မြန်မာနိုင်ငံရဲ့လက်ရှိအနေအထားနဲ့ အလွန်တူညီလာတဲ့ ဆီးရီးယားနိုင်ငံ အနာဂတ်
2435
Htay Oung (NP News) - ဒီဇင်ဘာ ၉
ဆီးရီယားနိုင်ငံမှာ သမ္မတဘာရှာ အယ်လ်အာဆတ်ထွက်ပြေးရခြင်းမှာ “၂ဝ၁၁ ခုနှစ် အာဏာရှင်ဖယ်ရှားမှု အာရပ် နွေဦးတော်လှန်ရေး” အောင်ပွဲအဖြစ် ပြည်ပြေးမီဒီယာများနှင့် နိုင်ငံရေးလေ့လာသူအချို့က ပြောဆိုနေကြပါတယ်။ အဲဒါဟာ “ဘင်္ဂလားဒေ့ရှ်မှာ ရှိတ်ဟာနာ ထွက်ပြေးရလို့ မြန်မာနစကကို တရုတ်က အောက်ကျို့လာရခြင်း” နည်းတူ ပထဝီနိုင်ငံရေးနဲ့အချက်အလက်မှန်များကို မျက်ကွယ်ပြုကာ မှားယွင်းသုံးသပ်ခြင်းသာဖြစ်ပါတယ်။
သြဇာကြီးမားတဲ့ နိုင်ငံတကာမီဒီယာကြီးများရဲ့နာမည်ကြီး စစ်ရေး-နိုင်ငံရေးသုံးသပ်သူတို့ကမူ အဲဒီလိုမရေးကြပါ။ ဆီးရီးယားနိုင်ငံဟာ “ဒယ်အိုးအတွင်း အကြော်ခံနေရသည့် ငါးက မီးပုံအတွင်း ခုန်ဆင်းမိခြင်း” ပမာ “ ပြဿနာ အရှုပ်အထွေးကြီးတစ်ခုမှ ပြဿနာအရှပ်အထွေးပေါင်းစုံ” ကူးပြောင်းသွားခြင်းအဖြစ်သာ ပြောကြပါတယ်။
ကျွန်တော်ဆီတွင် လွဲမှားစွာ သုံးသပ်နေကြခြင်းမှာ အလက်ပိုနဲ့ ဒမတ်စကတ်မြို့ကို သိမ်းယူခဲ့တဲ့ “ဟေရတ် တဟား အယ်လ်ရှန်း” HTS သူပုန်အဖွဲ့ရဲ့မူလဇာတိရုပ်အမှန်ကို ထိန်ချန်ထားခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့လူဟောင်းများနဲ့ စုစည်းထားတဲ့ HTS သူပုန်အဖွဲ့ဟာ ၂၀၁၇ ခုနှစ်မှာ စတင် စုစည်းခဲ့ခြင်းဖြစ်ပြီး ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ တူရကီ၊ ရုရှား၊ ဂျပန် နဲ့ အင်ဒိုနီးရှား အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၁ နိုင်ငံက “အကြမ်းဖက်အဖွဲ့အစည်း” အဖြစ် သတ်မှတ်ပြီး ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထား ပါတယ်။
