မိုးကုတ်၌ ဟိုတယ်၊ ယာဉ်ယန္တရားများအတွက် TNLA အဖွဲ့က လက်နက်ပြ၍ အခွန်အတင်းအကျပ်တောင်းခံနေ

 527

မြူနစ် (NP News) - နိုဝင်ဘာ ၁၉

မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ အများပြည်သူပိုင် ဟိုတယ်၊ ယာဉ်ယန္တ ရားများအပေါ် TNLA အဖွဲ့က လက်နက်ပြကာ အခွန်ထမ်းခိုင်းနေပြီး မပေးပါက အပိုင်သိမ်းဆည်းမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

တအာင်းလက်နက်ကိုင်အဖွဲ့ MNDAA နှင့် NUG လက်အောက်ခံ မန္တလေး PDF အဖွဲ့တို့သည် ပြီးခဲ့သောကာလများတွင် မိုးကုတ်မြို့ကို ပူးပေါင်းတိုက်ခိုက်ကာ လက်နက်ဖြင့် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ TNLA အဖွဲ့ထိန်းချုပ်ရာ မိုးကုတ်မြို့ရှိ ဒေသခံပြည်သူများအနေဖြင့် အခက်အခဲပေါင်းစုံဖြင့် ရင်ဆိုင်နေရလျက်ရှိပြီး TNLA အဖွဲ့ကလည်း လက်နက်ပြကာ အတင်းအဓမ္မဆက်ကြေးတောင်းခံနေမှုများကို ပြုလုပ်နေကြောင်း သိရသည်။

"အန်တီတို့ မိတ်ဆွေတစ်ဦးရဲ့ ဟိုတယ် တစ်လုံးကို သူတို့ (TNLA) သိမ်းလိုက်တယ်ပြောတယ် မိုးကုတ်မှာပေါ့။ အခွန်က သိန်းထောင်ချီ ဆောင်ခိုင်းတာ။ စစ်ပွဲကြားထဲမှာဆိုတော့ ဘယ်ဧည့် သည်မှ မရှိဘူးလေ။ အဲဒီတော့ သူလည်း ဘယ်သွား နိုင်မလဲ။ အဲဒီလိုအခွန်မဆောင်တော့ အဲဒီဟိုတယ်ကို သိမ်းလိုက်တယ်။ သိမ်းပြီးတော့ သူတို့ အရာရှိတွေ နေနေတယ်လို့ ကြားတယ်"ဟု မိုးကုတ်မြို့ခံတစ်ဦးက NP News ကို ပြောသည်။

မိုးကုတ်မြို့ရှိ TNLA အဖွဲ့သည် ဒေသခံပြည်သူများ၏ ယာဉ်ယန္တရားများကိုလည်း အတင်းအဓမ္မဆက်ကြေးတောင်းခံမှုများ ပြုလုပ်နေကြောင်း သိရသည်။ "နောက်တစ်ခုက မိုးကုတ်မှာပဲ ကျွန်တော့် မိတ်ဆွေပဲပေါ့။ သူ့မှာက ဘက်ဟိုးကားတွေ ရှိတယ်။ စစ်ဖြစ်တော့ တစ်မိသားစုလုံးက ရှောင်သွားကြတာပေါ့။ အဲဒီမှာ မိုးကုတ်ကို ပလောင်တွေဝင်လာတော့ အဲဒီဘက်ဟိုးတွေကိုလည်း အတင်းအဓမ္မယူသွားတာပဲ။ အခုဟာက မိုးကုတ်မှာ ဘာဖြစ်နေလဲဆိုတော့ အစိုးရတစ်ရပ်လို့ အရပ်ဝတ်ပုံစံ ဝန်ထမ်းတွေနဲ့ အခွန်ဆောင်ခိုင်းတာမဟုတ်ဘူး။ လက်နက်ကိုင်ပြီးတော့ အတင်းအဓမ္မ ပြည်သူပိုင်ပစ္စည်းတွေကို ဓားပြတိုက်သလို ဖြစ်နေတာ။ လက်နက်ကိုင်ပြီးတော့ ဆက်ကြေးတောင်းသလိုမျိုး ဖြစ်နေတာ။ တောင်းတာမပေးရင် ပြည်သူပိုင်ပစ္စည်းတွေကို မတရားသိမ်း သလိုမျိုးဖြစ်နေတာ"ဟု မိုးကုတ်မြို့ခံက ဆက်လက်ပြောသည်။

လက်ရှိတွင် မိုးကုတ်မြို့ကို ထိန်းချုပ်ထားသည့် TNLA အဖွဲ့၏ လုပ် ရပ်များသည် အစိုးရတစ်ရပ်ကဲ့သို့ အပြုသဘောဆောင်မှုမရှိသည့်အပေါ် ဒေသခံများက ဝေဖန်မေးခွန်းထုတ်နေလျက်ရှိသည်။ ထို့ပြင် TNLA အဖွဲ့သည် မိုးကုတ်မြို့ပေါ်ရှိ အများပြည်သူပိုင် ဟိုတယ်၊ ခိုင်ခံ့သည့်နေ အိမ်အဆောက်အအုံများတွင်လည်း စခန်းချကာ တပ်စွဲနေထိုင်မှုများရှိနေကြောင်း ဒေသခံများက ဆိုသည်။

zawgyi version
မိုးကုတ္၌ ဟိုတယ္၊ ယာဥ္ယႏၲရားမ်ားအတြက္ TNLA အဖြဲ႕က လက္နက္ျပ၍ အခြန္အတင္းအက်ပ္ေတာင္းခံေန
ျမဴနစ္ (NP News) - ႏိုဝင္ဘာ ၁၉

