YouTube ပလက်ဖောင်းမှာ ကြည့်ရှုသူသန်း(၃၀၀)ကျော်သွားပြီး မှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့တဲ့ IVE အဖွဲ့ရဲ့ ‘After Like’သီချင်း

 385

Pika (NP News) - ဒီဇင်ဘာ ၅

တောင်ကိုရီးယား အမျိုးသမီးအဆိုတော်အဖွဲ့ IVE ၏ "After LIKE" သီချင်းသည် YouTube ပလက် ဖောင်းတွင် ကြည့်ရှုသူသန်း(၃၀၀)ကျော်သွားခဲ့ပြီးနောက် မှတ်တိုင်အသစ်တစ်ခုကို ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါအောင်မြင်မှုကို Starship Entertainment ကုမ္ပဏီက ပြီးခဲ့သည့် ဒီဇင်ဘာလ(၃)ရက်တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Starship Entertainment ကုမ္ပဏီက "(၂၀၂၂)ခုနှစ် ဩဂုတ်လ(၂၂)ရက်မှာ ထွက်ရှိခဲ့တဲ့ IVE အဖွဲ့ရဲ့ ‘After LIKE’ သီချင်းဟာ YouTube ပလက်ဖောင်းမှာ ကြည့်ရှုမှုသန်း(၃၀၀)ကျော်သွားခဲ့ပါပြီ"ဟု ထုတ်ပြန်ကြေညာခဲ့သည်။

‘After LIKE’ သီချင်းသည် EDM၊ ပေါ့ပ်တို့နှင့် ရောစပ်ထားသည့် သီချင်းတစ်ပုဒ်ဖြစ်ကြောင်းသိရသည်။‘After LIKE’ သီချင်းထွက်ရှိပြီးနောက် Melon၊ Genie၊ Bugs၊ Flo၊ Vibe၊ Spotify Korea နှင့် YouTube Music Korea ပလက်ဖောင်းတို့တွင် Perfect All-Kill (PAK)ဆိုသည့် အောင်မြင်မှုကို ရရှိခဲ့ကြောင်းသိရသည်။ ထို့ပြင် IVE ၏ "After LIKE"သီချင်းသည် ဂီတရှိုးအမျိုးမျိုးမှ ဆုပေါင်း(၁၄)ဆုကို ရယူနိုင်ခဲ့ကြောင်းလည်း သိရသည်။

"After LIKE"သီချင်းသည် Billboard ၏ 'Global 200' ဇယားတွင် အဆင့်(၂၀)နေရာဖြင့် သီတင်းပတ်(၁၇)ပတ်ကြာအဆင့်ဝင်ခဲ့ပြီး ‘Global Excl. U.S.’ဇယားတွင် အဆင့်(၉)နေရာဖြင့် သီတင်းပတ်(၂၅)ပတ်ကြာ အဆင့်ဝင်ခဲ့ကြောင်းသိရသည်။ အဆိုပါကာလများအတွင်း IVE အဖွဲ့သည် နိုင်ငံပေါင်း(၁၉)နိုင်ငံရှိ မြို့ပေါင်း(၂၈)မြို့တွင် ရှိုးပွဲ(၃၇)ပွဲနှင့်အတူ ၎င်းတို့၏(၂၀၂၃)ခုနှစ် ကမ္ဘာလှည့်ဖျော်ဖြေပွဲကို အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်တွင် IVE အဖွဲ့သည် (၂၀၂၄)ခုနှစ် ဇန်နဝါရီလတွင် ၎င်းတို့၏ comeback အတွက် ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

zawgyi version
YouTube ပလက္ေဖာင္းမွာ ၾကည့္ရႈသူသန္း(၃၀၀)ေက်ာ္သြားၿပီး မွတ္တိုင္တစ္ခုစိုက္ထူႏိုင္ခဲ့တဲ့ IVE အဖြဲ႕ရဲ႕ ‘After Like’သီခ်င္း
Pika (NP News) - ဒီဇင္ဘာ ၅

ေတာင္ကိုရီးယား အမ်ိဳးသမီးအဆိုေတာ္အဖြဲ႕ IVE ၏ "After LIKE" သီခ်င္းသည္ YouTube ပလက္ ေဖာင္းတြင္ ၾကည့္ရႈသူသန္း(၃၀၀)ေက်ာ္သြားခဲ့ၿပီးေနာက္ မွတ္တိုင္အသစ္တစ္ခုကို ရရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါေအာင္ျမင္မႈကို Starship Entertainment ကုမၸဏီက ၿပီးခဲ့သည့္ ဒီဇင္ဘာလ(၃)ရက္တြင္ ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ Starship Entertainment ကုမၸဏီက "(၂၀၂၂)ခုႏွစ္ ဩဂုတ္လ(၂၂)ရက္မွာ ထြက္ရွိခဲ့တဲ့ IVE အဖြဲ႕ရဲ႕ ‘After LIKE’ သီခ်င္းဟာ YouTube ပလက္ေဖာင္းမွာ ၾကည့္ရႈမႈသန္း(၃၀၀)ေက်ာ္သြားခဲ့ပါၿပီ"ဟု ထုတ္ျပန္ေၾကညာခဲ့သည္။

‘After LIKE’ သီခ်င္းသည္ EDM၊ ေပါ့ပ္တို႔ႏွင့္ ေရာစပ္ထားသည့္ သီခ်င္းတစ္ပုဒ္ျဖစ္ေၾကာင္းသိရသည္။‘After LIKE’ သီခ်င္းထြက္ရွိၿပီးေနာက္ Melon၊ Genie၊ Bugs၊ Flo၊ Vibe၊ Spotify Korea ႏွင့္ YouTube Music Korea ပလက္ေဖာင္းတို႔တြင္ Perfect All-Kill (PAK)ဆိုသည့္ ေအာင္ျမင္မႈကို ရရွိခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ IVE ၏ "After LIKE"သီခ်င္းသည္ ဂီတရႈိးအမ်ိဳးမ်ိဳးမွ ဆုေပါင္း(၁၄)ဆုကို ရယူႏိုင္ခဲ့ေၾကာင္းလည္း သိရသည္။

"After LIKE"သီခ်င္းသည္ Billboard ၏ 'Global 200' ဇယားတြင္ အဆင့္(၂၀)ေနရာျဖင့္ သီတင္းပတ္(၁၇)ပတ္ၾကာအဆင့္ဝင္ခဲ့ၿပီး ‘Global Excl. U.S.’ဇယားတြင္ အဆင့္(၉)ေနရာျဖင့္ သီတင္းပတ္(၂၅)ပတ္ၾကာ အဆင့္ဝင္ခဲ့ေၾကာင္းသိရသည္။ အဆိုပါကာလမ်ားအတြင္း IVE အဖြဲ႕သည္ ႏိုင္ငံေပါင္း(၁၉)ႏိုင္ငံရွိ ၿမိဳ႕ေပါင္း(၂၈)ၿမိဳ႕တြင္ ရႈိးပြဲ(၃၇)ပြဲႏွင့္အတူ ၎တို႔၏(၂၀၂၃)ခုႏွစ္ ကမာၻလွည့္ေဖ်ာ္ေျဖပြဲကို ေအာင္ျမင္စြာ ၿပီးဆုံးခဲ့ေၾကာင္း သိရသည္။ လက္ရွိအခ်ိန္တြင္ IVE အဖြဲ႕သည္ (၂၀၂၄)ခုႏွစ္ ဇန္နဝါရီလတြင္ ၎တို႔၏ comeback အတြက္ ျပင္ဆင္မႈမ်ားကို လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.