“ရန်ကုန်က ဝက်သားကို လေယာဉ်နဲ့တင်ပြီး စစ်တွေမှာ ပြန်ရောင်းတာမျိုးတောင် ဖြစ်နေပြီ”

 414

သုတကျော် (NP News) - ဇန်နဝါရီ ၁ဝ

တစ်ချိန်က အာကျပ်ဟုအမည်တွင်ခဲ့ဖူးသော ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမှမြို့ခံများသည် ယခုအခါ AA ယူလာသောစစ်မီးကြောင့် အကျပ်အတည်းနှင့်စစ်၏ဆိုးကျိုးကိုရင်ဆိုင်နေရသော အခြေ အနေကို နဖူးတွေ့ဒူးတွေ့ ကြုံနေရပြီဖြစ်သည်။ စစ်မီးသည် မြို့ကို တိုက်ရိုက်မလောင်မြိုက်သော်လည်း မြို့ခံများ၏ ရင်တွင်းမှစိုးရိမ်စိတ်က တဖြည်းဖြည်းတိုးလာနေသည်။ အဆိုပါခံစားချက်ကို ရခိုင်ပြည်နယ် ရှိ အခြားမြို့များက ဦးစွာခံစားခဲ့ရပြီးဖြစ်သည်။ အဆိုပါအခြေအနေများ နှင့်ပတ်သက်၍ စစ်တွေမြို့ခံ တစ်ဦးထံ NP news က ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး - အရင်ဆုံးမေးချင်တာက တိုက်ပွဲတွေမဖြစ်ခင်က စစ်တွေမှာနေရတဲ့အခြေအနေကို အရင်ပြောပြ ပေးပါလား။
ဖြေ - တိုက်ပွဲတွေမဖြစ်ခင်ကဆိုရင် ပုံမှန် ကုန်းလမ်း၊ ရေလမ်းပွင့်တော့ ကုန်စည်စီးဆင်းမှုက ပုံမှန်ရှိ တယ်။ ဘယ်လိုပြောရမလဲ။ စစ်တွေကမ်းခြေတို့ဆိုရင်လည်း တစ်ပတ်မှာ တစ်ရက်၊ နှစ်ရက်လည်း ပုံမှန်ရောက်တယ်။ ညဉ့်နက်တဲ့အထိလည်းနေကြတယ်။ သွားရလာရ အဆင်ပြေကြတယ်။ အေးအေး ဆေးဆေးပေါ့။ ကုန်ဈေးနှုန်းကလည်း မြင့်တယ်ဆိုပေမယ့် သယ်ယူပို့ဆောင်ရေးကြောင့် မြင့်တာပါ။ အများကြီး မမြင့်ဘူး အဲဒီလိုရှိခဲ့တာပါ။

မေး - တိုက်ပွဲစဖြစ်မလာခင် AA က ရခိုင်ပြည်နယ် မှာ ခြေကုပ်ယူပြီးတဲ့အထိ စစ်တွေမြို့အခြေအနေက ဘယ်လိုရှိပါသလဲ။
ဖြေ - မဟုတ်ဘူး။ ကျွန်တော်မှတ်မိသလောက်က ပထမတစ်ခါပိတ်တာ ဖြစ်ခဲ့သေးတယ်။ အရင်က AA ဝင်တိုက်တုန်းကလည်း ကုန်းလမ်းပိတ်ခဲ့ဖူးတယ်။ အခုနှစ်တော့ မမှတ်မိတော့ဘူး။ ရက်ပေါင်း (၁၀) ကျော်ထင်တယ်။ ဒါပေမဲ့ ပြန်ပွင့်သွားတယ်။ ရခိုင်မှာ တိုက်ပွဲတွေစတော့မှ လက်နက်ကြီးပစ်တာကအစ မြို့ခံတွေ မြင်ရတယ်။ ကုန်စည်စီးဆင်းမှုကအစ ပြတ်တောက်သွားတယ်။ ပြတ်တောက်သွားတော့ ဝက် သားဆိုရင် တစ်ပိဿာကို ငါးသောင်းခြောက်သောင်းအထိ ဖြစ်နေတယ်။ မြို့ထဲမှာ ကုန်စည်စီးဆင်းမှုက အားနည်းသွားတယ်။ ရန်ကုန်ကဝက်သားကို လေယာဉ်နဲ့တင်ပြီး စစ်တွေမှာပြန်ရောင်းတယ်ဆိုတာအထိ ဖြစ်တာပေါ့။

မေး - ရခိုင်က တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပြီး စစ်တွေ မြို့ခံတွေ စစ်အကြောင်း ပထမဆုံးသိရတဲ့ အမှတ်တ ရကို ပြောပြပေးပါလား။
ဖြေ - တိုက်ပွဲတွေ စဖြစ်ကတည်းက တစ်ခါမှ မကြားဖူးတဲ့ အမြောက်ပစ်တာတွေ၊ အမြောက်ကျည် သွားတာ မြင်နေရတယ်ဗျာ။ အမြောက်သံတောင် အုံးခနဲကြားရတာ။ အဲဒီအချိန် ကောင်းကင်ကိုကြည့် လိုက်ရင် မီးလုံးကြီးကရဲပြီးတော့ ပေါက်တောဘက်ကိုသွားတာအထိမြင်ရတာ။ အဲဒီအချိန် အကုန်ပိတ် ထားတော့ ပိုက်ဆံတတ်နိုင်တဲ့သူတွေက ရေလမ်းနဲ့ကုန်းလမ်းက သွားရတာပေါ့။ တတ်နိုင်တဲ့သူတွေ တချို့ဆို ဆိုင်ကယ်တွေပါသယ်ပြီးတော့ တခြားမှာ စီးပွားရေးတွေ သွားလုပ်ကုန်ကြတာ။ အဲဒီလို အလျှို လျှိုထွက်ကုန်တာ။ အခု ကျန်ခဲ့တယ်ဆိုတာကလည်း ဘယ်လိုပြောရမလဲ၊ မရှောင်နိုင်တဲ့သူတွေ ကျန်ခဲ့ တာ။ တော်တော်လေး မရှောင်နိုင်တဲ့သူတွေကျန်ခဲ့တာ။ အခု စစ်တွေမှာ ဘေးနားပတ်ဝန်းကျင်ရွာက လူတွေလည်း မြို့ထဲရောက်နေတော့ မြို့လူဦးရေကတော့တက်လာတယ် ပြောတယ်။ ပြဿနာက ဘာလဲဆိုတော့ လူကများပြီး ရိက္ခာတော့ပြဿနာရှိတာပေါ့။ ပြီးတော့ ကုန်ဈေးနှုန်းကလည်းကြီး နေ တော့ လူမရှိတဲ့အိမ်တွေကပျဉ်တွေကိုပါ လိုက်ခွာတယ်လို့ပြောတယ်။ တံတောင်လောက်ရှိပြီး လက် တစ်ဆုပ်စာလောက်ရှိတဲ့ ထင်းချောင်းကို တစ်ထောင်တဲ့။ ပြီးတော့ အဲဒီလိုပဲ လူမရှိတဲ့အိမ်ဆို ကုန်တာပဲ။ လူတွေကလည်း စားဖို့မှမရှိတာလေ။ ဒီအတိုင်းနေနေရတဲ့အနေအထားမှာ အဲဒီလိုမျိုးပဲပေါ့။ လောလောဆယ် လူတွေကတော့ အခြေအနေဆိုးတယ်ပေါ့။

