အဝတ်အထည် Brand, Mango ရဲ့တည်ထောင်သူ အစ်ဆက်ခ်အန်ဒစ် အသက် ၇၁ နှစ်မှာ ရုတ်တရက်ကွယ်လွန်
50
ရောင်နီ (NP News) - ဒီဇင်ဘာ ၁၆
ကမ္ဘာတစ်ဝှမ်း စတိုးဆိုင်ပေါင်း ၂၈၀၀ နီးပါးထိ ဖွင့်လှစ်ထားနိုင်တဲ့ ဥရောပရဲ့အကြီးဆုံးဖက်ရှင် brand ဖြစ်တဲ့ စပိန်အဝတ်အထည် brand, Mango ရဲ့တည်ထောင်သူ မစ္စတာ အစ်ဆက်ခ်အန်ဒစ်ဟာ ဒီဇင်ဘာလ ၁၄ ရက်က မတော်တဆတစ်ခုကြောင့် သေဆုံးသွားခဲ့တယ်လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။
ကုမ္ပဏီက အသေးစိတ်အချက်အလက်တွေကို ပြောကြားခြင်းမရှိပေမယ့် စပိန်မီဒီယာတွေရဲ့ပြောကြားချက်အရတော့ အသက် ၇၁ နှစ်အရွယ် အစ်ဆက်ဒ်ဟာ စပိန်နိုင်ငံ၊ ဘာစီလိုနာအနီးမှာ မိသားစုဝင်တွေနဲ့အတူ တောင်တက်နေစဉ် လျှိုမြောင်တစ်ခုထဲ ပြုတ်ကျပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
အသ်ဆက်ဒ်ရဲ့နာရေးသတင်းနဲ့ပတ်သက်ပြီး ဘာစီလိုနာ အခြေစိုက်ကုမ္ပဏီအမှုဆောင်အရာရှိချုပ် မစ္စတာ တိုနီရူဇ်က "ကျွန်ုပ်တို့ရဲ့ဥက္ကဋ္ဌ၊ Mango brand တည်ထောင်သူ အစ်ဆက်ခ်အန်ဒစ် မမျှော်လင့်ပဲ ကွယ်လွန်သွားတဲ့သတင်းကြေညာလိုက်ရတဲ့အတွက် စိတ်မကောင်းဖြစ်မိကြောင်း" အစချီတဲ့ ဝမ်းနည်းပူဆွေးလွှာကို ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။
Mango အဝတ်အထည် brand ဟာ တူရကီနဲ့ အာရှနိုင်ငံတွေမှာ အဓိက ရောင်းအားကောင်းတဲ့ brand တစ်ခုဖြစ်ပြီး ၂ဝ၂၆ ခုနှစ်မှာ ကမ္ဘာတစ်ဝှမ်း စတိုးဆိုင်ပေါင်း ၃,၀၀၀ ကျော်ထိ ဖွင့်လှစ်နိုင်ဖို့ ခန့်မှန်းထားတယ်လို့ သိရပါတယ်။
Zawgyi Version;
အဝတ္အထည္ Brand, Mango ရဲ႕တည္ေထာင္သူ အစ္ဆက္ခ္အန္ဒစ္ အသက္ ၇၁ ႏွစ္မွာ ႐ုတ္တရက္ကြယ္လြန္
ေရာင္နီ (NP News) - ဒီဇင္ဘာ ၁၆
ကမာၻတစ္ဝွမ္း စတိုးဆိုင္ေပါင္း ၂၈၀၀ နီးပါးထိ ဖြင့္လွစ္ထားႏိုင္တဲ့ ဥေရာပရဲ႕အႀကီးဆုံးဖက္ရွင္ brand ျဖစ္တဲ့ စပိန္အဝတ္အထည္ brand, Mango ရဲ႕တည္ေထာင္သူ မစၥတာ အစ္ဆက္ခ္အန္ဒစ္ဟာ ဒီဇင္ဘာလ ၁၄ ရက္က မေတာ္တဆတစ္ခုေၾကာင့္ ေသဆုံးသြားခဲ့တယ္လို႔ ကုမၸဏီက ေျပာၾကားခဲ့ပါတယ္။
ကုမၸဏီက အေသးစိတ္အခ်က္အလက္ေတြကို ေျပာၾကားျခင္းမရွိေပမယ့္ စပိန္မီဒီယာေတြရဲ႕ေျပာၾကားခ်က္အရေတာ့ အသက္ ၇၁ ႏွစ္အ႐ြယ္ အစ္ဆက္ဒ္ဟာ စပိန္ႏိုင္ငံ၊ ဘာစီလိုနာအနီးမွာ မိသားစုဝင္ေတြနဲ႔အတူ ေတာင္တက္ေနစဥ္ လွ်ိဳေျမာင္တစ္ခုထဲ ျပဳတ္က်ၿပီး ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။
အသ္ဆက္ဒ္ရဲ႕နာေရးသတင္းနဲ႔ပတ္သက္ၿပီး ဘာစီလိုနာ အေျခစိုက္ကုမၸဏီအမႈေဆာင္အရာရွိခ်ဳပ္ မစၥတာ တိုနီ႐ူဇ္က "ကြၽႏ္ုပ္တို႔ရဲ႕ဥကၠ႒၊ Mango brand တည္ေထာင္သူ အစ္ဆက္ခ္အန္ဒစ္ မေမွ်ာ္လင့္ပဲ ကြယ္လြန္သြားတဲ့သတင္းေၾကညာလိုက္ရတဲ့အတြက္ စိတ္မေကာင္းျဖစ္မိေၾကာင္း" အစခ်ီတဲ့ ဝမ္းနည္းပူေဆြးလႊာကို ဆိုရွယ္မီဒီယာမွာ ေဖာ္ျပခဲ့ပါတယ္။
Mango အဝတ္အထည္ brand ဟာ တူရကီနဲ႔ အာရွႏိုင္ငံေတြမွာ အဓိက ေရာင္းအားေကာင္းတဲ့ brand တစ္ခုျဖစ္ၿပီး ၂ဝ၂၆ ခုႏွစ္မွာ ကမာၻတစ္ဝွမ္း စတိုးဆိုင္ေပါင္း ၃,၀၀၀ ေက်ာ္ထိ ဖြင့္လွစ္ႏိုင္ဖို႔ ခန႔္မွန္းထားတယ္လို႔ သိရပါတယ္။