ရွေးကောက်ပွဲကျင်းပရေးနဲ့ပတ်သက်ပြီး သည်းခံပေးစေလိုကြောင်း ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရ ပြော

 205

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁၈

ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအဖွဲ့ခေါင်းဆေင် ယူနွတ်က ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့အတွက် သည်းခံပေးစေလိုကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို ရာထူးက ပြုတ်ကျစေတဲ့ ဆန္ဒပြပွဲဖြစ်ပွားမှု ရက်ပေါင်း(၁၀၀)ပြည့်အထိမ်းအမှတ်မှာ မိန့်ခွန်းပြော ဆိုချိန်အတွင်း ယူနွတ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

အသက်(၈၄)နှစ်အရွယ်ရှိ ယူနွတ်ဟာ ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရအဖွဲ့ခေါင်းဆောင်ဖြစ်ပြီး သြဂုတ် ၉ ရက်မှာ စတင်တာဝန်ယူခဲ့ကြောင်း သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ရွေးကောက်ပွဲမကျင်းပခင် နိုင်ငံရဲ့ဒီမိုကရက်တစ် အင်စတီကျူးရှင်းများကို ပြုပြင်ပြောင်းလဲဖို့ကြီးမားတဲ့စိန်ခေါ်မှုတွေရှိနေကြောင်း ယူနွတ်က ပြောပါတယ်။ ယူနွတ်က "လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အပြီးတိုင်လုပ်ဆောင်ပြီးချိန်မှာ ရွေးကောက်ပွဲကို ကျင်း ပသွားမှာဖြစ်တယ်။ အဲဒီအချိန်အထိ ပြည်သူတွေကို သည်းခံစောင့်ဆိုင်းပေးစေလိုတယ်။ ရွေးကောက်ပွဲစနစ်ကို တည်ဆောက်ဖို့ ရည်ရွယ်ထားတယ်။ အဲဒီအတွက် အချိန်လိုတယ်"လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ရာထူးက နုတ်ထွက်ကာ ပြည်ပထွက်ပြေးခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဆန္ဒပြပွဲအတွင်း လူအများအပြားသေဆုံးစေအောင် ကျူးလွန်မှုတွေအတွက် စွဲချက်တင်ထားပြီး အမှုလာရောက်ရင်ဆိုင်ဖို့ ဆင့်ခေါ်ထားကြောင်း သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ လက်ရှိအချိန်မှာ နိုင်ငံကို(၁၅)နှစ်ကြာအုပ်ချုပ်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖမ်းဝရမ်းထုတ်ထားကြောင်း သိရပါတယ်။ ဒါ့ပြင် ဆန္ဒပြပွဲအတွင်း လူအများအပြား သေဆုံးခဲ့မှုနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာ လက်ထက်က တာဝန်ရှိသူအချို့ကို ဖမ်းဆီးထိန်း သိမ်းထားကြောင်း သိရပါတယ်။

zawgyi version
ေ႐ြးေကာက္ပြဲက်င္းပေရးနဲ႔ပတ္သက္ၿပီး သည္းခံေပးေစလိုေၾကာင္း ဘဂၤလားေဒ့ရွ္ယာယီအစိုးရ ေျပာ
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၁၈

ဘဂၤလားေဒ့ရွ္ ယာယီအစိုးရအဖြဲ႕ေခါင္းေဆင္ ယူႏြတ္က ေ႐ြးေကာက္ပြဲက်င္းပဖို႔ ျပင္ဆင္ေနတဲ့အတြက္ သည္းခံေပးေစလိုေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာကို ရာထူးက ျပဳတ္က်ေစတဲ့ ဆႏၵျပပြဲျဖစ္ပြားမႈ ရက္ေပါင္း(၁၀၀)ျပည့္အထိမ္းအမွတ္မွာ မိန႔္ခြန္းေျပာ ဆိုခ်ိန္အတြင္း ယူႏြတ္က ေျပာဆိုခဲ့တာျဖစ္ပါတယ္။

အသက္(၈၄)ႏွစ္အ႐ြယ္ရွိ ယူႏြတ္ဟာ ဘဂၤလားေဒ့ရွ္ယာယီအစိုးရအဖြဲ႕ေခါင္းေဆာင္ျဖစ္ၿပီး ၾသဂုတ္ ၉ ရက္မွာ စတင္တာဝန္ယူခဲ့ေၾကာင္း သိရပါတယ္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္း ေ႐ြးေကာက္ပြဲမက်င္းပခင္ ႏိုင္ငံရဲ႕ဒီမိုကရက္တစ္ အင္စတီက်ဴးရွင္းမ်ားကို ျပဳျပင္ေျပာင္းလဲဖို႔ႀကီးမားတဲ့စိန္ေခၚမႈေတြရွိေနေၾကာင္း ယူႏြတ္က ေျပာပါတယ္။ ယူႏြတ္က "လိုအပ္တဲ့ ျပဳျပင္ေျပာင္းလဲမႈေတြကို အၿပီးတိုင္လုပ္ေဆာင္ၿပီးခ်ိန္မွာ ေ႐ြးေကာက္ပြဲကို က်င္း ပသြားမွာျဖစ္တယ္။ အဲဒီအခ်ိန္အထိ ျပည္သူေတြကို သည္းခံေစာင့္ဆိုင္းေပးေစလိုတယ္။ ေ႐ြးေကာက္ပြဲစနစ္ကို တည္ေဆာက္ဖို႔ ရည္႐ြယ္ထားတယ္။ အဲဒီအတြက္ အခ်ိန္လိုတယ္"လို႔ ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္အစိုးရဟာ ရာထူးက ႏုတ္ထြက္ကာ ျပည္ပထြက္ေျပးခဲ့တဲ့ ဝန္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ဟာစီနာကို ဆႏၵျပပြဲအတြင္း လူအမ်ားအျပားေသဆုံးေစေအာင္ က်ဴးလြန္မႈေတြအတြက္ စြဲခ်က္တင္ထားၿပီး အမႈလာေရာက္ရင္ဆိုင္ဖို႔ ဆင့္ေခၚထားေၾကာင္း သိရပါတယ္။ ဘဂၤလားေဒ့ရွ္အစိုးရဟာ လက္ရွိအခ်ိန္မွာ ႏိုင္ငံကို(၁၅)ႏွစ္ၾကာအုပ္ခ်ဳပ္ခဲ့တဲ့ ဝန္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ဟာစီနာကို ဖမ္းဝရမ္းထုတ္ထားေၾကာင္း သိရပါတယ္။ ဒါ့ျပင္ ဆႏၵျပပြဲအတြင္း လူအမ်ားအျပား ေသဆုံးခဲ့မႈနဲ႔ပတ္သက္ၿပီး ဝန္ႀကီးခ်ဳပ္ေဟာင္းရွိတ္ဟာစီနာ လက္ထက္က တာဝန္ရွိသူအခ်ိဳ႕ကို ဖမ္းဆီးထိန္း သိမ္းထားေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.