ကဒါဖီအလွန် ပြည်တွင်းစစ်ဖြစ် ပြိုကွဲလျက်ရှိသော တိုင်းပြည်တွင် အနောက်နိုင်ငံ အထူးတိုက်ခိုက်ရေးတပ်နှင့် CIA များ ခြေပုန်းခုတ်လျက်ရှိ

 137

Htay Oung (NP News) - ဇန်နဝါရီ ၉

လွန်ခဲ့တဲ့ ၂ နှစ်က လစ်ဗျားနိုင်ငံမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ SBS ခေါ် ဗြိတိသျှ အမြန်ဘုတ်ချီအထူးတပ်ဖွဲ့ ဝင်အချို့ကို စုံစမ်းစစ်ဆေးမှု ပြုလုပ်နေတယ်လို့ BBC က ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ ၈ ရက်မှာ ရေးသားခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ပထမဆုံးသတင်းဖော်ပြခဲ့သူက လန်ဒန်အခြေစိုက် “ဒေးလီးမေးလ်” သတင်းစာဖြစ်ပြီး စုံစမ်း စစ်ဆေးခံရသူများမှာ လစ်ဗျားနိုင်ငံမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ SBS တပ်ဖွဲ့ဝင် ၅ ဦးဖြစ်ကြောင်း၊ အကြမ်းဖက်သမား သံသယရှိသူကို ကားနဲ့ နောက်ယောင်ခံလိုက်ပြီး သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ဖြစ်ရပ်ဟာ လူသတ်မှုကျူးလွန်ရာ ရောက်/မရောက် ဗြိတိသျှစစ်ရဲများက စစ်ဆေးနေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ဗြိတိသျှ ကာကွယ်ရေး ဝန်ကြီးဌာန (MoD) ကတော့ အထူးတပ်ဖွဲ့တွေရဲ့စစ်ဆင်ရေးနဲ့ပတ်သက်ပြီး မှတ်ချက် မပေးပါဘူး။ ၂၀၁၁ ခုနှစ် အာဏာရှင်ဖယ်ရှားရေးနဲ့ အဲဒီနောက်ပိုင်း လစ်ဗျားနိုင်ငံအတွင်း ဗြိတိန်စစ်တပ်ရဲ့ စစ်ဆင်ရေး လုပ်ဆောင်နေပုံအကြောင်း လူသိရှင်ကြား မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။ စုံစမ်းစစ်ဆေးမှုဟာ လအနည်းငယ်ကြာမြင့်နေပြီဖြစ်ကြောင်း၊ စစ်ခုံရုံးနဲ့ စစ်ဆေးဖို့ လွှဲပြောင်းပေးခြင်း မရှိသေးပဲ စွဲချက်တင်ထားခြင်းလည်း မရှိသေးကြောင်း သတင်းရရှိပါတယ်။
ဗြိတိသျှအမြန်ဘုတ်ချီအထူးတပ်ဖွဲ့ SBS ဟာ SAS လို့ခေါ်တဲ့ ဗြိတိသျှ လေကြောင်းချီအထူးတပ်ဖွဲ့မျိုးလို တိုက်ခိုက်ရေး အထူးတပ်ဖွဲ့နှစ်ခုအနက်မှ တစ်ခုဖြစ်ပါတယ်။ တော်ဝင်မရိန်းတပ်များမှ သင့်လျော်သူများကို အဓိက ရွေးချယ် လေ့ကျင့်ပေးထားပြီး ဗြိတိသျှတပ်မတော်ရဲ့ အမိန့်ညွှန်ကြားချက်များအရ လှုပ်ရှားတာဝန် ထမ်းဆောင်ကြပါတယ်။
