အမေရိကန်၏ Burma Act သည် မြန်မာနိုင်ငံရှိ စစ်ဖြစ်ရာဒေသများကို ဓာတ်ဆီလိုက်လောင်းခြင်းသာဖြစ်ဟု ပါတီအချို့ ရှုမြင်
423
မြူနစ်(NP News) - နိုဝင်ဘာ ၁၉
အမေရိကန်နိုင်ငံ၏ Burma Act ဥပဒေသည် မြန်မာနိုင်ငံရှိ စစ်ဖြစ်ရာဒေသများကို ဓာတ်ဆီလိုက်လောင်းခြင်းသာဖြစ်ကြောင်း နိုင်ငံရေးပါတီအချို့က ရှုမြင်နေကြသည်။
သမ္မတဘိုင်ဒန်လက်ထက် (၂၀၂၂) ခုနှစ်တွင် အမေရိကန်အမျိုးသားကွယ်ရေး လုပ်ပိုင်ခွင့်အက် ဥပဒေ(NDAA)၌ မြန်မာ့အရေးနှင့်ပတ်သက်၍ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် Burma Act ကို ထည့်သွင်းကာ ပြန်လည်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။
Burma Act အရ မြန်မာနိုင်ငံခေါင်းစဉ်ဖြင့် ပြီးခဲ့သော(၂၀၂၃ )ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၁၃၆)သန်း ထောက်ပံ့ခဲ့သကဲ့သို့ ယခု (၂၀၂၄) ခုနှစ်တွင် လည်း အမေရိကန်ဒေါ်လာ (၁၂၁) သန်းထက်မနည်း ထောက်ပံ့ရန် လျာထားမှုများရှိခဲ့ကြောင်း သိရသည်။
အထက်ပါကဲ့သို့သော ထောက်ပံ့ငွေများသည် နစကအစိုးရ၏ ဆန့်ကျင်ဘက်အဖွဲ့အစည်းများဖြစ်သော NUG ၊CRPH အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထံ အဓိကရောက်ရှိ ကြောင်းသိရပြီး လက်နက်မဟုတ်သည့် နည်းပညာ အကူအညီများဖြစ်သာကြောင်း ပြောဆိုနေကြသည်။
လက်ရှိတွင် အမေရိကန်နိုင်ငံကို ဘိုင်ဒန်အစိုးရ၏ ပြိုင်ဘက် သမ္မတထရမ့်က ပြန်လည် ဦးဆောင်တော့မည်ဖြစ်၍ Burma Act ကို ဆက်လက်အတည်ပြု ဖွယ်ရှိ၊ မရှိကို နိုင်ငံရေးအသိုင်းအဝိုင်းဘက်က စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။ “အမေရိကန်မှာလည်း ဘိုင်ဒန်အစိုးရရှုံးပြီးတော့ ထရမ့်အစိုးရတက် လာတဲ့အခါမှာ Burma Act ဆိုတဲ့ဟာကို ထရမ့်က ဆက်လုပ်မလား။ ဒါကို ကျွန်တော်တို့ကတော့ စဉ်းစား ရတော့မယ်။ Burma Act ကြောင့် သူတို့က ကျွန်တော်တို့နိုင်ငံကို ပိုက်ဆံတွေ ထောက်ပံ့နေတာလေ။ အများစုထောက်ပံ့တာက ဒီတိုင်းရင်းသားဒေသတွေ မှာပဲ။ Burma Act ဆိုတာက