မေး - စစ်တွေကနေ ပြည်သူတွေ တော်တော်များများ စွန့်ခွာပြေးကြသေးတယ်နော်။ အဲဒီတုန်းက အခြေ အနေမှာ အမှတ်တရတစ်ခုလောက်ပြောပြပါလား။
ဖြေ - အဲဒီတုန်းက လူတွေက ကြောက်တာပေါ့။ သာမန်ပြည်သူတွေလေ။ ကျွန်တော်တို့က ပြေးဖို့ပဲ ကြိုးစားရတာပေါ့။ အကုန်လုံးက စိုးရိမ်စိတ်တွေနဲ့ ရှင်သန်ရတာပေါ့။ အခုကတော့ နည်းနည်းသက်သာ တာပေါ့။ အဲဒီတုန်းကဆို ညဘက်တွေလည်း အိပ်မပျော်ဘူး။ ဘာများဖြစ်မလဲဆိုပြီး စိတ်တထင့်ထင့်နဲ့ အိပ်မရတဲ့ ညတွေကိုဖြတ်သန်းရတယ်။ အဲဒီတုန်းက မြို့ကလည်း အကုန်လုံးကြည့်လိုက်ရင် ခြောက် ကပ်ပြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေရတာတောင် စိတ်ထဲမှာမကောင်းဘူး။

မေး- ထပ်မေးချင်တာက အခုက စစ်တွေမြို့နယ်နားမှာ တိုက်ပွဲသတင်းတွေ ပြန်ကြားလာရတယ်။ တိုက်ပွဲဖြစ်တော့ မြို့ခံတွေရဲ့စိုးရိမ်မှုက ဘယ်လိုရှိလဲ။
ဖြေ - စိုးရိမ်တာကတော့ တော်တော်လေး စိုးရိမ်ကြ တာပေါ့။ သိတယ်မဟုတ်လား။ ဂွကလည်း တစ်လောက ဖြစ်သွားတာဆိုတော့ တိုက်ပွဲတွေက ကျောက်ဖြူဘက် လာမလား၊ စစ်တွေဘက် လာ မလားဆိုတဲ့ အနေအထားမှာ ကျောက်ဖြူက ပိုက်လိုင်းရှိလို့ မလုပ်ရဲပါဘူး ဘာညာဆိုပြီး ဝေဖန်တာ တွေတောင် ရှိတယ်လေ။ တချို့ကလည်း ဝေဖန်ကြတာပေါ့ဗျာ။ ပြီးတော့ အခုအခြေအနေက ဖုန်း လိုင်းတွေ မရတာပေါ့။ အဲဒါက ကောင်းလည်းကောင်းတယ်၊ မကောင်းလည်း မကောင်းဘူးပေါ့။ အင်တာ နက်လည်း ဖြတ်ထားတယ်။ တော်ရုံဖုန်းလိုင်းလည်းမမိတော့ လူတွေက ဘာမှမသိတော့ဘူး။ ပစ်တဲ့ အသံကိုနားထောင်ပြီး ဘယ်ပြေးရမလဲဆိုတာပဲ စဉ်းစားရတဲ့အနေအထားဖြစ်နေတယ်။

မေး - စစ်တွေမှာ ဖုန်းလိုင်းကော ရလား။
ဖြေ - စစ်တွေမှာ ဖုန်းလိုင်းရတာ တချို့နေရာတွေပဲ ရှိတယ်။ အဲဒီနေရာလေးတွေကို သွားပြောနေရတာ ပေါ့။ အရပ်သားတွေပေါ့။ အဲဒါလည်း MPT တစ်ခုပဲ ရတာ။

မေး - အခု စစ်တွေမြို့ခံတွေက မြို့ထဲကထွက်ဖို့ ကျတော့ကော။
ဖြေ - အခုက မြို့ကထွက်ရင်တော့ လေယာဉ်နဲ့ပဲရမယ်။ အရင်က ရေကြောင်းရတယ်။ အခုကတော့ ရေကြောင်းလည်းမရဘူး ဖြစ်နေတာပေါ့။