ဗြိတိသျှအထူးတိုက်ခိုက်ရေးစစ်သည်များရဲ့အမြင့်မားဆုံး စံနှုန်းများအတွက် တစ်ကမ္ဘာလုံးက လေးစားကြကြောင်း၊ စံနှုန်းသတ်မှတ်ချက်များနဲ့ မကိုက်ညီတဲ့ မည်သူ့ကိုမဆို ထုတ်ပယ်ခြင်း အပါအဝင် သင့်လျော်သလို အရေးယူမည် ဖြစ်ကြောင်း MoD ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။
၂၀၁၀ ခုနှစ် နှစ်ဆန်းပိုင်း အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမြောက်ပိုင်း တိုင်းပြည်များမှာ “အာရပ်နွေဦး လှုပ်ရှားမှု” ပေါ်ပေါက်ခဲ့ပါတယ်။ စီးပွားရေးတုန့်ဆိုင်းမှုနဲ့ အကျင့်ပျက်ခြစား အစိုးရဆန့်ကျင်ရေး တူနီးရှားနိုင်ငံမှ စတင်လိုက်တဲ့ ကန့်ကွက်ဆန္ဒပြမှုတွေဟာ “အာဏာရှင်ဖယ်ရှားရေး” လူထုအုံကြွမှုအသွင်ပြောင်းလဲလာခဲ့ပြီး လက်နက်ကိုင် ပုန်ကန်သည်အထိ ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက် လစ်ဗျား၊ အီဂျစ်၊ ယီမင်၊ ဆီးရီးယားနဲ့ ဘာရိန်းနိုင်ငံများတိုင်အောင် အာရပ်ကမ္ဘာအတွင်း ကူးစက်သွားပါတယ်။
အာဖရိမြောက်ပိုင်း လစ်ဗျားနိုင်ငံမှာ ၂၀၁၁-ခုနှစ် ဗိုလ်မှူးကြီး မွမ်မာကဒါဖီ ဖယ်ရှားရေး ကန့်ကွက်ဆန္ဒပြသူများအပေါ် အစိုးရလုံခြုံရေးတပ်များက ပြင်းထန်စွာ ပစ်ခတ်လူစုခွဲ နှိမ်နင်းခဲ့ပါတယ်။ ကဒါဖီသစ္စာခံတပ်များက ဆန္ဒပြ ပြည်သူ များအပေါ် တိုက်ခိုက်မှုကို အဆုံးသတ်ရေး၊ ပစ်ခတ်မှုများ ရပ်စဲရေး၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်ရာ ရောက်ရှိတဲ့ ရာဇဝတ်မှုများ တားဆီးရေးကို အကောင်အထည်ဖော်ဖို့အတွက် လစ်ဗျားနိုင်ငံအတွင်း စစ်ရေး အရ ဝင်ရောက်စွက်ဖက်ရန် အဲဒီနှစ် မတ်လ ၁၉ ရက်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆုံးဖြတ်ချက် အမှတ် ၁၉၇၃ ကို ချမှတ်ခဲ့ပါတယ်။ လစ်ဗျားဝေဟင်အတွင်း No-Fly Zone လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ခြင်း၊ ကဒါဖီနဲ့ ထောက်ခံသူ များအပေါ် ဒဏ်ခတ်ပိတ်ဆို့ခြင်းများနဲ့အတူ ဗီတိုကန့်ကွက်မပါ ကြားနေမဲ ၅-မဲ၊ ထောက်ခံ ၁၀-မဲနဲ့ အတည်ပြချက်အရ အမေရိကန်ဦးဆောင် ပြင်သစ်၊ ဗြိတိန် NATO နေတိုး ညွန့်ပေါင်း လေ တပ်တိုက်လေယာဉ်များက လစ်ဗျားနိုင်ငံအတွင်း စစ်ရေးထိုးစစ်ဆင်ခဲ့ပါတယ်။
