မန္တလေးမြို့တွင် အစိုးရဝန်ထမ်းအယောင်ဆောင်ကာ လက်နက်ပြ၍ ဆိုင်ကယ်လုယက်သူ (၃)ဦးကို ဖမ်းမိ

 160

ချယ်ရီ (NP News) - နိုဝင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီးတွင် အစိုးရဝန်ထမ်းအယောင်ဆောင်ကာ လက်နက်ပြ၍ ဆိုင်ကယ်လုယက်သူ (၃)ဦးကို ဖမ်းဆီးစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ဒေသခံတစ်ဦးကို NP News က မေးမြန်းထားချက်အရ သိရသည်။

အဆိုပါ ပြစ်မှုကျူးလွန်သူများကို မကြာမီ ရက်ပိုင်းအတွင်းက ချမ်းမြသာစည်မြို့နယ်တွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့က အရင်ကတည်းက သေနတ်ကိုင်ပြီးတော့ လူမိုက်လိုလို၊ ဝန်ထမ်းလိုလို လုပ်တာပေါ့။ မိုက်ကြေးခွဲပြီးတော့ ကားရှေ့ ပိတ်ရပ်ပြီးတော့ စစ်တာလိုလို၊ မထင်ရင် မထင်သလို ဆိုင်ကယ်တွေကိုအစ သေနတ်ဒင်နဲ့ ထုတာတွေပါ လုပ်တယ်ပေါ့နော်။ သူတို့က ဆိုင်ကယ်တွေ၊ ကားတွေကို သေနတ်တွေ၊ ဘာတွေပြ ရပ်ခိုင်းပြီး စစ်ဆေးတာတွေ လုပ်ပြီး ဆိုင်ကယ်ကိုယူထားတာပေါ့။ မသိရင် ရဲလိုလို၊ စစ်သားလိုလို ပေါ့နော်။ ပြီးတော့ သူတို့သုံးတဲ့ ကားကလည်း Without ကြီးပေါ့နော်”ဟု ၎င်းက ပြောသည်။

အဆိုပါပြစ်မှုကျူလွန်သူများသည် အသက်(၂၀)နှစ် ဝန်းကျင်အရွယ်သာရှိကြပြီး ၎င်းတို့လုယက်မှုကျူးလွန်စဉ်က Toyota Mark X အမျိုးအစား ကားကို အသုံးပြုခဲ့ကြောင်း သိရသည်။ “ဒီနေ့ဆိုရင် ခိုးရာပါပစ္စည်းကို လက်ခံတဲ့သူတွေကိုလည်း ဖမ်းမိတယ်။ သူတို့ရဲ့ နောက်ဆက်တွဲ ကွင်းဆက်တွေကိုလည်း လိုက်နေတယ်။ ဆိုင်ကယ်တွေ လုခဲ့တာ ဘယ်နှစီးရှိပြီလဲ။ ဘယ်လိုလုခဲ့တာလဲ။ ဘယ်သူ့ဆီမှာ ရောင်းခဲ့တာလဲ စတာတွေကို ဖော်နေတာပေါ့။ မြန်မြန်ပြီးမယ်လို့လည်း ထင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောပြသည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်သူ (၃)ဦးကို ပုသိမ်ကြီး မြို့မရဲစခန်း၌ ဖော် ထုတ်စစ်ဆေးမှုများ လုပ်ဆောင်နေပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်ဖော်ထုတ်နေကြောင်း သိရသည်။

ထို့ပြင် မန္တလေးမြို့တွင် ဆိုင်ကယ်လုယက်မှုကျူးလွန်သူအများစုမှာ သက်လတ်ပိုင်းအရွယ်အများဆုံးဖြစ်ပြီး ၎င်းတို့သည် မူးယစ်ဆေးဝါးသုံးစွဲသူများလည်းဖြစ်နေကြောင်း မန္တလေးမြို့တွင် နေထိုင်လျက်ရှိသော ဒေသခံများကို NP News က မေးမြန်းထားချက်အရ သိရသည်။

zawgyi version
မႏၲေလးၿမိဳ႕တြင္ အစိုးရဝန္ထမ္းအေယာင္ေဆာင္ကာ လက္နက္ျပ၍ ဆိုင္ကယ္လုယက္သူ (၃)ဦးကို ဖမ္းမိ
ခ်ယ္ရီ (NP News) - ႏိုဝင္ဘာ ၁၈

