နိုင်ငံတော်အလံကို ဟန်ပြအသုံးချ မျက်နှာချိုသွေးနေသော MNDAA ၏ အတွင်းမျက်နှာဖုံး
9305
မြူနစ် (NP News) - ဒီဇင်ဘာ ၉
ရှမ်းမြောက်ဒေသတိုက်ပွဲများကို အဓိက ဦးဆောင်သူဖြစ်သော ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA သည် ယခုရက်ပိုင်းအတွင်း၌ နိုင်ငံရေးတွေ့ဆုံဆွေးနွေးလိုကြောင်း ပြောဆိုနေသကဲ့သို့ မြန်မာနိုင်ငံတော်အလံကိုလည်း လားရှိုးမြို့ပေါ်တွင် ပေါ်ပေါ်ထင်ထင် ပြန်လည်လွှင့်ထူပြလျက်ရှိ နေသည်။ မည်သည့်အတွက်ကြောင့် (၁၀၂၇)စစ်ဆင်ရေး အတွင်း၌ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA သည် (၂၀ဝ၈)ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ပြဋ္ဌာန်း သတ်မှတ်ထားသော လောက်ကိုင်မြို့နယ်နှင့် ကုန်းကြမ်းမြို့တို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည့်အပြင် ချင်းရွှေဟော်၊ ကွမ်းလုံ စသည့်မြို့များကိုပါ တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။
ကိုးကန့်လက်နက်ကိုင်အဖွဲ့သည် လောက်ကိုင် မြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးချိန်တွင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ဟိုင်ဂင်ဆိုသည့်သဘောတူ ညီချက်ကို MNDAA၊ TNLA ၊ AA နှင့် တပ်မတော်တို့ အကြားရရှိကာ (၂၀၂၄)ခုနှစ်၊ ဇန်နဝါရီ (၁၁)ရက်၊ ညပိုင်းမှစတင်ကာ နှစ်ဖက်ပစ်ခတ်တိုက် ခိုက်မှုများကို ယာယီရပ်စဲခဲ့ကြသည်။
အဆိုပါ ဟိုင်ဂင်သဘောတူညီချက်အရ ပစ်ခတ် တိုက်ခိုက်မှုများကိုရပ်စဲကာ နယ်စပ်ကုန်သွယ်လုပ် ငန်းများကို ပြန်လည်စတင်နိုင်ရန် ဆက်လက် ဆွေး နွေးဆဲကာလ (၆)လနီးပါးခန့်အကြာ ဇွန်(၂၅)ရက် တွင် တအာင်းလက်နက်ကိုင် TNLA ပူးပေါင်းအဖွဲ့ သည် (၁၀၂၇)စစ်ဆင်ရေး(ဒုတိယအပိုင်း)ကို ပြန် လည်ဖော်ဆောင်ကာ တိုက်ပွဲများကို စတင်ခဲ့သည်။
တရုတ်အစိုးရက ကြားဝင်ပေးမှုဖြင့်ရရှိလာ သည့် ဟိုင်ဂင်သဘောတူညီချက်ကို TNLA နှင့်အတူ MNDAA အဖွဲ့တို့သည် ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့ပြီး ဇူလိုင်(၃)ရက်မှစတင်ကာ ဖုန်တာ ရွှင့်ဦးဆောင်သော MNDAA နှင့်ပူးပေါင်းအဖွဲ့ သည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ရှိရာ လားရှိုးမြို့ကို တိုက်ပွဲဖော်ခဲ့သည်။
ယင်းကဲ့သို့ တိုက်ပွဲပြန်လည်ဖော်ဆောင်ခဲ့ သည့်အတွက် MNDAA နှင့်ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့ကို တစ်လကျော်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။ ထိုကဲ့သို့ လားရှိုးမြို့ကို ထိန်းချုပ်ပြီးနောက်ပိုင်းတွင် တရုတ်အစိုးရက နယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းများကို အကန့်အသတ်မရှိပိတ်ဆို့ခြင်းအပါအဝင် ကိုးကန့်လက်နက်ကိုင်ခေါင်းဆောင် ဖုန်တာရွှင့်ကိုပါ တရုတ်သို့ခေါ်ဆောင်ကာ ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြင့် ဖိအားပေးခဲ့သည်ကို တွေ့ရသည်။
အလားတူ မြန်မာ့တပ်မတော်ဘက်ကလည်း MNDAA ထိန်းချုပ်ထားရာဒေသများကို လေကြောင်း တိုက်ခိုက်မှုများ အပြင်းအထန်ပြုလုပ်ခဲ့သကဲ့သို့ ဖြတ်(၄)ဖြတ်စနစ်ကိုလည်း တင်းတင်းကြပ်ကြပ်လုပ် ဆောင်ခဲ့သည်ကို တွေ့ရပြန်သည်။
