အမေရိကန်အစိုးရက ရုရှားပိုင်နက်တွေကို တာဝေးပစ်ဒုံးကျည်တွေနဲ့ တိုက်ခိုက်ဖို့ ယူကရိန်းကိုခွင့်ပြုပေး
261
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁၈
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ရုရှားနိုင်ငံ ပိုင်နက်အတွင်းပိုင်းကို အမေရိကန်နိုင်ငံထုတ် ဒုံးကျည်တွေနဲ့တိုက်ခိုက်ဖို့ ခွင့်ပြုပေးလိုက်ကြောင်းသိရပါတယ်။ အမေရိကန်အစိုးရအဖွဲ့ဟာ ရုရှားပိုင်နက်အတွင်းရှိ ပစ်မှတ်တွေကိုအမေရိကန်ထုတ် တာဝေးပစ်ဒုံးကျည်တွေ နဲ့ တိုက်ခိုက်ဖို့ ခွင့်ပြုလိုက်တဲ့အတွက် လာမယ့်ရက်ပိုင်းအတွင်းယူကရိန်းက ရုရှားကိုတိုက်ခိုက်လာဖွယ်ရှိနေကြောင်း သိရပါတယ်။
အမေရိကန် အစိုးရတာဝန်ရှိသူတွေက အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် တာဝန်မယူခင် လက်ရှိအမေရိကန်အစိုးရတာဝန်ယူခွင့်ရတဲ့နောက်ဆုံးလအတွင်း ရုရှားပိုင်နက်အတွင်းကို အမေရိကန်ထုတ် Army Tactical Missile System (ATACMS) ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ဖွယ်ရှိနေကြောင်း ပြောပါတယ်။ အမေရိကန်အစိုးရဟာ ယူကရိန်းစစ်ပွဲမှာ ရုရှားနိုင်ငံဘက်ကနေ မြောက်ကိုရီးယားနိုင်ငံ ပါဝင်တိုက်ခိုက်ခြင်းကို လက် တုံ့ပြန်မှုအဖြစ် ယူကရိန်းကို အမေရိကန်နိုင်ငံထုတ် တာဝေးပစ်ဒုံးကျည်တွေအသုံးပြုခွင့်ပေးခဲ့ခြင်း ဖြစ်ကြောင်းသိရပါတယ်။
ယူကရိန်းသမ္မတဇီလန်စကီးက "ကျွန်တော်တို့ဟာ သင့်တော်တဲ့လုပ်ရပ်တွေလုပ်နိုင်ဖို့ ခွင့်ပြုချက်တွေရထားတယ်"လို့ ပြောပါတယ်။ ယူကရိန်းနိုင်ငံမှာ အမေရိကန်နိုင်ငံထုတ် ATACMS အမျိုးအစားဒုံးကျည်အစင်းရေဘယ်နှစ်ခုအထိ ရှိနေသလဲဆိုတာကို အတိကျမသိသေးကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။ ရုရှားသမ္မတပူတင်ကတော့ အမေရိကန်အစိုးရရဲ့ဆုံးဖြတ်ချက်ဟာ တတိယကမ္ဘာစစ်ကိုဦးတည်လာဖွယ်ရှိနေပြီး လျင်မြန်စွာတုံ့ပြန်မှာဖြစ်ကြောင်း သတိပေးထားပါတယ်။ ရုရှားနဲ့ ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ (၂)နှစ်ကျော်ခဲ့ပေမယ့် လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေးရယူနိုင်ခြင်းမရှိသေးကြောင်း သိရပါတယ်။