မေး - မြို့ခံတွေရဲ့ စိုးရိမ်မှုကကော ဘယ်လိုရှိလဲ။
ဖြေ - စိုးရိမ်တာကတော့ တော်တော်လေး စိုးရိမ်တာပေါ့ဗျာ။ ဖြစ်လာရင် ဘယ်ကိုပြေးမှာလဲပေါ့။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း သတင်းတွေကြားရတာလေ။ စိုး ရိမ်တာကတော့ရှိတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း AA ဘက်ကတက်လာလို့ Navy (တပ်မတော်-ရေ) နဲ့ဖြစ်ကြတာလို့ ဒေသခံတွေဆီကသိရတယ်။ ကျားမ သောက်ဘက်တို့ ဟိုနေရာကွက်၊ ဒီနေရာကွက်ပြီး ဖြစ်ကြတယ်။ ဆိုတော့ တကယ်လို့များ ရင်ဆိုင်တိုက်ပွဲဖြစ်လာရင် ဘယ်လိုနေရမလဲဆိုတာ တော်တော်လေး စိုးရိမ်စိတ်များတယ်ဆိုပြီးတော့ ပြောကြတယ်။ ကျွန်တော်ကိုယ်တိုင်လည်း စိုးရိမ်ပါတယ်။ တိုက်ပွဲဖြစ်ရင် ဘယ်နားသွားနေရမလဲပေါ့။ စိတ်မလုံခြုံမှု ပေါ့ဗျာ။ ပင်လယ်ဘက်ဆင်းမယ်ဆိုရင်လည်း ကမ်းခြေတစ်ဝိုက် ကို ကာလိုက်ပြီလေ။ ပြေးလို့မရတော့ဘူး။

မေး - ရခိုင်ပြည်နယ်တစ်ခုလုံး အခြေအနေပေါ့။ ခြုံပြီးပြောရရင် ဘယ်လိုရှိမလဲ။
ဖြေ - ဘယ်လိုပြောရမလဲ အကုန်လုံးနဲ့ခြုံရင် တချို့ ကလည်းကောင်းတယ်။ တချို့ကလည်း အဆင်မပြေ ကြဘူးပေါ့။ အခုကတော့ ရိက္ခာတွေဘာတွေကို အိန္ဒိယတို့၊ ဘင်္ဂလားတို့ဘက်ကနေ ကုန်သွင်းလာတာ တွေရှိတယ်။ စစ်ရဲ့ဒဏ်ကတော့ အားလုံးကခံကြရတာပေါ့။ စစ်ဘေးရှောင်တွေလည်းများတယ်။ သူတို့ ကလည်း မပြန်ရသေးဘူး။ အဲဒီတော့ တစ်ခါတလေမှာ ပြည်သူတွေက စစ်က ဘယ်တော့ပြီးမလဲဆိုတဲ့ မျှော်လင့်ချက်မျိုးရှိတယ်။ ငါတို့ စိတ်လုံခြုံမှု ဘယ်လိုရနိုင်မလဲဆိုတာကို ပူပန်ကြတာမျိုးရှိတယ်။ ကျောက်ဖြူဘက်ဆိုရင်လည်း တိုက်ပွဲတစ်ခုဖြစ်တယ်လို့ ကြားတယ်။ ဒါပေမဲ့ မှန်လား/မှားလား လည်း မသိဘူး။ အခုကတော့ အချက်အလက်တွေလည်း မရနိုင်ဘူးပေါ့။

မေး - AA ရဲ့ ULA အုပ်ချုပ်ရေးအခြေအနေကကော ဘယ်လိုရှိလဲ။
ဖြေ - သိတယ်မဟုတ်လား။ အကုန်လုံးပြည့်ဝတာ မဟုတ်ဘူး။ လိုအပ်ချက်အရ ဆွဲသုံးထားတဲ့လူတွေ ဆိုတော့ တစ်ခါတလေကျရင် အာဏာပြတာတွေ ဘာ တွေရှိတယ်။ ပြီးခဲ့တဲ့တစ်ခေါက်ဆို ကျောက် တော်မှာ ULA ထဲဝင်ရမယ်ဆိုပြီး တစ်အိမ်တစ်ယောက် လိုက်ဆွဲတာတွေရှိတယ်။ အိမ်ပေါ်တက်ပြီး လိုက်ဆွဲ တာ။ အသက်ပြည့်တဲ့သူတွေကိုလေ။ အဲဒါဖြစ်ဖူးတယ်။ အဓိကတော့ဗျာ ဘယ်လိုပြောရမလဲ အပေါ်က မချဘဲ အောက်ကလူတွေက မျက်နှာရချင်လို့လုပ်တာ မျိုးတွေပေါ့။ ကျွန်တော်က မကွယ် ဝှက်ပါဘူး။ ဖြစ်တာ ကိုပြောပြတာပါ။ ဒါက အင်တာနက်မှာ မတက်လာဘူး။ မပြောကြဘူးပေါ့ဗျာ။ နောက်ဆုံးမှာ ရုံးချုပ်က နောက်ဆုံးအမိန့်ချလာတယ်။ မလုပ်တော့နဲ့ ဒါက စည်းကမ်းမဟုတ်ဘူးဆိုပြီး ပြောလာတဲ့အထိ ဖြစ်တာ ပေါ့။ တချို့ဟာတွေဆိုရင် တခြားနေရာတွေမှာ သွားရှောင်ရတာအထိဖြစ်ခဲ့ တာ။ ဆိုလိုတာက အုပ်ချုပ်ရေးမှာက တစ်မြို့ကို အုပ်ချုပ်တဲ့ပုံစံတစ်ခု ဆိုတာမျိုး ဖြစ်နေတာပေါ့။

