ထိုင်းတွင် မြန်မာနိုင်ငံသားများ ကွန်ဒိုဝယ်ယူမှုမြင့်မားခဲ့ပြီး ဒုတိယနေရာ၌ ဆက်လက်ရပ်တည်

 277

ယွန်း (NP News) - ဇန်နဝါရီ ၁၂

ပြည်တွင်းမငြိမ်မသက်မှုများနှင့် စီးပွားရေးလုပ်ကိုင်ရန် အဆင်မပြေမှုများကြောင့် ထိုင်းတွင် မြန်မာနိုင်ငံ သားများ ကွန်ဒိုဝယ်ယူမှုမြင့်မားခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းဌာန၏ ဖော်ပြထားချက်အရ သိရသည်။ ပြီးခဲ့သည့် (၂၀၂၄) ခုနှစ်၏ ပထမ ခြောက်လအတွင်း မြန်မာနိုင်ငံသားများက ဘတ်ငွေ (၃ ဒသမ ၂၄)ဘီလျံတန်ဖိုးရှိ ကွန်ဒိုအခန်း ပေါင်း (၆၃၈)ခန်းကို ထိုင်းနိုင်ငံတွင် ဝယ်ယူခဲ့ပြီး (၂၀၂၃)ခုနှစ် တစ်နှစ်လုံးဝယ်ခဲ့သည့် ပမာဏထက် ပိုမိုများပြားခဲ့ကြောင်း ထိုင်းနိုင်ငံရှိ အိမ်ခြံမြေအရောင်း အဝယ်သတင်းအချက်အလက်ဗဟို(REIC) ၏ အချက် အလက်များအရ သိရသည်။
(၂၀၂၄)ခုနှစ်၏ ပထမကိုးလအတွင်း ထိုင်းနိုင်ငံ၌ မြန်မာနိုင်ငံသားများ၏ ကွန်ဒိုဝယ်ယူမှုမှာ ဘတ်ငွေ(၅ ဒသမ ၄၆) ဘီလျံတန်ဖိုးရှိနေပြီး ကွန်ဒိုအလုံးရေ (၁၀၅၀)ကို ဝယ်ယူထားကြောင်း သိရသည်။ ဘန်ကောက်ပို့စ် သတင်းဌာနတွင် ဖော်ပြထားချက်အရ မြန်မာနိုင်ငံမှဝယ်သူများသည် (၂၀၂၄)ခုနှစ် ဧပြီလတွင် ခေတ္တရပ်တန့်သွားခဲ့ သော်လည်း ယင်းနောက်ပိုင်းတွင် ပြန်လည်ဝယ်ယူခြင်းများရှိလာ ကြောင်း သိရသည်။ ထိုသို့ဝယ်ယူမှုမြင့်မားလာရ ခြင်းမှာ ပြည်တွင်း၌ မငြိမ်မသက်မှုများနှင့် စီးပွားရေး အဆင်မပြေမှုများကြောင့်ဖြစ်ကြောင်း ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက NP News သို့ သုံးသပ်ပြောကြားသည်။
‘ပြည်တွင်းမငြိမ်မသက်မှုတွေနဲ့ စီးပွားရေး တွေလုပ်လို့မရတော့တဲ့အခါကျတော့ ထိုင်းမှာက အလုပ်လုပ် စားဖို့နီးစပ်တော့ ဝယ်ကြတာပေါ့။ အနယ် နယ်အရပ်ရပ်မှာရှိတဲ့ ပြည်နယ်နဲ့တိုင်းတွေမှာ စစ်ပွဲတွေဖြစ်တယ်။ အဲဒီဒေသတွေက စစ်ဘေးရှောင်တွေ ထွက်လာကြတယ်။ ပြီးရင် ပြည်တွင်းကသူ‌‌ဌေးတွေကလည်း တိုက်ပွဲက ရန်ကုန်ကိုလာမယ်၊ မန္တလေးကို