ထိုသို့ မြန်မာ-တရုတ်ပူးတွဲဖိအားဒဏ်ကို အပြင်းအထန်ခံစားနေရသည့် MNDAA အဖွဲ့သည် နိုင်ငံရေး တွေ့ဆုံဆွေးနွေးလိုကြောင်းကို (၃)ကြိမ် ထက်မနည်း ထုတ်ပြန်ကြေညာခဲ့သည့်အပြင် NUG နှင့်ပါ ဆက်ဆံမည်မဟုတ်ကြောင်းကို ထည့်သွင်း ထုတ်ပြန်ခဲ့သည်။
ထို့ပြင် MNDAA အဖွဲ့သည် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးလိုပါကြောင်းကို ထုတ်ပြန်ပြောဆိုနေမှု နှင့်အတူ မြန်မာနိုင်ငံတော်အလံများကိုလည်း လားရှိုးမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများတွင် ပြန်လည်လွှင့်ထူ ပြသလာမှုများကို တစ်ပြိုင်နက်တည်းတွေ့မြင်ရသည်။
MNDAA အဖွဲ့အနေဖြင့် နိုင်ငံတော်မှ ခွဲထွက်ကာ နိုင်ငံသစ်ထူထောင်ခြင်းကို ပြုလုပ်မည် မဟုတ် ဘဲ စစ်မှန်သည့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တောင်းဆိုခြင်းသာဖြစ်သည်ဟု ၎င်းတို့၏ လတ်တလော ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိ မြန်မာနိုင်ငံ၏တည်ဆဲ (၂၀ဝ၈)ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုးကန့်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသသည် လောက်ကိုင်မြို့နယ်နှင့် ကုန်းကြမ်းမြို့တို့သာဖြစ်ကြောင်း ပြဋ္ဌာန်းထားပြီး လက်နက်ကိုင်ကာ နယ်မြေလုလာသည့်လုပ်ရပ်များကို လက်ခံမှာမဟုတ်ကြောင်း နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားဖူးသည်။
ဤနေရာတွင် ဟိုင်ဂင်သဘောတူညီချက်ကို ချိုးဖောက်ခဲ့သည့် MNDAA အဖွဲ့အပေါ် ပြန်လည်ယုံ ကြည်မှုပေးနိုင်ရန်အတွက် စဉ်းစားမေးခွန်းထုတ်စရာများရှိနေသကဲ့သို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအပြင်ဘက်တွင်ရှိနေသည့် လားရှိုးမြို့ခံများ၏ အခြေအနေနှင့်သဘောထားများကို မေးမြန်းစုံစမ်း ရန် လိုအပ်ပေမည်။
“ အခုနိုင်ငံတော်အလံထောင်တယ်ဆိုတာက ဒီလိုပေါ့။ အခုနောက်ပိုင်း ကိုးကန့်ရဲ့ထုတ်ပြန်ချက် တွေ ပေါ်လာပြီးတဲ့နောက်မှာ နေရာတော်တော်များ များမှာ ထောင်လာတာပေါ့။ သူတို့နဲ့တွေ့ဆုံဆွေး နွေးမယ်၊ ဘာညာနောက်မှာ နေရာတော်တော်များ များမှာပေါ့။ အလံတွေ ပြန်ထောင်လာတာ။ မြို့ တော်ခန်းမဆိုရင် ပတ်လည်ထောင်ထားတယ်။ ကျွန် တော့်အထင်ကတော့ ဆွေးနွေးဖို့အတွက်ကို Forshow ပေါ့ဗျာ။ မြင်ကောင်းအောင်လုပ်တယ်လို့ပဲ ထင်တယ်။ သူတို့ကြေညာချက်ထဲမှာ မြန်မာနိုင်ငံ ကနေ ခွဲမထွက်ဘူးဆိုတဲ့ဟာလေ ဆိုတဲ့အခါကျတော့ အဲဒီလိုမျိုးပေါ့ဗျာ။ မြန်မာနိုင်ငံထဲက ခွဲမထွက်ပါ ဘူးလို့ အမည်လည်း ခံထားတယ်။ နောက်တစ်ချက်က ဆွေး နွေးဖို့စိုင်းပြင်းနေတဲ့အခါကျတော့ လူမြင် ကောင်းအောင် Forshow ပေါ့ဗျာ။ အဲဒီလို အလံထောင် တယ်လို့ပဲမြင်တယ်။ ထူးထူးခြားခြားကြီးတော့ မဟုတ် လောက်ဘူးဗျ ” ဟု ယုံကြည်စိတ်ချရသည့် လား ရှိုးမြို့ခံက NP News ကို ပြောသည်။
လက်ရှိတွင် လားရှိုးမြို့ပေါ်၌ ကိုးကန့်လက်နက် ကိုင် MNDAA အဖွဲ့ဝင်များ နည်းပါးသွားသော် လည်း ဒေသခံ PDF အဖွဲ့ဝင်များကို အနက်ရောင် ယူနီဖောင်းဝတ်ဆင်ပေးကာ တစ်လလျှင် တစ်ဦးကို ယွမ်ငွေ(၃၀ဝ)နှုန်းပေးကာ လုံခြုံရေးဆောင်ရွက်ခိုင်း နေမှုများရှိကြောင်း သိရသည်။
