တရုတ်နိုင်ငံမှာ ခွေး အကောင် ၄၀ အဆိပ်သင့် သေဆုံးပြီးနောက် အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်များ ထိတ်လန့်နေ

 82

ရောင်နီ (NP News) - နိုဝင်ဘာ ၁၉

တရုတ်နိုင်ငံ၊ ကွမ်ကျိုးပြည်နယ်မှာ အိမ်မွေးခွေး ၄၀ ကျော် အဆိပ်သင့်ပြီး သေဆုံးခဲ့တယ်လို့ Guangdong Pet Industry Association ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

အထူးသဖြင့် ဘိုင်ယန်၊ ဟိုင်ဇူနဲ့ ပန်ယုခရိုင်တွေမှာ အဆိပ်သင့်မှုအရေအတွက် ပိုများတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါအပြင် ပဏာမစုံစမ်းစစ်ဆေးမှုတွေအရ အဆိပ်သင့်မှုဖြစ်စဉ်တွေဟာ နိုဝင်ဘာ ၈ ရက် ဝန်းကျင်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပြီး အမှုတွေ ဖြေရှင်းဖို့ အထူးအဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။ အိမ်မွေးတိရစ္ဆာန်အသင်းကလည်း ဒီအဖြစ်အပျက်တွေနဲ့ပတ်သက်တဲ့ သဲလွန်စတွေကို အများပြည်သူလုံခြုံရေးအာဏာပိုင်တွေ (သို့မဟုတ်) အသင်းအဖွဲ့ဆီ သတင်းပေးပို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

အိမ်မွေးခွေး သေဆုံးမှုသတင်းတွေကြောင့် ပြည်နယ်အတွင်း အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေဟာ ထိတ်လန့်တကြားဖြစ်ခဲ့ရပြီး သူတို့ရဲ့ချစ်လှစွာသော ခွေးလေးတွေကို အပြင်ထွက်တဲ့အခါ နှာခေါင်းစည်းတွေ ဝတ်ဆင်ပေးလာကြတယ်လို့ သိရပါတယ်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံမွာ ေခြး အေကာင္ ၄၀ အဆိပ္သင့္ ေသဆုံးၿပီးေနာက္ အိမ္ေမြးတိရစာၦန္ပိုင္ရွင္မ်ား ထိတ္လန႔္ေန
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၉

တ႐ုတ္ႏိုင္ငံ၊ ကြမ္က်ိဳးျပည္နယ္မွာ အိမ္ေမြးေခြး ၄၀ ေက်ာ္ အဆိပ္သင့္ၿပီး ေသဆုံးခဲ့တယ္လို႔ Guangdong Pet Industry Association ရဲ႕ထုတ္ျပန္ခ်က္အရ သိရပါတယ္။

အထူးသျဖင့္ ဘိုင္ယန္၊ ဟိုင္ဇူနဲ႔ ပန္ယုခ႐ိုင္ေတြမွာ အဆိပ္သင့္မႈအေရအတြက္ ပိုမ်ားတာကို ေတြ႕ရတယ္လို႔ ဆိုပါတယ္။ ဒါအျပင္ ပဏာမစုံစမ္းစစ္ေဆးမႈေတြအရ အဆိပ္သင့္မႈျဖစ္စဥ္ေတြဟာ ႏိုဝင္ဘာ ၈ ရက္ ဝန္းက်င္မွာ ျဖစ္ပြားခဲ့တယ္လို႔ သိရၿပီး အမႈေတြ ေျဖရွင္းဖို႔ အထူးအဖြဲ႕ကိုလည္း ဖြဲ႕စည္းခဲ့တယ္လို႔ သိရပါတယ္။ အိမ္ေမြးတိရစာၦန္အသင္းကလည္း ဒီအျဖစ္အပ်က္ေတြနဲ႔ပတ္သက္တဲ့ သဲလြန္စေတြကို အမ်ားျပည္သူလုံၿခဳံေရးအာဏာပိုင္ေတြ (သို႔မဟုတ္) အသင္းအဖြဲ႕ဆီ သတင္းေပးပို႔ တိုက္တြန္းထားတယ္လို႔ သိရပါတယ္။

အိမ္ေမြးေခြး ေသဆုံးမႈသတင္းေတြေၾကာင့္ ျပည္နယ္အတြင္း အိမ္ေမြးတိရစာၦန္ပိုင္ရွင္ေတြဟာ ထိတ္လန႔္တၾကားျဖစ္ခဲ့ရၿပီး သူတို႔ရဲ႕ခ်စ္လွစြာေသာ ေခြးေလးေတြကို အျပင္ထြက္တဲ့အခါ ႏွာေခါင္းစည္းေတြ ဝတ္ဆင္ေပးလာၾကတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.