ဆွေးနွေးလိုကြောင်း မကြာခဏထုတ်ပြန်နေသော မြောက်ပိုင်းအဖွဲ့များသည် လက်တွေ့မြေပြင်၌ ငြိမ်းချမ်းရေးကို လိုလားကြောင်း ပြသခြင်းမျိုး မရှိသေးဟု ဗိုလ်ချုပ်ဇော်မင်းထွန်း တုံ့ပြန်
2752
မြူနစ် (NP News) - ဒီဇင်ဘာ ၄
နိုင်ငံရေးတွေ့ဆုံဆွေးနွေးလိုကြောင်း မကြာခဏထုတ်ပြန်နေသော မြောက်ပိုင်းအဖွဲ့များသည် လက်တွေ့မြေပြင်၌ ငြိမ်းချမ်းရေးကို လိုလားကြောင်း ပြသခြင်းမျိုးမရှိသေးဟု နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ပြီးခဲ့သောကာလများတွင် ရှမ်းမြောက်ဒေသ၌ တိုက်ပွဲများကို အပြင်းအထန်ဖော်ဆောင်ခဲ့သော မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များဖြစ်သည့် MNDAA နှင့် TNLA အဖွဲ့တို့သည် နစကအစိုးရနှင့်တွေ့ဆုံဆွေးနွေးလိုကြောင်းကို မကြာခဏဆိုသကဲ့သို့ ထုတ်ပြန်ခဲ့ကြသည်။
ထိုသို့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးလိုကြောင်း မကြာခဏထုတ်ပြန်နေသည့် မြောက်ပိုင်းအဖွဲ့များနှင့်ပတ်သက်၍ NP News က နစကပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းရာတွင် ၎င်းက အထက်ပါကဲ့သို့ ပြန်လည်တုံ့ပြန်ခဲ့သည်။
“ဒီမြောက်ပိုင်းအဖွဲ့တွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ တွေ့တဲ့အခါမှာလည်း ပြောခဲ့တာက သူတို့အနေနဲ့ ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုတဲ့အကြောင်းကို လက်တွေ့ပြသနိုင်တဲ့ လုပ်ဆောင်ချက်မျိုးတွေ ရှိဖို့လိုတယ်လို့ ပြောခဲ့ပြီး ဖြစ်တယ်။ ဒီအဖွဲ့တွေအနေနဲ့က ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ အခြားသောသူတို့ရဲ့ ရပ်တည်ချက်၊ အခြေအနေတွေကြောင့်သာ ဒါမျိုးတွေ ထုတ်ပြန်တာဖြစ်တယ်။ လက်တွေ့မြေပြင်မှာတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး လိုလားတဲ့အရိပ်အယောင်ပေါ့နော် ပြသတာမျိုးတော့ မရှိသေးပါဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များဖြစ်သည့် MNDAA၊ TNLA တို့အနေဖြင့် ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားကြောင်း လက်တွေ့ပြသနိုင်မှသာ ဆွေးနွေးပွဲများဖြစ်ပေါ်လာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ TNLA ပူးပေါင်းအဖွဲ့တို့သည် ပြီးခဲ့သော ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် ရှမ်းမြောက်ဒေသ၌ တိုက်ပွဲများကို အပြင်းအထန်စတင်ဖော်ဆောင်ခဲ့သည်။ အဆိုပါစစ်ဆင်ရေးအတွင်း မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များသည် လောက်ကိုင်၊ လားရှိုး၊ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ် စသည့်မြို့များကို ထိန်းချုပ်နိုင်ခဲ့သော်လည်း တပ်မတော်ဘက်က လေကြောင်းထိုးစစ်ဆင်မှုများဖြင့် အပြင်းအထန်ပြန် လည်တုံ့ပြန်နေသည်ကို တွေ့ရှိရသည်။
တပ်မတော်၏ ပြင်းထန်သည့်လေကြောင်းထိုးစစ်များနှင့်ပတ်သက်၍ အမှန်တကယ်ထိရောက်မှုရှိ၊ မရှိမေးခွန်းထုတ်နေမှုများကို နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက “အချို့နေရာတွေမှာတော့ အများအားဖြင့် ထိရောက်မှုရှိပါတယ်။ တချို့နေရာတွေမှာတော့ ကျွန်တော်တို့ ရရှိတဲ့သတင်း နောက်ကျတဲ့အတွက်ကြောင့် အချိန်မီရောက်ရှိနိုင်မှုအားနည်းချက်လေးတွေတော့ ရှိတယ်လို့ပဲ ပြောချင်ပါတယ်” ဟု တုံ့ပြန်ထားသည်။