ဆက်လက်ပြီး လားရှိုးမြို့ခံက “အခု ကိုးကန့် အင်အားက တော်တော်ကိုနည်းသွားတယ်။ ကြောက် နေရတာက PDF ကို ကြောက်နေရတာ။ အဲဒီမှာ မိန်းကလေးတွေ၊ ယောကျာ်လေးတွေရှိတယ်။ သူတို့ က ရပ်ကွက်တွေထဲမှာ အနက်ဝတ်စုံတွေနဲ့။ သူတို့က တစ်လယွမ် (၃၀ဝ)ရတယ်ပြောတယ်။ ရပ်ကွက်ထဲမှာ ရှိတဲ့ အလုပ်လက်မဲ့တွေ၊ ဟိုအရင်တုန်းက ပန်းရံ လုပ်တဲ့ကောင်တွေလည်း ယူနီဖောင်းအမည်းလေးနဲ့ ဆိုင်ကယ်လေးနဲ့ လုံခြုံရေးလိုလို၊ ဘာလိုလိုပေါ့။ အဓိ ကတော့ ဒီကောင်တွေ ဘာတွေလုပ်ရသလဲဆို တော့ ဥပမာဆိုပါတော့ ဗုံးကြဲလိုက်တာတို့၊ ဘာတို့ဆိုရင် အဲဒီကောင်တွေကို ဆက်သွယ်ရေးနဲ့ လှမ်းခေါ် ပြီးတော့ အဲဒီနေရာတွေကိုသွားပြီး သန့်ရှင်းရေးလိုက် လုပ်ခိုင်းတာ။ အဲဒီလိုခိုင်းတာပေါ့” ဟု ပြောသည်။
လက်ရှိအချိန်တွင် ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA သည် လားရှိုးမြို့မှတစ်ဆင့် ပြန်လည် ဆုတ်ခွာသွားဟန်ပြုနေသော်လည်း မြေပြင် အခြေအနေတွင်မူ လားရှိုးမြို့၌ အုပ်ချုပ်ရေးယန္တရား များကို စတင်နေခြင်း၊ လျှပ်စစ်မီးပေးရန်အတွက် ပြင် ဆင်နေခြင်း၊ နေထိုင်ခွင့်ကတ်လုပ်ခိုင်းရန် ပြင်ဆင်နေ ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်နေကြောင်းလည်း ဒေသခံများက ဆိုသည်။
ယင်းကဲ့သို့ အမှန်တကယ်မြေပြင်အခြေအနေများကြောင့် MNDAA အဖွဲ့သည် လားရှိုးမြို့မှပြန် လည်ဆုတ်ခွာသွားဖွယ် မရှိသေးကြောင်း ဒေသခံ များက ထင်မြင်ယူဆနေကြသည်။
“ကိုးကန့်ကတော့ ဒီနေရာကနေ ပြန်ဆုတ်သွားဖို့ အစီအစဉ်မရှိဘူးဆိုတဲ့သဘောမျိုး။ သူတို့ ညှိနှိုင်း ဆွေးနွေးမှုမအောင်မြင်လို့ ပြန်ဆုတ်ရင်ဆုတ်သွား မယ်။ သူတို့သဘောနဲ့ ပြန်ဆုတ်စရာတော့ အကြောင်း မရှိဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့အုပ်ချုပ်ရေး တွေ ပြန်တည်ဆောက်နေတာရှိတယ်ဗျာ။ အုပ်ချုပ် ရေးပိုင်းတွေ လုပ်နေတယ်။ နောက်တစ်ခါ မီးကိစ္စတွေ၊ ဗုံးကြဲတုန်းက လားရှိုးဈေးတို့၊ ရပ်ကွက်(၅)ဈေး တို့က အကုန်လုံးပြန်ရှင်းပြီးပြီ။ အကုန်လုံးသန့်ရှင်း ရေးတွေလုပ်ပြီးတော့မှ အဆောက်အအုံတွေတော့ ပြန်မဆောက်သေးဘူးပေါ့ဗျာ။ လမ်းဘေးမှာရောင်း နေတဲ့ဈေးသည်တွေဆိုရင် ဈေးအတွင်းထဲမှာပြန် ရောင်းဖို့လည်းစည်းကမ်းတွေ သူတို့လုပ်နေတာရှိတယ်။ အဓိကတော့ သူတို့ရဲ့အုပ်ချုပ်ရေးကိုတည် ဆောက်နေတာပေါ့” ဟု လားရှိုးမြို့ခံက သုံးသပ်သည်။
ကိုးကန့်လက်နက်ကိုင် MNDAA အနေဖြင့် အမှန်တကယ်ငြိမ်းချမ်းရေးကိုလိုလား၍ နိုင်ငံရေး တွေ့ဆုံဆွေးနွေးလိုပါက လားရှိုးမြို့ပေါ်ရှိ ၎င်းနှင့် ဆက်စပ်နေသည့် လက်နက်ကိုင်များအားလုံးသည် မူလနေရာတပ်စခန်းသို့ ရက်ပိုင်းအတွင်း အပြီးဆုတ် ခွာသွားရန်လိုအပ်မည်ဖြစ်သည်။ ထို့ပြင် ၎င်းတို့ဖော် ဆောင်သည့်တိုက်ပွဲကြောင့် လားရှိုးမြို့၌ ပျက်စီးထိ ခိုက်သွားသော အဆောက်အအုံမှန်သမျှကို ပြန်လည် လျော်ပေးရန် လိုအပ်မည်ဖြစ်သကဲ့သို့ တိုက်ပွဲကြောင့် သေကျေထိခိုက်ခဲ့သူများနှင့် နေရပ်စွန့်ခွာ ထွက် ပြေးခဲ့ရသူများကို အများသူငါရှေ့မှောက်တွင် ပြန်လည် ဝန်ချတောင်းပန်ရန်လည်း လိုအပ်မည်ဖြစ်သည်။
နိုင်ငံရေးတွေ့ဆုံဆွေးနွေးလိုကြောင်း မကြာခဏဆိုသကဲ့သို့ ထုတ်ပြန်တောင်းဆိုနေသည့် MNDAA နှင့် TNLA အဖွဲ့တို့၏ အခြားတစ်ဖက် နစကအစိုးရ၏ သဘောထားကိုလည်း အလျဉ်းသင့် သည့်အတွက် ဤနေရာ၌ဖော်ပြပေးချင်သည်။ ၎င်းမှာ မြောက်ပိုင်းအဖွဲ့များဖြစ်သော MNDAA နှင့် TNLA တို့သည် ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားကြောင်း “တကယ့်မြေပြင်လက်တွေ့၌ ပြသတာမျိုး မရှိသေး” ဟု နစကပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက NP News ကို ယခု ရက်ပိုင်း၌ပင် ပြောကြား သည်။
“ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ တရုတ်နိုင်ငံ တော်ဝန်ကြီးချုပ်နဲ့တွေ့တဲ့အခါမှာလည်း ငြိမ်းချမ်း ရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ သဘောထားကို ထုတ်ပြန်ပြောဆိုပြီးဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ရော၊ မြန်မာနိုင်ငံအစိုးရအနေနဲ့ရော ယခင်ကတည်း ကအတိုင်း၊ ဒီကိစ္စတွေ မစတင်ခင်ကအတိုင်း ဆွေး နွေးညှိနှိုင်းရေးလမ်းစဉ်ကို ကျွန်တော်တို့ဖိတ်ခေါ်ခဲ့ တာရှိတယ်။ ဒီနောက်ပိုင်းမှာလည်း ဆွေးနွေးရေး လမ်းစဉ်ကို သီးသန့်ဖိတ်ခေါ်ခဲ့တာမျိုးရှိပါတယ်။ ဒီ မြောက်ပိုင်းအဖွဲ့တွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံ တော် ဝန်ကြီးချုပ်နဲ့တွေ့တဲ့အခါမှာလည်း ပြောခဲ့တာ က သူတို့အနေနဲ့ ငြိမ်းချမ်းရေးကိုလိုလားတယ်ဆို တဲ့ အကြောင်းကို လက်တွေ့ပြသနိုင်တဲ့ လုပ်ဆောင်ချက် မျိုးတွေရှိဖို့လိုတယ်လို့ ပြောခဲ့ပြီးဖြစ်တယ်။ ဒီအဖွဲ့ တွေအနေနဲ့က ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ အခြားသော သူတို့ရဲ့ ရပ်တည်ချက်၊ အခြေအနေ တွေ ကြောင့်သာ ဒါမျိုးတွေထုတ်ပြန်တာဖြစ်တယ်။ လက်တွေ့မြေပြင်မှာတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက် ပြီး လိုလားတဲ့အရိပ်အယောင်ပေါ့နော် ပြသတာမျိုးတော့ မရှိသေးပါဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ရှမ်းမြောက်ဒေသတွင် MNDAA ၊ TNLA တို့အနေဖြင့် လက်နက်ဖြင့် တိုက်ခိုက်ရယူခဲ့သည့် မြို့ ဒေသ များရှိ ဒေသခံပြည်သူများ၏အခြေအနေများကို အနည်းငယ်ဖော်ထုတ်ချင်သည်။ ဒေသခံပြည်သူများ သည် အဆိုပါလက်နက်ကိုင်အဖွဲ့များ၏ ကြီးလေးသော အခွန်အခဒဏ်၊ မတရားတပ်သား သစ်စုဆောင်း နေသည့်ဒဏ်၊ အဓမ္မဖမ်းဆီးနှိပ်စက်နေသည့်ဒဏ်များကို အလူးအလဲခံနေကြရသည်။
(၁၀၂၇) စစ်ဆင်ရေးကာလအတွင်း ရှမ်းမြောက်ဒေသ၌ လှည့်လည်စစ်ဘေးရှောင်နေရသူ တစ်ဦး က ယခုကဲ့သို့ဆိုသည်။ “ ဒေသခံတွေအနေနဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် စစ်တပ် မကြိုက်ဘူးသာ တောပြောတောင်ပြော ပြောတာ။ အခုစစ်တပ်ကို ပြန် လာနေမှရမယ်ဆိုတာ သူတို့သိသွားပြီ။ အခွန် အထုပ်တွေများတယ်။ မထင်ရင် မထင်သလိုပေါ့ သူလျှိုတို့၊ ဒလန်တို့ဆိုတာက သိပ်ပြဿနာ ကြီးတာ။ ဒီကောင်တွေက ဥပဒေမရှိဘူးလေဗျာ။ ဒေသခံတွေကတော့ ဒီရှမ်းမြောက်တစ်ခုလုံး ကွတ်ခိုင်လည်း အတူတူပဲ ဒေသခံတွေကတော့ မကြိုက်ဘူး။ ကုန်ဈေးနှုန်းတ အားကြီးတယ်။ အခုတော့ ပြန်တမ်းတ နေတာပေါ့။ အဓိကမကြိုက်ရတဲ့အကြောင်းအရင်းက ဥပဒေ မရှိဘူးဗျာ။ အခွန်အခတွေကိုလည်း မထင် ရင်မထင်သလိုကောက်တယ်ဗျာ။ မထင်ရင်မ ထင်သလိုဖမ်းပြီး ရိုက်တာနှက်တာ အဲဒီလိုမျိုးတွေရှိတယ်။ အဲဒါကို ဒေသခံတွေကလည်း မကြိုက်ကြဘူးဗျ” ဟု ပြောသည်။
အထက်ပါကဲ့သို့သော မတရားမှုများသည် လက်နက်ကိုင်ဝါဒကြောင့် ဆင်းသက်လာခြင်းပင်ဖြစ် သည်။ ယခင် “ မင်း” ထက် နောက် “ မင်း ” ကောင်း လိမ့်မည်လားဟု မျှော်လင့်မိခဲ့ကြသော ရှမ်း မြောက် ဒေသခံအများအစုသည် နောင်တရနေကြပြီဖြစ်သည်။ ယခုလို နောင်တရနေပြီဖြစ်သည့် ရှမ်း မြောက်ဒေသ ခံအများအစုအတွက် နစကအစိုးရက မည်ကဲ့သို့ပြန်လည်ကုစားပေးမည်ကို စောင့်ကြည့် ရဦးမည်သာ...။
