မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော အခြေအနေကို ငြိမ်းချမ်းစွာဖြေရှင်းရန် EU နှင့် (၉)နိုင်ငံပူးပေါင်း တောင်းဆို
1121
သုတကျော် (NP News) - ဇန်နဝါရီ ၇
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော အခြေအနေကို ငြိမ်းချမ်းစွာဖြေရှင်းရန် ဥရောပသမဂ္ဂ (EU) နှင့် (၉)နိုင်ငံတို့၏ပူးတွဲထုတ်ပြန်ချက်အတွင်း ထည့်သွင်းဖော်ပြတောင်းဆိုထားကြောင်း တွေ့မြင်ရသည်။
အဆိုပါ ထုတ်ပြန်ချက်ကို EU ကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ် နှင့် အမေရိကန်ပြည်ထောင် စု၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ တောင်ကိုးရီးယား၊ ဆွစ်ဇာလန်၊ တီမော-လက်စ်တေး နှင့် ယူနိုက်တက်ကင်းဒမ်းတို့ အစိုးရတို့က ပူးတွဲထုတ်ပြန်ခဲ့ခြင် ဖြစ်သည်။ မြန်မာ နိုင်ငံတစ်ဝန်းရှိ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း များ ပိုမိုဆိုးရွားလာသည့်အပေါ် လေးလေးနက်နက် စိုးရိမ်ပူပန်မိကြောင်း၊ အကြမ်းဖက်မှုများ အရှိန်မြင့်ကာ ပြင်းထန်လာခြင်းနှင့်အတူ လူမျိုးစုများအကြား တင်းမာလာမှုများကြောင့် အကျပ်အတည်းကို ပိုမိုဆိုးရွားလာစေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထုတ်ပြန်ချက်အတွင်း အရပ်သားများအပေါ်၌ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများအား ဖြတ်တောက်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းကဲ့သို့သော စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ရာ အစီအရင်ခံစာများကိုတွေ့မြင်ခဲ့ရကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပဋိပက္ခများမှ ထွက် ပြေးတိမ်းရှောင်လာကြသော အရပ်သားပြည်သူများအတွက် လုံခြုံစိတ်ချရသောနေရာများမရှိခြင်းနှင့် အကြမ်းဖက်မှုများမှ ရှောင်တိမ်းနေသော အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုများကို စိုးရိမ်ပူပန်မိကြောင်း၊ လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများကြောင့် လူပေါင်း (၃ ဒသမ ၅)သန်းကျော် အိမ်ယာစွန့်ခွာကာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး အချို့မှာနိုင်ငံတွင်းမှ ထွက်ပြေးခဲ့ကြရကြောင်း၊ ယခုအခါ ပြည်သူပေါင်း (၁၅)သန်းကျော်မှာ စားနပ်ရိက္ခာမလုံလောက်မှုကို ရင်ဆိုင်နေရပြီး ဆေးဝါးအကူအညီများပေးပို့မှုကို ဟန့်တားထားသော အကန့်အသတ်များကြောင့်လည်း ကာလဝမ်းရောဂါအပါအဝင် ရောဂါဖြစ်ပွားမှုများမှာ မြင့်တက်လာလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အကျပ်အတည်းအတွက် အဖြေရှာကြရာတွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ ဘုံသဘောတူညီချက်ငါးချက်နှင့်ကိုက်ညီသည့် အာဆီယံဥက္ကဋ္ဌနှင့် အထူးသံတမန်၏ လုပ်ငန်းအပါအဝင် အာဆီယံ၏ ဗဟိုအခန်းကဏ္ဍကို အပြည့်အဝထောက်ခံကြောင်း ထပ်လောင်းပြောကြားလိုပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်၏အရေးကြီးသော အခန်းကဏ္ဍကို အသိအမှတ်ပြုကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေကို ငြိမ်းချမ်းစွာ ဖြေရှင်းရန်နှင့် အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီလမ်းကြောင်းသို့ ပြန်လည်ရောက်ရှိစေရန် စစ်မှန်၍ အပြုသဘောဆောင်ကာ အားလုံးအကျုံးဝင်နိုင်မည့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် တောင်းဆိုမှုများကို ထောက်ခံကြောင်းလည်း ဆိုထားသည်။
