သေနတ်၊ဓားကိုင်ဆောင်ထားသည့်အဖွဲ့က အမျိုးသမီး(၂)ဦးနှင့် အမျိုးသားတစ်ဦးကို ဓားဖြင့်ရက်စက်စွာခုတ်ထစ်သတ်ဖြတ်နေသည့် ရုပ်သံဖိုင်ထွက်ပေါ်

 1398

NP News - နိုဝင်ဘာ ၁၉

သေနတ်၊ဓားကိုင်ဆောင်ထားသည့်အဖွဲ့က အမျိုးသမီး(၂)ဦးနှင့် အမျိုးသားတစ်ဦးကို ဓားဖြင့်ရက်စက်စွာခုတ်ထစ်သတ်ဖြတ်နေသည့် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ယက်စာမျက်နှာများတွင် ပျံ့နှံ့ထွက်ပေါ်နေသည်။

အဆိုပါရုပ်သံဖိုင်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး(၂)ဦးကို သေနတ်နှင့်ဓားများကိုင်ဆောင်ထားသည့်အဖွဲ့က လက်ပြန်ကြိုးများတုတ်ကာ ထိုင်ခိုင်းထားပြီးနောက် အမျိုးသားအား "မင်းမှာသေနတ်ရှိလား”ဟုပြောဆိုကာ အမျိုးသမီး(၂)ဦးနှင့်အတူ ၎င်းအမျိုးသားအား ဆဲဆိုကန်ကြောက်ခြင်းများလုပ်ဆောင်ခဲ့သည်ကိုတွေ့မြင်ရသည်။ ထို့နောက် အဆိုပါအဖွဲ့က ၎င်းတို့ဖမ်းဆီးထားသည့် အမျိုးသားအား“သေနတ်ရှိလား မရှိဘူးလားပြော”ဟု တွင်တွင်မေးပြီးနောက် အမျိုးသားနှင့် အမျိုးသမီး(၂)ဦးကို ဓားများဖြင့် အချက်ပေါင်းများစွာ ခုတ်ထစ်သတ်ဖြတ်ခဲ့သည်ကို တွေ့မြင်ရသည်။

အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ နစကနှင့်နီးစပ်သည့် လူမှုကွန်ယက်စာမျက်နှာများက စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြိုနယ်ရှိ PDF အဖွဲ့များက ဒေသခံများကို သတ်ဖြတ်နေခြင်းဖြစ်ကြောင်း အတိအလင်းဖော်ပြနေကြပြီး ယခုရက်ပိုင်းအတွင်း၌ ၎င်းရုပ်သံဖိုင် လူမှုကွန်ယက်တွင် ပျံ့နှံ့လာခြင်းလည်းဖြစ်သည်။

ထို့ပြင် ၎င်းရုပ်သံဖိုင်သည် တိုက်ပွဲအတွင်း သေဆုံးသွားသည့် အကြမ်းဖက်အဖွဲ့ဝင်တစ်ဦး၏ ဖုန်းအတွင်းမှရရှိခဲ့သော ရုပ်သံဖိုင်ဖြစ်ကြောင်းလည်း နစကနှင့်နီးစပ်သူများက ဖော်ပြရေးသားထားကြသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကလည်း စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကားလမ်းမပေါ်၌ အမျိုးသမီးငယ်တစ်ဦးအား ဒလန်ဟုစွပ်စွဲကာ ညှင်းပန်းနှိပ်စက်ပြီး သေနတ်ဖြင့် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်နေသည့်ရုပ်သံဖိုင်တစ်ခု လူမှုကွန်ယက် စာမျက်နှာများ၌ ပျံ့နှံ့ခဲ့ဖူးသည်။

zawgyi version
ေသနတ္၊ဓားကိုင္ေဆာင္ထားသည့္အဖြဲ႕က အမ်ိဳးသမီး(၂)ဦးႏွင့္ အမ်ိဳးသားတစ္ဦးကို ဓားျဖင့္ရက္စက္စြာခုတ္ထစ္သတ္ျဖတ္ေနသည့္ ႐ုပ္သံဖိုင္ထြက္ေပၚ
NP News - ႏိုဝင္ဘာ ၁၉