၇ လကျော်အတွင်း ရလဒ်အနေနဲ့ ကဒါဇီအသတ်ခံရခြင်း၊ လစ်ဗျားတပ်မတော် ပျက်ပြားခြင်းနဲ့အတူ လစ်ဗျား နိုင်ငံပြိုကွဲပြီး သဘောကွဲလွဲတဲ့ ပြည်သူအချင်းချင်းအကြား ပြင်းထန်စွာတိုက်ခိုက်ကြတဲ့ ပြည်တွင်းစစ်အဖြစ် ပြောင်းလဲ သွားခဲ့ပါတယ်။ နိုင်ငံ့အရှေ့အနောက် စင်ပြိုင်အစိုးရ ၂ ရပ်အပြင် အစ္စလာမ်မစ်စတိတ် IS တို့လို အစွန်းရောက် အကြမ်းဖက်အဖွဲ့များ၊ လက်နက်ပြ အုပ်ချုပ်တဲ့ ဒေသန္တရစစ်ဘုရင်ငယ်များလည်း မှိုလိုပေါက်လာကြပါတယ်။ လူ ၄ သိန်း နီးပါးသေဆုံးရပြီး ၁၂-သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ အဲ့ဒီအနက် ၆-သန်းခန့်ဟာ ပြည်တွင်းမှာ လှည့်ပတ် စစ်ဘေးရှောင်နေရပါတယ်။
ကုလသမဂ္ဂရဲ့ R2P ဆုံးဖြတ်ချက်ဟာ အမေရိကန်နဲ့ မဟာမိတ်တိုင်းပြည်များရဲ့အကျိုးစီးပွားအတွက် ထိခိုက်ဖွယ်ရှိ ကြောင်း ကွန်ဂရက်လွှတ်တော်က တုန့်ဆိုင်းနေခဲ့ပါတယ်၊ လစ်ဗျားနိုင်ငံပြိုကွဲပြီး ဒေသတွင်းနဲ့ ကမ္ဘာ့ မဟာမိတ်နိုင်ငံများအပေါ် ဆိုးကျိုးဂယက်ရိုက်ခတ်လာတဲ့အခါ ကွန်ဂရက်ကို ကျော်လွန်ပြီး သမ္မတရဲ့ အခွင့် အာဏာအရ Operation Unified Protector စစ်ဆင်ရေး အမိန့်‌ပေးခဲ့တဲ့ အိုဘားမားအတွက် တစ် သက်မမေ့ နိုင်တဲ့ သမိုင်းဝင် အမည်းစက် ဖြစ်သွားပါတယ်။
လစ်ဗျားနိုင်ငံ R2P စစ်ရေးစွက်ဖက်ခွင့် UNSC ရဲ့ ဆုံးဖြတ်ချက်မှာ နေတိုးအနေနဲ့လေကြောင်းမှ အရေးယူ ရန် သာဖြစ်ပြီး မြေပြင်စစ်တပ်များ Ground Operation လှုပ်ရှားခွင့် မပါရှိခဲ့ပါဘူး၊ ဒါပေမယ့် CIA စစ်သူလျှိုများ၊ အ နောက်နိုင်ငံ စစ်အကြံပေးများ အထူးတိုက်ခိုက်ရေးအဖွဲ့များဟာ အဲ့ဒီအချိန်တည်းက လစ်ဗျားနိုင်ငံအတွင်း ရောက်ရှိနေပြီး ခုခံရေး သူပုန်များကို တရားမဝင် စစ်သင်တန်း‌ပေးခြင်း၊ ထောက်ပံ့မှုများနဲ့ ပုန်းခုတ်လှုပ်ရှားခဲ့ ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါ တယ်။ အဲဒီအထဲမှာ ဗြိတိန် SBS တို့လို အနောက်နိုင်ငံ အထူးတိုက်ခိုက်ရေးတပ်များလည်း ပါဝင်ခဲ့ကြောင်း ယခုဖြစ်ရပ် ကြောင့် လူသိထင်ရှား ဗူးပေါ်သလို ပေါ်လာခဲ့ရပါတယ်။
#အမေရိကန်ဦးဆောင်နေတိုးနိုင်ငံများ #လစ်ဗျား_R2P #ဗြိတိသျှ_အမြန်ဘုတ်ချီအထူးတပ်ဖွဲ့ #SBS