မေး - ရခိုင်မှာ မူးယစ်ဆေးဝါးတွေ ဘာတွေလဲပေါ လာတယ်ကြားရတယ်။ အထူးသဖြင့် အာဆီယံလို့ ခေါ်တဲ့ မူးယစ်အနွယ်ဝင်အရည်ချက်လို့ရတဲ့အပင်တွေလေ။
ဖြေ - အရင်တည်းက မောင်တောဘက်တွေမှာ စရှိခဲ့တာပေါ့။ အရင်က မောင်တောဘက်မှာပေါတာ။ ဒီလိုဗျာ။ ဟိုအရင်ကလည်း ဂန့်ဂျာ(ဆေးခြောက်)နဲ့ အတူတူသွားနေတာပေါ့။ ဒါပေမဲ့ တွင်တွင် ကျယ် ကျယ် မဖြစ်ဘူး။ အခုနောက်ပိုင်းကျတော့ ပြည်မကနေ အ ရက်တင်သွင်းတာကို AA က ဖြတ်လိုက် တော့ ဒါက အစားထိုးဝင်လာတဲ့သဘောပေါ့။ ကျွန်တော်ထင်တာ ပြောတာနော်။ အဲဒီကနေပြီး အရက် ကိုပိတ်တော့ သိတဲ့အတိုင်း ဈေးကလည်းမြင့်တယ်လေ။ ဘာမှမ ဟုတ်တဲ့အရက်တောင် နှစ်သောင်းဝန်း ကျင်လောက် ဖြစ်လာတယ်လေ။ အဲဒါကိုမရတော့ အလွယ်ပေါ့ဗျာ။ အဲဒီ အာဆီယံကိုသုံးတာပေါ့။ အစိချေ(စိတ်ကြွရူး သွပ်ဆေးပြား)ကိစ္စကတော့ ပြည်နယ်ထဲမှာ အရမ်း ကြီးသိပ်မကြားရဘူး။ ကျွန်တော် ကြားရတာနော်။ ကျွန်တော်ကြားရတာ တစ်ခုပြောပြမယ်။ အစိချေကို ကိုယ့်ပြည်နယ်ထဲတော့ မဖြန့် ရဘူးပေါ့။ တခြားမှာ ဖြန့်ဖို့အတွက် AA ဘက်က လုံခြုံရေးယူပေးတာ ရှိခဲ့ ဖူးတယ်ပြောတယ်။ ဒေသတွင်းမဖြန့်ရင်ပြီးရော အပြင်ကိုပို့မယ်ဆိုရင်ပေါ့။ နောက်ပိုင်း ပြဿနာတွေ တက်တယ်ပြောတယ်။ ဘင်္ဂါလားဘက်တို့ ဘာတို့ ဖြန့် မယ်ဆိုပြီး ပြည်နယ်ထဲဖြန့်တော့ အဲဒါကို တော်ပြီ နောက်မလုပ်တော့ဘူး လို့ အပေါ်ကစာထုတ်လာ တယ်လို့ပြောတယ်။

မေး - အရပ်ဘက်အုပ်ချုပ်ရေးကို ဘယ်လိုမြင်လဲ။
ဖြေ - တချို့ရွာတွေမှာဆိုရင် ငါကလူကြီး မင်းက ဘာလဲဆိုပြီး အာဏာပြတာမျိုးတွေရှိနေ တယ်။ ပုံမှန် အားဖြင့်တော့ စည်းတော့ကြပ်နေတယ်လို့ ပြောတယ်။ သေချာတော့မသိရဘူး။ နောက်ကနေ ပြန်ပြီး တင်းကြပ်တယ်လို့ပြောတယ်။

မေး - ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေက ကျယ်ပြန့်လာတယ်ပေါ့။ ဆိုတော့ AA ဘက်ကလည်း သေဆုံး တာများတယ် ပြောတယ်။ အဲဒါဟုတ်လား။
ဖြေ - ရှိတာပေါ့။ ထိတာက အမ်းမှာ တော်တော်လေး ထိတယ်ပြောတယ်။ ကျွန်တော် အများကြီးတော့ မသိဘူး။

မေး - အခုက စစ်ကြောင့် ရခိုင်ပြည်နယ်က စစ်ဘေးသင့်သွားတာပေါ့လေ။ တချို့မြို့တွေ ဥပမာ-ပေါက် တောလို၊ ရမ်းဗြဲလို မြို့တွေဆို တအားအထိနာသွားတာလေ။ ပြန်လည်ထူထောင်ရေးက အဆင်ပြေမယ် ထင်လား။
ဖြေ - လောလောဆယ်တော့ ပြန်လည်ထူထောင်ရေး က တော်တော်လေးလုပ်ရမယ်ဗျ။ ပျက်သွားတာ တွေက တစ်ခုမှမဟုတ်တာ။ ထောင်နဲ့ချီတာဆိုတော့ ပြန် လည်ထူထောင်ရေးအတွက် နောင်လေးငါးနှစ် က နိုင်ငံရေးအခြေအနေကောင်းရင် အချိန်ယူရမှာ။ ဆိုတော့ ပြန်လည်ထူးထောင်ရေးကတော့ တော်တော်လေးတော့ လုပ်ရမှာပေါ့။

zawgyi version
“ရန္ကုန္က ဝက္သားကို ေလယာဥ္နဲ႔တင္ၿပီး စစ္ေတြမွာ ျပန္ေရာင္းတာမ်ိဳးေတာင္ ျဖစ္ေနၿပီ”
သုတေက်ာ္ (NP News) - ဇန္နဝါရီ ၁ဝ

