BLACKPINK အဖွဲ့ဝင် ဂျင်းနီရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေ စိတ်ပူနေ

2141

ရောင်နီ (NP News) - ဒီဇင်ဘာ ၂၈
BLACKPINK အဖွဲ့ဝင် ဂျင်းနီဟာ သူမရဲ့ပရိသတ်တွေအတွက် ရိုက်ကူးထားတဲ့ "a special season's greeting” ဗီဒီယိုကို သူမရဲ့တရားဝင်ဝဘ်ဆိုဒ်မှာ ခရစ္စမတ်မတိုင်မီက တင်ခဲ့ပါတယ်။
အဲဒီဗီဒီယိုမှာ သူမက ၂၀၂၄ ခုနှစ်အတွင်း " ၁၁ လကြာ အလုပ်လုပ်ခဲ့ပြီးတဲ့နောက် ရလာတဲ့ရလဒ်တွေကို ကျေနပ်ပါတယ်။ ဒီအယ်လ်ဘမ်မှာ လုံးဝကွဲပြားတဲ့ ပုံစံကို ပြသမှာဖြစ်ပြီး လူတိုင်းအတွက် စိတ်ကျေနပ်စေမယ့် အယ်လ်ဘမ်တစ်ခု' ဖြစ်လာပါလိမ့်မယ်" လို့ သူမရဲ့နောက်ထွက်လာမယ့် အယ်လ်ဘမ်နဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် ဗီဒီယိုထဲက သူမရဲ့ပုံရိပ်ဟာ သူမရဲ့အမှတ်သင်္ကေတတွေဖြစ်တဲ့ ပါးဖောင်းဖောင်းတွေ မတွေ့ရတော့တာ ကို ပရိသတ်တွေက သတိထားမိခဲ့ပါတယ်။ ဂျင်းနီကို သူမရဲ့ချစ်ဖို့ကောင်းပြီး ဖောင်းကားနေတဲ့ ပါးပြင်လေးတွေ ကြောင့် ပရိသတ်တွေက "ဖက်ထုတ်လေး" လို့ နာမည်ပြောင်ပေးထားတာကြာပါပြီ။ ဒါပေမယ့် အခုချိန်မှာတော့ သူမက ပိုရင့်ကျက်ပြီး ပိန်ပါးတဲ့ ပုံပေါက်လာတာကြောင့် ပရိသတ်တွေက သူမရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး စိတ်ပူ ခဲ့ကြတာဖြစ်ပါတယ်။
တောင်ကိုရီးယား K POP Idol တွေဟာ ကိုယ်အလေးချိန်ပြောင်းလဲလာမှု၊ အရက်သေစာသောက်မှု၊ ဆေးလိပ် သောက်မှု၊ မူးယစ်ဆေးသုံးစွဲမှု စတဲ့ ကိစ္စရပ်တွေကြောင့် မကြာခဏ ဆိုသလို ဝေဖန်ခံရလေ့ရှိပါတယ်။
Zawgyi Version;
BLACKPINK အဖြဲ႕ဝင္ ဂ်င္းနီရဲ႕က်န္းမာေရးနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြ စိတ္ပူေန
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၈
BLACKPINK အဖြဲ႕ဝင္ ဂ်င္းနီဟာ သူမရဲ႕ပရိသတ္ေတြအတြက္ ႐ိုက္ကူးထားတဲ့ "a special season's greeting” ဗီဒီယိုကို သူမရဲ႕တရားဝင္ဝဘ္ဆိုဒ္မွာ ခရစၥမတ္မတိုင္မီက တင္ခဲ့ပါတယ္။
အဲဒီဗီဒီယိုမွာ သူမက ၂၀၂၄ ခုႏွစ္အတြင္း " ၁၁ လၾကာ အလုပ္လုပ္ခဲ့ၿပီးတဲ့ေနာက္ ရလာတဲ့ရလဒ္ေတြကို ေက်နပ္ပါတယ္။ ဒီအယ္လ္ဘမ္မွာ လုံးဝကြဲျပားတဲ့ ပုံစံကို ျပသမွာျဖစ္ၿပီး လူတိုင္းအတြက္ စိတ္ေက်နပ္ေစမယ့္ အယ္လ္ဘမ္တစ္ခု' ျဖစ္လာပါလိမ့္မယ္" လို႔ သူမရဲ႕ေနာက္ထြက္လာမယ့္ အယ္လ္ဘမ္နဲ႔ပတ္သက္ၿပီး အေသးစိတ္ အခ်က္အလက္ေတြကို ေျပာၾကားခဲ့ပါတယ္။
ဒါေပမယ့္ ဗီဒီယိုထဲက သူမရဲ႕ပုံရိပ္ဟာ သူမရဲ႕အမွတ္သေကၤတေတြျဖစ္တဲ့ ပါးေဖာင္းေဖာင္းေတြ မေတြ႕ရေတာ့တာ ကို ပရိသတ္ေတြက သတိထားမိခဲ့ပါတယ္။ ဂ်င္းနီကို သူမရဲ႕ခ်စ္ဖို႔ေကာင္းၿပီး ေဖာင္းကားေနတဲ့ ပါးျပင္ေလးေတြ ေၾကာင့္ ပရိသတ္ေတြက "ဖက္ထုတ္ေလး" လို႔ နာမည္ေျပာင္ေပးထားတာၾကာပါၿပီ။ ဒါေပမယ့္ အခုခ်ိန္မွာေတာ့ သူမက ပိုရင့္က်က္ၿပီး ပိန္ပါးတဲ့ ပုံေပါက္လာတာေၾကာင့္ ပရိသတ္ေတြက သူမရဲ႕က်န္းမာေရးနဲ႔ပတ္သက္ၿပီး စိတ္ပူ ခဲ့ၾကတာျဖစ္ပါတယ္။
ေတာင္ကိုရီးယား K POP Idol ေတြဟာ ကိုယ္အေလးခ်ိန္ေျပာင္းလဲလာမႈ၊ အရက္ေသစာေသာက္မႈ၊ ေဆးလိပ္ ေသာက္မႈ၊ မူးယစ္ေဆးသုံးစြဲမႈ စတဲ့ ကိစၥရပ္ေတြေၾကာင့္ မၾကာခဏ ဆိုသလို ေဝဖန္ခံရေလ့ရွိပါတယ္။