ယခုရက်ပိုင်းအတွင်း၌ တပ်မတော်ဘက်က MNDAA နှင့် TNLA အဖွဲ့ဝင်များရှိရာ ဒေသများကို လေကြောင်းထိုးစစ်ဆင်မှုများ ရပ်တန့်ထားသည်ကို တွေ့ရသော်လည်း ၎င်းအဖွဲ့ဝင်များအနေဖြင့် စိုးရိမ်မှုများလွန်ကဲနေကြောင်း ဝေဖန်ပြောဆိုမှုများ လည်းရှိနေသည်။ အခြားတစ်ဖက်တွင်လည်း တရုတ်အစိုးရသည် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ မှီခိုအားထားနေသည့် နယ်စပ်ဂိတ်များကို အကန့်အသတ်မရှိ ပိတ်ဆို့ကာ ဖိအားပေးနေလျက်ရှိသည်။
ယခုဒီဇင်ဘာလ ပထမပတ်အတွင်း၌ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA သည် ပြည်တွင်းစစ်ရေးပဋိပက္ခကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန်လိုလားပါကြောင်း ထုတ်ပြန်ထားပြီး ဒီဇင်ဘာ ၃ ရက်မှစတင်ကာ ၎င်းတပ်ဖွဲ့ဝင်များအနေဖြင့် ချက်ချင်းအပစ်အခတ်ရပ်စဲမည်ဖြစ်ကြောင်း ထုတ်ပြန်ထား သည်။
ပြီးခဲ့သောကာလများတွင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်တို့အကြား အပစ်အခတ်ရပ်စဲသော ဟိုင်ဂင်သဘောတူညီချက်ကို ရရှိခဲ့သော်လည်း MNDAA နှင့် TNLA အဖွဲ့တို့သည် ၎င်းသဘောတူညီချက်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခဲ့ဖူးသည့် ရာဇဝင်ရှိထားသည်။
zawgyi version
ေဆြးေႏြးလိုေၾကာင္း မၾကာခဏထုတ္ျပန္ေနေသာ ေျမာက္ပိုင္းအဖြဲ႕မ်ားသည္ လက္ေတြ႕ေျမျပင္၌ ၿငိမ္းခ်မ္းေရးကို လိုလားေၾကာင္း ျပသျခင္းမ်ိဳး မရွိေသးဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း တုံ႔ျပန္
ျမဴနစ္ (NP News) - ဒီဇင္ဘာ ၄
ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးလိုေၾကာင္း မၾကာခဏထုတ္ျပန္ေနေသာ ေျမာက္ပိုင္းအဖြဲ႕မ်ားသည္ လက္ေတြ႕ေျမျပင္၌ ၿငိမ္းခ်မ္းေရးကို လိုလားေၾကာင္း ျပသျခင္းမ်ိဳးမရွိေသးဟု နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
ၿပီးခဲ့ေသာကာလမ်ားတြင္ ရွမ္းေျမာက္ေဒသ၌ တိုက္ပြဲမ်ားကို အျပင္းအထန္ေဖာ္ေဆာင္ခဲ့ေသာ ေျမာက္ပိုင္းလက္နက္ကိုင္အဖြဲ႕မ်ားျဖစ္သည့္ MNDAA ႏွင့္ TNLA အဖြဲ႕တို႔သည္ နစကအစိုးရႏွင့္ေတြ႕ဆုံေဆြးေႏြးလိုေၾကာင္းကို မၾကာခဏဆိုသကဲ့သို႔ ထုတ္ျပန္ခဲ့ၾကသည္။
ထိုသို႔ ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးလိုေၾကာင္း မၾကာခဏထုတ္ျပန္ေနသည့္ ေျမာက္ပိုင္းအဖြဲ႕မ်ားႏွင့္ပတ္သက္၍ NP News က နစကေျပာခြင့္ရဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကို ဆက္သြယ္ေမးျမန္းရာတြင္ ၎က အထက္ပါကဲ့သို႔ ျပန္လည္တုံ႔ျပန္ခဲ့သည္။
“ဒီေျမာက္ပိုင္းအဖြဲ႕ေတြနဲ႔ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္နဲ႔ ေတြ႕တဲ့အခါမွာလည္း ေျပာခဲ့တာက သူတို႔အေနနဲ႔ ၿငိမ္းခ်မ္းေရးကို လိုလားတယ္ဆိုတဲ့အေၾကာင္းကို လက္ေတြ႕ျပသႏိုင္တဲ့ လုပ္ေဆာင္ခ်က္မ်ိဳးေတြ ရွိဖို႔လိုတယ္လို႔ ေျပာခဲ့ၿပီး ျဖစ္တယ္။ ဒီအဖြဲ႕ေတြအေနနဲ႔က ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္ၿပီးေတာ့ အျခားေသာသူတို႔ရဲ႕ ရပ္တည္ခ်က္၊ အေျခအေနေတြေၾကာင့္သာ ဒါမ်ိဳးေတြ ထုတ္ျပန္တာျဖစ္တယ္။ လက္ေတြ႕ေျမျပင္မွာေတာ့ ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္ၿပီး လိုလားတဲ့အရိပ္အေယာင္ေပါ့ေနာ္ ျပသတာမ်ိဳးေတာ့ မရွိေသးပါဘူး” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