အဲဒီအဖွဲ့ခေါင်းဆောင် အသက် ၄၂ နှစ်ခန့်အရွယ် ဆီးရီးယားနိုင်ငံသား “အဘူ မိုဟာမက်အယ်လ်ဂျူလာနီ” ဆိုလျှင် အမေရိကန်က ဆုငွေ ၁ဝ သန်း ထုတ်ပြန်ထားပြီး အမေရိကန်နေဗီဆီးလ်များက တွေ့ရာသင်းချိုင်း ဒါးမဆိုင်းပဲ လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခြင်းခံနေရသူဖြစ်ပါတယ်။
အာဆတ်အလွန် ဆီးရီးယားနိုင်ငံရဲ့အမျိုးသားရင်ကြားစေ့ရေး၊ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီလမ်းကြောင်း ပေါ် ပြန်လည်ရောက်ရှိရေးမှာ HTS အဖွဲ့နဲ့ ဂျူလာနီကို ထည့်သွင်းရမှာဖြစ်ပြီး သူတို့ရဲ့နောက်ကြောင်း ရာဇဝင် ကြောင့် မဖြစ်နိုင်လောက်အောင်ရှိပါတယ်။
လက်ဘနွန် ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးတို့ အပစ်အခတ်ရပ်စဲအပြီး ဆီးရီးယားအလက်ပို၊ ဒမတ်စကတ်မြို့များကို သူပုန်တို့ တိုက်ခိုက်သိမ်းယူခြင်းဟာ တိုက်ဆိုင်မှုလို့ ဆိုရမှာဖြစ်ပါတယ်။ အဲဒီမြို့များဟာ ဆီးရီးယားအစိုးရ တပ်များနဲ့အတူ အီရန်ကျောထောက်နောက်ခံပြု လက်ဘနွန်ပြည်သူ့စစ်များ အကာအကွယ်ပေးနေလို့ဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်သာမက HTS တို့ကို အကြမ်းဖက် ကြေညာထားတဲ့ အစ္စရေးကိုယ်တိုင် အဲဒီဆီးရီးယား သူပုန်များကို ထောက်ပံ့ကြောင်း တရားဝင် အထောက်အထားမရှိပါ။ အမေရိကန်အစိုးရအဆက်ဆက်ရဲ့ အရှေ့အလယ်ပိုင်းမူဝါဒဟာ 9/11 အပါအဝင် အမေရိကန်ရဲ့အကျိုးစီးပွားများကို ဖျက်ဆီးပြီး အမေရိကန်နိုင်ငံသား များကို သတ်ဖြတ်နေတဲ့ အယ်လ်ကိုင်ဒါနဲ့ အိုင်စစ် ISIS တို့ကို တစ်ယောက်မကျန် အပြီးတိုင်ချေမှုန်းရေးဖြစ်ပါ တယ်။ အဲဒါကြောင့်လည်း အစ္စရေးကို အကြမ်းဖက်နှိမ်နင်းရေး လက်ရုန်းအဖြစ် အကာအကွယ်ပေးနေခြင်းဖြစ်ပြီး အာဏာာသိမ်းဗိုလ်ချုပ်ကြီး အယ်လ်စီစီရဲ့ အီဂျစ်အစိုးရကိုလည်း မမြင်ဟန်ဆောင်ပေးနေခြင်းဖြစ်ပါတယ်။