ပြောရမယ်ဆိုရင် ကျွန်တော်တို့ မြန်မာပြည်မှာ တကယ်ဒုက္ခရောက်နေတဲ့ သူတွေကို ပေးတာမှမဟုတ်တာ။ စစ်ပွဲတွေ ဖြစ်နေတဲ့ နေရာကို မီးမွှေးသလိုပဲ ရေနံလိုက်လောင်းနေတဲ့ ဟာပဲလေ။ ဓာတ်ဆီလိုက်လောင်းနေတဲ့ဟာပဲ။ မီး ဟုန်းဟုန်းတောက်ရုံပဲ ရှိတယ်လေ” ဟု ဖက်ဒရယ် ဒီမိုကရက်တစ်ပါတီမှ ဒုဥက္ကဋ္ဌဦးရန်နိုင်ဝင်းက NP News ကို ပြောသည်။
နစကအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းများသည် Burma Act အရ ငွေကြေးတစ်စုံတစ်ရာ ရရှိနေသည့် အတွက်သာ တိုက်နေခြင်းမျိုးဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။ “Burma Act ဥပဒေကို အမေရိကန်မှာ ဘိုင်ဒန်အစိုးရတုန်းက ပြဋ္ဌာန်း လိုက်တယ်။ ကျွန်တော်တို့ ဒီဘက်မှာ ဒေါ်လာ သန်းနဲ့ချီပြီးတော့ ချပေးတယ်။ နိုင်ငံတကာက ထောက်ပံ့မှုအားလုံးသည် တကယ်တမ်း ကျွန်တော်တို့ နိုင်ငံအပေါ် စေတနာရှိမယ်ဆိုရင် ပြည်သူတွေကို တိုက်ရိုက်ပေးနိုင်တဲ့ဟာတွေကို ပေးရမှာဗျ။ ဒါပေမဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကိုပဲ ပေးနေတော့ သူတို့ကလည်း ဒီငွေနဲ့၊ ဘိန်းငွေနဲ့ တိုက်ပွဲဖြစ် လာတာဗျ။ ဒီလိုမျိုးသာ ဘေးနားကနေ မမြှောက် ပေးဘူးဆိုရင် တိုင်းရင်းသားခေါင်းဆောင်တွေလည်း သိတာပေါ့လေ။ ရမှန်းသိလို့ တိုက်ပွဲတိုက်တာဗျ။ မရဘူးဆိုရင် သူတိုက်စရာကို အကြောင်းမရှိဘူး” ဟု ၎င်းကသုံးသပ်ထားသည်။
အမေရိကန်၏ Burma Act အရ ရရှိသည့် ငွေ ကြေးများသည် NUG နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများထံသို့ အဓိက စီးဆင်းနေလျက်ရှိကြောင်း သုံးသပ်နေကြသည်။ ထို့ပြင် အမျိုးသား ဒီမိုကရေစီပါတီသစ်မှ ဒုဥက္ကဋ္ဌ ဦးခိုင်မင်းကလည်း Burma Act သည် မြန်မာနိုင်ငံအတွင်းရှိ အကြမ်း ဖက်သမားများကို အားပေးကူညီထောက်ပံ့နေခြင်း သာဖြစ်ကြောင်း ရှုမြင်ထားသည်။
