ရုရှားတို့ နျူကလီးယားလက်နက်များ အသုံးပြုတိုက်ခိုက်ရန်အလားအလာနည်းဟု အမေရိကန်အစိုးရ ယုံကြည်နေ
817
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၃ဝ
အမေရိကန်အစိုးရအနေဖြင့် ရုရှားနိုင်ငံက စစ်ပွဲအတွင်း နျူကလီးယားလက်နက်များအသုံးပြုတိုက်ခိုက်ရန် အလားအလာနည်းနေသည်ဟု ယုံကြည်ထားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။ ရိုက်တာသတင်း ဌာနသည် အမေရိကန်ထောက်လှမ်းရေးနှင့် နီးစပ်သူ ငါးဦး၏ ပြောစကားများကို သုံးသပ်ပြီးနောက် ယင်းကဲ့သို့ ဖော်ပြခဲ့ခြင်းလည်းဖြစ်သည်။ ယူကရိန်းသည် အမေရိကန်သမ္မတ၏ ခွင့်ပြုချက်ကို ရရှိခဲ့ပြီးနောက် ရုရှား ပိုင်နက်အတွင်း ရောက်ရှိနိုင်မည့် တာဝေးပစ်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရုရှားကလည်း အသံထက်မြန် သောဒုံးကျည်များဖြင့် လက်တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ရုရှားသမ္မတပူတင်က ယူကရိန်းအနေဖြင့် အနောက်အုပ်စုနိုင်ငံများ၏ တာပေးပစ်လက်နက် များအသုံးပြုပြီး ရုရှား နိုင်ငံကို ဆန့်ကျင်တိုက်ခိုက် လာမည်ဆိုလျှင် စစ်ပွဲ၏သဘောသဘာဝ ပြောင်းလဲသွားဖွယ်ရှိနေကြောင်း၊ နေတိုး အုပ်စုအဖွဲ့ဝင်နိုင်ငံများ တိုက်ရိုက်ပါဝင်ဆက်နွှယ်မှုမရှိဘဲ ယူကရိန်းအနေဖြင့် အနောက်အုပ်စုနိုင်ငံထုတ် တာဝေး ပစ်လက်နက်များ အသုံးပြုတိုက်ခိုက်ရန်မဖြစ်နိုင်ကြောင်း ပြောဆိုထားဖူးသည်။ ရုရှားသမ္မတပူတင်အပြင် ရုရှားအစိုးရ တာဝန်ရှိသူများကလည်း ရုရှားနိုင်ငံကိုခြိမ်းခြောက် နေသူတိုင်းကို အသံထက်မြန်သောလက်နက်များ အပါအဝင် အသုံးပြုလို့ရနိုင်သောလက်နက်များအားလုံး ထုတ်သုံးကာတိုက်ခိုက်မည်ဟု မကြာခဏသတိပေးခဲ့ဖူး ကြောင်း သိရသည်။ ရုရှားသည် နိုဝင်ဘာလ အစောပိုင်းတွင် နျူကလီးယားလက်နက်များအသုံးပြုခွင့်စည်းကမ်း သတ်မှတ်ချက်များကို ပြန်လည် ပြင်ဆင်ပြောင်းလဲခဲ့ကြောင်း သိရသည်။ ရုရှားအစိုးရက နိုင်ငံပိုင်နက် (သို့မဟုတ်) အချုပ်အခြာ အာဏာကို ခြိမ်းခြောက်လာမည့် တိုက်ခိုက်မှုမှန်သမျှကို နျူကလီးယားလက်နက်များ အသုံးပြုကာ ပြန်လည်လက်တုံ့ပြန်ရမည်ဟု နျူကလီးယားလက်နက်အသုံးပြုရေးနှင့်ပတ်သက်ပြီး စည်းကမ်းသတ်မှတ်ချက်များ ပြင်ဆင် ပြောင်းလဲခဲ့သည်။ သို့သော်လည်း အမေရိကန်အစိုးရက ရုရှားသည် အသံထက်မြန်သောဒုံးကျည်ကိုသာ အမြင့်ဆုံး အသုံးပြုဖွယ်ရှိနေပြီး နျူကလီးယားလက်နက်များအသုံးပြုရန် အလားလာနည်းသည်ဟု ယူဆထား ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။