မြောက်ပိုင်း အိမ်နိးချင်း တူရကီကလည်း သူ့နယ်စပ် ဆီးရီးယားမြောက်ပိုင်းမှာ ကာ့ဒ်သူပုန်ခွဲထွက်ရေးသမားများနဲ့ အမေရိကန်လေ့ကျင့်လက်နက်တပ်ဆင်ပေးထားတဲ့ ဆီးရီးယားဒီမိုကရက်တစ်တပ် SDF ကာ့ဒ်များကို ပါဝါချိန်ခွင် လျာထိန်းကျောင်းဖို့လောက်သာ HTS တို့အပေါ် စိတ်ဝင်စားပါတယ်။
သူတို့ရဲ့မဟာမိတ်ဖြစ်သူ ဆီးရီးယားသမ္မတ အာဆတ်ပြုတ်ကျမယ့်အရေးက ရုရှား-အီရန်တို့က မကယ်တင်ဘူး လားဆိုလျှင် တဟီရန်ဟာ အစ္စရေးနဲ့ ဒုံးကျည်ပစ်တမ်း အပြန်အလှန်ဆင်နွှဲနေရပြီး မော်စကိုကလည်း ယူကရိန်း အပြင် နေတိုးနိုင်ငံကြီးများနဲ့ နျူကလီယာ တစ္ဆေခြောက်တမ်း ကစားနေရပါတယ်။
အာဆတ်အလွန် ဆီးရီးယားမှာ ၁၉၆၃ ခုနှစ်တည်းက သြဇာကြီးခဲ့တဲ့ “ဘာ့သ်ပါတီ” လွှမ်းမိုးမှု နိဂုံးချုပ်သွား ပြီဆို လျှင်တော့ မှန်ပါတယ်။ တကယ်တော့ ဆီးရီးယားမှာ ဘာ့သ်ပါတီလွှမ်းမိုးမှု ကျဆုံးခဲ့တာ ဆယ်စုနှစ်မကကြာခဲ့ပါပြီ၊ အယ်လာဝိုက်မျိုးနွယ် အာဆတ်မင်းဆက်အပေါ် မုန်းတီးနေတဲ့ ဆီးရီးယားပြည်သူလူထုဟာ သူပုန်များကို အားပေး ခြင်းကြောင့် ယခုလို HTS အဖွဲ့က အောင်ပွဲခံနိုင်ခြင်းဖြစ်ပါတယ်။
ဘာ့သ်ပါတီအုပ်ချုပ်မှု အဆုံးသတ်သွားသည့်တိုင် ဒမတ်စကတ်အစိုးရရဲ့အုပ်ချုပ်ရေးစနစ်အောက် ပြည်သူအများ ဘေးကင်းလုံခြုံနေတယ်ဆိုတာကို မေ့ပစ်လို့ မရပါဘူး။ အာမေးနီးယား-အဇာဘိုင်ဂျန်စစ်ပွဲ၊ ယူကရိန်းစစ်ပွဲတို့မှ လျှံထွက်လာတဲ့ လက်နက်များကို ရရှိသွားသူ HTS တို့ဟာ ပြောက်ကျားစစ်မှာ သူမတူအောင် ထူးချွန်သူ များဖြစ်ပါတယ်။ အာဆတ်ဆန့်ကျင်ရေး ဆီးရီးယားသူပုန်အဖွဲ့အချို့နဲ့ မဟာမိတ်ပြုထားတဲ့ HTS တို့ဟာ သဘော ထားအမြင် မတူညီသူ အခြားသူပုန်များနဲ့လည်း စစ်ခင်းနေပါတယ်။ အတိုချုပ်ရရင် အာဆတ် အလွန် ဆီးရီးယားမှာ တော်လှန်ရေးသမားအချင်းချင်း သွေးစည်းညီညွတ်ပြီး ဒီမိုကရေစီတိုင်းပြည်ဖြစ်လာဖို့ထက် အချင်းချင်း တိုက်ခိုက်မှု ပိုမိုပြင်းထန်လာပြီး အယ်လ်ကိုင်ဒါနဲ့ အိုင်စစ် ISIS တို့လို ဘာသာရေးအစွန်းရောက်အကြမ်းဖက် အဖွဲ့များသာ ပြန်လည်ခေါင်းထောင်လာဖွယ် ရှိနေပါတယ်။
