ဂျပန်နိုင်ငံမှာ ဆောင်းရာသီ Covid-19 နဲ့ တုပ်ကွေးဖြစ်ပွားမှုများ ပြန်လည်မြင့်တက်နေ
292
ရောင်နီ (NP News) - ဒီဇင်ဘာ ၁၆
ဂျပန်နိုင်ငံ ဆောင်းရာသီမှာ အပူချိန်ကျဆင်းလာတာနဲ့အမျှ ဂျပန်နိုင်ငံ တစ်ဝန်းမှာ တုပ်ကွေးရောဂါနဲ့ Covid-19 ကူးစက်ခံရသူများ တစ်ပြိုင်နက် တိုးလာနေတယ်လို့ တရားဝင် အချက်အလက်များအရ သိရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် (ဒီဇင်ဘာ ၈ ရက် နဲ့ ကုန်ဆုံးတဲ့ ရက်သတ္တပတ်) က တုပ်ကွေးရောဂါကူးစက်မှုအသစ် ၄၄,၆၇၃ ဦးအထိ တိုးလာပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူနာ ၃၄၇,၀၀၀ ခန့်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။ အလားတူ ကာလမှာပဲ Covid-19 ကူးစက်ခံရသူအသစ် ၁၅,၁၆၃ ဦးအထိ မြင့်တက်လာပြီး ယခင်ခုနှစ်ရက်တာ ကာလထက် ၃,၂၀၀ ကျော် တိုးလာခဲ့ကာ ဆေးရုံတင်ထားရတဲ့ Covid-19 လူနာအသစ်ကတော့ ၁,၆၀၀ ကျော် တိုးလာတယ်လို့ သိရပါတယ်။
တုပ်ကွေး လူနာသစ် အများစုဟာ ဂျပန်နိုင်ငံအနောက်ပိုင်း ဖုကိုကာ နဲ့ အိုအီတာစီရင်စုတို့ မှ ဖြစ်တယ်လို့ သိရပါတယ်။ တိုဟိုကူဒေသ၊ အကီတာ စီရင်စုနဲ့ မြောက်ပိုင်း ဟော့ကိုင်းဒိုးစီရင်စုကတော့ Covid-19 လူနာအသစ် အမြင့်ဆုံးအရေအတွက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီအချက်အလက်တွေကို ဂျပန်နိုင်ငံ ကူးစက်ရောဂါဆိုင်ရာ အင်စတီကျုန နဲ့ ကျန်းမာရေး၊ အလုပ်သမားနဲ့ လူမှုဖူလုံရေးဝန်ကြီးဌာနတို့က စုစည်းထားတာဖြစ်ပြီး နိုင်ငံအတွင်းရှိ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းပေါင်း ၅,၀၀၀ ခန့်က အစီရင်ခံထားတာ ဖြစ်ပါတယ်။
ဆောင်းရာသီ ကူးစက်ပျံ့နှံ့မှုတွေကြောင့် နှာခေါင်းစည်းများ ဝတ်ဆင်ခြင်းအပြင် ပုံမှန်လက်ဆေးခြင်း၊ ပလုတ်ကျင်းခြင်း အပါအဝင် အခြေခံကြိုတင်ကာကွယ်မှု အစီအမံတွေကိုလည်း အလေးအနက်ထား လုပ်ဆောင် ကြဖို့ ဝန်ကြီးဌာနက အများပြည်သူကို သတိပေးထားပါတယ်။
Zawgyi Version;
ဂ်ပန္ႏိုင္ငံမွာ ေဆာင္းရာသီ Covid-19 နဲ႔ တုပ္ေကြးျဖစ္ပြားမႈမ်ား ျပန္လည္ျမင့္တက္ေန
ေရာင္နီ (NP News) - ဒီဇင္ဘာ ၁၆
ဂ်ပန္ႏိုင္ငံ ေဆာင္းရာသီမွာ အပူခ်ိန္က်ဆင္းလာတာနဲ႔အမွ် ဂ်ပန္ႏိုင္ငံ တစ္ဝန္းမွာ တုပ္ေကြးေရာဂါနဲ႔ Covid-19 ကူးစက္ခံရသူမ်ား တစ္ၿပိဳင္နက္ တိုးလာေနတယ္လို႔ တရားဝင္ အခ်က္အလက္မ်ားအရ သိရပါတယ္။
ၿပီးခဲ့တဲ့ သီတင္းပတ္ (ဒီဇင္ဘာ ၈ ရက္ နဲ႔ ကုန္ဆုံးတဲ့ ရက္သတၱပတ္) က တုပ္ေကြးေရာဂါကူးစက္မႈအသစ္ ၄၄,၆၇၃ ဦးအထိ တိုးလာၿပီး တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ လူနာ ၃၄၇,၀၀၀ ခန႔္ရွိေနၿပီျဖစ္တယ္လို႔ သိရပါတယ္။ အလားတူ ကာလမွာပဲ Covid-19 ကူးစက္ခံရသူအသစ္ ၁၅,၁၆၃ ဦးအထိ ျမင့္တက္လာၿပီး ယခင္ခုႏွစ္ရက္တာ ကာလထက္ ၃,၂၀၀ ေက်ာ္ တိုးလာခဲ့ကာ ေဆး႐ုံတင္ထားရတဲ့ Covid-19 လူနာအသစ္ကေတာ့ ၁,၆၀၀ ေက်ာ္ တိုးလာတယ္လို႔ သိရပါတယ္။
တုပ္ေကြး လူနာသစ္ အမ်ားစုဟာ ဂ်ပန္ႏိုင္ငံအေနာက္ပိုင္း ဖုကိုကာ နဲ႔ အိုအီတာစီရင္စုတို႔ မွ ျဖစ္တယ္လို႔ သိရပါတယ္။ တိုဟိုကူေဒသ၊ အကီတာ စီရင္စုနဲ႔ ေျမာက္ပိုင္း ေဟာ့ကိုင္းဒိုးစီရင္စုကေတာ့ Covid-19 လူနာအသစ္ အျမင့္ဆုံးအေရအတြက္ ရွိခဲ့တယ္လို႔ ဆိုပါတယ္။ ဒီအခ်က္အလက္ေတြကို ဂ်ပန္ႏိုင္ငံ ကူးစက္ေရာဂါဆိုင္ရာ အင္စတီက်ဳန နဲ႔ က်န္းမာေရး၊ အလုပ္သမားနဲ႔ လူမႈဖူလုံေရးဝန္ႀကီးဌာနတို႔က စုစည္းထားတာျဖစ္ၿပီး ႏိုင္ငံအတြင္းရွိ ေဆးဘက္ဆိုင္ရာအဖြဲ႕အစည္းေပါင္း ၅,၀၀၀ ခန႔္က အစီရင္ခံထားတာ ျဖစ္ပါတယ္။
ေဆာင္းရာသီ ကူးစက္ပ်ံ႕ႏွံ႔မႈေတြေၾကာင့္ ႏွာေခါင္းစည္းမ်ား ဝတ္ဆင္ျခင္းအျပင္ ပုံမွန္လက္ေဆးျခင္း၊ ပလုတ္က်င္းျခင္း အပါအဝင္ အေျခခံႀကိဳတင္ကာကြယ္မႈ အစီအမံေတြကိုလည္း အေလးအနက္ထား လုပ္ေဆာင္ ၾကဖို႔ ဝန္ႀကီးဌာနက အမ်ားျပည္သူကို သတိေပးထားပါတယ္။