zawgyi version
အေမရိကန္အစိုးရက ႐ုရွားပိုင္နက္ေတြကို တာေဝးပစ္ဒုံးက်ည္ေတြနဲ႔ တိုက္ ခိုက္ဖို႔ ယူကရိန္းကိုခြင့္ျပဳေပး
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၁၈
အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ဟာ ႐ုရွားႏိုင္ငံ ပိုင္နက္အတြင္းပိုင္းကို အေမရိကန္ႏိုင္ငံထုတ္ ဒုံးက်ည္ေတြနဲ႔တိုက္ခိုက္ဖို႔ ခြင့္ျပဳေပးလိုက္ေၾကာင္းသိရပါတယ္။ အေမရိကန္အစိုးရအဖြဲ႕ဟာ ႐ုရွားပိုင္နက္အတြင္းရွိ ပစ္မွတ္ေတြကိုအေမရိကန္ထုတ္ တာေဝးပစ္ဒုံးက်ည္ေတြ နဲ႔ တိုက္ခိုက္ဖို႔ ခြင့္ျပဳလိုက္တဲ့အတြက္ လာမယ့္ရက္ပိုင္းအတြင္းယူကရိန္းက ႐ုရွားကိုတိုက္ခိုက္လာဖြယ္ရွိေနေၾကာင္း သိရပါတယ္။
အေမရိကန္ အစိုးရတာဝန္ရွိသူေတြက အေမရိကန္ေ႐ြးေကာက္ခံသမၼတ ေဒၚနယ္ထရမ့္ တာဝန္မယူခင္ လက္ရွိအေမရိကန္အစိုးရတာဝန္ယူခြင့္ရတဲ့ေနာက္ဆုံးလအတြင္း ႐ုရွားပိုင္နက္အတြင္းကို အေမရိကန္ထုတ္ Army Tactical Missile System (ATACMS) ဒုံးက်ည္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္ဖြယ္ရွိေနေၾကာင္း ေျပာပါတယ္။ အေမရိကန္အစိုးရဟာ ယူကရိန္းစစ္ပြဲမွာ ႐ုရွားႏိုင္ငံဘက္ကေန ေျမာက္ကိုရီးယားႏိုင္ငံ ပါဝင္တိုက္ခိုက္ျခင္းကို လက္ တုံ႔ျပန္မႈအျဖစ္ ယူကရိန္းကို အေမရိကန္ႏိုင္ငံထုတ္ တာေဝးပစ္ဒုံးက်ည္ေတြအသုံးျပဳခြင့္ေပးခဲ့ျခင္း ျဖစ္ေၾကာင္းသိရပါတယ္။
ယူကရိန္းသမၼတဇီလန္စကီးက "ကြၽန္ေတာ္တို႔ဟာ သင့္ေတာ္တဲ့လုပ္ရပ္ေတြလုပ္ႏိုင္ဖို႔ ခြင့္ျပဳခ်က္ေတြရထားတယ္"လို႔ ေျပာပါတယ္။ ယူကရိန္းႏိုင္ငံမွာ အေမရိကန္ႏိုင္ငံထုတ္ ATACMS အမ်ိဳးအစားဒုံးက်ည္အစင္းေရဘယ္ႏွစ္ခုအထိ ရွိေနသလဲဆိုတာကို အတိက်မသိေသးေၾကာင္း သတင္းေတြက ေဖာ္ျပထားပါတယ္။ ႐ုရွားသမၼတပူတင္ကေတာ့ အေမရိကန္အစိုးရရဲ႕ဆုံးျဖတ္ခ်က္ဟာ တတိယကမာၻစစ္ကိုဦးတည္လာဖြယ္ရွိေနၿပီး လ်င္ျမန္စြာတုံ႔ျပန္မွာျဖစ္ေၾကာင္း သတိေပးထားပါတယ္။ ႐ုရွားနဲ႔ ယူကရိန္းႏိုင္ငံၾကားျဖစ္ပြားေနတဲ့စစ္ပြဲဟာ (၂)ႏွစ္ေက်ာ္ခဲ့ေပမယ့္ လက္ရွိအခ်ိန္အထိ အပစ္ခတ္ရပ္စဲေရးရယူႏိုင္ျခင္းမရွိေသးေၾကာင္း သိရပါတယ္။