#HtayOung, #OungMarine
Zawgyi Version;
ျမန္မာႏိုင္ငံရဲ႕လက္ရွိအေနအထားနဲ႔ အလြန္တူညီလာတဲ့ ဆီးရီးယားႏိုင္ငံ အနာဂတ္
Htay Oung (NP News) - ဒီဇင္ဘာ ၉
ဆီးရီယားႏိုင္ငံမွာ သမၼတဘာရွာ အယ္လ္အာဆတ္ထြက္ေျပးရျခင္းမွာ “၂ဝ၁၁ ခုႏွစ္ အာဏာရွင္ဖယ္ရွားမႈ အာရပ္ ေႏြဦးေတာ္လွန္ေရး” ေအာင္ပြဲအျဖစ္ ျပည္ေျပးမီဒီယာမ်ားႏွင့္ ႏိုင္ငံေရးေလ့လာသူအခ်ိဳ႕က ေျပာဆိုေနၾကပါတယ္။ အဲဒါဟာ “ဘဂၤလားေဒ့ရွ္မွာ ရွိတ္ဟာနာ ထြက္ေျပးရလို႔ ျမန္မာနစကကို တ႐ုတ္က ေအာက္က်ိဳ႕လာရျခင္း” နည္းတူ ပထဝီႏိုင္ငံေရးနဲ႔အခ်က္အလက္မွန္မ်ားကို မ်က္ကြယ္ျပဳကာ မွားယြင္းသုံးသပ္ျခင္းသာျဖစ္ပါတယ္။
ၾသဇာႀကီးမားတဲ့ ႏိုင္ငံတကာမီဒီယာႀကီးမ်ားရဲ႕နာမည္ႀကီး စစ္ေရး-ႏိုင္ငံေရးသုံးသပ္သူတို႔ကမူ အဲဒီလိုမေရးၾကပါ။ ဆီးရီးယားႏိုင္ငံဟာ “ဒယ္အိုးအတြင္း အေၾကာ္ခံေနရသည့္ ငါးက မီးပုံအတြင္း ခုန္ဆင္းမိျခင္း” ပမာ “ ျပႆနာ အရႈပ္အေထြးႀကီးတစ္ခုမွ ျပႆနာအရွပ္အေထြးေပါင္းစုံ” ကူးေျပာင္းသြားျခင္းအျဖစ္သာ ေျပာၾကပါတယ္။
ကြၽန္ေတာ္ဆီတြင္ လြဲမွားစြာ သုံးသပ္ေနၾကျခင္းမွာ အလက္ပိုနဲ႔ ဒမတ္စကတ္ၿမိဳ႕ကို သိမ္းယူခဲ့တဲ့ “ေဟရတ္ တဟား အယ္လ္ရွန္း” HTS သူပုန္အဖြဲ႕ရဲ႕မူလဇာတိ႐ုပ္အမွန္ကို ထိန္ခ်န္ထားျခင္းေၾကာင့္ျဖစ္ႏိုင္ပါတယ္။ အယ္လ္ကိုင္ဒါ အၾကမ္းဖက္အဖြဲ႕လူေဟာင္းမ်ားနဲ႔ စုစည္းထားတဲ့ HTS သူပုန္အဖြဲ႕ဟာ ၂၀၁၇ ခုႏွစ္မွာ စတင္ စုစည္းခဲ့ျခင္းျဖစ္ၿပီး ကုလသမဂၢ၊ ဥေရာပသမဂၢ၊ အေမရိကန္၊ ကေနဒါ၊ ၿဗိတိန္၊ တူရကီ၊ ႐ုရွား၊ ဂ်ပန္ နဲ႔ အင္ဒိုနီးရွား အပါအဝင္ ကမာၻ႔ႏိုင္ငံေပါင္း ၁၁ ႏိုင္ငံက “အၾကမ္းဖက္အဖြဲ႕အစည္း” အျဖစ္ သတ္မွတ္ၿပီး ပိတ္ဆို႔အေရးယူမႈမ်ား ျပဳလုပ္ထား ပါတယ္။