လာမယ်ဆိုပြီးဖြစ်လာတော့ စိုးရိမ်စိတ်တွေဖြစ်ပြီး ဝယ်ကုန်ကြတယ်။ နောက်တစ်ခုက စစ်မှုမထမ်းမနေရဆိုတာလည်းရှိနေတော့ ကလေးတွေကို ပို့ထားဖို့ ဆိုပြီး ရည်ရွယ်ချက်တွေနဲ့ ပိုပြီးတော့ဝယ်လာကြတယ်။ အဓိကကတော့ တိုက်ပွဲတွေက ဖြစ်လာတာ များတော့ အကုန်လုံးကစိုးရိမ်ကြ တယ်’ ဟု အထက်ပါ စီးပွားရေးလုပ်ငန်း ရှင်က ဆိုသည်။
မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံ တွင် (၂၀၂၃) ခုနှစ်၌ ဘတ်ငွေ (၃ ဒသမ ၇) ဘီလျံ တန်ဖိုးရှိ ကွန်ဒို အလုံးရေ (၅၆၄) လုံး၊ ၂၀၂၂ ခုနှစ် တွင် ဘတ်ငွေ (၂ ဒသမ ၅၅) ဘီလျံတန်ဖိုးရှိ ကွန်ဒို (၃၄၉)လုံး ဝယ်ယူခဲ့ကြောင်း သိရသည်။
‘ဟိုဘက်က ကွန်ဒိုတွေကလည်း အခန်းက သိပ်မကျယ်ဘူး။ ဈေးကလည်း သိန်း(၁၀ဝဝ)၊ သိန်း(၂၀ဝဝ) ပတ်ချာလည်နဲ့ဝယ်လို့ရတော့ မြန်မာနိုင်ငံက မိသားစု(၃)(၄)ယောက်လောက်နေလို့ရ တယ်။ အများဆုံးကတော့ ဈေးကြီးတဲ့ကွန်ဒိုတွေ ထက်စာရင် သိန်း(၂၀ဝဝ)၊ (၃၀ဝဝ)ပတ်ချာလည် ကွန်ဒိုတွေလောက်ပဲ မြန်မာတွေဝယ် တာများကြပါ တယ်’ဟု ၎င်းကဆိုသည်။
ထိုင်းနိုင်ငံ၌ မြန်မာနိုင်ငံသားများ၏ ကွန်ဒို ဝယ်ယူမှုသည် ပြီးခဲ့သည့် (၂၀၂၂)ခုနှစ်မှစ၍ စတင် မြင့်မားလာရာ နိုင်ငံရေးအခင်းအကျင်းစတင် ဖြစ်ပွား ခဲ့သည့် (၂၀၂၁) ခုနှစ်မှစ၍ ပြီးခဲ့သည့် (၂၀၂၄) ခုနှစ် (၆)လတာကာလအထိ ထိုင်းဘတ်ငွေ (၁၀)ဘီလျံ နီးပါးဝယ်ယူထားခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့် ရသင့်သည့် အခွန်အခများ အပါအဝင် အလုပ်အကိုင် အခွင့်အလမ်းများလည်း ဆုံးရှုံးလျက်ရှိကြောင်း သိရသည်။ (၂၀၂၄) ခုနှစ် ပထမကိုးလပတ်အတွင်း ထိပ်တန်းဝယ်ယူမှုအဖြစ် ဦးဆောင်နေသူမှာ တရုတ်နိုင်ငံ သားများဖြစ်ပြီး ကွန်ဒိုအလုံးရေ(၄၃၈၆)လုံး၊ မြန်မာနိုင်ငံသားများမှာ ဒုတိယနေရာတွင် ကွန်ဒိုအလုံးရေ (၁၀၅၀)လုံးနှင့် တတိယနေရာရှိ ရုရှားနိုင်ငံသားများ မှာ ကွန်ဒိုအလုံးရေ (၈၀ဝ)လုံး ဝယ်ယူထားကြောင်း ဘန်ကောက်ပို့စ် သတင်းဌာနက နှိုင်းယှဉ်မှုဇယားဖြင့် ဖော်ပြထားသည်။

