နိုင်ငံတွင်း ငွေကြေးကဏ္ဍတည်ငြိမ်မှုပျက်စီးစေမည့် ရည်ရွယ်ချက်များဖြင့် ဆိုရှယ်မီဒီယာပေါ်တွင် သတင်းတု၊ သတင်းမှား ဖြန့်နေသူများကို အရေးယူမည်
1030
နာမူ (NP News) - နိုဝင်ဘာ ၁၁
နိုင်ငံတွင်း ငွေကြေးကဏ္ဍတည်ငြိမ်မှုပျက်စီးစေမည့် ရည်ရွယ်ချက်များဖြင့် ဆိုရှယ်မီဒီယာပေါ်တွင် သတင်းတု၊ သတင်းမှား ဖြန့်နေသူများကို တည်ဆဲဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယမန်နေ့ (နိုဝင်ဘာလ ၁၀ ရက်)က အသိပေးထုတ်ပြန်ထားသည်။
နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မလိုလားသော၊ ငွေရေးကြေးရေး နှင့် ငွေရေး ကြေးရေးဈေးကွက်တည်ငြိမ်ရေးကို မလိုလားသော အဖျက်သမားများသည် facebook ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်တွင် “အခေါက်ရွှေရောင်းသူဝယ်သူ "တိုက်ရိုက်"နှင့် "Gold” ဟူသော Public group များမှတဆင့် ပရိုဖိုင်အတုများ၊ လောခ့်ချထားသော ပရိုဖိုင်များ၊ အ မည်မဖော်ရဲသဖြင့် Anonymous participant အမည်များကို အသုံးပြုကာ မြန်မာ့ငွေစက္ကူအချို့ဖျက်သိမ်းနိုင်ဖွယ်ရှိနေကြောင်းနှင့် ငွေကြေးသစ်များ အစားထိုးဖွယ်ရှိကြောင်း၊ ဘဏ်များပိတ်သိမ်းတော့မည်ဖြစ်ကြောင်းစသည်ဖြင့် သတင်းတု၊ သတင်းမှားဖြန့်ဝေလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် တည်ငြိမ်လျက်ရှိသော ငွေကြေးကဏ္ဍကို ပျက်စီးစေရန်၊ မြန်မာ့ဘဏ်လုပ်ငန်းစနစ် ကမောက်ကမဖြစ်စေရန်၊ နိုင်ငံခြားငွေများအပေါ် ဈေးကစားရန်၊ ကုန်ဈေးနှုန်းကြီး မြင့်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် သတင်းတု၊ သတင်းမှား ရေးသားသူများသည် အခြေအမြစ်မရှိသည့် သတင်းမှားများဖြင့် ပြည်သူလူထုအား ထင်ယောင်ထင်မှားဖြစ်စေရန် မကြာခဏ လုပ်ကြံရေးသားလျက်ရှိကြောင်းလည်း ဗဟိုဘဏ်မှ အသိပေးထုတ်ပြန်ထား သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် မည်သည့်ဘဏ်မျှ ပိတ်သိမ်းမည်မဟုတ်ကြောင်း၊ ပိတ်သိမ်းရန်အစီအစဉ်လည်း လုံးဝမရှိသည့်အပြင် ဗဟိုဘဏ်အနေဖြင့် ငွေစက္ကူများဖျက် သိမ်းခြင်း၊ အသစ်ထုတ်ဝေခြင်းများလည်း ပြုလုပ်ရန်အစီအစဉ်မရှိကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ ငွေကြေးစနစ်တည်ငြိမ်မှုကို ပျက်ပြားစေလိုသော ရည်ရွယ်ချက်များဖြင့် သတင်းတု၊ သတင်းမှား၊ သတင်းယောင်များ ရေးသားဖြန့်ဝေလျက်ရှိသော လူပုဂ္ဂိုလ်များ၊ Page နှင့် Group များ၏ Admin များကို တည်ဆဲဥပဒေများနှင့်အညီ အရေးယူနိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် အများပြည်သူများအနေဖြင့် မလိုလားအပ်သည့် ဆုံးရှုံးနစ်နာမှုများ မဖြစ်ပေါ် စေရေးအတွက် ပြင်ပမှဖြန့်ဝေလျက်ရှိသည့် ကောလာဟလသတင်းများအား မယုံကြရန်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တရားဝင်ထုတ်ဝေထားသည့် ငွေစက္ကူများအား ယုံကြည်စွာ သုံးစွဲနိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တရားဝင်ခွင့်ပြုချက် လိုင်စင် ရရှိထားသည့် ဘဏ်များ၊ ငွေကြေးအဖွဲ့အစည်းများထံတွင် ငွေကြေးနှင့်ပတ်သက်သော ဝန်ဆောင်မှုများဖြစ်သည့် ငွေအပ်နှံခြင်း၊ ငွေလွှဲပြောင်း/လက်ခံခြင်း စသည့် ငွေကြေး ဝန်ဆောင်မှုများအား ယုံကြည်စိတ်ချစွာရယူနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