“အမေရိကန်က Burma Act ထုတ်ပြီးတော့ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေကို ထောက်ပံ့မယ် ဆိုတဲ့ဟာက စစ်ရေးမဟုတ်တဲ့ အကူအညီတွေကို ထောက်ပံ့မယ်လို့ ပြောတယ်။ ဒါပေမဲ့ သူတို့ စကားက အမေရိကန်အပါအဝင် အနောက်အုပ်စုရဲ့ သဘော ထားက ကျွန်တော်တို့ တိုင်းပြည်အပေါ်မှာ ဘယ်တုန်းကမှ ကောင်းခဲ့တာမျိုး မရှိဘူးလေ။ အဲဒီ တော့ ဒီ Burma Act ဆိုတာကလည်း ကျွန်တော်တို့ တိုင်းပြည်ကို ဒုက္ခပေးဖို့ သူတို့လုပ်တဲ့ လုပ်ရပ်ပေါင်း များစွာထဲက တစ်ခု။ ဒီဟာက ကျွန်တော်တို့အတွက် အကျိုးမရှိတဲ့ကိစ္စပဲ။ အဓိကတော့ Burma Act ဆိုတာကို ရှင်းရှင်းလင်း လင်းပြောရမယ်ဆိုရင်တော့ဗျာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အကြမ်း ဖက်သမားတွေကို အားပေးကူညီထောက်ပံ့တဲ့ ဟာပဲ။ မိတ်ဆွေကောင်းတွေ လုပ်ရမယ့်အလုပ်မျိုး မဟုတ်ဘူး။ သူခိုးကို ဓားရိုးကမ်းတဲ့ အလုပ်ပဲ” ဟု ဦးခိုင်မင်းက ပြောသည်။
မြန်မာနိုင်ငံတွင် (၂၀၂၁) ခုနှစ် ဖေဖော်ဝါရီလမှစ၍ တပ်မတော်က နိုင်ငံတော်အာဏာ ရယူခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံအတွင်းရှိ ဒေသအများအပြားတွင် လက်နက်ကိုင်တိုက်ပွဲများ ပိုမိုဖြစ်ပွားလာခဲ့ပြီး ယခုအချိန်ထိပါ နိုင်ငံပျက်စီးသွားနိုင်သည့် တိုက်ပွဲများဆီသို့ ဦးတည်နေဆဲဖြစ်သည်။
zawgyi version
အေမရိကန္၏ Burma Act သည္ ျမန္မာႏိုင္ငံရွိ စစ္ျဖစ္ရာေဒသမ်ားကို ဓာတ္ဆီလိုက္ေလာင္းျခင္းသာျဖစ္ဟု ပါတီအခ်ိဳ႕ ရႈျမင္
ျမဴနစ္(NP News) - ႏိုဝင္ဘာ ၁၉
အေမရိကန္ႏိုင္ငံ၏ Burma Act ဥပေဒသည္ ျမန္မာႏိုင္ငံရွိ စစ္ျဖစ္ရာေဒသမ်ားကို ဓာတ္ဆီလိုက္ေလာင္းျခင္းသာျဖစ္ေၾကာင္း ႏိုင္ငံေရးပါတီအခ်ိဳ႕က ရႈျမင္ေနၾကသည္။
သမၼတဘိုင္ဒန္လက္ထက္ (၂၀၂၂) ခုႏွစ္တြင္ အေမရိကန္အမ်ိဳးသားကြယ္ေရး လုပ္ပိုင္ခြင့္အက္ ဥပေဒ(NDAA)၌ ျမန္မာ့အေရးႏွင့္ပတ္သက္၍ အစိတ္အပိုင္းတစ္ရပ္အေနျဖင့္ Burma Act ကို ထည့္သြင္းကာ ျပန္လည္ျပ႒ာန္းခဲ့ျခင္းျဖစ္သည္။
Burma Act အရ ျမန္မာႏိုင္ငံေခါင္းစဥ္ျဖင့္ ၿပီးခဲ့ေသာ(၂၀၂၃ )ခုႏွစ္တြင္ အေမရိကန္ေဒၚလာ (၁၃၆)သန္း ေထာက္ပံ့ခဲ့သကဲ့သို႔ ယခု (၂၀၂၄) ခုႏွစ္တြင္ လည္း အေမရိကန္ေဒၚလာ (၁၂၁) သန္းထက္မနည္း ေထာက္ပံ့ရန္ လ်ာထားမႈမ်ားရွိခဲ့ေၾကာင္း သိရသည္။