အဲဒီအဖြဲ႕ေခါင္းေဆာင္ အသက္ ၄၂ ႏွစ္ခန႔္အ႐ြယ္ ဆီးရီးယားႏိုင္ငံသား “အဘူ မိုဟာမက္အယ္လ္ဂ်ဴလာနီ” ဆိုလွ်င္ အေမရိကန္က ဆုေငြ ၁ဝ သန္း ထုတ္ျပန္ထားၿပီး အေမရိကန္ေနဗီဆီးလ္မ်ားက ေတြ႕ရာသင္းခ်ိဳင္း ဒါးမဆိုင္းပဲ လုပ္ႀကံသတ္ျဖတ္ရန္ ႀကိဳးစားျခင္းခံေနရသူျဖစ္ပါတယ္။
အာဆတ္အလြန္ ဆီးရီးယားႏိုင္ငံရဲ႕အမ်ိဳးသားရင္ၾကားေစ့ေရး၊ စည္းလုံးညီၫြတ္ေရးနဲ႔ ဒီမိုကေရစီလမ္းေၾကာင္း ေပၚ ျပန္လည္ေရာက္ရွိေရးမွာ HTS အဖြဲ႕နဲ႔ ဂ်ဴလာနီကို ထည့္သြင္းရမွာျဖစ္ၿပီး သူတို႔ရဲ႕ေနာက္ေၾကာင္း ရာဇဝင္ ေၾကာင့္ မျဖစ္ႏိုင္ေလာက္ေအာင္ရွိပါတယ္။
လက္ဘႏြန္ ဟစ္ဇ္ဘိုလာနဲ႔ အစၥေရးတို႔ အပစ္အခတ္ရပ္စဲအၿပီး ဆီးရီးယားအလက္ပို၊ ဒမတ္စကတ္ၿမိဳ႕မ်ားကို သူပုန္တို႔ တိုက္ခိုက္သိမ္းယူျခင္းဟာ တိုက္ဆိုင္မႈလို႔ ဆိုရမွာျဖစ္ပါတယ္။ အဲဒီၿမိဳ႕မ်ားဟာ ဆီးရီးယားအစိုးရ တပ္မ်ားနဲ႔အတူ အီရန္ေက်ာေထာက္ေနာက္ခံျပဳ လက္ဘႏြန္ျပည္သူ႔စစ္မ်ား အကာအကြယ္ေပးေနလို႔ျဖစ္ပါတယ္။ ဒါေပမယ့္ အေမရိကန္သာမက HTS တို႔ကို အၾကမ္းဖက္ ေၾကညာထားတဲ့ အစၥေရးကိုယ္တိုင္ အဲဒီဆီးရီးယား သူပုန္မ်ားကို ေထာက္ပံ့ေၾကာင္း တရားဝင္ အေထာက္အထားမရွိပါ။ အေမရိကန္အစိုးရအဆက္ဆက္ရဲ႕ အေရွ႕အလယ္ပိုင္းမူဝါဒဟာ 9/11 အပါအဝင္ အေမရိကန္ရဲ႕အက်ိဳးစီးပြားမ်ားကို ဖ်က္ဆီးၿပီး အေမရိကန္ႏိုင္ငံသား မ်ားကို သတ္ျဖတ္ေနတဲ့ အယ္လ္ကိုင္ဒါနဲ႔ အိုင္စစ္ ISIS တို႔ကို တစ္ေယာက္မက်န္ အၿပီးတိုင္ေခ်မႈန္းေရးျဖစ္ပါ တယ္။ အဲဒါေၾကာင့္လည္း အစၥေရးကို အၾကမ္းဖက္ႏွိမ္နင္းေရး လက္႐ုန္းအျဖစ္ အကာအကြယ္ေပးေနျခင္းျဖစ္ၿပီး အာဏာာသိမ္းဗိုလ္ခ်ဳပ္ႀကီး အယ္လ္စီစီရဲ႕ အီဂ်စ္အစိုးရကိုလည္း မျမင္ဟန္ေဆာင္ေပးေနျခင္းျဖစ္ပါတယ္။
ေျမာက္ပိုင္း အိမ္နိးခ်င္း တူရကီကလည္း သူ႔နယ္စပ္ ဆီးရီးယားေျမာက္ပိုင္းမွာ ကာ့ဒ္သူပုန္ခြဲထြက္ေရးသမားမ်ားနဲ႔ အေမရိကန္ေလ့က်င့္လက္နက္တပ္ဆင္ေပးထားတဲ့ ဆီးရီးယားဒီမိုကရက္တစ္တပ္ SDF ကာ့ဒ္မ်ားကို ပါဝါခ်ိန္ခြင္ လ်ာထိန္းေက်ာင္းဖို႔ေလာက္သာ HTS တို႔အေပၚ စိတ္ဝင္စားပါတယ္။