တစ္ခ်ိန္က အာက်ပ္ဟုအမည္တြင္ခဲ့ဖူးေသာ ရခိုင္ျပည္နယ္၏ၿမိဳ႕ေတာ္ စစ္ေတြမွၿမိဳ႕ခံမ်ားသည္ ယခုအခါ AA ယူလာေသာစစ္မီးေၾကာင့္ အက်ပ္အတည္းႏွင့္စစ္၏ဆိုးက်ိဳးကိုရင္ဆိုင္ေနရေသာ အေျခ အေနကို နဖူးေတြ႕ဒူးေတြ႕ ႀကဳံေနရၿပီျဖစ္သည္။ စစ္မီးသည္ ၿမိဳ႕ကို တိုက္႐ိုက္မေလာင္ၿမိဳက္ေသာ္လည္း ၿမိဳ႕ခံမ်ား၏ ရင္တြင္းမွစိုးရိမ္စိတ္က တျဖည္းျဖည္းတိုးလာေနသည္။ အဆိုပါခံစားခ်က္ကို ရခိုင္ျပည္နယ္ ရွိ အျခားၿမိဳ႕မ်ားက ဦးစြာခံစားခဲ့ရၿပီးျဖစ္သည္။ အဆိုပါအေျခအေနမ်ား ႏွင့္ပတ္သက္၍ စစ္ေတြၿမိဳ႕ခံ တစ္ဦးထံ NP news က ဆက္သြယ္ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေမး - အရင္ဆုံးေမးခ်င္တာက တိုက္ပြဲေတြမျဖစ္ခင္က စစ္ေတြမွာေနရတဲ့အေျခအေနကို အရင္ေျပာျပ ေပးပါလား။
ေျဖ - တိုက္ပြဲေတြမျဖစ္ခင္ကဆိုရင္ ပုံမွန္ ကုန္းလမ္း၊ ေရလမ္းပြင့္ေတာ့ ကုန္စည္စီးဆင္းမႈက ပုံမွန္ရွိ တယ္။ ဘယ္လိုေျပာရမလဲ။ စစ္ေတြကမ္းေျခတို႔ဆိုရင္လည္း တစ္ပတ္မွာ တစ္ရက္၊ ႏွစ္ရက္လည္း ပုံမွန္ေရာက္တယ္။ ညဥ့္နက္တဲ့အထိလည္းေနၾကတယ္။ သြားရလာရ အဆင္ေျပၾကတယ္။ ေအးေအး ေဆးေဆးေပါ့။ ကုန္ေဈးႏႈန္းကလည္း ျမင့္တယ္ဆိုေပမယ့္ သယ္ယူပို႔ေဆာင္ေရးေၾကာင့္ ျမင့္တာပါ။ အမ်ားႀကီး မျမင့္ဘူး အဲဒီလိုရွိခဲ့တာပါ။

ေမး - တိုက္ပြဲစျဖစ္မလာခင္ AA က ရခိုင္ျပည္နယ္ မွာ ေျခကုပ္ယူၿပီးတဲ့အထိ စစ္ေတြၿမိဳ႕အေျခအေနက ဘယ္လိုရွိပါသလဲ။
ေျဖ - မဟုတ္ဘူး။ ကြၽန္ေတာ္မွတ္မိသေလာက္က ပထမတစ္ခါပိတ္တာ ျဖစ္ခဲ့ေသးတယ္။ အရင္က AA ဝင္တိုက္တုန္းကလည္း ကုန္းလမ္းပိတ္ခဲ့ဖူးတယ္။ အခုႏွစ္ေတာ့ မမွတ္မိေတာ့ဘူး။ ရက္ေပါင္း (၁၀) ေက်ာ္ထင္တယ္။ ဒါေပမဲ့ ျပန္ပြင့္သြားတယ္။ ရခိုင္မွာ တိုက္ပြဲေတြစေတာ့မွ လက္နက္ႀကီးပစ္တာကအစ ၿမိဳ႕ခံေတြ ျမင္ရတယ္။ ကုန္စည္စီးဆင္းမႈကအစ ျပတ္ေတာက္သြားတယ္။ ျပတ္ေတာက္သြားေတာ့ ဝက္ သားဆိုရင္ တစ္ပိႆာကို ငါးေသာင္းေျခာက္ေသာင္းအထိ ျဖစ္ေနတယ္။ ၿမိဳ႕ထဲမွာ ကုန္စည္စီးဆင္းမႈက အားနည္းသြားတယ္။ ရန္ကုန္ကဝက္သားကို ေလယာဥ္နဲ႔တင္ၿပီး စစ္ေတြမွာျပန္ေရာင္းတယ္ဆိုတာအထိ ျဖစ္တာေပါ့။

ေမး - ရခိုင္က တစ္ေက်ာ့ျပန္တိုက္ပြဲျဖစ္ၿပီး စစ္ေတြ ၿမိဳ႕ခံေတြ စစ္အေၾကာင္း ပထမဆုံးသိရတဲ့ အမွတ္တ ရကို ေျပာျပေပးပါလား။
ေျဖ - တိုက္ပြဲေတြ စျဖစ္ကတည္းက တစ္ခါမွ မၾကားဖူးတဲ့ အေျမာက္ပစ္တာေတြ၊ အေျမာက္က်ည္ သြားတာ ျမင္ေနရတယ္ဗ်ာ။ အေျမာက္သံေတာင္ အုံးခနဲၾကားရတာ။ အဲဒီအခ်ိန္ ေကာင္းကင္ကိုၾကည့္ လိုက္ရင္ မီးလုံးႀကီးကရဲၿပီးေတာ့ ေပါက္ေတာဘက္ကိုသြားတာအထိျမင္ရတာ။ အဲဒီအခ်ိန္ အကုန္ပိတ္ ထားေတာ့ ပိုက္ဆံတတ္ႏိုင္တဲ့သူေတြက ေရလမ္းနဲ႔ကုန္းလမ္းက သြားရတာေပါ့။ တတ္ႏိုင္တဲ့သူေတြ တခ်ိဳ႕ဆို ဆိုင္ကယ္ေတြပါသယ္ၿပီးေတာ့ တျခားမွာ စီးပြားေရးေတြ သြားလုပ္ကုန္ၾကတာ။ အဲဒီလို အလွ်ိဳ လွ်ိဳထြက္ကုန္တာ။ အခု က်န္ခဲ့တယ္ဆိုတာကလည္း ဘယ္လိုေျပာရမလဲ၊ မေရွာင္ႏိုင္တဲ့သူေတြ က်န္ခဲ့ တာ။ ေတာ္ေတာ္ေလး မေရွာင္ႏိုင္တဲ့သူေတြက်န္ခဲ့တာ။ အခု စစ္ေတြမွာ ေဘးနားပတ္ဝန္းက်င္႐ြာက လူေတြလည္း ၿမိဳ႕ထဲေရာက္ေနေတာ့ ၿမိဳ႕လူဦးေရကေတာ့တက္လာတယ္ ေျပာတယ္။ ျပႆနာက ဘာလဲဆိုေတာ့ လူကမ်ားၿပီး ရိကၡာေတာ့ျပႆနာရွိတာေပါ့။ ၿပီးေတာ့ ကုန္ေဈးႏႈန္းကလည္းႀကီး ေန ေတာ့ လူမရွိတဲ့အိမ္ေတြကပ်ဥ္ေတြကိုပါ လိုက္ခြာတယ္လို႔ေျပာတယ္။ တံေတာင္ေလာက္ရွိၿပီး လက္ တစ္ဆုပ္စာေလာက္ရွိတဲ့ ထင္းေခ်ာင္းကို တစ္ေထာင္တဲ့။ ၿပီးေတာ့ အဲဒီလိုပဲ လူမရွိတဲ့အိမ္ဆို ကုန္တာပဲ။ လူေတြကလည္း စားဖို႔မွမရွိတာေလ။ ဒီအတိုင္းေနေနရတဲ့အေနအထားမွာ အဲဒီလိုမ်ိဳးပဲေပါ့။ ေလာေလာဆယ္ လူေတြကေတာ့ အေျခအေနဆိုးတယ္ေပါ့။

