နှစ်သစ်ကာလအတွင်း ရွှေအရောင်းအဝယ်ဈေးကွက် အေးနေ

 119

NP News - ဇန်န၀ါရီ ၁၂

ပြည်တွင်းရွှေလုပ်ကွက်များ ပြန်လည်စတင်ချိန်ရောက်ရှိနေပြီဖြစ်သော်လည်း ရွှေထွက်ရှိမှု နည်းပါးသည့်အပြင် ရွှေ ဈေးကွက်မှာလည်း အရောင်းအဝယ်အေးနေ‌ကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။
ပြည်တွင်းမှ ရွှေဆိုင်များတွင် ၁၅ ပဲရည် နှင့် ၁၆ ပဲရည်များကို အရောင်းသွက်စေရန် အပြိုင်ကြော်ငြာများဖြင့် ရောင်းချနေကြသော်လည်း အရောင်းအဝယ်အေးနေကြောင်း သိရသည်။
“ခါတိုင်းနှစ်တွေဆိုရင် မိုးစပါးပေါ်ချိန်နဲ့ အကိုက်ရွှေလုပ်ကွက်တွေလည်းပြန်စတာ အခုနှစ်ထဲမှာ လုပ်ကွက်တွေလဲ ပြန်မစနိုင်ဘူး။ ပြည်တွင်းအရောင်းအဝယ်လဲအေးနေတာပေါ့။ ဒီပုံစံနဲ့ရေရှည်ဆိုရင် အ‌ရောင်းအဝယ် ပိုအေးနိုင် တာပေါ့” ရန်ကုန်မြို့ရွှေဘုံသာလမ်းမှ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
ပြည်တွင်းရွှေဈေးကွက်အတွင်း စံချိန်စံညွန်းသတ်မှတ်ချက်များပြောင်းလဲခြင်းနှင့် ပြင်ပမှောင်ခိုဈေးကွက် ပပျောက်စေရန်သက်ဆိုင်ရာမှကြိုးပါမ်းနေခြင်းများ‌ကြောင့်ဖြစ်ကြောင်းသုံးသပ်မှုများလည်းရှိနေသည်။
“ပြည်တွင်းမှာက နိုင်ငံတကာဈေးကွက်နဲ့မတူတဲ့ အခြေအနေရှိတယ်။ မြန်မာပြည်ရဲ့ငွေကြေးတန်ဖိုးကိုလည်း တိတိကျကျမတွက်နိုင်သေးတော့ ပြည်တွင်းမှာတင် ဈေးပေါင်းစုံဖြစ်နေတာပေါ့” အလုပ်အကိုင်သက်တမ်း အနှစ် နှစ်ဆယ်ကျော် ဝါရင့်ရွှေကုန်သည်တစ်ဦးက ဆိုသည်။
လက်ရှိတွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ သတ်မှတ်သော ပေါက်ဈေး နှင့် ပြင်ပမှောင်ခိုပေါက်ဈေး နှစ်မျိုး‌ ဖြစ်ပေါ်နေပြီး ဈေးကွက်အတွင်း အခေါက်ရွှေ နှင့် မီးလင်းရွှေပါ အရောင်းအဝယ်နည်းပါးကြောင်း သိရသည်။

Zawgyi Version;
ႏွစ္သစ္ကာလအတြင္း ေ႐ႊအေရာင္းအဝယ္ေဈးကြက္ ေအးေန
NP News - ဇန္န၀ါရီ ၁၂

ျပည္တြင္းေ႐ႊလုပ္ကြက္မ်ား ျပန္လည္စတင္ခ်ိန္ေရာက္ရွိေနၿပီျဖစ္ေသာ္လည္း ေ႐ႊထြက္ရွိမႈ နည္းပါးသည့္အျပင္ ေ႐ႊ ေဈးကြက္မွာလည္း အေရာင္းအဝယ္ေအးေန‌ေၾကာင္း ေ႐ႊေဈးကြက္အတြင္းမွ သိရသည္။
ျပည္တြင္းမွ ေ႐ႊဆိုင္မ်ားတြင္ ၁၅ ပဲရည္ ႏွင့္ ၁၆ ပဲရည္မ်ားကို အေရာင္းသြက္ေစရန္ အၿပိဳင္ေၾကာ္ျငာမ်ားျဖင့္ ေရာင္းခ်ေနၾကေသာ္လည္း အေရာင္းအဝယ္ေအးေနေၾကာင္း သိရသည္။
“ခါတိုင္းႏွစ္ေတြဆိုရင္ မိုးစပါးေပၚခ်ိန္နဲ႔ အကိုက္ေ႐ႊလုပ္ကြက္ေတြလည္းျပန္စတာ အခုႏွစ္ထဲမွာ လုပ္ကြက္ေတြလဲ ျပန္မစႏိုင္ဘူး။ ျပည္တြင္းအေရာင္းအဝယ္လဲေအးေနတာေပါ့။ ဒီပုံစံနဲ႔ေရရွည္ဆိုရင္ အ‌ေရာင္းအဝယ္ ပိုေအးႏိုင္ တာေပါ့” ရန္ကုန္ၿမိဳ႕ေ႐ႊဘုံသာလမ္းမွ ေ႐ႊဆိုင္ပိုင္ရွင္တစ္ဦးက ေျပာသည္။
ျပည္တြင္းေ႐ႊေဈးကြက္အတြင္း စံခ်ိန္စံၫြန္းသတ္မွတ္ခ်က္မ်ားေျပာင္းလဲျခင္းႏွင့္ ျပင္ပေမွာင္ခိုေဈးကြက္ ပေပ်ာက္ေစရန္သက္ဆိုင္ရာမွႀကိဳးပါမ္းေနျခင္းမ်ား‌ေၾကာင့္ျဖစ္ေၾကာင္းသုံးသပ္မႈမ်ားလည္းရွိေနသည္။
“ျပည္တြင္းမွာက ႏိုင္ငံတကာေဈးကြက္နဲ႔မတူတဲ့ အေျခအေနရွိတယ္။ ျမန္မာျပည္ရဲ႕ေငြေၾကးတန္ဖိုးကိုလည္း တိတိက်က်မတြက္ႏိုင္ေသးေတာ့ ျပည္တြင္းမွာတင္ ေဈးေပါင္းစုံျဖစ္ေနတာေပါ့” အလုပ္အကိုင္သက္တမ္း အႏွစ္ ႏွစ္ဆယ္ေက်ာ္ ဝါရင့္ေ႐ႊကုန္သည္တစ္ဦးက ဆိုသည္။
လက္ရွိတြင္ ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္းမွ သတ္မွတ္ေသာ ေပါက္ေဈး ႏွင့္ ျပင္ပေမွာင္ခိုေပါက္ေဈး ႏွစ္မ်ိဳး‌ ျဖစ္ေပၚေနၿပီး ေဈးကြက္အတြင္း အေခါက္ေ႐ႊ ႏွင့္ မီးလင္းေ႐ႊပါ အေရာင္းအဝယ္နည္းပါးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.