ေသနတ္၊ဓားကိုင္ေဆာင္ထားသည့္အဖြဲ႕က အမ်ိဳးသမီး(၂)ဦးႏွင့္ အမ်ိဳးသားတစ္ဦးကို ဓားျဖင့္ရက္စက္စြာခုတ္ထစ္သတ္ျဖတ္ေနသည့္ ႐ုပ္သံဖိုင္တစ္ခု လူမႈကြန္ယက္စာမ်က္ႏွာမ်ားတြင္ ပ်ံ႕ႏွံ႔ထြက္ေပၚေနသည္။

အဆိုပါ႐ုပ္သံဖိုင္တြင္ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီး(၂)ဦးကို ေသနတ္ႏွင့္ဓားမ်ားကိုင္ေဆာင္ထားသည့္အဖြဲ႕က လက္ျပန္ႀကိဳးမ်ားတုတ္ကာ ထိုင္ခိုင္းထားၿပီးေနာက္ အမ်ိဳးသားအား "မင္းမွာေသနတ္ရွိလား”ဟုေျပာဆိုကာ အမ်ိဳးသမီး(၂)ဦးႏွင့္အတူ ၎အမ်ိဳးသားအား ဆဲဆိုကန္ေၾကာက္ျခင္းမ်ားလုပ္ေဆာင္ခဲ့သည္ကိုေတြ႕ျမင္ရသည္။ ထို႔ေနာက္ အဆိုပါအဖြဲ႕က ၎တို႔ဖမ္းဆီးထားသည့္ အမ်ိဳးသားအား“ေသနတ္ရွိလား မရွိဘူးလားေျပာ”ဟု တြင္တြင္ေမးၿပီးေနာက္ အမ်ိဳးသားႏွင့္ အမ်ိဳးသမီး(၂)ဦးကို ဓားမ်ားျဖင့္ အခ်က္ေပါင္းမ်ားစြာ ခုတ္ထစ္သတ္ျဖတ္ခဲ့သည္ကို ေတြ႕ျမင္ရသည္။

အထက္ပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ နစကႏွင့္နီးစပ္သည့္ လူမႈကြန္ယက္စာမ်က္ႏွာမ်ားက စစ္ကိုင္းတိုင္းေဒသႀကီး၊ တမူးၿမိဳနယ္ရွိ PDF အဖြဲ႕မ်ားက ေဒသခံမ်ားကို သတ္ျဖတ္ေနျခင္းျဖစ္ေၾကာင္း အတိအလင္းေဖာ္ျပေနၾကၿပီး ယခုရက္ပိုင္းအတြင္း၌ ၎႐ုပ္သံဖိုင္ လူမႈကြန္ယက္တြင္ ပ်ံ႕ႏွံ႔လာျခင္းလည္းျဖစ္သည္။

ထို႔ျပင္ ၎႐ုပ္သံဖိုင္သည္ တိုက္ပြဲအတြင္း ေသဆုံးသြားသည့္ အၾကမ္းဖက္အဖြဲ႕ဝင္တစ္ဦး၏ ဖုန္းအတြင္းမွရရွိခဲ့ေသာ ႐ုပ္သံဖိုင္ျဖစ္ေၾကာင္းလည္း နစကႏွင့္နီးစပ္သူမ်ားက ေဖာ္ျပေရးသားထားၾကသည္။

အလားတူ ၿပီးခဲ့သည့္ ၂၀၂၂ ခုႏွစ္၊ ဒီဇင္ဘာလကလည္း စစ္ကိုင္းတိုင္း၊ တမူးၿမိဳ႕နယ္ရွိ ကားလမ္းမေပၚ၌ အမ်ိဳးသမီးငယ္တစ္ဦးအား ဒလန္ဟုစြပ္စြဲကာ ညႇင္းပန္းႏွိပ္စက္ၿပီး ေသနတ္ျဖင့္ ရက္စက္စြာ ပစ္ခတ္သတ္ျဖတ္ေနသည့္႐ုပ္သံဖိုင္တစ္ခု လူမႈကြန္ယက္ စာမ်က္ႏွာမ်ား၌ ပ်ံ႕ႏွံ႔ခဲ့ဖူးသည္။

Related news

© 2021. All rights reserved.