ေမး - စစ္ေတြကေန ျပည္သူေတြ ေတာ္ေတာ္မ်ားမ်ား စြန႔္ခြာေျပးၾကေသးတယ္ေနာ္။ အဲဒီတုန္းက အေျခ အေနမွာ အမွတ္တရတစ္ခုေလာက္ေျပာျပပါလား။
ေျဖ - အဲဒီတုန္းက လူေတြက ေၾကာက္တာေပါ့။ သာမန္ျပည္သူေတြေလ။ ကြၽန္ေတာ္တို႔က ေျပးဖို႔ပဲ ႀကိဳးစားရတာေပါ့။ အကုန္လုံးက စိုးရိမ္စိတ္ေတြနဲ႔ ရွင္သန္ရတာေပါ့။ အခုကေတာ့ နည္းနည္းသက္သာ တာေပါ့။ အဲဒီတုန္းကဆို ညဘက္ေတြလည္း အိပ္မေပ်ာ္ဘူး။ ဘာမ်ားျဖစ္မလဲဆိုၿပီး စိတ္တထင့္ထင့္နဲ႔ အိပ္မရတဲ့ ညေတြကိုျဖတ္သန္းရတယ္။ အဲဒီတုန္းက ၿမိဳ႕ကလည္း အကုန္လုံးၾကည့္လိုက္ရင္ ေျခာက္ ကပ္ၿပီး တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ေနရတာေတာင္ စိတ္ထဲမွာမေကာင္းဘူး။

ေမး- ထပ္ေမးခ်င္တာက အခုက စစ္ေတြၿမိဳ႕နယ္နားမွာ တိုက္ပြဲသတင္းေတြ ျပန္ၾကားလာရတယ္။ တိုက္ပြဲျဖစ္ေတာ့ ၿမိဳ႕ခံေတြရဲ႕စိုးရိမ္မႈက ဘယ္လိုရွိလဲ။
ေျဖ - စိုးရိမ္တာကေတာ့ ေတာ္ေတာ္ေလး စိုးရိမ္ၾက တာေပါ့။ သိတယ္မဟုတ္လား။ ဂြကလည္း တစ္ေလာက ျဖစ္သြားတာဆိုေတာ့ တိုက္ပြဲေတြက ေက်ာက္ျဖဴဘက္ လာမလား၊ စစ္ေတြဘက္ လာ မလားဆိုတဲ့ အေနအထားမွာ ေက်ာက္ျဖဴက ပိုက္လိုင္းရွိလို႔ မလုပ္ရဲပါဘူး ဘာညာဆိုၿပီး ေဝဖန္တာ ေတြေတာင္ ရွိတယ္ေလ။ တခ်ိဳ႕ကလည္း ေဝဖန္ၾကတာေပါ့ဗ်ာ။ ၿပီးေတာ့ အခုအေျခအေနက ဖုန္း လိုင္းေတြ မရတာေပါ့။ အဲဒါက ေကာင္းလည္းေကာင္းတယ္၊ မေကာင္းလည္း မေကာင္းဘူးေပါ့။ အင္တာ နက္လည္း ျဖတ္ထားတယ္။ ေတာ္႐ုံဖုန္းလိုင္းလည္းမမိေတာ့ လူေတြက ဘာမွမသိေတာ့ဘူး။ ပစ္တဲ့ အသံကိုနားေထာင္ၿပီး ဘယ္ေျပးရမလဲဆိုတာပဲ စဥ္းစားရတဲ့အေနအထားျဖစ္ေနတယ္။

ေမး - စစ္ေတြမွာ ဖုန္းလိုင္းေကာ ရလား။
ေျဖ - စစ္ေတြမွာ ဖုန္းလိုင္းရတာ တခ်ိဳ႕ေနရာေတြပဲ ရွိတယ္။ အဲဒီေနရာေလးေတြကို သြားေျပာေနရတာ ေပါ့။ အရပ္သားေတြေပါ့။ အဲဒါလည္း MPT တစ္ခုပဲ ရတာ။

ေမး - အခု စစ္ေတြၿမိဳ႕ခံေတြက ၿမိဳ႕ထဲကထြက္ဖို႔ က်ေတာ့ေကာ။
ေျဖ - အခုက ၿမိဳ႕ကထြက္ရင္ေတာ့ ေလယာဥ္နဲ႔ပဲရမယ္။ အရင္က ေရေၾကာင္းရတယ္။ အခုကေတာ့ ေရေၾကာင္းလည္းမရဘူး ျဖစ္ေနတာေပါ့။

