Squid Game ကို ဖန်တီးရင်း သွား(၈)ချောင်းလောက် ကျွတ်သွားခဲ့တယ်လို့ ဒါရိုက်တာ ဟွမ်ဒေါင်ဟွက်ခ် ပြော

 395

ရောင်နီ (NP News) - နိုဝင်ဘာ ၁၃

ကမ္ဘာကျော်တောင်ကိုရီးယား Netflix စီးရီးတစ်ခုဖြစ်တဲ့ Squid Game Season 1 ကို ဖန်တီးရခြင်းကြောင့် သွား (၈)ချောင်းလောက် ဆုံးရှုံးခဲ့ရတယ်လို့ ဒါရိုက်တာ ဟွမ်ဒေါင်ဟွက်ခ်က BBC ကို ပြောကြားခဲ့ပါတယ်။

Squid Game season 2 အတွက် ပြင်ဆင်နေခြင်းဟာ ငွေကြေးအတွက်လို့ ယူဆရပေမယ့် ဟွမ်ကတော့ လူတိုင်းထင်ထားသလို ဒီဇာတ်ကားရဲ့ အောင်မြင်မှုကနေ ပိုက်ဆံအများကြီး မရှာနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ "ပထမစီးရီးက ဒီလောက် ကမ္ဘာနဲ့ချီပြီး အောင်မြင်ခဲ့ပေမယ့် ရိုးရိုးသားသားပြောရရင် ကျွန်တော် အများကြီး မလုပ်နိုင်ခဲ့ပါဘူး၊ ဒါကြောင့် ဒုတိယစီးရီးက ပထမစီးရီးရဲ့ အောင်မြင်မှုကို ကူညီပံ့ပိုးပေးပါလိမ့်မယ်၊ ပြီးတော့ ကျွန် တော်တို့ ဇာတ်လမ်းက အပြည့်အ၀ မပြီးခဲ့သေးပါဘူး"လို့ ဆိုပါတယ်။

Squid Game Season 2 ကို လာမယ့် ဒီဇင်ဘာ ၂၆ ရက်မှာ ရုံတင်ပြသဖို့ စီစဉ်ထားပြီး ပြီးခဲ့တဲ့ ဇူလိုင်လက စတင်ရိုက်ကူးခဲ့ပါတယ်။ ခေါင်းဆောင်မင်းသားဖြစ်တဲ့ မင်းသား လီဂျန်ဂျေ(ဂီဟွန်း) က Squid Game ကို ဖျက်စီးဖို့ ပြန်လည်ရောက်ရှိလာမယ့် ကစားသမားအဖြစ် ပြန်လည်မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Squid Game season 2 မှာလည်း Season 1 ကလို ကြီးမားတဲ့ ဝင်္ကပါတွေ၊ ပိုကြီးတဲ့ အိပ်ဆောင်တွေနဲ့ ပိုမိုကြီးမားတဲ့ တင်းမာမှု အပါအဝင် အံ့သြဖွယ်လှည့်ကွက်တွေ ပါဝင်လာမယ်လို့ သိရပါတယ်။

zawgyi version
Squid Game ကို ဖန္တီးရင္း သြား(၈)ေခ်ာင္းေလာက္ ကြၽတ္သြားခဲ့တယ္လို႔ ဒါ႐ိုက္တာ ဟြမ္ေဒါင္ဟြက္ခ္ ေျပာ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၃

ကမာၻေက်ာ္ေတာင္ကိုရီးယား Netflix စီးရီးတစ္ခုျဖစ္တဲ့ Squid Game Season 1 ကို ဖန္တီးရျခင္းေၾကာင့္ သြား (၈)ေခ်ာင္းေလာက္ ဆုံးရႈံးခဲ့ရတယ္လို႔ ဒါ႐ိုက္တာ ဟြမ္ေဒါင္ဟြက္ခ္က BBC ကို ေျပာၾကားခဲ့ပါတယ္။

Squid Game season 2 အတြက္ ျပင္ဆင္ေနျခင္းဟာ ေငြေၾကးအတြက္လို႔ ယူဆရေပမယ့္ ဟြမ္ကေတာ့ လူတိုင္းထင္ထားသလို ဒီဇာတ္ကားရဲ႕ ေအာင္ျမင္မႈကေန ပိုက္ဆံအမ်ားႀကီး မရွာႏိုင္ခဲ့ဘူးလို႔ ဆိုပါတယ္။ "ပထမစီးရီးက ဒီေလာက္ ကမာၻနဲ႔ခ်ီၿပီး ေအာင္ျမင္ခဲ့ေပမယ့္ ႐ိုး႐ိုးသားသားေျပာရရင္ ကြၽန္ေတာ္ အမ်ားႀကီး မလုပ္ႏိုင္ခဲ့ပါဘူး၊ ဒါေၾကာင့္ ဒုတိယစီးရီးက ပထမစီးရီးရဲ႕ ေအာင္ျမင္မႈကို ကူညီပံ့ပိုးေပးပါလိမ့္မယ္၊ ၿပီးေတာ့ ကြၽန္ ေတာ္တို႔ ဇာတ္လမ္းက အျပည့္အ၀ မၿပီးခဲ့ေသးပါဘူး"လို႔ ဆိုပါတယ္။

Squid Game Season 2 ကို လာမယ့္ ဒီဇင္ဘာ ၂၆ ရက္မွာ ႐ုံတင္ျပသဖို႔ စီစဥ္ထားၿပီး ၿပီးခဲ့တဲ့ ဇူလိုင္လက စတင္႐ိုက္ကူးခဲ့ပါတယ္။ ေခါင္းေဆာင္မင္းသားျဖစ္တဲ့ မင္းသား လီဂ်န္ေဂ်(ဂီဟြန္း) က Squid Game ကို ဖ်က္စီးဖို႔ ျပန္လည္ေရာက္ရွိလာမယ့္ ကစားသမားအျဖစ္ ျပန္လည္ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ Squid Game season 2 မွာလည္း Season 1 ကလို ႀကီးမားတဲ့ ဝကၤပါေတြ၊ ပိုႀကီးတဲ့ အိပ္ေဆာင္ေတြနဲ႔ ပိုမိုႀကီးမားတဲ့ တင္းမာမႈ အပါအဝင္ အံ့ၾသဖြယ္လွည့္ကြက္ေတြ ပါဝင္လာမယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.