မြန်မာအရေးနှင့်ပတ်သက်ပြီး အလျင်စလို ဆုံးဖြတ်သွားမည်မဟုတ်ဟု ဘင်္ဂလားဒေရှ့်အစိုးရပြော

 165

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁၆

ဘင်္ဂလားဒေရှ့်အစိုးရသည် မြန်မာအရေးကိစ္စနှင့်ပတ်သက်ပြီးအလျင်စလို ဆုံးဖြတ်မည်မဟုတ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။ ဘင်္ဂလားဒေရှ့်အနေဖြင့် ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေသည့်အခြေအနေများကို လေ့လာစောင့် ကြည့်ပြီးမှသာ ဆုံးဖြတ်ချက်ချမှတ်မည်ဖြစ်ကြောင်း ဘင်္ဂလားဒေရှ့်အိမ်စောင့်အစိုးရအဖွဲ့ခေါင်းဆောင်၏ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ဖြစ်သူဒေါက်တာ ခါလီလူရက်မန်က ထုတ်ဖော်ပြောဆိုလိုက်သည်။
ဒေါက်တာရက်မန်က "ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းချိန်အထိ စောင့်ဆိုင်းပြီး မြန်မာအရေးနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်ချမှတ်သွားမယ်။ ဒီကိစ္စဟာ လူသားချင်းစာနာမှုအကူအညီပေးရေးဆိုင်ရာကိစ္စမျိုး မဟုတ်ဘူး။ ဘင်္ဂလားဒေရှ့်နိုင်ငံရဲ့လုံခြုံရေးဆိုင်ရာအရေးကိစ္စပါ။ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့အခြေအနေတွေကို အသေးစိတ် လေ့လာပြီးချိန်မှသာ လုပ်ဆောင်စရာရှိတာတွေကို လုပ်ဆောင်ဖို့ ဆုံးဖြတ်မှာဖြစ်ပြီး လက်ရှိအချိန်မှာ ဆုံးဖြတ်ချက် ကို အလျင်စလို ချမှတ်ဦးမှာ မဟုတ်ဘူး" ဟု ပြောသည်။

ရခိုင်လက်နက်ကိုင်အဖွဲ့ AA သည် ဘင်္ဂါလီတွေ အများဆုံးနေထိုင်နေသည့်နယ်စပ်ဒေသဖြစ်သော မောင်းတောမြို့ ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုခဲ့သည်။ ဒေါက်တာရက်မန်က "မောင်းတောမြို့ဟာ မြန်မာအစိုးရထိန်းချုပ်မှုအောက်မှာ မရှိတော့ဘူး။ ကျွန်တော်တို့ဟာ ဘင်္ဂါလီပြသာနာတွေကိုဖြေရှင်းဖို့ အမြဲတမ်း ဆန္ဒရှိနေပါတယ်။ ဒီကိစ္စကို အလေးအနက်စောင့်ကြည့်ဖို့ လိုတယ်။ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုရှိချိန်မှသာ ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ထိတွေ့ဆက်ဆံဖို့ အစပျိုးလုပ်ဆောင်မယ်" ဟု ပြောသည်။
ဘင်္ဂါလီအရေးကိစ္စနှင့်ပတ်သက်ပြီး ကာတာနိုင်ငံ ဒိုဟာမြို့တွင် နိုင်ငံတကာအစည်းအဝေးများ ကျင်းပရန် စီစဉ်ထာပြီး ဘင်္ဂါလီအရေးကိစ္စကိုဖြေရှင်းနိုင်ရန် နိုင်ငံတကာ၏ သဘောထားအမြင်များကို ရယူနိုင်ရန် ကြိုးပမ်း မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ဘင်္ဂလားဒေရှ့်အစိုးရနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများနည်းတူ မြန်မာနိုင်ငံ တွင်ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများနှင့်ပတ်သက်ပြီး ပဋိပက္ခများကိုရှောင်ရှားရန်၊ နိုင်ငံတကာဥပဒေ များကို လိုက်နာရန် လက်နက်ကိုင်ပဋိပက္ခတွင် ပါဝင်နေသည့်အဖွဲ့အစည်းများအားလုံးကို တိုက်တွန်းတောင်းဆို ကြောင်း ဒေါက်တာရက်မန်က ပြောသည်။

Zawgyi Version;
ျမန္မာအေရးႏွင့္ပတ္သက္ၿပီး အလ်င္စလို ဆုံးျဖတ္သြားမည္မဟုတ္ဟု ဘဂၤလားေဒရွ႕္အစိုးရေျပာ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁၆

ဘဂၤလားေဒရွ႕္အစိုးရသည္ ျမန္မာအေရးကိစၥႏွင့္ပတ္သက္ၿပီးအလ်င္စလို ဆုံးျဖတ္မည္မဟုတ္ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလိုက္သည္။ ဘဂၤလားေဒရွ႕္အေနျဖင့္ ရခိုင္ျပည္နယ္တြင္ျဖစ္ေပၚေနသည့္အေျခအေနမ်ားကို ေလ့လာေစာင့္ ၾကည့္ၿပီးမွသာ ဆုံးျဖတ္ခ်က္ခ်မွတ္မည္ျဖစ္ေၾကာင္း ဘဂၤလားေဒရွ႕္အိမ္ေစာင့္အစိုးရအဖြဲ႕ေခါင္းေဆာင္၏ အဆင့္ျမင့္ကိုယ္စားလွယ္အဖြဲ႕ေခါင္းေဆာင္ျဖစ္သူေဒါက္တာ ခါလီလူရက္မန္က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
ေဒါက္တာရက္မန္က "ရခိုင္ျပည္နယ္တည္ၿငိမ္ေအးခ်မ္းခ်ိန္အထိ ေစာင့္ဆိုင္းၿပီး ျမန္မာအေရးနဲ႔ပတ္သက္လို႔ ဆုံးျဖတ္ခ်က္ခ်မွတ္သြားမယ္။ ဒီကိစၥဟာ လူသားခ်င္းစာနာမႈအကူအညီေပးေရးဆိုင္ရာကိစၥမ်ိဳး မဟုတ္ဘူး။ ဘဂၤလားေဒရွ႕္ႏိုင္ငံရဲ႕လုံၿခဳံေရးဆိုင္ရာအေရးကိစၥပါ။ ရခိုင္ျပည္နယ္မွာျဖစ္ေနတဲ့အေျခအေနေတြကို အေသးစိတ္ ေလ့လာၿပီးခ်ိန္မွသာ လုပ္ေဆာင္စရာရွိတာေတြကို လုပ္ေဆာင္ဖို႔ ဆုံးျဖတ္မွာျဖစ္ၿပီး လက္ရွိအခ်ိန္မွာ ဆုံးျဖတ္ခ်က္ ကို အလ်င္စလို ခ်မွတ္ဦးမွာ မဟုတ္ဘူး" ဟု ေျပာသည္။

ရခိုင္လက္နက္ကိုင္အဖြဲ႕ AA သည္ ဘဂၤါလီေတြ အမ်ားဆုံးေနထိုင္ေနသည့္နယ္စပ္ေဒသျဖစ္ေသာ ေမာင္းေတာၿမိဳ႕ ကို အလုံးစုံထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း ၎က ထပ္မံေျပာဆိုခဲ့သည္။ ေဒါက္တာရက္မန္က "ေမာင္းေတာၿမိဳ႕ဟာ ျမန္မာအစိုးရထိန္းခ်ဳပ္မႈေအာက္မွာ မရွိေတာ့ဘူး။ ကြၽန္ေတာ္တို႔ဟာ ဘဂၤါလီျပသာနာေတြကိုေျဖရွင္းဖို႔ အၿမဲတမ္း ဆႏၵရွိေနပါတယ္။ ဒီကိစၥကို အေလးအနက္ေစာင့္ၾကည့္ဖို႔ လိုတယ္။ နယ္စပ္ေဒသ တည္ၿငိမ္ေအးခ်မ္းမႈရွိခ်ိန္မွသာ ရခိုင္လက္နက္ကိုင္အဖြဲ႕နဲ႔ ထိေတြ႕ဆက္ဆံဖို႔ အစပ်ိဳးလုပ္ေဆာင္မယ္" ဟု ေျပာသည္။
ဘဂၤါလီအေရးကိစၥႏွင့္ပတ္သက္ၿပီး ကာတာႏိုင္ငံ ဒိုဟာၿမိဳ႕တြင္ ႏိုင္ငံတကာအစည္းအေဝးမ်ား က်င္းပရန္ စီစဥ္ထာၿပီး ဘဂၤါလီအေရးကိစၥကိုေျဖရွင္းႏိုင္ရန္ ႏိုင္ငံတကာ၏ သေဘာထားအျမင္မ်ားကို ရယူႏိုင္ရန္ ႀကိဳးပမ္း မည္ျဖစ္ေၾကာင္း ၎က ေျပာသည္။ ဘဂၤလားေဒရွ႕္အစိုးရေနျဖင့္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားနည္းတူ ျမန္မာႏိုင္ငံ တြင္ျဖစ္ပြားေနေသာ လက္နက္ကိုင္ပဋိပကၡမ်ားႏွင့္ပတ္သက္ၿပီး ပဋိပကၡမ်ားကိုေရွာင္ရွားရန္၊ ႏိုင္ငံတကာဥပေဒ မ်ားကို လိုက္နာရန္ လက္နက္ကိုင္ပဋိပကၡတြင္ ပါဝင္ေနသည့္အဖြဲ႕အစည္းမ်ားအားလုံးကို တိုက္တြန္းေတာင္းဆို ေၾကာင္း ေဒါက္တာရက္မန္က ေျပာသည္။

Related news

© 2021. All rights reserved.