အမေရိကန် မင်းသမီး မီဂန်ဖော့စ်နဲ့ ဂီတပညာရှင် မာချိန်ဂန်ကယ်လီတို့က ပထမဆုံးရင်သွေးအတွက် မျှော်လင့်

 94

ရောင်နီ(NP News) - နိုဝင်ဘာ ၁၃

အသက် ၃၈ နှစ်အရွယ် အမေရိကန် မင်းသမီးချော မီဂန်ဖော့စ်ဟာ သူမရဲ့ ခင်ပွန်းဟောင်း ဘရင်အော်စတင်ဂရင်း နဲ့ အသက် ၁၂ နှစ်၊ ၁၀ နှစ် နဲ့ ၈ နှစ် အရွယ်ရင်သွေး ၃ ယောက်ရရှိထားသလို အခုလက်ရှိ ချစ်သူ မာချိန်ဂန်ကယ်လီနဲ့လည်း ပထမဆုံးရင်သွေးလေး ရရှိဖို့ မျှော်လင့်နေပြီ ဖြစ်တယ်လို့ ဆိုရှယ်မီဒီယာမှတစ်ဆင့် အတည်ပြုပြောကြားခဲ့ပါတယ်။

သူမရဲ့ ကိုယ်ဝန်ပုံရိပ်နဲ့ positive ဖြစ်နေတဲ့ ကိုယ်ဝန်ဆီးစစ်တံ ဓာတ်ပုံတွေနဲ့အတူ မီဂန်က Instagram မှာ "nothing is ever really lost. welcome back" ဆိုတဲ့ caption နဲ့ လို့ ရေးသားအသိပေးခဲ့တာ ဖြစ်ပါတယ်။ မီဂန်ဟာ ယခင်က ကိုယ်ဝန်ပျက်ကျခဲ့ဖူးတာကြောင့် ဒီအတွေ့အကြုံနဲ့ပတ်သက်ပြီး အဖြစ်ဆိုးကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ မသိခဲ့ဘူးလို့ ဖွင့်ဟပြောခဲ့ဖူးပါတယ်။

မီဂန်နဲ့ ကယ်လီဟာ ၂၀၂၁ ခုနှစ်က မှုခင်းသည်းထိတ်ရင်ဖိုဇာတ်ကား "Midnight In The Switchgrass" မှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ စေ့စပ်ကြောင်းလမ်းခဲ့တာ ဖြစ်ပါတယ်။

zawgyi version
အေမရိကန္ မင္းသမီး မီဂန္ေဖာ့စ္နဲ႔ ဂီတပညာရွင္ မာခ်ိန္ဂန္ကယ္လီတို႔က ပထမဆုံးရင္ေသြးအတြက္ ေမွ်ာ္လင့္
ေရာင္နီ(NP News) - ႏိုဝင္ဘာ ၁၃

အသက္ ၃၈ ႏွစ္အ႐ြယ္ အေမရိကန္ မင္းသမီးေခ်ာ မီဂန္ေဖာ့စ္ဟာ သူမရဲ႕ ခင္ပြန္းေဟာင္း ဘရင္ေအာ္စတင္ဂရင္း နဲ႔ အသက္ ၁၂ ႏွစ္၊ ၁၀ ႏွစ္ နဲ႔ ၈ ႏွစ္ အ႐ြယ္ရင္ေသြး ၃ ေယာက္ရရွိထားသလို အခုလက္ရွိ ခ်စ္သူ မာခ်ိန္ဂန္ကယ္လီနဲ႔လည္း ပထမဆုံးရင္ေသြးေလး ရရွိဖို႔ ေမွ်ာ္လင့္ေနၿပီ ျဖစ္တယ္လို႔ ဆိုရွယ္မီဒီယာမွတစ္ဆင့္ အတည္ျပဳေျပာၾကားခဲ့ပါတယ္။

သူမရဲ႕ ကိုယ္ဝန္ပုံရိပ္နဲ႔ positive ျဖစ္ေနတဲ့ ကိုယ္ဝန္ဆီးစစ္တံ ဓာတ္ပုံေတြနဲ႔အတူ မီဂန္က Instagram မွာ "nothing is ever really lost. welcome back" ဆိုတဲ့ caption နဲ႔ လို႔ ေရးသားအသိေပးခဲ့တာ ျဖစ္ပါတယ္။ မီဂန္ဟာ ယခင္က ကိုယ္ဝန္ပ်က္က်ခဲ့ဖူးတာေၾကာင့္ ဒီအေတြ႕အႀကဳံနဲ႔ပတ္သက္ၿပီး အျဖစ္ဆိုးကို ဘယ္လိုရင္ဆိုင္ရမလဲဆိုတာ မသိခဲ့ဘူးလို႔ ဖြင့္ဟေျပာခဲ့ဖူးပါတယ္။

မီဂန္နဲ႔ ကယ္လီဟာ ၂၀၂၁ ခုႏွစ္က မႈခင္းသည္းထိတ္ရင္ဖိုဇာတ္ကား "Midnight In The Switchgrass" မွာ ပထမဆုံးအႀကိမ္ ေတြ႕ဆုံခဲ့ၿပီး ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလမွာ ေစ့စပ္ေၾကာင္းလမ္းခဲ့တာ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.