ဆီးရီးယားဆီးရီးယားမှာ ရုရှားစစ်သားတွေ ဆက်ရှိနေ

 184

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁၆

ဆီးရီးယားသမ္မတအာဆက်ဟာ စစ်ရှုံးကာ ပြည်ပထွက်ပြေးခဲ့ပေမယ့် ရုရှားတပ်ဖွဲ့ဝင်တွေဟာ ဆီးရီးယားနိုင်ငံရှိ အဓိကစစ်အခြေစိုက်စခန်းနှစ်ခုကနေ ထွက်ခွာရုတ်သိမ်းတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။ ရုရှားတပ်ဖွဲ့ဝင် တွေဟာ ဆီးရီးယားနိုင်ငံမြောက်ပိုင်းစစ်မျက်နှာက ပြန်လည်ရုတ်သိမ်းခဲ့ပေမယ့် အဓိကစစ်အခြေစိုက်စခန်းနှစ်ခုမှာ ဆက်ရှိနေဆဲဖြစ်ပါတယ်။
ဆီးရီးယားသမ္မတအာဆက်ဟာ ရုရှားနိုင်ငံနဲ့ရင်းနှီးတဲ့မဟာမိတ်နိုင်ငံဖြစ်ပြီး ရုရှားနိုင်ငံကို လက်ရှိမှာ ထွက်ပြေးနေ သူဖြစ်ပါတယ်။ ရုရှားတပ်ဖွဲ့ဝင်တွေဟာ လာတာကီယာမြို့လေတပ်အခြေစိုက်စခန်းနဲ့ တားတော့စ် ရေတပ် အခြေစိုက်စခန်းတို့မှာ ဆက်ရှိနေဆဲဖြစ်ပါတယ်။ ဂြိုလ်တု ဓါတ်ပုံမှတ်တမ်းတွေအရ အဆိုပါလေတပ်စခန်းမှာ ကမ္ဘာအကြီးဆုံးစစ်လေယာဥ်တွေထဲပါဝင်တဲ့ အန်တို့နော့ AN 124 အမျိုးအစား ကုန်စည်လေယာဥ်နှစ်စီး ရှိနေတယ်လို့ သိရပါတယ်။
အဆိုပါကုန်စည်တင်လေယာဥ်တစ်စီးဟာ ဒီဇင်ဘာ ၁၄ ရက်က လစ်ဗျားနိုင်ငံကို ပျံသန်းသွားပြီဖြစ်တယ်လို့ ဆီးရီးယားလုံခြုံရေးအဖွဲ့တွေက ပြောပါတယ်။ ဆီရီးယားလက်နက်ကိုင်အဖွဲ့တွေဟာ ဒီဇင်ဘာ ၈ ရက်မှာ မြို့တော် ဒမ္မစကက်မြို့ကို သိမ်းပိုက်လိုက်ပြီး လက်ရှိအချိန်မှာ ဆီးရီးယားအသွင်ကူးပြောင်းရေး အစိုးရဖွဲ့စည့်းဖို့ စီစဥ်နေပါ တယ်။

Zawgyi Version;
ဆီးရီးယားဆီးရီးယားမွာ ႐ုရွားစစ္သားေတြ ဆက္ရွိေန
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁၆

ဆီးရီးယားသမၼတအာဆက္ဟာ စစ္ရႈံးကာ ျပည္ပထြက္ေျပးခဲ့ေပမယ့္ ႐ုရွားတပ္ဖြဲ႕ဝင္ေတြဟာ ဆီးရီးယားႏိုင္ငံရွိ အဓိကစစ္အေျခစိုက္စခန္းႏွစ္ခုကေန ထြက္ခြာ႐ုတ္သိမ္းတာမ်ိဳး မရွိေသးဘူးလို႔ သိရပါတယ္။ ႐ုရွားတပ္ဖြဲ႕ဝင္ ေတြဟာ ဆီးရီးယားႏိုင္ငံေျမာက္ပိုင္းစစ္မ်က္ႏွာက ျပန္လည္႐ုတ္သိမ္းခဲ့ေပမယ့္ အဓိကစစ္အေျခစိုက္စခန္းႏွစ္ခုမွာ ဆက္ရွိေနဆဲျဖစ္ပါတယ္။
ဆီးရီးယားသမၼတအာဆက္ဟာ ႐ုရွားႏိုင္ငံနဲ႔ရင္းႏွီးတဲ့မဟာမိတ္ႏိုင္ငံျဖစ္ၿပီး ႐ုရွားႏိုင္ငံကို လက္ရွိမွာ ထြက္ေျပးေန သူျဖစ္ပါတယ္။ ႐ုရွားတပ္ဖြဲ႕ဝင္ေတြဟာ လာတာကီယာၿမိဳ႕ေလတပ္အေျခစိုက္စခန္းနဲ႔ တားေတာ့စ္ ေရတပ္ အေျခစိုက္စခန္းတို႔မွာ ဆက္ရွိေနဆဲျဖစ္ပါတယ္။ ၿဂိဳလ္တု ဓါတ္ပုံမွတ္တမ္းေတြအရ အဆိုပါေလတပ္စခန္းမွာ ကမာၻအႀကီးဆုံးစစ္ေလယာဥ္ေတြထဲပါဝင္တဲ့ အန္တို႔ေနာ့ AN 124 အမ်ိဳးအစား ကုန္စည္ေလယာဥ္ႏွစ္စီး ရွိေနတယ္လို႔ သိရပါတယ္။
အဆိုပါကုန္စည္တင္ေလယာဥ္တစ္စီးဟာ ဒီဇင္ဘာ ၁၄ ရက္က လစ္ဗ်ားႏိုင္ငံကို ပ်ံသန္းသြားၿပီျဖစ္တယ္လို႔ ဆီးရီးယားလုံၿခဳံေရးအဖြဲ႕ေတြက ေျပာပါတယ္။ ဆီရီးယားလက္နက္ကိုင္အဖြဲ႕ေတြဟာ ဒီဇင္ဘာ ၈ ရက္မွာ ၿမိဳ႕ေတာ္ ဒမၼစကက္ၿမိဳ႕ကို သိမ္းပိုက္လိုက္ၿပီး လက္ရွိအခ်ိန္မွာ ဆီးရီးယားအသြင္ကူးေျပာင္းေရး အစိုးရဖြဲ႕စည့္းဖို႔ စီစဥ္ေနပါ တယ္။

Related news

© 2021. All rights reserved.