ေျမာက္ပိုင္းလက္နက္ကိုင္အဖြဲ႕မ်ားျဖစ္သည့္ MNDAA၊ TNLA တို႔အေနျဖင့္ ၿငိမ္းခ်မ္းေရးကို အမွန္တကယ္လိုလားေၾကာင္း လက္ေတြ႕ျပသႏိုင္မွသာ ေဆြးေႏြးပြဲမ်ားျဖစ္ေပၚလာႏိုင္ေၾကာင္း ၎က ဆက္လက္ေျပာသည္။
ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA ႏွင့္ တအာင္းလက္နက္ကိုင္အဖြဲ႕ TNLA ပူးေပါင္းအဖြဲ႕တို႔သည္ ၿပီးခဲ့ေသာ ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာ ၂၇ ရက္တြင္ ၁၀၂၇ စစ္ဆင္ေရးအမည္ျဖင့္ ရွမ္းေျမာက္ေဒသ၌ တိုက္ပြဲမ်ားကို အျပင္းအထန္စတင္ေဖာ္ေဆာင္ခဲ့သည္။ အဆိုပါစစ္ဆင္ေရးအတြင္း ေျမာက္ပိုင္းလက္နက္ကိုင္အဖြဲ႕မ်ားသည္ ေလာက္ကိုင္၊ လားရႈိး၊ ေနာင္ခ်ိဳ၊ ေက်ာက္မဲ၊ မိုးကုတ္ စသည့္ၿမိဳ႕မ်ားကို ထိန္းခ်ဳပ္ႏိုင္ခဲ့ေသာ္လည္း တပ္မေတာ္ဘက္က ေလေၾကာင္းထိုးစစ္ဆင္မႈမ်ားျဖင့္ အျပင္းအထန္ျပန္ လည္တုံ႔ျပန္ေနသည္ကို ေတြ႕ရွိရသည္။
တပ္မေတာ္၏ ျပင္းထန္သည့္ေလေၾကာင္းထိုးစစ္မ်ားႏွင့္ပတ္သက္၍ အမွန္တကယ္ထိေရာက္မႈရွိ၊ မရွိေမးခြန္းထုတ္ေနမႈမ်ားကို နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက “အခ်ိဳ႕ေနရာေတြမွာေတာ့ အမ်ားအားျဖင့္ ထိေရာက္မႈရွိပါတယ္။ တခ်ိဳ႕ေနရာေတြမွာေတာ့ ကြၽန္ေတာ္တို႔ ရရွိတဲ့သတင္း ေနာက္က်တဲ့အတြက္ေၾကာင့္ အခ်ိန္မီေရာက္ရွိႏိုင္မႈအားနည္းခ်က္ေလးေတြေတာ့ ရွိတယ္လို႔ပဲ ေျပာခ်င္ပါတယ္” ဟု တုံ႔ျပန္ထားသည္။
ယခုရက္ပိုင္းအတြင္း၌ တပ္မေတာ္ဘက္က MNDAA ႏွင့္ TNLA အဖြဲ႕ဝင္မ်ားရွိရာ ေဒသမ်ားကို ေလေၾကာင္းထိုးစစ္ဆင္မႈမ်ား ရပ္တန႔္ထားသည္ကို ေတြ႕ရေသာ္လည္း ၎အဖြဲ႕ဝင္မ်ားအေနျဖင့္ စိုးရိမ္မႈမ်ားလြန္ကဲေနေၾကာင္း ေဝဖန္ေျပာဆိုမႈမ်ား လည္းရွိေနသည္။ အျခားတစ္ဖက္တြင္လည္း တ႐ုတ္အစိုးရသည္ ေျမာက္ပိုင္းလက္နက္ကိုင္အဖြဲ႕မ်ား မွီခိုအားထားေနသည့္ နယ္စပ္ဂိတ္မ်ားကို အကန႔္အသတ္မရွိ ပိတ္ဆို႔ကာ ဖိအားေပးေနလ်က္ရွိသည္။
ယခုဒီဇင္ဘာလ ပထမပတ္အတြင္း၌ ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA သည္ ျပည္တြင္းစစ္ေရးပဋိပကၡကို ႏိုင္ငံေရး နည္းလမ္းျဖင့္ ေျဖရွင္းရန္လိုလားပါေၾကာင္း ထုတ္ျပန္ထားၿပီး ဒီဇင္ဘာ ၃ ရက္မွစတင္ကာ ၎တပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ ခ်က္ခ်င္းအပစ္အခတ္ရပ္စဲမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထား သည္။
ၿပီးခဲ့ေသာကာလမ်ားတြင္ တ႐ုတ္ႏိုင္ငံ၏ ၾကားဝင္ေစ့စပ္ေပးမႈျဖင့္ ေျမာက္ပိုင္းလက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ တပ္မေတာ္တို႔အၾကား အပစ္အခတ္ရပ္စဲေသာ ဟိုင္ဂင္သေဘာတူညီခ်က္ကို ရရွိခဲ့ေသာ္လည္း MNDAA ႏွင့္ TNLA အဖြဲ႕တို႔သည္ ၎သေဘာတူညီခ်က္ကို ေျပာင္ေျပာင္တင္းတင္းခ်ိဳးေဖာက္ခဲ့ဖူးသည့္ ရာဇဝင္ရွိထားသည္။