zawgyi version
ျမန္မာႏိုင္ငံတြင္ ျဖစ္ပြားေနေသာ အေျခအေနကို ၿငိမ္းခ်မ္းစြာေျဖရွင္းရန္ EU ႏွင့္ (၉)ႏိုင္ငံပူးေပါင္း ေတာင္းဆို
သုတေက်ာ္ (NP News) - ဇန္နဝါရီ ၇
ျမန္မာႏိုင္ငံတြင္ ျဖစ္ပြားေနေသာ အေျခအေနကို ၿငိမ္းခ်မ္းစြာေျဖရွင္းရန္ ဥေရာပသမဂၢ (EU) ႏွင့္ (၉)ႏိုင္ငံတို႔၏ပူးတြဲထုတ္ျပန္ခ်က္အတြင္း ထည့္သြင္းေဖာ္ျပေတာင္းဆိုထားေၾကာင္း ေတြ႕ျမင္ရသည္။
အဆိုပါ ထုတ္ျပန္ခ်က္ကို EU ကိုယ္စား အဆင့္ျမင့္ကိုယ္စားလွယ္ ႏွင့္ အေမရိကန္ျပည္ေထာင္ စု၊ ၾသစေၾတးလ်၊ ကေနဒါ၊ နယူးဇီလန္၊ ေနာ္ေဝ၊ ေတာင္ကိုးရီးယား၊ ဆြစ္ဇာလန္၊ တီေမာ-လက္စ္ေတး ႏွင့္ ယူႏိုက္တက္ကင္းဒမ္းတို႔ အစိုးရတို႔က ပူးတြဲထုတ္ျပန္ခဲ့ျခင္ ျဖစ္သည္။ ျမန္မာ ႏိုင္ငံတစ္ဝန္းရွိ လူ႔အခြင့္အေရးႏွင့္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အက်ပ္အတည္း မ်ား ပိုမိုဆိုး႐ြားလာသည့္အေပၚ ေလးေလးနက္နက္ စိုးရိမ္ပူပန္မိေၾကာင္း၊ အၾကမ္းဖက္မႈမ်ား အရွိန္ျမင့္ကာ ျပင္းထန္လာျခင္းႏွင့္အတူ လူမ်ိဳးစုမ်ားအၾကား တင္းမာလာမႈမ်ားေၾကာင့္ အက်ပ္အတည္းကို ပိုမိုဆိုး႐ြားလာေစေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထုတ္ျပန္ခ်က္အတြင္း အရပ္သားမ်ားအေပၚ၌ ကိုယ္လက္အဂၤါအစိတ္အပိုင္းမ်ားအား ျဖတ္ေတာက္ျခင္းႏွင့္ မီးရႈိ႕ဖ်က္ဆီးျခင္းကဲ့သို႔ေသာ စိတ္အေႏွာင့္အယွက္ျဖစ္ဖြယ္ရာ အစီအရင္ခံစာမ်ားကိုေတြ႕ျမင္ခဲ့ရေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ ပဋိပကၡမ်ားမွ ထြက္ ေျပးတိမ္းေရွာင္လာၾကေသာ အရပ္သားျပည္သူမ်ားအတြက္ လုံၿခဳံစိတ္ခ်ရေသာေနရာမ်ားမရွိျခင္းႏွင့္ အၾကမ္းဖက္မႈမ်ားမွ ေရွာင္တိမ္းေနေသာ အရပ္သားျပည္သူမ်ားအေပၚ တိုက္ခိုက္မႈမ်ားကို စိုးရိမ္ပူပန္မိေၾကာင္း၊ လက္ရွိျဖစ္ပြားေနေသာ ပဋိပကၡမ်ားေၾကာင့္ လူေပါင္း (၃ ဒသမ ၅)သန္းေက်ာ္ အိမ္ယာစြန္႔ခြာကာ အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရၿပီး အခ်ိဳ႕မွာႏိုင္ငံတြင္းမွ ထြက္ေျပးခဲ့ၾကရေၾကာင္း၊ ယခုအခါ ျပည္သူေပါင္း (၁၅)သန္းေက်ာ္မွာ စားနပ္ရိကၡာမလုံေလာက္မႈကို ရင္ဆိုင္ေနရၿပီး ေဆးဝါးအကူအညီမ်ားေပးပို႔မႈကို ဟန္႔တားထားေသာ အကန္႔အသတ္မ်ားေၾကာင့္လည္း ကာလဝမ္းေရာဂါအပါအဝင္ ေရာဂါျဖစ္ပြားမႈမ်ားမွာ ျမင့္တက္လာလ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
အက်ပ္အတည္းအတြက္ အေျဖရွာၾကရာတြင္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း (အာဆီယံ) ၏ ဘုံသေဘာတူညီခ်က္ငါးခ်က္ႏွင့္ကိုက္ညီသည့္ အာဆီယံဥကၠ႒ႏွင့္ အထူးသံတမန္၏ လုပ္ငန္းအပါအဝင္ အာဆီယံ၏ ဗဟိုအခန္းက႑ကို အျပည့္အဝေထာက္ခံေၾကာင္း ထပ္ေလာင္းေျပာၾကားလိုၿပီး ကုလသမဂၢအေထြေထြအတြင္းေရးမႉးခ်ဳပ္၏ ျမန္မာႏိုင္ငံဆိုင္ရာ အထူးသံတမန္၏အေရးႀကီးေသာ အခန္းက႑ကို အသိအမွတ္ျပဳေၾကာင္း ေဖာ္ျပထားသည္။
ျမန္မာႏိုင္ငံတြင္ ျဖစ္ေပၚေနေသာ အေျခအေနကို ၿငိမ္းခ်မ္းစြာ ေျဖရွင္းရန္ႏွင့္ အားလုံးပါဝင္ႏိုင္သည့္ ဒီမိုကေရစီလမ္းေၾကာင္းသို႔ ျပန္လည္ေရာက္ရွိေစရန္ စစ္မွန္၍ အျပဳသေဘာေဆာင္ကာ အားလုံးအက်ဳံးဝင္ႏိုင္မည့္ ေတြ႕ဆုံေဆြးေႏြးမႈမ်ား ျပဳလုပ္ရန္ ေတာင္းဆိုမႈမ်ားကို ေထာက္ခံေၾကာင္းလည္း ဆိုထားသည္။