အကယ်ဒမီဆုများ အကဲဖြတ်စိစစ်ရေးအဖွဲ့တွင် ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်ခဲ့သည့် ပုဂ္ဂိုလ်များကို တာဝန်ပေးအပ်ခြင်းမပြုသင့်ဟု ပြည်ထောင်စုဝန်ကြီး ပြော
512
နာမူ ( NP News ) - နိုဝင်ဘာ ၁၁
မြန်မာ့ရုပ်ရှင် ထူးချွန်ဆုများ ချီးမြှင့်ရေးနှင့်ပတ်သက်၍ ရသင့်ရထိုက်သည့် အနုပညာရှင်များ ရရှိစေရေးအတွက် ရုပ်ရှင်အကယ်ဒမီဆုများအကဲဖြတ်စိစစ်ရေးအဖွဲ့ကို စနစ်တကျ ဖွဲ့စည်းတာဝန်ပေးအပ်ရန်လိုအပ်ပြီး ၂၀၂၄ ခုနှစ်တွင် ရုံတင်ပြသခဲ့သော ရုပ်ရှင်ဇာတ်ကားများ၌ ပါဝင်ခဲ့သည့် ပုဂ္ဂိုလ်များကို တာဝန်ပေးအပ်ခြင်းမပြုသင့်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်။
ဝန်ကြီး ဦးမောင်မောင်အုန်းက နိုဝင်ဘာလ ၁ဝ ရက်က ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမတွင် ၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေး၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အစည်းအဝေးတွင် ဝန်ကြီး ဦးမောင်မောင်အုန်းက မြန်မာ့ရုပ်ရှင် ထူးချွန်ဆုများ ချီးမြှင့်ရေးနှင့်ပတ်သက်၍ ရသင့်ရထိုက်သည့် အနုပညာရှင်များ ရရှိစေရေးအတွက် ရုပ်ရှင်အကယ်ဒမီဆုများအကဲဖြတ်စိစစ်ရေးအဖွဲ့ကို စနစ်တကျ ဖွဲ့စည်းတာဝန်ပေးအပ်ရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။ ထို့ပြင် စိစစ်ရေးအဖွဲ့ ဖွဲ့စည်းရာတွင်လည်း အတ္တစွဲ၊ ပုဂ္ဂိုလ်စွဲကင်းကင်းဖြင့် ရုပ်ရှင်အကယ်ဒမီဆုရသင့် ရထိုက်သည့် အနုပညာရှင်များအား ရွေးချယ်ပေးမည့် ပုဂ္ဂိုလ်များကိုသာ တာဝန်ပေးအပ်ရန် လိုအပ်ကြောင်း သိရသည်။
အထူးသဖြင့် ၂၀၂၄ ခုနှစ်တွင် ရုံတင်ပြသခဲ့သော ရုပ်ရှင်ဇာတ်ကားများ၌ ပါဝင်ခဲ့သည့် ပုဂ္ဂိုလ်များနှင့် ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ခံရနိုင်ဖွယ်ရှိသည့် ပုဂ္ဂိုလ်များကို အစကတည်းကပင် ဆုများအကဲဖြတ်စိစစ်ရေးအဖွဲ့တွင် တာဝန်ပေးအပ်ခြင်း မပြုသင့်ကြောင်းနှင့် ထိုကဲ့သို့ ပုဂ္ဂိုလ်များအား အကဲဖြတ်စိစစ်ရေးအဖွဲ့တွင် တာဝန်ပေးအပ်လိုက်ပါက မလိုလားအပ်သည့် အထင်အမြင်လွဲမှားမှုများကြုံတွေ့ရနိုင်ပါကြောင်း ထပ်မံပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့က တာဝန်ယူကာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် နေပြည်တော်၌ ကျင်းပပြုလုပ်ရန်စီစဉ်ထားကြောင်း သိရသည်။
zawgyi version
အကယ္ဒမီဆုမ်ား အကဲျဖတ္စိစစ္ေရးအဖြဲ႕တြင္ ႐ုပ္ရွင္ဇာတ္ကားမ်ားတြင္ ပါဝင္ခဲ့သည့္ ပုဂၢိဳလ္မ်ားကို တာဝန္ေပးအပ္ျခင္းမျပဳသင့္ဟု ျပည္ေထာင္စုဝန္ႀကီး ေျပာ