Zawgyi Version;
႐ုရွားတို႔ န်ဴကလီးယားလက္နက္မ်ား အသုံးျပဳတိုက္ခိုက္ရန္အလားအလာနည္းဟု အေမရိကန္အစိုးရ ယုံၾကည္ေန
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၃ဝ
အေမရိကန္အစိုးရအေနျဖင့္ ႐ုရွားႏိုင္ငံက စစ္ပြဲအတြင္း န်ဴကလီးယားလက္နက္မ်ားအသုံးျပဳတိုက္ခိုက္ရန္ အလားအလာနည္းေနသည္ဟု ယုံၾကည္ထားေၾကာင္း ႐ိုက္တာသတင္းဌာနက ေဖာ္ျပထားသည္။ ႐ိုက္တာသတင္း ဌာနသည္ အေမရိကန္ေထာက္လွမ္းေရးႏွင့္ နီးစပ္သူ ငါးဦး၏ ေျပာစကားမ်ားကို သုံးသပ္ၿပီးေနာက္ ယင္းကဲ့သို႔ ေဖာ္ျပခဲ့ျခင္းလည္းျဖစ္သည္။ ယူကရိန္းသည္ အေမရိကန္သမၼတ၏ ခြင့္ျပဳခ်က္ကို ရရွိခဲ့ၿပီးေနာက္ ႐ုရွား ပိုင္နက္အတြင္း ေရာက္ရွိႏိုင္မည့္ တာေဝးပစ္ဒုံးက်ည္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ရာ ႐ုရွားကလည္း အသံထက္ျမန္ ေသာဒုံးက်ည္မ်ားျဖင့္ လက္တုံ႔ျပန္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။
႐ုရွားသမၼတပူတင္က ယူကရိန္းအေနျဖင့္ အေနာက္အုပ္စုႏိုင္ငံမ်ား၏ တာေပးပစ္လက္နက္ မ်ားအသုံးျပဳၿပီး ႐ုရွား ႏိုင္ငံကို ဆန႔္က်င္တိုက္ခိုက္ လာမည္ဆိုလွ်င္ စစ္ပြဲ၏သေဘာသဘာဝ ေျပာင္းလဲသြားဖြယ္ရွိေနေၾကာင္း၊ ေနတိုး အုပ္စုအဖြဲ႕ဝင္ႏိုင္ငံမ်ား တိုက္႐ိုက္ပါဝင္ဆက္ႏႊယ္မႈမရွိဘဲ ယူကရိန္းအေနျဖင့္ အေနာက္အုပ္စုႏိုင္ငံထုတ္ တာေဝး ပစ္လက္နက္မ်ား အသုံးျပဳတိုက္ခိုက္ရန္မျဖစ္ႏိုင္ေၾကာင္း ေျပာဆိုထားဖူးသည္။ ႐ုရွားသမၼတပူတင္အျပင္ ႐ုရွားအစိုးရ တာဝန္ရွိသူမ်ားကလည္း ႐ုရွားႏိုင္ငံကိုၿခိမ္းေျခာက္ ေနသူတိုင္းကို အသံထက္ျမန္ေသာလက္နက္မ်ား အပါအဝင္ အသုံးျပဳလို႔ရႏိုင္ေသာလက္နက္မ်ားအားလုံး ထုတ္သုံးကာတိုက္ခိုက္မည္ဟု မၾကာခဏသတိေပးခဲ့ဖူး ေၾကာင္း သိရသည္။ ႐ုရွားသည္ ႏိုဝင္ဘာလ အေစာပိုင္းတြင္ န်ဴကလီးယားလက္နက္မ်ားအသုံးျပဳခြင့္စည္းကမ္း သတ္မွတ္ခ်က္မ်ားကို ျပန္လည္ ျပင္ဆင္ေျပာင္းလဲခဲ့ေၾကာင္း သိရသည္။ ႐ုရွားအစိုးရက ႏိုင္ငံပိုင္နက္ (သို႔မဟုတ္) အခ်ဳပ္အျခာ အာဏာကို ၿခိမ္းေျခာက္လာမည့္ တိုက္ခိုက္မႈမွန္သမွ်ကို န်ဴကလီးယားလက္နက္မ်ား အသုံးျပဳကာ ျပန္လည္လက္တုံ႔ျပန္ရမည္ဟု န်ဴကလီးယားလက္နက္အသုံးျပဳေရးႏွင့္ပတ္သက္ၿပီး စည္းကမ္းသတ္မွတ္ခ်က္မ်ား ျပင္ဆင္ ေျပာင္းလဲခဲ့သည္။ သို႔ေသာ္လည္း အေမရိကန္အစိုးရက ႐ုရွားသည္ အသံထက္ျမန္ေသာဒုံးက်ည္ကိုသာ အျမင့္ဆုံး အသုံးျပဳဖြယ္ရွိေနၿပီး န်ဴကလီးယားလက္နက္မ်ားအသုံးျပဳရန္ အလားလာနည္းသည္ဟု ယူဆထား ေၾကာင္း ႐ိုက္တာသတင္းဌာနက ေဖာ္ျပထားသည္။