zawgyi version
ႏိုင္ငံေတာ္အလံကို ဟန္ျပအသုံးခ် မ်က္ႏွာခ်ိဳေသြးေနေသာ MNDAA ၏ အတြင္းမ်က္ႏွာဖုံး
ျမဴနစ္ (NP News) - ဒီဇင္ဘာ ၉
ရွမ္းေျမာက္ေဒသတိုက္ပြဲမ်ားကို အဓိက ဦးေဆာင္သူျဖစ္ေသာ ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA သည္ ယခုရက္ပိုင္းအတြင္း၌ ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးလိုေၾကာင္း ေျပာဆိုေနသကဲ့သို႔ ျမန္မာႏိုင္ငံေတာ္အလံကိုလည္း လားရႈိးၿမိဳ႕ေပၚတြင္ ေပၚေပၚထင္ထင္ ျပန္လည္လႊင့္ထူျပလ်က္ရွိ ေနသည္။ မည္သည့္အတြက္ေၾကာင့္ (၁၀၂၇)စစ္ဆင္ေရး အတြင္း၌ ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA သည္ (၂၀ဝ၈)ခုႏွစ္၊ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအျဖစ္ ျပ႒ာန္း သတ္မွတ္ထားေသာ ေလာက္ကိုင္ၿမိဳ႕နယ္ႏွင့္ ကုန္းၾကမ္းၿမိဳ႕တို႔ကို တိုက္ခိုက္သိမ္းပိုက္ခဲ့သည့္အျပင္ ခ်င္းေ႐ႊေဟာ္၊ ကြမ္းလုံ စသည့္ၿမိဳ႕မ်ားကိုပါ တိုက္ခိုက္ သိမ္းပိုက္ခဲ့သည္။
ကိုးကန႔္လက္နက္ကိုင္အဖြဲ႕သည္ ေလာက္ကိုင္ ၿမိဳ႕ကို တိုက္ခိုက္သိမ္းပိုက္ၿပီးခ်ိန္တြင္ တ႐ုတ္ႏိုင္ငံ၏ ၾကားဝင္ေစ့စပ္ေပးမႈျဖင့္ ဟိုင္ဂင္ဆိုသည့္သေဘာတူ ညီခ်က္ကို MNDAA၊ TNLA ၊ AA ႏွင့္ တပ္မေတာ္တို႔ အၾကားရရွိကာ (၂၀၂၄)ခုႏွစ္၊ ဇန္နဝါရီ (၁၁)ရက္၊ ညပိုင္းမွစတင္ကာ ႏွစ္ဖက္ပစ္ခတ္တိုက္ ခိုက္မႈမ်ားကို ယာယီရပ္စဲခဲ့ၾကသည္။
အဆိုပါ ဟိုင္ဂင္သေဘာတူညီခ်က္အရ ပစ္ခတ္ တိုက္ခိုက္မႈမ်ားကိုရပ္စဲကာ နယ္စပ္ကုန္သြယ္လုပ္ ငန္းမ်ားကို ျပန္လည္စတင္ႏိုင္ရန္ ဆက္လက္ ေဆြး ေႏြးဆဲကာလ (၆)လနီးပါးခန႔္အၾကာ ဇြန္(၂၅)ရက္ တြင္ တအာင္းလက္နက္ကိုင္ TNLA ပူးေပါင္းအဖြဲ႕ သည္ (၁၀၂၇)စစ္ဆင္ေရး(ဒုတိယအပိုင္း)ကို ျပန္ လည္ေဖာ္ေဆာင္ကာ တိုက္ပြဲမ်ားကို စတင္ခဲ့သည္။
တ႐ုတ္အစိုးရက ၾကားဝင္ေပးမႈျဖင့္ရရွိလာ သည့္ ဟိုင္ဂင္သေဘာတူညီခ်က္ကို TNLA ႏွင့္အတူ MNDAA အဖြဲ႕တို႔သည္ ေျပာင္ေျပာင္တင္းတင္း ခ်ိဳးေဖာက္ခဲ့ၿပီး ဇူလိုင္(၃)ရက္မွစတင္ကာ ဖုန္တာ ႐ႊင့္ဦးေဆာင္ေသာ MNDAA ႏွင့္ပူးေပါင္းအဖြဲ႕ သည္ အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္(ရမခ)ရွိရာ လားရႈိးၿမိဳ႕ကို တိုက္ပြဲေဖာ္ခဲ့သည္။
ယင္းကဲ့သို႔ တိုက္ပြဲျပန္လည္ေဖာ္ေဆာင္ခဲ့ သည့္အတြက္ MNDAA ႏွင့္ပူးေပါင္းအဖြဲ႕သည္ လားရႈိးၿမိဳ႕ကို တစ္လေက်ာ္ၾကာ တိုက္ခိုက္ခဲ့ၿပီးေနာက္ သိမ္းပိုက္ထိန္းခ်ဳပ္ႏိုင္ခဲ့သည္။ ထိုကဲ့သို႔ လားရႈိးၿမိဳ႕ကို ထိန္းခ်ဳပ္ၿပီးေနာက္ပိုင္းတြင္ တ႐ုတ္အစိုးရက နယ္စပ္ကုန္သြယ္ေရးဂိတ္စခန္းမ်ားကို အကန႔္အသတ္မရွိပိတ္ဆို႔ျခင္းအပါအဝင္ ကိုးကန႔္လက္နက္ကိုင္ေခါင္းေဆာင္ ဖုန္တာ႐ႊင့္ကိုပါ တ႐ုတ္သို႔ေခၚေဆာင္ကာ ဖမ္းဆီးထိန္းသိမ္းထားျခင္းျဖင့္ ဖိအားေပးခဲ့သည္ကို ေတြ႕ရသည္။
အလားတူ ျမန္မာ့တပ္မေတာ္ဘက္ကလည္း MNDAA ထိန္းခ်ဳပ္ထားရာေဒသမ်ားကို ေလေၾကာင္း တိုက္ခိုက္မႈမ်ား အျပင္းအထန္ျပဳလုပ္ခဲ့သကဲ့သို႔ ျဖတ္(၄)ျဖတ္စနစ္ကိုလည္း တင္းတင္းၾကပ္ၾကပ္လုပ္ ေဆာင္ခဲ့သည္ကို ေတြ႕ရျပန္သည္။
