ပေါ့ပ်ကြယ်ပွင့် အကျော်အမော် ဒူအာလီပါ လုံခြုံမှုမရှိတဲ့ဖျော်ဖြေရေးဇာတ်ခုံကြောင့် အင်ဒိုနီးရှားဖျော်ဖြေရေးခရီးစဉ်ကို ဖျက်သိမ်း

 370

ရောင်နီ (NP News) - နိုဝင်ဘာ ၁ဝ

အမေရိကန် ပေါ့စ်ကြယ်ပွင့် တစ်ဦးဖြစ်တဲ့ ဒူအာလီပါ ဟာ သူမရဲ့အာရှဖျော်ဖြေရေးခရီးစဉ်တစ်စိတ်တစ်ပိုင်း ဖြစ်တဲ့ အင်ဒိုနီးရှားဖျော်ဖြေရေးခရီးစဉ်မှာ လုံခြုံစိတ်ချရမှုမရှိတဲ့ ဖျော်ဖြေရေးဇာတ်ခုံကြောင့် ဖျော်ဖြေရေးခရီးစဉ်ကို ရုတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။

ဒူအာလီပဟာ နိုဝင်ဘာ ၉ ရက်အတွက် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမှာ ဖျော်ဖြေရေး စတင်ဖို့ စီစဉ်ထားပေမယ့် မြို့တော်ရဲ့ထိုင်ခုံ ၁၆၅၀၀ ဆံ့ Indonesia Arena ဖျော်ဖြေရေးနေရာမှာ လုံခြုံရေးဆိုင်ရာပြဿနာတွေ ရှိခြင်း ကြောင့် ဖျော်ဖြေရေးခရီးစဉ် ရုတ်သိမ်းလိုက်တဲ့အကြောင်းကို နိုဝင်ဘာ ၈ ရက် ညမှ ကြေညာခဲ့ပါတယ်။ "ဂျကာတာမှာ မဖျော်ဖြေနိုင်တော့ဘူးဆိုတာကို မျှဝေလိုက်ရတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်” "ကျွန်မက အင်ဒိုနီးရှားကိုရောက်နေပြီး ဖျော်ဖြေဖို့ အဆင်သင့်ဖြစ်နေပြီ၊ ဒါပေမယ့် လုံခြုံရေးဆိုင်ရာပြဿနာတွေကြောင့် ဖျော်ဖြေပွဲ ဆက်လုပ်ဖို့ မဖြစ်နိုင်တော့ပါဘူး" လို့ ဒူအာလီပါက သောကြာနေ့ (နိုဝင်ဘာ ၈ ရက်) နှောင်းပိုင်းမှာ သူမရဲ့အင်စတာဂရမ်အကောင့်ကနေ ပြောကြားခဲ့တာဖြစ်ပါတယ်။

သူမဟာ အရှေ့တောင်အာရှဖျော်ဖြေရေးခရီးစဉ်ကို ဖိလစ်ပိုင်၊ ဂျပန်၊ ထိုင်ဝမ်၊ မလေးရှား နဲ့ ထိုင်းနိုင်ငံမှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
ေပါ့ပ္ၾကယ္ပြင့္ အေက်ာ္အေမာ္ ဒူအာလီပါ လုံၿခဳံမႈမရွိတဲ့ေဖ်ာ္ေျဖေရးဇာတ္ခုံေၾကာင့္ အင္ဒိုနီးရွားေဖ်ာ္ေျဖေရးခရီးစဥ္ကို ဖ်က္သိမ္း
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁ဝ

အေမရိကန္ ေပါ့စ္ၾကယ္ပြင့္ တစ္ဦးျဖစ္တဲ့ ဒူအာလီပါ ဟာ သူမရဲ႕အာရွေဖ်ာ္ေျဖေရးခရီးစဥ္တစ္စိတ္တစ္ပိုင္း ျဖစ္တဲ့ အင္ဒိုနီးရွားေဖ်ာ္ေျဖေရးခရီးစဥ္မွာ လုံၿခဳံစိတ္ခ်ရမႈမရွိတဲ့ ေဖ်ာ္ေျဖေရးဇာတ္ခုံေၾကာင့္ ေဖ်ာ္ေျဖေရးခရီးစဥ္ကို ႐ုတ္သိမ္းခဲ့တယ္လို႔ သိရပါတယ္။

ဒူအာလီပဟာ ႏိုဝင္ဘာ ၉ ရက္အတြက္ အင္ဒိုနီးရွားႏိုင္ငံ၊ ဂ်ကာတာမွာ ေဖ်ာ္ေျဖေရး စတင္ဖို႔ စီစဥ္ထားေပမယ့္ ၿမိဳ႕ေတာ္ရဲ႕ထိုင္ခုံ ၁၆၅၀၀ ဆံ့ Indonesia Arena ေဖ်ာ္ေျဖေရးေနရာမွာ လုံၿခဳံေရးဆိုင္ရာျပႆနာေတြ ရွိျခင္း ေၾကာင့္ ေဖ်ာ္ေျဖေရးခရီးစဥ္ ႐ုတ္သိမ္းလိုက္တဲ့အေၾကာင္းကို ႏိုဝင္ဘာ ၈ ရက္ ညမွ ေၾကညာခဲ့ပါတယ္။ "ဂ်ကာတာမွာ မေဖ်ာ္ေျဖႏိုင္ေတာ့ဘူးဆိုတာကို မွ်ေဝလိုက္ရတဲ့အတြက္ စိတ္မေကာင္းျဖစ္မိပါတယ္” "ကြၽန္မက အင္ဒိုနီးရွားကိုေရာက္ေနၿပီး ေဖ်ာ္ေျဖဖို႔ အဆင္သင့္ျဖစ္ေနၿပီ၊ ဒါေပမယ့္ လုံၿခဳံေရးဆိုင္ရာျပႆနာေတြေၾကာင့္ ေဖ်ာ္ေျဖပြဲ ဆက္လုပ္ဖို႔ မျဖစ္ႏိုင္ေတာ့ပါဘူး" လို႔ ဒူအာလီပါက ေသာၾကာေန႔ (ႏိုဝင္ဘာ ၈ ရက္) ေႏွာင္းပိုင္းမွာ သူမရဲ႕အင္စတာဂရမ္အေကာင့္ကေန ေျပာၾကားခဲ့တာျဖစ္ပါတယ္။

သူမဟာ အေရွ႕ေတာင္အာရွေဖ်ာ္ေျဖေရးခရီးစဥ္ကို ဖိလစ္ပိုင္၊ ဂ်ပန္၊ ထိုင္ဝမ္၊ မေလးရွား နဲ႔ ထိုင္းႏိုင္ငံမွာ ျပဳလုပ္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.