မႏၲေလးတိုင္းေဒသႀကီးတြင္ အစိုးရဝန္ထမ္းအေယာင္ေဆာင္ကာ လက္ နက္ျပ၍ ဆိုင္ကယ္လုယက္သူ (၃)ဦးကို ဖမ္းဆီးစစ္ေဆးမႈမ်ား ေဆာင္႐ြက္ေနေၾကာင္း ေဒသခံတစ္ဦးကို NP News က ေမးျမန္းထားခ်က္အရ သိရသည္။

အဆိုပါ ျပစ္မႈက်ဴးလြန္သူမ်ားကို မၾကာမီ ရက္ပိုင္းအတြင္းက ခ်မ္းျမသာစည္ၿမိဳ႕နယ္တြင္ ဖမ္းဆီးႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“သူတို႔က အရင္ကတည္းက ေသနတ္ကိုင္ၿပီးေတာ့ လူမိုက္လိုလို၊ ဝန္ထမ္းလိုလို လုပ္တာေပါ့။ မိုက္ေၾကးခြဲၿပီးေတာ့ ကားေရွ႕ ပိတ္ရပ္ၿပီးေတာ့ စစ္တာလိုလို၊ မထင္ရင္ မထင္သလို ဆိုင္ကယ္ေတြကိုအစ ေသနတ္ဒင္နဲ႔ ထုတာေတြပါ လုပ္တယ္ေပါ့ေနာ္။ သူတို႔က ဆိုင္ကယ္ေတြ၊ ကားေတြကို ေသနတ္ေတြ၊ ဘာေတြျပ ရပ္ခိုင္းၿပီး စစ္ေဆးတာေတြ လုပ္ၿပီး ဆိုင္ကယ္ကိုယူထားတာေပါ့။ မသိရင္ ရဲလိုလို၊ စစ္သားလိုလို ေပါ့ေနာ္။ ၿပီးေတာ့ သူတို႔သုံးတဲ့ ကားကလည္း Without ႀကီးေပါ့ေနာ္”ဟု ၎က ေျပာသည္။

အဆိုပါျပစ္မႈက်ဴလြန္သူမ်ားသည္ အသက္(၂၀)ႏွစ္ ဝန္းက်င္အ႐ြယ္သာရွိၾကၿပီး ၎တို႔လုယက္မႈက်ဴးလြန္စဥ္က Toyota Mark X အမ်ိဳးအစား ကားကို အသုံးျပဳခဲ့ေၾကာင္း သိရသည္။ “ဒီေန႔ဆိုရင္ ခိုးရာပါပစၥည္းကို လက္ခံတဲ့သူေတြကိုလည္း ဖမ္းမိတယ္။ သူတို႔ရဲ႕ ေနာက္ဆက္တြဲ ကြင္းဆက္ေတြကိုလည္း လိုက္ေနတယ္။ ဆိုင္ကယ္ေတြ လုခဲ့တာ ဘယ္ႏွစီးရွိၿပီလဲ။ ဘယ္လိုလုခဲ့တာလဲ။ ဘယ္သူ႔ဆီမွာ ေရာင္းခဲ့တာလဲ စတာေတြကို ေဖာ္ေနတာေပါ့။ ျမန္ျမန္ၿပီးမယ္လို႔လည္း ထင္ပါတယ္” ဟု ၎က ဆက္လက္ေျပာျပသည္။

လက္ရွိတြင္ ျပစ္မႈက်ဴးလြန္သူ (၃)ဦးကို ပုသိမ္ႀကီး ၿမိဳ႕မရဲစခန္း၌ ေဖာ္ ထုတ္စစ္ေဆးမႈမ်ား လုပ္ေဆာင္ေနၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားကို ဆက္လက္ေဖာ္ထုတ္ေနေၾကာင္း သိရသည္။

ထို႔ျပင္ မႏၲေလးၿမိဳ႕တြင္ ဆိုင္ကယ္လုယက္မႈက်ဴးလြန္သူအမ်ားစုမွာ သက္လတ္ပိုင္းအ႐ြယ္အမ်ားဆုံးျဖစ္ၿပီး ၎တို႔သည္ မူးယစ္ေဆးဝါးသုံးစြဲသူမ်ားလည္းျဖစ္ေနေၾကာင္း မႏၲေလးၿမိဳ႕တြင္ ေနထိုင္လ်က္ရွိေသာ ေဒသခံမ်ားကို NP News က ေမးျမန္းထားခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.