မႏၲေလးတိုင္း၊ မိုးကုတ္ၿမိဳ႕ရွိ အမ်ားျပည္သူပိုင္ ဟိုတယ္၊ ယာဥ္ယႏၲ ရားမ်ားအေပၚ TNLA အဖြဲ႕က လက္နက္ျပကာ အခြန္ထမ္းခိုင္းေနၿပီး မေပးပါက အပိုင္သိမ္းဆည္းမႈမ်ား ျပဳလုပ္ေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

တအာင္းလက္နက္ကိုင္အဖြဲ႕ MNDAA ႏွင့္ NUG လက္ေအာက္ခံ မႏၲေလး PDF အဖြဲ႕တို႔သည္ ၿပီးခဲ့ေသာကာလမ်ားတြင္ မိုးကုတ္ၿမိဳ႕ကို ပူးေပါင္းတိုက္ခိုက္ကာ လက္နက္ျဖင့္ ထိန္းခ်ဳပ္ႏိုင္ခဲ့ျခင္းျဖစ္သည္။

ထိုသို႔ TNLA အဖြဲ႕ထိန္းခ်ဳပ္ရာ မိုးကုတ္ၿမိဳ႕ရွိ ေဒသခံျပည္သူမ်ားအေနျဖင့္ အခက္အခဲေပါင္းစုံျဖင့္ ရင္ဆိုင္ေနရလ်က္ရွိၿပီး TNLA အဖြဲ႕ကလည္း လက္နက္ျပကာ အတင္းအဓမၼဆက္ေၾကးေတာင္းခံေနမႈမ်ားကို ျပဳလုပ္ေနေၾကာင္း သိရသည္။

"အန္တီတို႔ မိတ္ေဆြတစ္ဦးရဲ႕ ဟိုတယ္ တစ္လုံးကို သူတို႔ (TNLA) သိမ္းလိုက္တယ္ေျပာတယ္ မိုးကုတ္မွာေပါ့။ အခြန္က သိန္းေထာင္ခ်ီ ေဆာင္ခိုင္းတာ။ စစ္ပြဲၾကားထဲမွာဆိုေတာ့ ဘယ္ဧည့္ သည္မွ မရွိဘူးေလ။ အဲဒီေတာ့ သူလည္း ဘယ္သြား ႏိုင္မလဲ။ အဲဒီလိုအခြန္မေဆာင္ေတာ့ အဲဒီဟိုတယ္ကို သိမ္းလိုက္တယ္။ သိမ္းၿပီးေတာ့ သူတို႔ အရာရွိေတြ ေနေနတယ္လို႔ ၾကားတယ္"ဟု မိုးကုတ္ၿမိဳ႕ခံတစ္ဦးက NP News ကို ေျပာသည္။

မိုးကုတ္ၿမိဳ႕ရွိ TNLA အဖြဲ႕သည္ ေဒသခံျပည္သူမ်ား၏ ယာဥ္ယႏၲရားမ်ားကိုလည္း အတင္းအဓမၼဆက္ေၾကးေတာင္းခံမႈမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။ "ေနာက္တစ္ခုက မိုးကုတ္မွာပဲ ကြၽန္ေတာ့္ မိတ္ေဆြပဲေပါ့။ သူ႔မွာက ဘက္ဟိုးကားေတြ ရွိတယ္။ စစ္ျဖစ္ေတာ့ တစ္မိသားစုလုံးက ေရွာင္သြားၾကတာေပါ့။ အဲဒီမွာ မိုးကုတ္ကို ပေလာင္ေတြဝင္လာေတာ့ အဲဒီဘက္ဟိုးေတြကိုလည္း အတင္းအဓမၼယူသြားတာပဲ။ အခုဟာက မိုးကုတ္မွာ ဘာျဖစ္ေနလဲဆိုေတာ့ အစိုးရတစ္ရပ္လို႔ အရပ္ဝတ္ပုံစံ ဝန္ထမ္းေတြနဲ႔ အခြန္ေဆာင္ခိုင္းတာမဟုတ္ဘူး။ လက္နက္ကိုင္ၿပီးေတာ့ အတင္းအဓမၼ ျပည္သူပိုင္ပစၥည္းေတြကို ဓားျပတိုက္သလို ျဖစ္ေနတာ။ လက္နက္ကိုင္ၿပီးေတာ့ ဆက္ေၾကးေတာင္းသလိုမ်ိဳး ျဖစ္ေနတာ။ ေတာင္းတာမေပးရင္ ျပည္သူပိုင္ပစၥည္းေတြကို မတရားသိမ္း သလိုမ်ိဳးျဖစ္ေနတာ"ဟု မိုးကုတ္ၿမိဳ႕ခံက ဆက္လက္ေျပာသည္။

လက္ရွိတြင္ မိုးကုတ္ၿမိဳ႕ကို ထိန္းခ်ဳပ္ထားသည့္ TNLA အဖြဲ႕၏ လုပ္ ရပ္မ်ားသည္ အစိုးရတစ္ရပ္ကဲ့သို႔ အျပဳသေဘာေဆာင္မႈမရွိသည့္အေပၚ ေဒသခံမ်ားက ေဝဖန္ေမးခြန္းထုတ္ေနလ်က္ရွိသည္။ ထို႔ျပင္ TNLA အဖြဲ႕သည္ မိုးကုတ္ၿမိဳ႕ေပၚရွိ အမ်ားျပည္သူပိုင္ ဟိုတယ္၊ ခိုင္ခံ့သည့္ေန အိမ္အေဆာက္အအုံမ်ားတြင္လည္း စခန္းခ်ကာ တပ္စြဲေနထိုင္မႈမ်ားရွိေနေၾကာင္း ေဒသခံမ်ားက ဆိုသည္။

Related news

© 2021. All rights reserved.