾကာင္း အတည္ျပဳလိုက္ရတဲ့အတြက္ စိတ္မေကာင္းျဖစ္မိပါတယ္" လို႔ SJI International ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ ေဒါက္တာ မိုက္ကယ္ ဂြၽန္စတန္က ေျပာၾကားခဲ့ပါတယ္။
SJI International ရဲ႕ ဝက္ဘ္ဆိုဒ္အရ ေက်ာင္းဟာ မူလတန္းနဲ႔ အထက္တန္းေက်ာင္းပညာေရး က႑ေတြအတြက္ ေက်ာင္းျပင္ပ ပညာေရးပ႐ိုဂရမ္ေတြကိုလည္း ပံ့ပိုးေပးေလ့ရွိၿပီး အခု ခရီးထြက္ၾကတဲ့ National Youth Achievement Award အတြက္ ခရီးစဥ္ဟာလည္း Grade 9 သင္႐ိုးၫႊန္းတမ္းရဲ႕မသင္မေနရ အစိတ္အပိုင္းတစ္ခု ျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။ ၂၀၂၃ ခုႏွစ္ ႏိုဝင္ဘာလကလည္း ေက်ာင္းရဲ႕ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာေပၚမွာ တင္ထားတဲ့ပို႔စ္ေတြအရ ေမာ္လ္ဒိုက္ကို ေက်ာင္းသားေတြနဲ႔ ေလ့လာေရး ခရီးထြက္ခဲ့တာေတြ႕ရပါတယ္။