zawgyi version
ႏိုင္ငံတြင္း ေငြေၾကးက႑တည္ၿငိမ္မႈပ်က္စီးေစမည့္ ရည္႐ြယ္ခ်က္မ်ားျဖင့္ ဆိုရွယ္မီဒီယာေပၚတြင္ သတင္းတု၊ သတင္းမွား ျဖန႔္ေနသူမ်ားကို အေရးယူမည္
နာမူ (NP News) - ႏိုဝင္ဘာ ၁၁
ႏိုင္ငံတြင္း ေငြေၾကးက႑တည္ၿငိမ္မႈပ်က္စီးေစမည့္ ရည္႐ြယ္ခ်က္မ်ားျဖင့္ ဆိုရွယ္မီဒီယာေပၚတြင္ သတင္းတု၊ သတင္းမွား ျဖန႔္ေနသူမ်ားကို တည္ဆဲဥပေဒျဖင့္ အေရးယူမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ယမန္ေန႔ (ႏိုဝင္ဘာလ ၁၀ ရက္)က အသိေပးထုတ္ျပန္ထားသည္။
ႏိုင္ငံေတာ္၏စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈကို မလိုလားေသာ၊ ေငြေရးေၾကးေရး ႏွင့္ ေငြေရး ေၾကးေရးေဈးကြက္တည္ၿငိမ္ေရးကို မလိုလားေသာ အဖ်က္သမားမ်ားသည္ facebook ဆိုရွယ္မီဒီယာပလက္ေဖာင္းေပၚတြင္ “အေခါက္ေ႐ႊေရာင္းသူဝယ္သူ "တိုက္႐ိုက္"ႏွင့္ "Gold” ဟူေသာ Public group မ်ားမွတဆင့္ ပ႐ိုဖိုင္အတုမ်ား၊ ေလာခ့္ခ်ထားေသာ ပ႐ိုဖိုင္မ်ား၊ အ မည္မေဖာ္ရဲသျဖင့္ Anonymous participant အမည္မ်ားကို အသုံးျပဳကာ ျမန္မာ့ေငြစကၠဴအခ်ိဳ႕ဖ်က္သိမ္းႏိုင္ဖြယ္ရွိေနေၾကာင္းႏွင့္ ေငြေၾကးသစ္မ်ား အစားထိုးဖြယ္ရွိေၾကာင္း၊ ဘဏ္မ်ားပိတ္သိမ္းေတာ့မည္ျဖစ္ေၾကာင္းစသည္ျဖင့္ သတင္းတု၊ သတင္းမွားျဖန႔္ေဝလ်က္ရွိေၾကာင္း သိရသည္။
ထို႔ေၾကာင့္ တည္ၿငိမ္လ်က္ရွိေသာ ေငြေၾကးက႑ကို ပ်က္စီးေစရန္၊ ျမန္မာ့ဘဏ္လုပ္ငန္းစနစ္ ကေမာက္ကမျဖစ္ေစရန္၊ ႏိုင္ငံျခားေငြမ်ားအေပၚ ေဈးကစားရန္၊ ကုန္ေဈးႏႈန္းႀကီး ျမင့္ေစရန္စသည့္ ရည္႐ြယ္ခ်က္မ်ားျဖင့္ သတင္းတု၊ သတင္းမွား ေရးသားသူမ်ားသည္ အေျခအျမစ္မရွိသည့္ သတင္းမွားမ်ားျဖင့္ ျပည္သူလူထုအား ထင္ေယာင္ထင္မွားျဖစ္ေစရန္ မၾကာခဏ လုပ္ႀကံေရးသားလ်က္ရွိေၾကာင္းလည္း ဗဟိုဘဏ္မွ အသိေပးထုတ္ျပန္ထား သည္။
ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္အေနျဖင့္ မည္သည့္ဘဏ္မွ် ပိတ္သိမ္းမည္မဟုတ္ေၾကာင္း၊ ပိတ္သိမ္းရန္အစီအစဥ္လည္း လုံးဝမရွိသည့္အျပင္ ဗဟိုဘဏ္အေနျဖင့္ ေငြစကၠဴမ်ားဖ်က္ သိမ္းျခင္း၊ အသစ္ထုတ္ေဝျခင္းမ်ားလည္း ျပဳလုပ္ရန္အစီအစဥ္မရွိေၾကာင္း သိရသည္။
ထို႔ျပင္ ျမန္မာႏိုင္ငံ၏ ေငြေၾကးစနစ္တည္ၿငိမ္မႈကို ပ်က္ျပားေစလိုေသာ ရည္႐ြယ္ခ်က္မ်ားျဖင့္ သတင္းတု၊ သတင္းမွား၊ သတင္းေယာင္မ်ား ေရးသားျဖန႔္ေဝလ်က္ရွိေသာ လူပုဂၢိဳလ္မ်ား၊ Page ႏွင့္ Group မ်ား၏ Admin မ်ားကို တည္ဆဲဥပေဒမ်ားႏွင့္အညီ အေရးယူႏိုင္ေရးအတြက္ တရားဥပေဒစိုးမိုးေရးအဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထို႔ေၾကာင့္ အမ်ားျပည္သူမ်ားအေနျဖင့္ မလိုလားအပ္သည့္ ဆုံးရႈံးနစ္နာမႈမ်ား မျဖစ္ေပၚ ေစေရးအတြက္ ျပင္ပမွျဖန႔္ေဝလ်က္ရွိသည့္ ေကာလာဟလသတင္းမ်ားအား မယုံၾကရန္၊ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္မွ တရားဝင္ထုတ္ေဝထားသည့္ ေငြစကၠဴမ်ားအား ယုံၾကည္စြာ သုံးစြဲႏိုင္ေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္မွ တရားဝင္ခြင့္ျပဳခ်က္ လိုင္စင္ ရရွိထားသည့္ ဘဏ္မ်ား၊ ေငြေၾကးအဖြဲ႕အစည္းမ်ားထံတြင္ ေငြေၾကးႏွင့္ပတ္သက္ေသာ ဝန္ေဆာင္မႈမ်ားျဖစ္သည့္ ေငြအပ္ႏွံျခင္း၊ ေငြလႊဲေျပာင္း/လက္ခံျခင္း စသည့္ ေငြေၾကး ဝန္ေဆာင္မႈမ်ားအား ယုံၾကည္စိတ္ခ်စြာရယူႏိုင္ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။