အထက္ပါကဲ့သို႔ေသာ ေထာက္ပံ့ေငြမ်ားသည္ နစကအစိုးရ၏ ဆန႔္က်င္ဘက္အဖြဲ႕အစည္းမ်ားျဖစ္ေသာ NUG ၊CRPH အပါအဝင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားထံ အဓိကေရာက္ရွိ ေၾကာင္းသိရၿပီး လက္နက္မဟုတ္သည့္ နည္းပညာ အကူအညီမ်ားျဖစ္သာေၾကာင္း ေျပာဆိုေနၾကသည္။
လက္ရွိတြင္ အေမရိကန္ႏိုင္ငံကို ဘိုင္ဒန္အစိုးရ၏ ၿပိဳင္ဘက္ သမၼတထရမ့္က ျပန္လည္ ဦးေဆာင္ေတာ့မည္ျဖစ္၍ Burma Act ကို ဆက္လက္အတည္ျပဳ ဖြယ္ရွိ၊ မရွိကို ႏိုင္ငံေရးအသိုင္းအဝိုင္းဘက္က စိတ္ဝင္တစား ေစာင့္ၾကည့္ေနၾကသည္။ “အေမရိကန္မွာလည္း ဘိုင္ဒန္အစိုးရရႈံးၿပီးေတာ့ ထရမ့္အစိုးရတက္ လာတဲ့အခါမွာ Burma Act ဆိုတဲ့ဟာကို ထရမ့္က ဆက္လုပ္မလား။ ဒါကို ကြၽန္ေတာ္တို႔ကေတာ့ စဥ္းစား ရေတာ့မယ္။ Burma Act ေၾကာင့္ သူတို႔က ကြၽန္ေတာ္တို႔ႏိုင္ငံကို ပိုက္ဆံေတြ ေထာက္ပံ့ေနတာေလ။ အမ်ားစုေထာက္ပံ့တာက ဒီတိုင္းရင္းသားေဒသေတြ မွာပဲ။ Burma Act ဆိုတာက ေျပာရမယ္ဆိုရင္ ကြၽန္ေတာ္တို႔ ျမန္မာျပည္မွာ တကယ္ဒုကၡေရာက္ေနတဲ့ သူေတြကို ေပးတာမွမဟုတ္တာ။ စစ္ပြဲေတြ ျဖစ္ေနတဲ့ ေနရာကို မီးေမႊးသလိုပဲ ေရနံလိုက္ေလာင္းေနတဲ့ ဟာပဲေလ။ ဓာတ္ဆီလိုက္ေလာင္းေနတဲ့ဟာပဲ။ မီး ဟုန္းဟုန္းေတာက္႐ုံပဲ ရွိတယ္ေလ” ဟု ဖက္ဒရယ္ ဒီမိုကရက္တစ္ပါတီမွ ဒုဥကၠ႒ဦးရန္ႏိုင္ဝင္းက NP News ကို ေျပာသည္။
နစကအစိုးရကို ဆန႔္က်င္တိုက္ခိုက္ေနသည့္ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားသည္ Burma Act အရ ေငြေၾကးတစ္စုံတစ္ရာ ရရွိေနသည့္ အတြက္သာ တိုက္ေနျခင္းမ်ိဳးျဖစ္ေၾကာင္းလည္း ၄င္းက ဆက္လက္ေျပာသည္။ “Burma Act ဥပေဒကို အေမရိကန္မွာ ဘိုင္ဒန္အစိုးရတုန္းက ျပ႒ာန္း လိုက္တယ္။ ကြၽန္ေတာ္တို႔ ဒီဘက္မွာ ေဒၚလာ သန္းနဲ႔ခ်ီၿပီးေတာ့ ခ်ေပးတယ္။ ႏိုင္ငံတကာက ေထာက္ပံ့မႈအားလုံးသည္ တကယ္တမ္း ကြၽန္ေတာ္တို႔ ႏိုင္ငံအေပၚ ေစတနာရွိမယ္ဆိုရင္ ျပည္သူေတြကို တိုက္႐ိုက္ေပးႏိုင္တဲ့ဟာေတြကို ေပးရမွာဗ်။ ဒါေပမဲ့ တိုင္းရင္းသားေခါင္းေဆာင္ေတြကိုပဲ ေပးေနေတာ့ သူတို႔ကလည္း ဒီေငြနဲ႔၊ ဘိန္းေငြနဲ႔ တိုက္ပြဲျဖစ္ လာတာဗ်။ ဒီလိုမ်ိဳးသာ ေဘးနားကေန မေျမႇာက္ ေပးဘူးဆိုရင္ တိုင္းရင္းသားေခါင္းေဆာင္ေတြလည္း သိတာေပါ့ေလ။ ရမွန္းသိလို႔ တိုက္ပြဲတိုက္တာဗ်။ မရဘူးဆိုရင္ သူတိုက္စရာကို အေၾကာင္းမရွိဘူး” ဟု ၄င္းကသုံးသပ္ထားသည္။
အေမရိကန္၏ Burma Act အရ ရရွိသည့္ ေငြ ေၾကးမ်ားသည္ NUG ႏွင့္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းမ်ားထံသို႔ အဓိက စီးဆင္းေနလ်က္ရွိေၾကာင္း သုံးသပ္ေနၾကသည္။ ထို႔ျပင္ အမ်ိဳးသား ဒီမိုကေရစီပါတီသစ္မွ ဒုဥကၠ႒ ဦးခိုင္မင္းကလည္း Burma Act သည္ ျမန္မာႏိုင္ငံအတြင္းရွိ အၾကမ္း ဖက္သမားမ်ားကို အားေပးကူညီေထာက္ပံ့ေနျခင္း သာျဖစ္ေၾကာင္း ရႈျမင္ထားသည္။
“အေမရိကန္က Burma Act ထုတ္ၿပီးေတာ့ ဆန႔္က်င္ဘက္အဖြဲ႕အစည္းေတြကို ေထာက္ပံ့မယ္ ဆိုတဲ့ဟာက စစ္ေရးမဟုတ္တဲ့ အကူအညီေတြကို ေထာက္ပံ့မယ္လို႔ ေျပာတယ္။ ဒါေပမဲ့ သူတို႔ စကားက အေမရိကန္အပါအဝင္ အေနာက္အုပ္စုရဲ႕ သေဘာ ထားက ကြၽန္ေတာ္တို႔ တိုင္းျပည္အေပၚမွာ ဘယ္တုန္းကမွ ေကာင္းခဲ့တာမ်ိဳး မရွိဘူးေလ။ အဲဒီ ေတာ့ ဒီ Burma Act ဆိုတာကလည္း ကြၽန္ေတာ္တို႔ တိုင္းျပည္ကို ဒုကၡေပးဖို႔ သူတို႔လုပ္တဲ့ လုပ္ရပ္ေပါင္း မ်ားစြာထဲက တစ္ခု။ ဒီဟာက ကြၽန္ေတာ္တို႔အတြက္ အက်ိဳးမရွိတဲ့ကိစၥပဲ။ အဓိကေတာ့ Burma Act ဆိုတာကို ရွင္းရွင္းလင္း လင္းေျပာရမယ္ဆိုရင္ေတာ့ဗ်ာ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံအတြင္းမွာရွိတဲ့ အၾကမ္း ဖက္သမားေတြကို အားေပးကူညီေထာက္ပံ့တဲ့ ဟာပဲ။ မိတ္ေဆြေကာင္းေတြ လုပ္ရမယ့္အလုပ္မ်ိဳး မဟုတ္ဘူး။ သူခိုးကို ဓား႐ိုးကမ္းတဲ့ အလုပ္ပဲ” ဟု ဦးခိုင္မင္းက ေျပာသည္။
ျမန္မာႏိုင္ငံတြင္ (၂၀၂၁) ခုႏွစ္ ေဖေဖာ္ဝါရီလမွစ၍ တပ္မေတာ္က ႏိုင္ငံေတာ္အာဏာ ရယူခဲ့ၿပီး ေနာက္ပိုင္းတြင္ ႏိုင္ငံအတြင္းရွိ ေဒသအမ်ားအျပားတြင္ လက္နက္ကိုင္တိုက္ပြဲမ်ား ပိုမိုျဖစ္ပြားလာခဲ့ၿပီး ယခုအခ်ိန္ထိပါ ႏိုင္ငံပ်က္စီးသြားႏိုင္သည့္ တိုက္ပြဲမ်ားဆီသို႔ ဦးတည္ေနဆဲျဖစ္သည္။