ေမး - ၿမိဳ႕ခံေတြရဲ႕ စိုးရိမ္မႈကေကာ ဘယ္လိုရွိလဲ။
ေျဖ - စိုးရိမ္တာကေတာ့ ေတာ္ေတာ္ေလး စိုးရိမ္တာေပါ့ဗ်ာ။ ျဖစ္လာရင္ ဘယ္ကိုေျပးမွာလဲေပါ့။ ၿပီးခဲ့တဲ့ ရက္ပိုင္းကလည္း သတင္းေတြၾကားရတာေလ။ စိုး ရိမ္တာကေတာ့ရွိတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းကလည္း AA ဘက္ကတက္လာလို႔ Navy (တပ္မေတာ္-ေရ) နဲ႔ျဖစ္ၾကတာလို႔ ေဒသခံေတြဆီကသိရတယ္။ က်ားမ ေသာက္ဘက္တို႔ ဟိုေနရာကြက္၊ ဒီေနရာကြက္ၿပီး ျဖစ္ၾကတယ္။ ဆိုေတာ့ တကယ္လို႔မ်ား ရင္ဆိုင္တိုက္ပြဲျဖစ္လာရင္ ဘယ္လိုေနရမလဲဆိုတာ ေတာ္ေတာ္ေလး စိုးရိမ္စိတ္မ်ားတယ္ဆိုၿပီးေတာ့ ေျပာၾကတယ္။ ကြၽန္ေတာ္ကိုယ္တိုင္လည္း စိုးရိမ္ပါတယ္။ တိုက္ပြဲျဖစ္ရင္ ဘယ္နားသြားေနရမလဲေပါ့။ စိတ္မလုံၿခဳံမႈ ေပါ့ဗ်ာ။ ပင္လယ္ဘက္ဆင္းမယ္ဆိုရင္လည္း ကမ္းေျခတစ္ဝိုက္ ကို ကာလိုက္ၿပီေလ။ ေျပးလို႔မရေတာ့ဘူး။

ေမး - ရခိုင္ျပည္နယ္တစ္ခုလုံး အေျခအေနေပါ့။ ၿခဳံၿပီးေျပာရရင္ ဘယ္လိုရွိမလဲ။
ေျဖ - ဘယ္လိုေျပာရမလဲ အကုန္လုံးနဲ႔ၿခဳံရင္ တခ်ိဳ႕ ကလည္းေကာင္းတယ္။ တခ်ိဳ႕ကလည္း အဆင္မေျပ ၾကဘူးေပါ့။ အခုကေတာ့ ရိကၡာေတြဘာေတြကို အိႏၵိယတို႔၊ ဘဂၤလားတို႔ဘက္ကေန ကုန္သြင္းလာတာ ေတြရွိတယ္။ စစ္ရဲ႕ဒဏ္ကေတာ့ အားလုံးကခံၾကရတာေပါ့။ စစ္ေဘးေရွာင္ေတြလည္းမ်ားတယ္။ သူတို႔ ကလည္း မျပန္ရေသးဘူး။ အဲဒီေတာ့ တစ္ခါတေလမွာ ျပည္သူေတြက စစ္က ဘယ္ေတာ့ၿပီးမလဲဆိုတဲ့ ေမွ်ာ္လင့္ခ်က္မ်ိဳးရွိတယ္။ ငါတို႔ စိတ္လုံၿခဳံမႈ ဘယ္လိုရႏိုင္မလဲဆိုတာကို ပူပန္ၾကတာမ်ိဳးရွိတယ္။ ေက်ာက္ျဖဴဘက္ဆိုရင္လည္း တိုက္ပြဲတစ္ခုျဖစ္တယ္လို႔ ၾကားတယ္။ ဒါေပမဲ့ မွန္လား/မွားလား လည္း မသိဘူး။ အခုကေတာ့ အခ်က္အလက္ေတြလည္း မရႏိုင္ဘူးေပါ့။

ေမး - AA ရဲ႕ ULA အုပ္ခ်ဳပ္ေရးအေျခအေနကေကာ ဘယ္လိုရွိလဲ။
ေျဖ - သိတယ္မဟုတ္လား။ အကုန္လုံးျပည့္ဝတာ မဟုတ္ဘူး။ လိုအပ္ခ်က္အရ ဆြဲသုံးထားတဲ့လူေတြ ဆိုေတာ့ တစ္ခါတေလက်ရင္ အာဏာျပတာေတြ ဘာ ေတြရွိတယ္။ ၿပီးခဲ့တဲ့တစ္ေခါက္ဆို ေက်ာက္ ေတာ္မွာ ULA ထဲဝင္ရမယ္ဆိုၿပီး တစ္အိမ္တစ္ေယာက္ လိုက္ဆြဲတာေတြရွိတယ္။ အိမ္ေပၚတက္ၿပီး လိုက္ဆြဲ တာ။ အသက္ျပည့္တဲ့သူေတြကိုေလ။ အဲဒါျဖစ္ဖူးတယ္။ အဓိကေတာ့ဗ်ာ ဘယ္လိုေျပာရမလဲ အေပၚက မခ်ဘဲ ေအာက္ကလူေတြက မ်က္ႏွာရခ်င္လို႔လုပ္တာ မ်ိဳးေတြေပါ့။ ကြၽန္ေတာ္က မကြယ္ ဝွက္ပါဘူး။ ျဖစ္တာ ကိုေျပာျပတာပါ။ ဒါက အင္တာနက္မွာ မတက္လာဘူး။ မေျပာၾကဘူးေပါ့ဗ်ာ။ ေနာက္ဆုံးမွာ ႐ုံးခ်ဳပ္က ေနာက္ဆုံးအမိန႔္ခ်လာတယ္။ မလုပ္ေတာ့နဲ႔ ဒါက စည္းကမ္းမဟုတ္ဘူးဆိုၿပီး ေျပာလာတဲ့အထိ ျဖစ္တာ ေပါ့။ တခ်ိဳ႕ဟာေတြဆိုရင္ တျခားေနရာေတြမွာ သြားေရွာင္ရတာအထိျဖစ္ခဲ့ တာ။ ဆိုလိုတာက အုပ္ခ်ဳပ္ေရးမွာက တစ္ၿမိဳ႕ကို အုပ္ခ်ဳပ္တဲ့ပုံစံတစ္ခု ဆိုတာမ်ိဳး ျဖစ္ေနတာေပါ့။