#ဗြိတိသျှ_လေကြောင်းချီအထူးတပ်ဖွဲ့ #လစ်ဗျား_R2P #SAS
(BBC., 8 January 2025,” UK special forces investigated over Libya operation” ကို #HtayOung, #OungMarine ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

Zawgyi Version;
ကဒါဖီအလြန္ ျပည္တြင္းစစ္ျဖစ္ ၿပိဳကြဲလ်က္ရွိေသာ တိုင္းျပည္တြင္ အေနာက္ႏိုင္ငံ အထူးတိုက္ခိုက္ေရးတပ္ႏွင့္ CIA မ်ား ေျခပုန္းခုတ္လ်က္ရွိ
Htay Oung (NP News) - ဇန္နဝါရီ ၉

လြန္ခဲ့တဲ့ ၂ ႏွစ္က လစ္ဗ်ားႏိုင္ငံမွာ တာဝန္ထမ္းေဆာင္ခဲ့တဲ့ SBS ေခၚ ၿဗိတိသွ် အျမန္ဘုတ္ခ်ီအထူးတပ္ဖြဲ႕ ဝင္အခ်ိဳ႕ကို စုံစမ္းစစ္ေဆးမႈ ျပဳလုပ္ေနတယ္လို႔ BBC က ၂ဝ၂၅ ခုႏွစ္ ဇန္နဝါရီလ ၈ ရက္မွာ ေရးသားခဲ့ပါတယ္။
ဒီကိစၥနဲ႔ပတ္သက္လို႔ ပထမဆုံးသတင္းေဖာ္ျပခဲ့သူက လန္ဒန္အေျခစိုက္ “ေဒးလီးေမးလ္” သတင္းစာျဖစ္ၿပီး စုံစမ္း စစ္ေဆးခံရသူမ်ားမွာ လစ္ဗ်ားႏိုင္ငံမွာ တာဝန္ထမ္းေဆာင္ခဲ့တဲ့ SBS တပ္ဖြဲ႕ဝင္ ၅ ဦးျဖစ္ေၾကာင္း၊ အၾကမ္းဖက္သမား သံသယရွိသူကို ကားနဲ႔ ေနာက္ေယာင္ခံလိုက္ၿပီး ေသနတ္နဲ႔ပစ္သတ္ခဲ့တဲ့ျဖစ္ရပ္ဟာ လူသတ္မႈက်ဴးလြန္ရာ ေရာက္/မေရာက္ ၿဗိတိသွ်စစ္ရဲမ်ားက စစ္ေဆးေနျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။
ၿဗိတိသွ် ကာကြယ္ေရး ဝန္ႀကီးဌာန (MoD) ကေတာ့ အထူးတပ္ဖြဲ႕ေတြရဲ႕စစ္ဆင္ေရးနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ မေပးပါဘူး။ ၂၀၁၁ ခုႏွစ္ အာဏာရွင္ဖယ္ရွားေရးနဲ႔ အဲဒီေနာက္ပိုင္း လစ္ဗ်ားႏိုင္ငံအတြင္း ၿဗိတိန္စစ္တပ္ရဲ႕ စစ္ဆင္ေရး လုပ္ေဆာင္ေနပုံအေၾကာင္း လူသိရွင္ၾကား မွတ္ခ်က္ေပးျခင္း မရွိေသးပါဘူး။ စုံစမ္းစစ္ေဆးမႈဟာ လအနည္းငယ္ၾကာျမင့္ေနၿပီျဖစ္ေၾကာင္း၊ စစ္ခုံ႐ုံးနဲ႔ စစ္ေဆးဖို႔ လႊဲေျပာင္းေပးျခင္း မရွိေသးပဲ စြဲခ်က္တင္ထားျခင္းလည္း မရွိေသးေၾကာင္း သတင္းရရွိပါတယ္။
ၿဗိတိသွ်အျမန္ဘုတ္ခ်ီအထူးတပ္ဖြဲ႕ SBS ဟာ SAS လို႔ေခၚတဲ့ ၿဗိတိသွ် ေလေၾကာင္းခ်ီအထူးတပ္ဖြဲ႕မ်ိဳးလို တိုက္ခိုက္ေရး အထူးတပ္ဖြဲ႕ႏွစ္ခုအနက္မွ တစ္ခုျဖစ္ပါတယ္။ ေတာ္ဝင္မရိန္းတပ္မ်ားမွ သင့္ေလ်ာ္သူမ်ားကို အဓိက ေ႐ြးခ်ယ္ ေလ့က်င့္ေပးထားၿပီး ၿဗိတိသွ်တပ္မေတာ္ရဲ႕ အမိန႔္ၫႊန္ၾကားခ်က္မ်ားအရ လႈပ္ရွားတာဝန္ ထမ္းေဆာင္ၾကပါတယ္။