နာမူ ( NP News ) - ႏိုဝင္ဘာ ၁၁
ျမန္မာ့႐ုပ္ရွင္ ထူးခြၽန္ဆုမ်ား ခ်ီးျမႇင့္ေရးႏွင့္ပတ္သက္၍ ရသင့္ရထိုက္သည့္ အႏုပညာရွင္မ်ား ရရွိေစေရးအတြက္ ႐ုပ္ရွင္အကယ္ဒမီဆုမ်ားအကဲျဖတ္စိစစ္ေရးအဖြဲ႕ကို စနစ္တက် ဖြဲ႕စည္းတာဝန္ေပးအပ္ရန္လိုအပ္ၿပီး ၂၀၂၄ ခုႏွစ္တြင္ ႐ုံတင္ျပသခဲ့ေသာ ႐ုပ္ရွင္ဇာတ္ကားမ်ား၌ ပါဝင္ခဲ့သည့္ ပုဂၢိဳလ္မ်ားကို တာဝန္ေပးအပ္ျခင္းမျပဳသင့္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္းက ေျပာသည္။
ဝန္ႀကီး ဦးေမာင္ေမာင္အုန္းက ႏိုဝင္ဘာလ ၁ဝ ရက္က ဗဟန္းၿမိဳ႕နယ္ရွိ ျပန္ၾကားေရးဝန္ႀကီးဌာန၊ ႐ုပ္ရွင္ျမႇင့္တင္ေရးဌာနခြဲ အစည္းအေဝးခန္းမတြင္ ၂၀၂၄ ခုႏွစ္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆု ခ်ီးျမႇင့္ပြဲအခမ္းအနား ေအာင္ျမင္စြာ က်င္းပႏိုင္ေရး လုပ္ငန္းညႇိႏႈိင္းအစည္း အေဝး၌ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
အဆိုပါ အစည္းအေဝးတြင္ ဝန္ႀကီး ဦးေမာင္ေမာင္အုန္းက ျမန္မာ့႐ုပ္ရွင္ ထူးခြၽန္ဆုမ်ား ခ်ီးျမႇင့္ေရးႏွင့္ပတ္သက္၍ ရသင့္ရထိုက္သည့္ အႏုပညာရွင္မ်ား ရရွိေစေရးအတြက္ ႐ုပ္ရွင္အကယ္ဒမီဆုမ်ားအကဲျဖတ္စိစစ္ေရးအဖြဲ႕ကို စနစ္တက် ဖြဲ႕စည္းတာဝန္ေပးအပ္ရန္လိုအပ္ေၾကာင္း တိုက္တြန္းေျပာၾကားခဲ့သည္။ ထို႔ျပင္ စိစစ္ေရးအဖြဲ႕ ဖြဲ႕စည္းရာတြင္လည္း အတၱစြဲ၊ ပုဂၢိဳလ္စြဲကင္းကင္းျဖင့္ ႐ုပ္ရွင္အကယ္ဒမီဆုရသင့္ ရထိုက္သည့္ အႏုပညာရွင္မ်ားအား ေ႐ြးခ်ယ္ေပးမည့္ ပုဂၢိဳလ္မ်ားကိုသာ တာဝန္ေပးအပ္ရန္ လိုအပ္ေၾကာင္း သိရသည္။
အထူးသျဖင့္ ၂၀၂၄ ခုႏွစ္တြင္ ႐ုံတင္ျပသခဲ့ေသာ ႐ုပ္ရွင္ဇာတ္ကားမ်ား၌ ပါဝင္ခဲ့သည့္ ပုဂၢိဳလ္မ်ားႏွင့္ ႐ုပ္ရွင္ထူးခြၽန္ဆု ခ်ီးျမႇင့္ခံရႏိုင္ဖြယ္ရွိသည့္ ပုဂၢိဳလ္မ်ားကို အစကတည္းကပင္ ဆုမ်ားအကဲျဖတ္စိစစ္ေရးအဖြဲ႕တြင္ တာဝန္ေပးအပ္ျခင္း မျပဳသင့္ေၾကာင္းႏွင့္ ထိုကဲ့သို႔ ပုဂၢိဳလ္မ်ားအား အကဲျဖတ္စိစစ္ေရးအဖြဲ႕တြင္ တာဝန္ေပးအပ္လိုက္ပါက မလိုလားအပ္သည့္ အထင္အျမင္လြဲမွားမႈမ်ားႀကဳံေတြ႕ရႏိုင္ပါေၾကာင္း ထပ္မံေျပာၾကားခဲ့သည္။
၂၀၂၄ ခုႏွစ္အတြက္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုခ်ီးျမႇင့္ပြဲအခမ္းအနားကို ျပန္ၾကားေရးဝန္ႀကီးဌာနႏွင့္ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးတို႔က တာဝန္ယူကာ ၂၀၂၅ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ ေနျပည္ေတာ္၌ က်င္းပျပဳလုပ္ရန္စီစဥ္ထားေၾကာင္း သိရသည္။