ေမး - ရခိုင္မွာ မူးယစ္ေဆးဝါးေတြ ဘာေတြလဲေပါ လာတယ္ၾကားရတယ္။ အထူးသျဖင့္ အာဆီယံလို႔ ေခၚတဲ့ မူးယစ္အႏြယ္ဝင္အရည္ခ်က္လို႔ရတဲ့အပင္ေတြေလ။
ေျဖ - အရင္တည္းက ေမာင္ေတာဘက္ေတြမွာ စရွိခဲ့တာေပါ့။ အရင္က ေမာင္ေတာဘက္မွာေပါတာ။ ဒီလိုဗ်ာ။ ဟိုအရင္ကလည္း ဂန႔္ဂ်ာ(ေဆးေျခာက္)နဲ႔ အတူတူသြားေနတာေပါ့။ ဒါေပမဲ့ တြင္တြင္ က်ယ္ က်ယ္ မျဖစ္ဘူး။ အခုေနာက္ပိုင္းက်ေတာ့ ျပည္မကေန အ ရက္တင္သြင္းတာကို AA က ျဖတ္လိုက္ ေတာ့ ဒါက အစားထိုးဝင္လာတဲ့သေဘာေပါ့။ ကြၽန္ေတာ္ထင္တာ ေျပာတာေနာ္။ အဲဒီကေနၿပီး အရက္ ကိုပိတ္ေတာ့ သိတဲ့အတိုင္း ေဈးကလည္းျမင့္တယ္ေလ။ ဘာမွမ ဟုတ္တဲ့အရက္ေတာင္ ႏွစ္ေသာင္းဝန္း က်င္ေလာက္ ျဖစ္လာတယ္ေလ။ အဲဒါကိုမရေတာ့ အလြယ္ေပါ့ဗ်ာ။ အဲဒီ အာဆီယံကိုသုံးတာေပါ့။ အစိေခ်(စိတ္ႂကြ႐ူး သြပ္ေဆးျပား)ကိစၥကေတာ့ ျပည္နယ္ထဲမွာ အရမ္း ႀကီးသိပ္မၾကားရဘူး။ ကြၽန္ေတာ္ ၾကားရတာေနာ္။ ကြၽန္ေတာ္ၾကားရတာ တစ္ခုေျပာျပမယ္။ အစိေခ်ကို ကိုယ့္ျပည္နယ္ထဲေတာ့ မျဖန႔္ ရဘူးေပါ့။ တျခားမွာ ျဖန႔္ဖို႔အတြက္ AA ဘက္က လုံၿခဳံေရးယူေပးတာ ရွိခဲ့ ဖူးတယ္ေျပာတယ္။ ေဒသတြင္းမျဖန႔္ရင္ၿပီးေရာ အျပင္ကိုပို႔မယ္ဆိုရင္ေပါ့။ ေနာက္ပိုင္း ျပႆနာေတြ တက္တယ္ေျပာတယ္။ ဘဂၤါလားဘက္တို႔ ဘာတို႔ ျဖန႔္ မယ္ဆိုၿပီး ျပည္နယ္ထဲျဖန႔္ေတာ့ အဲဒါကို ေတာ္ၿပီ ေနာက္မလုပ္ေတာ့ဘူး လို႔ အေပၚကစာထုတ္လာ တယ္လို႔ေျပာတယ္။

ေမး - အရပ္ဘက္အုပ္ခ်ဳပ္ေရးကို ဘယ္လိုျမင္လဲ။
ေျဖ - တခ်ိဳ႕႐ြာေတြမွာဆိုရင္ ငါကလူႀကီး မင္းက ဘာလဲဆိုၿပီး အာဏာျပတာမ်ိဳးေတြရွိေန တယ္။ ပုံမွန္ အားျဖင့္ေတာ့ စည္းေတာ့ၾကပ္ေနတယ္လို႔ ေျပာတယ္။ ေသခ်ာေတာ့မသိရဘူး။ ေနာက္ကေန ျပန္ၿပီး တင္းၾကပ္တယ္လို႔ေျပာတယ္။

ေမး - ရခိုင္ျပည္နယ္မွာ တိုက္ပြဲေတြက က်ယ္ျပန႔္လာတယ္ေပါ့။ ဆိုေတာ့ AA ဘက္ကလည္း ေသဆုံး တာမ်ားတယ္ ေျပာတယ္။ အဲဒါဟုတ္လား။
ေျဖ - ရွိတာေပါ့။ ထိတာက အမ္းမွာ ေတာ္ေတာ္ေလး ထိတယ္ေျပာတယ္။ ကြၽန္ေတာ္ အမ်ားႀကီးေတာ့ မသိဘူး။

ေမး - အခုက စစ္ေၾကာင့္ ရခိုင္ျပည္နယ္က စစ္ေဘးသင့္သြားတာေပါ့ေလ။ တခ်ိဳ႕ၿမိဳ႕ေတြ ဥပမာ-ေပါက္ ေတာလို၊ ရမ္းၿဗဲလို ၿမိဳ႕ေတြဆို တအားအထိနာသြားတာေလ။ ျပန္လည္ထူေထာင္ေရးက အဆင္ေျပမယ္ ထင္လား။
ေျဖ - ေလာေလာဆယ္ေတာ့ ျပန္လည္ထူေထာင္ေရး က ေတာ္ေတာ္ေလးလုပ္ရမယ္ဗ်။ ပ်က္သြားတာ ေတြက တစ္ခုမွမဟုတ္တာ။ ေထာင္နဲ႔ခ်ီတာဆိုေတာ့ ျပန္ လည္ထူေထာင္ေရးအတြက္ ေနာင္ေလးငါးႏွစ္ က ႏိုင္ငံေရးအေျခအေနေကာင္းရင္ အခ်ိန္ယူရမွာ။ ဆိုေတာ့ ျပန္လည္ထူးေထာင္ေရးကေတာ့ ေတာ္ေတာ္ေလးေတာ့ လုပ္ရမွာေပါ့။

Related news

© 2021. All rights reserved.