ၿဗိတိသွ်အထူးတိုက္ခိုက္ေရးစစ္သည္မ်ားရဲ႕အျမင့္မားဆုံး စံႏႈန္းမ်ားအတြက္ တစ္ကမာၻလုံးက ေလးစားၾကေၾကာင္း၊ စံႏႈန္းသတ္မွတ္ခ်က္မ်ားနဲ႔ မကိုက္ညီတဲ့ မည္သူ႔ကိုမဆို ထုတ္ပယ္ျခင္း အပါအဝင္ သင့္ေလ်ာ္သလို အေရးယူမည္ ျဖစ္ေၾကာင္း MoD ေျပာခြင့္ရပုဂၢိဳလ္က ဆိုပါတယ္။
၂၀၁၀ ခုႏွစ္ ႏွစ္ဆန္းပိုင္း အေရွ႕အလယ္ပိုင္းနဲ႔ အာဖရိကေျမာက္ပိုင္း တိုင္းျပည္မ်ားမွာ “အာရပ္ေႏြဦး လႈပ္ရွားမႈ” ေပၚေပါက္ခဲ့ပါတယ္။ စီးပြားေရးတုန႔္ဆိုင္းမႈနဲ႔ အက်င့္ပ်က္ျခစား အစိုးရဆန႔္က်င္ေရး တူနီးရွားႏိုင္ငံမွ စတင္လိုက္တဲ့ ကန႔္ကြက္ဆႏၵျပမႈေတြဟာ “အာဏာရွင္ဖယ္ရွားေရး” လူထုအုံႂကြမႈအသြင္ေျပာင္းလဲလာခဲ့ၿပီး လက္နက္ကိုင္ ပုန္ကန္သည္အထိ ျဖစ္လာခဲ့ပါတယ္။ အဲဒီေနာက္ လစ္ဗ်ား၊ အီဂ်စ္၊ ယီမင္၊ ဆီးရီးယားနဲ႔ ဘာရိန္းႏိုင္ငံမ်ားတိုင္ေအာင္ အာရပ္ကမာၻအတြင္း ကူးစက္သြားပါတယ္။
အာဖရိေျမာက္ပိုင္း လစ္ဗ်ားႏိုင္ငံမွာ ၂၀၁၁-ခုႏွစ္ ဗိုလ္မႉးႀကီး မြမ္မာကဒါဖီ ဖယ္ရွားေရး ကန႔္ကြက္ဆႏၵျပသူမ်ားအေပၚ အစိုးရလုံၿခဳံေရးတပ္မ်ားက ျပင္းထန္စြာ ပစ္ခတ္လူစုခြဲ ႏွိမ္နင္းခဲ့ပါတယ္။ ကဒါဖီသစၥာခံတပ္မ်ားက ဆႏၵျပ ျပည္သူ မ်ားအေပၚ တိုက္ခိုက္မႈကို အဆုံးသတ္ေရး၊ ပစ္ခတ္မႈမ်ား ရပ္စဲေရး၊ လူသားမ်ိဳးႏြယ္အေပၚ က်ဴးလြန္ရာ ေရာက္ရွိတဲ့ ရာဇဝတ္မႈမ်ား တားဆီးေရးကို အေကာင္အထည္ေဖာ္ဖို႔အတြက္ လစ္ဗ်ားႏိုင္ငံအတြင္း စစ္ေရး အရ ဝင္ေရာက္စြက္ဖက္ရန္ အဲဒီႏွစ္ မတ္လ ၁၉ ရက္မွာ ကုလသမဂၢလုံၿခဳံေရးေကာင္စီက ဆုံးျဖတ္ခ်က္ အမွတ္ ၁၉၇၃ ကို ခ်မွတ္ခဲ့ပါတယ္။ လစ္ဗ်ားေဝဟင္အတြင္း No-Fly Zone ေလယာဥ္မပ်ံသန္းရဇုန္ သတ္မွတ္ျခင္း၊ ကဒါဖီနဲ႔ ေထာက္ခံသူ မ်ားအေပၚ ဒဏ္ခတ္ပိတ္ဆို႔ျခင္းမ်ားနဲ႔အတူ ဗီတိုကန႔္ကြက္မပါ ၾကားေနမဲ ၅-မဲ၊ ေထာက္ခံ ၁၀-မဲနဲ႔ အတည္ျပခ်က္အရ အေမရိကန္ဦးေဆာင္ ျပင္သစ္၊ ၿဗိတိန္ NATO ေနတိုး ၫြန႔္ေပါင္း ေလ တပ္တိုက္ေလယာဥ္မ်ားက လစ္ဗ်ားႏိုင္ငံအတြင္း စစ္ေရးထိုးစစ္ဆင္ခဲ့ပါတယ္။