ထိုသို႔ ျမန္မာ-တ႐ုတ္ပူးတြဲဖိအားဒဏ္ကို အျပင္းအထန္ခံစားေနရသည့္ MNDAA အဖြဲ႕သည္ ႏိုင္ငံေရး ေတြ႕ဆုံေဆြးေႏြးလိုေၾကာင္းကို (၃)ႀကိမ္ ထက္မနည္း ထုတ္ျပန္ေၾကညာခဲ့သည့္အျပင္ NUG ႏွင့္ပါ ဆက္ဆံမည္မဟုတ္ေၾကာင္းကို ထည့္သြင္း ထုတ္ျပန္ခဲ့သည္။
ထို႔ျပင္ MNDAA အဖြဲ႕သည္ ႏိုင္ငံေရးအရ ေတြ႕ဆုံေဆြးေႏြးလိုပါေၾကာင္းကို ထုတ္ျပန္ေျပာဆိုေနမႈ ႏွင့္အတူ ျမန္မာႏိုင္ငံေတာ္အလံမ်ားကိုလည္း လားရႈိးၿမိဳ႕ေပၚရွိ ဌာနဆိုင္ရာ႐ုံးမ်ားတြင္ ျပန္လည္လႊင့္ထူ ျပသလာမႈမ်ားကို တစ္ၿပိဳင္နက္တည္းေတြ႕ျမင္ရသည္။
MNDAA အဖြဲ႕အေနျဖင့္ ႏိုင္ငံေတာ္မွ ခြဲထြက္ကာ ႏိုင္ငံသစ္ထူေထာင္ျခင္းကို ျပဳလုပ္မည္ မဟုတ္ ဘဲ စစ္မွန္သည့္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသကို ေတာင္းဆိုျခင္းသာျဖစ္သည္ဟု ၎တို႔၏ လတ္တေလာ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
လက္ရွိ ျမန္မာႏိုင္ငံ၏တည္ဆဲ (၂၀ဝ၈)ခုႏွစ္၊ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ကိုးကန႔္ကိုယ္ပိုင္အုပ္ ခ်ဳပ္ခြင့္ရေဒသသည္ ေလာက္ကိုင္ၿမိဳ႕နယ္ႏွင့္ ကုန္းၾကမ္းၿမိဳ႕တို႔သာျဖစ္ေၾကာင္း ျပ႒ာန္းထားၿပီး လက္နက္ကိုင္ကာ နယ္ေျမလုလာသည့္လုပ္ရပ္မ်ားကို လက္ခံမွာမဟုတ္ေၾကာင္း နစကအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာဆိုထားဖူးသည္။
ဤေနရာတြင္ ဟိုင္ဂင္သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ခဲ့သည့္ MNDAA အဖြဲ႕အေပၚ ျပန္လည္ယုံ ၾကည္မႈေပးႏိုင္ရန္အတြက္ စဥ္းစားေမးခြန္းထုတ္စရာမ်ားရွိေနသကဲ့သို႔ ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသအျပင္ဘက္တြင္ရွိေနသည့္ လားရႈိးၿမိဳ႕ခံမ်ား၏ အေျခအေနႏွင့္သေဘာထားမ်ားကို ေမးျမန္းစုံစမ္း ရန္ လိုအပ္ေပမည္။
“ အခုႏိုင္ငံေတာ္အလံေထာင္တယ္ဆိုတာက ဒီလိုေပါ့။ အခုေနာက္ပိုင္း ကိုးကန႔္ရဲ႕ထုတ္ျပန္ခ်က္ ေတြ ေပၚလာၿပီးတဲ့ေနာက္မွာ ေနရာေတာ္ေတာ္မ်ား မ်ားမွာ ေထာင္လာတာေပါ့။ သူတို႔နဲ႔ေတြ႕ဆုံေဆြး ေႏြးမယ္၊ ဘာညာေနာက္မွာ ေနရာေတာ္ေတာ္မ်ား မ်ားမွာေပါ့။ အလံေတြ ျပန္ေထာင္လာတာ။ ၿမိဳ႕ ေတာ္ခန္းမဆိုရင္ ပတ္လည္ေထာင္ထားတယ္။ ကြၽန္ ေတာ့္အထင္ကေတာ့ ေဆြးေႏြးဖို႔အတြက္ကို Forshow ေပါ့ဗ်ာ။ ျမင္ေကာင္းေအာင္လုပ္တယ္လို႔ပဲ ထင္တယ္။ သူတို႔ေၾကညာခ်က္ထဲမွာ ျမန္မာႏိုင္ငံ ကေန ခြဲမထြက္ဘူးဆိုတဲ့ဟာေလ ဆိုတဲ့အခါက်ေတာ့ အဲဒီလိုမ်ိဳးေပါ့ဗ်ာ။ ျမန္မာႏိုင္ငံထဲက ခြဲမထြက္ပါ ဘူးလို႔ အမည္လည္း ခံထားတယ္။ ေနာက္တစ္ခ်က္က ေဆြး ေႏြးဖို႔စိုင္းျပင္းေနတဲ့အခါက်ေတာ့ လူျမင္ ေကာင္းေအာင္ Forshow ေပါ့ဗ်ာ။ အဲဒီလို အလံေထာင္ တယ္လို႔ပဲျမင္တယ္။ ထူးထူးျခားျခားႀကီးေတာ့ မဟုတ္ ေလာက္ဘူးဗ် ” ဟု ယုံၾကည္စိတ္ခ်ရသည့္ လား ရႈိးၿမိဳ႕ခံက NP News ကို ေျပာသည္။
လက္ရွိတြင္ လားရႈိးၿမိဳ႕ေပၚ၌ ကိုးကန႔္လက္နက္ ကိုင္ MNDAA အဖြဲ႕ဝင္မ်ား နည္းပါးသြားေသာ္ လည္း ေဒသခံ PDF အဖြဲ႕ဝင္မ်ားကို အနက္ေရာင္ ယူနီေဖာင္းဝတ္ဆင္ေပးကာ တစ္လလွ်င္ တစ္ဦးကို ယြမ္ေငြ(၃၀ဝ)ႏႈန္းေပးကာ လုံၿခဳံေရးေဆာင္႐ြက္ခိုင္း ေနမႈမ်ားရွိေၾကာင္း သိရသည္။