Zawgyi Version;
ထိုင္းတြင္ ျမန္မာႏိုင္ငံသားမ်ား ကြန္ဒိုဝယ္ယူမႈျမင့္မားခဲ့ၿပီး ဒုတိယေနရာ၌ ဆက္လက္ရပ္တည္
ယြန္း (NP News) - ဇန္နဝါရီ ၁၂

ျပည္တြင္းမၿငိမ္မသက္မႈမ်ားႏွင့္ စီးပြားေရးလုပ္ကိုင္ရန္ အဆင္မေျပမႈမ်ားေၾကာင့္ ထိုင္းတြင္ ျမန္မာႏိုင္ငံ သားမ်ား ကြန္ဒိုဝယ္ယူမႈျမင့္မားခဲ့ေၾကာင္း ဘန္ေကာက္ပို႔စ္သတင္းဌာန၏ ေဖာ္ျပထားခ်က္အရ သိရသည္။ ၿပီးခဲ့သည့္ (၂၀၂၄) ခုႏွစ္၏ ပထမ ေျခာက္လအတြင္း ျမန္မာႏိုင္ငံသားမ်ားက ဘတ္ေငြ (၃ ဒသမ ၂၄)ဘီလ်ံတန္ဖိုးရွိ ကြန္ဒိုအခန္း ေပါင္း (၆၃၈)ခန္းကို ထိုင္းႏိုင္ငံတြင္ ဝယ္ယူခဲ့ၿပီး (၂၀၂၃)ခုႏွစ္ တစ္ႏွစ္လုံးဝယ္ခဲ့သည့္ ပမာဏထက္ ပိုမိုမ်ားျပားခဲ့ေၾကာင္း ထိုင္းႏိုင္ငံရွိ အိမ္ၿခံေျမအေရာင္း အဝယ္သတင္းအခ်က္အလက္ဗဟို(REIC) ၏ အခ်က္ အလက္မ်ားအရ သိရသည္။
(၂၀၂၄)ခုႏွစ္၏ ပထမကိုးလအတြင္း ထိုင္းႏိုင္ငံ၌ ျမန္မာႏိုင္ငံသားမ်ား၏ ကြန္ဒိုဝယ္ယူမႈမွာ ဘတ္ေငြ(၅ ဒသမ ၄၆) ဘီလ်ံတန္ဖိုးရွိေနၿပီး ကြန္ဒိုအလုံးေရ (၁၀၅၀)ကို ဝယ္ယူထားေၾကာင္း သိရသည္။ ဘန္ေကာက္ပို႔စ္ သတင္းဌာနတြင္ ေဖာ္ျပထားခ်က္အရ ျမန္မာႏိုင္ငံမွဝယ္သူမ်ားသည္ (၂၀၂၄)ခုႏွစ္ ဧၿပီလတြင္ ေခတၱရပ္တန႔္သြားခဲ့ ေသာ္လည္း ယင္းေနာက္ပိုင္းတြင္ ျပန္လည္ဝယ္ယူျခင္းမ်ားရွိလာ ေၾကာင္း သိရသည္။ ထိုသို႔ဝယ္ယူမႈျမင့္မားလာရ ျခင္းမွာ ျပည္တြင္း၌ မၿငိမ္မသက္မႈမ်ားႏွင့္ စီးပြားေရး အဆင္မေျပမႈမ်ားေၾကာင့္ျဖစ္ေၾကာင္း ျပည္တြင္းရွိ စီးပြားေရး လုပ္ငန္းရွင္တစ္ဦးက NP News သို႔ သုံးသပ္ေျပာၾကားသည္။
‘ျပည္တြင္းမၿငိမ္မသက္မႈေတြနဲ႔ စီးပြားေရး ေတြလုပ္လို႔မရေတာ့တဲ့အခါက်ေတာ့ ထိုင္းမွာက အလုပ္လုပ္ စားဖို႔နီးစပ္ေတာ့ ဝယ္ၾကတာေပါ့။ အနယ္ နယ္အရပ္ရပ္မွာရွိတဲ့ ျပည္နယ္နဲ႔တိုင္းေတြမွာ စစ္ပြဲေတြျဖစ္တယ္။ အဲဒီေဒသေတြက စစ္ေဘးေရွာင္ေတြ ထြက္လာၾကတယ္။ ၿပီးရင္ ျပည္တြင္းကသူ‌‌ေဌးေတြကလည္း တိုက္ပြဲက ရန္ကုန္ကိုလာမယ္၊ မႏၲေလးကို လာမယ္ဆိုၿပီးျဖစ္လာေတာ့ စိုးရိမ္စိတ္ေတြျဖစ္ၿပီး ဝယ္ကုန္ၾကတယ္။ ေနာက္တစ္ခုက စစ္မႈမထမ္းမေနရဆိုတာလည္းရွိေနေတာ့ ကေလးေတြကို ပို႔ထားဖို႔ ဆိုၿပီး ရည္႐ြယ္ခ်က္ေတြနဲ႔ ပိုၿပီးေတာ့ဝယ္လာၾကတယ္။ အဓိကကေတာ့ တိုက္ပြဲေတြက ျဖစ္လာတာ မ်ားေတာ့ အကုန္လုံးကစိုးရိမ္ၾက တယ္’ ဟု အထက္ပါ စီးပြားေရးလုပ္ငန္း ရွင္က ဆိုသည္။
ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ ထိုင္းႏိုင္ငံ တြင္ (၂၀၂၃) ခုႏွစ္၌ ဘတ္ေငြ (၃ ဒသမ ၇) ဘီလ်ံ တန္ဖိုးရွိ ကြန္ဒို အလုံးေရ (၅၆၄) လုံး၊ ၂၀၂၂ ခုႏွစ္ တြင္ ဘတ္ေငြ (၂ ဒသမ ၅၅) ဘီလ်ံတန္ဖိုးရွိ ကြန္ဒို (၃၄၉)လုံး ဝယ္ယူခဲ့ေၾကာင္း သိရသည္။
‘ဟိုဘက္က ကြန္ဒိုေတြကလည္း အခန္းက သိပ္မက်ယ္ဘူး။ ေဈးကလည္း သိန္း(၁၀ဝဝ)၊ သိန္း(၂၀ဝဝ) ပတ္ခ်ာလည္နဲ႔ဝယ္လို႔ရေတာ့ ျမန္မာႏိုင္ငံက မိသားစု(၃)(၄)ေယာက္ေလာက္ေနလို႔ရ တယ္။ အမ်ားဆုံးကေတာ့ ေဈးႀကီးတဲ့ကြန္ဒိုေတြ ထက္စာရင္ သိန္း(၂၀ဝဝ)၊ (၃၀ဝဝ)ပတ္ခ်ာလည္ ကြန္ဒိုေတြေလာက္ပဲ ျမန္မာေတြဝယ္ တာမ်ားၾကပါ တယ္’ဟု ၎ကဆိုသည္။
ထိုင္းႏိုင္ငံ၌ ျမန္မာႏိုင္ငံသားမ်ား၏ ကြန္ဒို ဝယ္ယူမႈသည္ ၿပီးခဲ့သည့္ (၂၀၂၂)ခုႏွစ္မွစ၍ စတင္ ျမင့္မားလာရာ ႏိုင္ငံေရးအခင္းအက်င္းစတင္ ျဖစ္ပြား ခဲ့သည့္ (၂၀၂၁) ခုႏွစ္မွစ၍ ၿပီးခဲ့သည့္ (၂၀၂၄) ခုႏွစ္ (၆)လတာကာလအထိ ထိုင္းဘတ္ေငြ (၁၀)ဘီလ်ံ နီးပါးဝယ္ယူထားျခင္းေၾကာင့္ ျမန္မာႏိုင္ငံအေနျဖင့္ ရသင့္သည့္ အခြန္အခမ်ား အပါအဝင္ အလုပ္အကိုင္ အခြင့္အလမ္းမ်ားလည္း ဆုံးရႈံးလ်က္ရွိေၾကာင္း သိရသည္။ (၂၀၂၄) ခုႏွစ္ ပထမကိုးလပတ္အတြင္း ထိပ္တန္းဝယ္ယူမႈအျဖစ္ ဦးေဆာင္ေနသူမွာ တ႐ုတ္ႏိုင္ငံ သားမ်ားျဖစ္ၿပီး ကြန္ဒိုအလုံးေရ(၄၃၈၆)လုံး၊ ျမန္မာႏိုင္ငံသားမ်ားမွာ ဒုတိယေနရာတြင္ ကြန္ဒိုအလုံးေရ (၁၀၅၀)လုံးႏွင့္ တတိယေနရာရွိ ႐ုရွားႏိုင္ငံသားမ်ား မွာ ကြန္ဒိုအလုံးေရ (၈၀ဝ)လုံး ဝယ္ယူထားေၾကာင္း ဘန္ေကာက္ပို႔စ္ သတင္းဌာနက ႏႈိင္းယွဥ္မႈဇယားျဖင့္ ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.