၇ လေက်ာ္အတြင္း ရလဒ္အေနနဲ႔ ကဒါဇီအသတ္ခံရျခင္း၊ လစ္ဗ်ားတပ္မေတာ္ ပ်က္ျပားျခင္းနဲ႔အတူ လစ္ဗ်ား ႏိုင္ငံၿပိဳကြဲၿပီး သေဘာကြဲလြဲတဲ့ ျပည္သူအခ်င္းခ်င္းအၾကား ျပင္းထန္စြာတိုက္ခိုက္ၾကတဲ့ ျပည္တြင္းစစ္အျဖစ္ ေျပာင္းလဲ သြားခဲ့ပါတယ္။ ႏိုင္ငံ့အေရွ႕အေနာက္ စင္ၿပိဳင္အစိုးရ ၂ ရပ္အျပင္ အစၥလာမ္မစ္စတိတ္ IS တို႔လို အစြန္းေရာက္ အၾကမ္းဖက္အဖြဲ႕မ်ား၊ လက္နက္ျပ အုပ္ခ်ဳပ္တဲ့ ေဒသႏၲရစစ္ဘုရင္ငယ္မ်ားလည္း မႈိလိုေပါက္လာၾကပါတယ္။ လူ ၄ သိန္း နီးပါးေသဆုံးရၿပီး ၁၂-သန္းေက်ာ္ အိုးအိမ္စြန႔္ခြာ ထြက္ေျပးခဲ့ရပါတယ္။ အဲ့ဒီအနက္ ၆-သန္းခန႔္ဟာ ျပည္တြင္းမွာ လွည့္ပတ္ စစ္ေဘးေရွာင္ေနရပါတယ္။
ကုလသမဂၢရဲ႕ R2P ဆုံးျဖတ္ခ်က္ဟာ အေမရိကန္နဲ႔ မဟာမိတ္တိုင္းျပည္မ်ားရဲ႕အက်ိဳးစီးပြားအတြက္ ထိခိုက္ဖြယ္ရွိ ေၾကာင္း ကြန္ဂရက္လႊတ္ေတာ္က တုန႔္ဆိုင္းေနခဲ့ပါတယ္၊ လစ္ဗ်ားႏိုင္ငံၿပိဳကြဲၿပီး ေဒသတြင္းနဲ႔ ကမာၻ႔ မဟာမိတ္ႏိုင္ငံမ်ားအေပၚ ဆိုးက်ိဳးဂယက္႐ိုက္ခတ္လာတဲ့အခါ ကြန္ဂရက္ကို ေက်ာ္လြန္ၿပီး သမၼတရဲ႕ အခြင့္ အာဏာအရ Operation Unified Protector စစ္ဆင္ေရး အမိန႔္‌ေပးခဲ့တဲ့ အိုဘားမားအတြက္ တစ္ သက္မေမ့ ႏိုင္တဲ့ သမိုင္းဝင္ အမည္းစက္ ျဖစ္သြားပါတယ္။
လစ္ဗ်ားႏိုင္ငံ R2P စစ္ေရးစြက္ဖက္ခြင့္ UNSC ရဲ႕ ဆုံးျဖတ္ခ်က္မွာ ေနတိုးအေနနဲ႔ေလေၾကာင္းမွ အေရးယူ ရန္ သာျဖစ္ၿပီး ေျမျပင္စစ္တပ္မ်ား Ground Operation လႈပ္ရွားခြင့္ မပါရွိခဲ့ပါဘူး၊ ဒါေပမယ့္ CIA စစ္သူလွ်ိဳမ်ား၊ အ ေနာက္ႏိုင္ငံ စစ္အႀကံေပးမ်ား အထူးတိုက္ခိုက္ေရးအဖြဲ႕မ်ားဟာ အဲ့ဒီအခ်ိန္တည္းက လစ္ဗ်ားႏိုင္ငံအတြင္း ေရာက္ရွိေနၿပီး ခုခံေရး သူပုန္မ်ားကို တရားမဝင္ စစ္သင္တန္း‌ေပးျခင္း၊ ေထာက္ပံ့မႈမ်ားနဲ႔ ပုန္းခုတ္လႈပ္ရွားခဲ့ ေၾကာင္း သတင္းမ်ား ထြက္ေပၚခဲ့ပါ တယ္။ အဲဒီအထဲမွာ ၿဗိတိန္ SBS တို႔လို အေနာက္ႏိုင္ငံ အထူးတိုက္ခိုက္ေရးတပ္မ်ားလည္း ပါဝင္ခဲ့ေၾကာင္း ယခုျဖစ္ရပ္ ေၾကာင့္ လူသိထင္ရွား ဗူးေပၚသလို ေပၚလာခဲ့ရပါတယ္။
#အေမရိကန္ဦးေဆာင္ေနတိုးႏိုင္ငံမ်ား #လစ္ဗ်ား_R2P #ၿဗိတိသွ်_အျမန္ဘုတ္ခ်ီအထူးတပ္ဖြဲ႕ #SBS
#ၿဗိတိသွ်_ေလေၾကာင္းခ်ီအထူးတပ္ဖြဲ႕ #လစ္ဗ်ား_R2P #SAS
(BBC., 8 January 2025,” UK special forces investigated over Libya operation” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.