သူတို႔ရဲ႕မဟာမိတ္ျဖစ္သူ ဆီးရီးယားသမၼတ အာဆတ္ျပဳတ္က်မယ့္အေရးက ႐ုရွား-အီရန္တို႔က မကယ္တင္ဘူး လားဆိုလွ်င္ တဟီရန္ဟာ အစၥေရးနဲ႔ ဒုံးက်ည္ပစ္တမ္း အျပန္အလွန္ဆင္ႏႊဲေနရၿပီး ေမာ္စကိုကလည္း ယူကရိန္း အျပင္ ေနတိုးႏိုင္ငံႀကီးမ်ားနဲ႔ န်ဴကလီယာ တေစၦေျခာက္တမ္း ကစားေနရပါတယ္။
အာဆတ္အလြန္ ဆီးရီးယားမွာ ၁၉၆၃ ခုႏွစ္တည္းက ၾသဇာႀကီးခဲ့တဲ့ “ဘာ့သ္ပါတီ” လႊမ္းမိုးမႈ နိဂုံးခ်ဳပ္သြား ၿပီဆို လွ်င္ေတာ့ မွန္ပါတယ္။ တကယ္ေတာ့ ဆီးရီးယားမွာ ဘာ့သ္ပါတီလႊမ္းမိုးမႈ က်ဆုံးခဲ့တာ ဆယ္စုႏွစ္မကၾကာခဲ့ပါၿပီ၊ အယ္လာဝိုက္မ်ိဳးႏြယ္ အာဆတ္မင္းဆက္အေပၚ မုန္းတီးေနတဲ့ ဆီးရီးယားျပည္သူလူထုဟာ သူပုန္မ်ားကို အားေပး ျခင္းေၾကာင့္ ယခုလို HTS အဖြဲ႕က ေအာင္ပြဲခံႏိုင္ျခင္းျဖစ္ပါတယ္။
ဘာ့သ္ပါတီအုပ္ခ်ဳပ္မႈ အဆုံးသတ္သြားသည့္တိုင္ ဒမတ္စကတ္အစိုးရရဲ႕အုပ္ခ်ဳပ္ေရးစနစ္ေအာက္ ျပည္သူအမ်ား ေဘးကင္းလုံၿခဳံေနတယ္ဆိုတာကို ေမ့ပစ္လို႔ မရပါဘူး။ အာေမးနီးယား-အဇာဘိုင္ဂ်န္စစ္ပြဲ၊ ယူကရိန္းစစ္ပြဲတို႔မွ လွ်ံထြက္လာတဲ့ လက္နက္မ်ားကို ရရွိသြားသူ HTS တို႔ဟာ ေျပာက္က်ားစစ္မွာ သူမတူေအာင္ ထူးခြၽန္သူ မ်ားျဖစ္ပါတယ္။ အာဆတ္ဆန႔္က်င္ေရး ဆီးရီးယားသူပုန္အဖြဲ႕အခ်ိဳ႕နဲ႔ မဟာမိတ္ျပဳထားတဲ့ HTS တို႔ဟာ သေဘာ ထားအျမင္ မတူညီသူ အျခားသူပုန္မ်ားနဲ႔လည္း စစ္ခင္းေနပါတယ္။ အတိုခ်ဳပ္ရရင္ အာဆတ္ အလြန္ ဆီးရီးယားမွာ ေတာ္လွန္ေရးသမားအခ်င္းခ်င္း ေသြးစည္းညီၫြတ္ၿပီး ဒီမိုကေရစီတိုင္းျပည္ျဖစ္လာဖို႔ထက္ အခ်င္းခ်င္း တိုက္ခိုက္မႈ ပိုမိုျပင္းထန္လာၿပီး အယ္လ္ကိုင္ဒါနဲ႔ အိုင္စစ္ ISIS တို႔လို ဘာသာေရးအစြန္းေရာက္အၾကမ္းဖက္ အဖြဲ႕မ်ားသာ ျပန္လည္ေခါင္းေထာင္လာဖြယ္ ရွိေနပါတယ္။
#HtayOung, #OungMarine