ဆက္လက္ၿပီး လားရႈိးၿမိဳ႕ခံက “အခု ကိုးကန႔္ အင္အားက ေတာ္ေတာ္ကိုနည္းသြားတယ္။ ေၾကာက္ ေနရတာက PDF ကို ေၾကာက္ေနရတာ။ အဲဒီမွာ မိန္းကေလးေတြ၊ ေယာက်ာ္ေလးေတြရွိတယ္။ သူတို႔ က ရပ္ကြက္ေတြထဲမွာ အနက္ဝတ္စုံေတြနဲ႔။ သူတို႔က တစ္လယြမ္ (၃၀ဝ)ရတယ္ေျပာတယ္။ ရပ္ကြက္ထဲမွာ ရွိတဲ့ အလုပ္လက္မဲ့ေတြ၊ ဟိုအရင္တုန္းက ပန္းရံ လုပ္တဲ့ေကာင္ေတြလည္း ယူနီေဖာင္းအမည္းေလးနဲ႔ ဆိုင္ကယ္ေလးနဲ႔ လုံၿခဳံေရးလိုလို၊ ဘာလိုလိုေပါ့။ အဓိ ကေတာ့ ဒီေကာင္ေတြ ဘာေတြလုပ္ရသလဲဆို ေတာ့ ဥပမာဆိုပါေတာ့ ဗုံးႀကဲလိုက္တာတို႔၊ ဘာတို႔ဆိုရင္ အဲဒီေကာင္ေတြကို ဆက္သြယ္ေရးနဲ႔ လွမ္းေခၚ ၿပီးေတာ့ အဲဒီေနရာေတြကိုသြားၿပီး သန႔္ရွင္းေရးလိုက္ လုပ္ခိုင္းတာ။ အဲဒီလိုခိုင္းတာေပါ့” ဟု ေျပာသည္။
လက္ရွိအခ်ိန္တြင္ ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA သည္ လားရႈိးၿမိဳ႕မွတစ္ဆင့္ ျပန္လည္ ဆုတ္ခြာသြားဟန္ျပဳေနေသာ္လည္း ေျမျပင္ အေျခအေနတြင္မူ လားရႈိးၿမိဳ႕၌ အုပ္ခ်ဳပ္ေရးယႏၲရား မ်ားကို စတင္ေနျခင္း၊ လွ်ပ္စစ္မီးေပးရန္အတြက္ ျပင္ ဆင္ေနျခင္း၊ ေနထိုင္ခြင့္ကတ္လုပ္ခိုင္းရန္ ျပင္ဆင္ေန ျခင္း စသည့္လုပ္ငန္းမ်ားကို ေဆာင္႐ြက္ေနေၾကာင္းလည္း ေဒသခံမ်ားက ဆိုသည္။
ယင္းကဲ့သို႔ အမွန္တကယ္ေျမျပင္အေျခအေနမ်ားေၾကာင့္ MNDAA အဖြဲ႕သည္ လားရႈိးၿမိဳ႕မွျပန္ လည္ဆုတ္ခြာသြားဖြယ္ မရွိေသးေၾကာင္း ေဒသခံ မ်ားက ထင္ျမင္ယူဆေနၾကသည္။
“ကိုးကန႔္ကေတာ့ ဒီေနရာကေန ျပန္ဆုတ္သြားဖို႔ အစီအစဥ္မရွိဘူးဆိုတဲ့သေဘာမ်ိဳး။ သူတို႔ ညႇိႏႈိင္း ေဆြးေႏြးမႈမေအာင္ျမင္လို႔ ျပန္ဆုတ္ရင္ဆုတ္သြား မယ္။ သူတို႔သေဘာနဲ႔ ျပန္ဆုတ္စရာေတာ့ အေၾကာင္း မရွိဘူး။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔အုပ္ခ်ဳပ္ေရး ေတြ ျပန္တည္ေဆာက္ေနတာရွိတယ္ဗ်ာ။ အုပ္ခ်ဳပ္ ေရးပိုင္းေတြ လုပ္ေနတယ္။ ေနာက္တစ္ခါ မီးကိစၥေတြ၊ ဗုံးႀကဲတုန္းက လားရႈိးေဈးတို႔၊ ရပ္ကြက္(၅)ေဈး တို႔က အကုန္လုံးျပန္ရွင္းၿပီးၿပီ။ အကုန္လုံးသန႔္ရွင္း ေရးေတြလုပ္ၿပီးေတာ့မွ အေဆာက္အအုံေတြေတာ့ ျပန္မေဆာက္ေသးဘူးေပါ့ဗ်ာ။ လမ္းေဘးမွာေရာင္း ေနတဲ့ေဈးသည္ေတြဆိုရင္ ေဈးအတြင္းထဲမွာျပန္ ေရာင္းဖို႔လည္းစည္းကမ္းေတြ သူတို႔လုပ္ေနတာရွိတယ္။ အဓိကေတာ့ သူတို႔ရဲ႕အုပ္ခ်ဳပ္ေရးကိုတည္ ေဆာက္ေနတာေပါ့” ဟု လားရႈိးၿမိဳ႕ခံက သုံးသပ္သည္။
ကိုးကန႔္လက္နက္ကိုင္ MNDAA အေနျဖင့္ အမွန္တကယ္ၿငိမ္းခ်မ္းေရးကိုလိုလား၍ ႏိုင္ငံေရး ေတြ႕ဆုံေဆြးေႏြးလိုပါက လားရႈိးၿမိဳ႕ေပၚရွိ ၎ႏွင့္ ဆက္စပ္ေနသည့္ လက္နက္ကိုင္မ်ားအားလုံးသည္ မူလေနရာတပ္စခန္းသို႔ ရက္ပိုင္းအတြင္း အၿပီးဆုတ္ ခြာသြားရန္လိုအပ္မည္ျဖစ္သည္။ ထို႔ျပင္ ၎တို႔ေဖာ္ ေဆာင္သည့္တိုက္ပြဲေၾကာင့္ လားရႈိးၿမိဳ႕၌ ပ်က္စီးထိ ခိုက္သြားေသာ အေဆာက္အအုံမွန္သမွ်ကို ျပန္လည္ ေလ်ာ္ေပးရန္ လိုအပ္မည္ျဖစ္သကဲ့သို႔ တိုက္ပြဲေၾကာင့္ ေသေက်ထိခိုက္ခဲ့သူမ်ားႏွင့္ ေနရပ္စြန႔္ခြာ ထြက္ ေျပးခဲ့ရသူမ်ားကို အမ်ားသူငါေရွ႕ေမွာက္တြင္ ျပန္လည္ ဝန္ခ်ေတာင္းပန္ရန္လည္း လိုအပ္မည္ျဖစ္သည္။
ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးလိုေၾကာင္း မၾကာခဏဆိုသကဲ့သို႔ ထုတ္ျပန္ေတာင္းဆိုေနသည့္ MNDAA ႏွင့္ TNLA အဖြဲ႕တို႔၏ အျခားတစ္ဖက္ နစကအစိုးရ၏ သေဘာထားကိုလည္း အလ်ဥ္းသင့္ သည့္အတြက္ ဤေနရာ၌ေဖာ္ျပေပးခ်င္သည္။ ၎မွာ ေျမာက္ပိုင္းအဖြဲ႕မ်ားျဖစ္ေသာ MNDAA ႏွင့္ TNLA တို႔သည္ ၿငိမ္းခ်မ္းေရးကို အမွန္တကယ္ လိုလားေၾကာင္း “တကယ့္ေျမျပင္လက္ေတြ႕၌ ျပသတာမ်ိဳး မရွိေသး” ဟု နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက NP News ကို ယခု ရက္ပိုင္း၌ပင္ ေျပာၾကား သည္။
“ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္အေနနဲ႔ တ႐ုတ္ႏိုင္ငံ ေတာ္ဝန္ႀကီးခ်ဳပ္နဲ႔ေတြ႕တဲ့အခါမွာလည္း ၿငိမ္းခ်မ္း ေရးကိစၥေတြနဲ႔ပတ္သက္ၿပီးေတာ့ သေဘာထားကို ထုတ္ျပန္ေျပာဆိုၿပီးျဖစ္ပါတယ္။ တပ္မေတာ္အေနနဲ႔ ေရာ၊ ျမန္မာႏိုင္ငံအစိုးရအေနနဲ႔ေရာ ယခင္ကတည္း ကအတိုင္း၊ ဒီကိစၥေတြ မစတင္ခင္ကအတိုင္း ေဆြး ေႏြးညႇိႏႈိင္းေရးလမ္းစဥ္ကို ကြၽန္ေတာ္တို႔ဖိတ္ေခၚခဲ့ တာရွိတယ္။ ဒီေနာက္ပိုင္းမွာလည္း ေဆြးေႏြးေရး လမ္းစဥ္ကို သီးသန႔္ဖိတ္ေခၚခဲ့တာမ်ိဳးရွိပါတယ္။ ဒီ ေျမာက္ပိုင္းအဖြဲ႕ေတြနဲ႔ ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံ ေတာ္ ဝန္ႀကီးခ်ဳပ္နဲ႔ေတြ႕တဲ့အခါမွာလည္း ေျပာခဲ့တာ က သူတို႔အေနနဲ႔ ၿငိမ္းခ်မ္းေရးကိုလိုလားတယ္ဆို တဲ့ အေၾကာင္းကို လက္ေတြ႕ျပသႏိုင္တဲ့ လုပ္ေဆာင္ခ်က္ မ်ိဳးေတြရွိဖို႔လိုတယ္လို႔ ေျပာခဲ့ၿပီးျဖစ္တယ္။ ဒီအဖြဲ႕ ေတြအေနနဲ႔က ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္ၿပီးေတာ့ အျခားေသာ သူတို႔ရဲ႕ ရပ္တည္ခ်က္၊ အေျခအေန ေတြ ေၾကာင့္သာ ဒါမ်ိဳးေတြထုတ္ျပန္တာျဖစ္တယ္။ လက္ေတြ႕ေျမျပင္မွာေတာ့ ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္ ၿပီး လိုလားတဲ့အရိပ္အေယာင္ေပါ့ေနာ္ ျပသတာမ်ိဳးေတာ့ မရွိေသးပါဘူး” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
ရွမ္းေျမာက္ေဒသတြင္ MNDAA ၊ TNLA တို႔အေနျဖင့္ လက္နက္ျဖင့္ တိုက္ခိုက္ရယူခဲ့သည့္ ၿမိဳ႕ ေဒသ မ်ားရွိ ေဒသခံျပည္သူမ်ား၏အေျခအေနမ်ားကို အနည္းငယ္ေဖာ္ထုတ္ခ်င္သည္။ ေဒသခံျပည္သူမ်ား သည္ အဆိုပါလက္နက္ကိုင္အဖြဲ႕မ်ား၏ ႀကီးေလးေသာ အခြန္အခဒဏ္၊ မတရားတပ္သား သစ္စုေဆာင္း ေနသည့္ဒဏ္၊ အဓမၼဖမ္းဆီးႏွိပ္စက္ေနသည့္ဒဏ္မ်ားကို အလူးအလဲခံေနၾကရသည္။
(၁၀၂၇) စစ္ဆင္ေရးကာလအတြင္း ရွမ္းေျမာက္ေဒသ၌ လွည့္လည္စစ္ေဘးေရွာင္ေနရသူ တစ္ဦး က ယခုကဲ့သို႔ဆိုသည္။ “ ေဒသခံေတြအေနနဲ႔ ပြင့္ပြင့္လင္းလင္းေျပာရရင္ စစ္တပ္ မႀကိဳက္ဘူးသာ ေတာေျပာေတာင္ေျပာ ေျပာတာ။ အခုစစ္တပ္ကို ျပန္ လာေနမွရမယ္ဆိုတာ သူတို႔သိသြားၿပီ။ အခြန္ အထုပ္ေတြမ်ားတယ္။ မထင္ရင္ မထင္သလိုေပါ့ သူလွ်ိဳတို႔၊ ဒလန္တို႔ဆိုတာက သိပ္ျပႆနာ ႀကီးတာ။ ဒီေကာင္ေတြက ဥပေဒမရွိဘူးေလဗ်ာ။ ေဒသခံေတြကေတာ့ ဒီရွမ္းေျမာက္တစ္ခုလုံး ကြတ္ခိုင္လည္း အတူတူပဲ ေဒသခံေတြကေတာ့ မႀကိဳက္ဘူး။ ကုန္ေဈးႏႈန္းတ အားႀကီးတယ္။ အခုေတာ့ ျပန္တမ္းတ ေနတာေပါ့။ အဓိကမႀကိဳက္ရတဲ့အေၾကာင္းအရင္းက ဥပေဒ မရွိဘူးဗ်ာ။ အခြန္အခေတြကိုလည္း မထင္ ရင္မထင္သလိုေကာက္တယ္ဗ်ာ။ မထင္ရင္မ ထင္သလိုဖမ္းၿပီး ႐ိုက္တာႏွက္တာ အဲဒီလိုမ်ိဳးေတြရွိတယ္။ အဲဒါကို ေဒသခံေတြကလည္း မႀကိဳက္ၾကဘူးဗ်” ဟု ေျပာသည္။
အထက္ပါကဲ့သို႔ေသာ မတရားမႈမ်ားသည္ လက္နက္ကိုင္ဝါဒေၾကာင့္ ဆင္းသက္လာျခင္းပင္ျဖစ္ သည္။ ယခင္ “ မင္း” ထက္ ေနာက္ “ မင္း ” ေကာင္း လိမ့္မည္လားဟု ေမွ်ာ္လင့္မိခဲ့ၾကေသာ ရွမ္း ေျမာက္ ေဒသခံအမ်ားအစုသည္ ေနာင္တရေနၾကၿပီျဖစ္သည္။ ယခုလို ေနာင္တရေနၿပီျဖစ္သည့္ ရွမ္း ေျမာက္ေဒသ ခံအမ်ားအစုအတြက္ နစကအစိုးရက မည္ကဲ့သို႔ျပန္လည္ကုစားေပးမည္ကို ေစာင့္ၾကည့္ ရဦးမည္သာ...။