ရွှေအလေးချိန်တပြေးညီကျင့်သုံးရန် ဓာတ်သတ္တု(ရွှေ)ပါမစ်လိုင်စင်လျှောက်ထားနေပြီး လာမည့်လပိုင်းအတွင်း အရေးယူခြင်းလုပ်ငန်းများ စတင်နိုင်

 222

ယွန်း (NP News) - ဇန်နဝါရီ ၁၅

ရွှေအလေးချိန်တပြေးညီကျင့်သုံးရန် ဓာတ်သတ္တု(ရွှေ)ပါမစ်လိုင်စင် လျှောက်ထားနေပြီး လာမည့်လပိုင်းအတွင်း အရေးယူခြင်းလုပ်ငန်းများစတင်လာနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း (YGEA) ထံမှ သိရသည်။

အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေတွင်ပါရှိသည့် အလေးချိန် စံချိန်စံညွှန်းသတ်မှတ်ချက်အရ ရွှေအလေးချိန်များ တပြေးညီပြောင်းလဲကျင့်သုံးရန် ပြီးခဲ့သည့် ဒီဇင်ဘာလ (၆) ရက်တွင် တရားဝင်ညွှန် ကြားထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဓာတ်သတ္တု (‌ရွှေ) ပါမစ်လိုင်စင် စတင်လျှောက်ထားပြီး လိုင်စင်ကျလာပါက တစ် နိုင်ငံလုံးတွင် အဆိုပါစနစ်ကို တစ်ပြိုင်နက် ကျင့်သုံး သွားမည်ဖြစ်ကြောင်း သိရသည်။ "အခုကတော့ ဓာတ်သတ္တုရွှေ ပါမစ်လိုင်စင်စတင်လျှောက်နေပြီ။ အဲဒီလိုင်စင်တွေကျလာရင်တော့ အကုန်လုံးတစ်ပြိုင် နက်ဖြစ်သွားလိမ့်မယ်။ ရွှေကိုအရေးကြီး ဝန်ဆောင် မှုလုပ်ငန်းဥပဒေ ထွက်လာပြီးနောက်ပိုင်းမှာ ဓာတ်သတ္တုလိုင်စင်စတင်ပြီးတော့ ဆောင်ရွက်နေတာပေါ့။ ဒါပေမဲ့ တချို့ဆိုင်တွေမှာလည်း အလေးချိန် ပြောင်းလဲပြီး‌တော့ ဆောင်ရွက်နေပါတယ်"ဟု ရန်ကုန် တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က NP News ကိုပြောသည်။

မြန်မာနိုင်ငံ၌ ကျပ်၊ ပဲ၊ ရွေးစနစ်ကို အသုံးပြုခြင်းဖြစ်ပြီး စံချိန်စံညွှန်းသတ်မှတ်ချက်အရ မြန်မာနိုင်ငံတစ်ဝန်းတွင် ယခင်အသုံးပြုနေသည့် အလေးချိန် သတ်မှတ်ချက် တစ်ကျပ်သားလျှင် (၁၆ ဒသမ ၆) ဂရမ်အစား အရေးကြီးကုန်စည်ဝန်ဆောင်မှု ဥပဒေအ ရ (၁၆ ဒသမ ၃၃) ဂရမ်အလေးချိန်ကို ရွှေချိန်စက်များတွင် တပြေးညီပြောင်းလဲသုံးရန်စီစဉ်နေခြင်းဖြစ်သည်။

"အခုကတော့ (၂) လအချိန်ပေးထားတယ်။ (၂) လပြည့်လို့ အလေးချိန်မပြောင်းလဲဘူးဆိုရင် တော့ဌာနဆိုင်ရာတွေက ကြီးကြပ်ရေးကော်မတီတွေ ရှိတယ်လေ။ အဲဒါတွေကနေ အရေး ယူမှုတွေကို ဆက်လက်ဆောင်ရွက်မှာပေါ့။ အခုလောလောဆယ်ကတော့ စက်တွေမှာ အလေးချိန်တွေပြောင်းနေတယ်။ အရင်တုန်းက (၁၆.၆၀၆) အခုကတော့ (၁၆.၃၂၉၃)ကို စက်တွေမှာ ပြောင်းနေတာပေါ့။ (၂) လပြီးသွားရင်တော့ တစ်နိုင်ငံလုံးမှာ အလေးချိန်တပြေးညီဖြစ် သွားမှာပေါ့" ဟု ဦးမျိုးမြင့်က ဆက်လက်ပြောသည်။

ရွှေအလေးချိန် ချိန်တွယ်မှုစနစ်ပြောင်းခြင်းမှာ မူလရှိပြီးသား ကျပ်၊ ပဲ၊ ရွေးစနစ်ကို ပြောင်းလဲ လိုက်ခြင်းမျိုးမဟုတ်ဘဲ တစ်ကျပ်သားတွင်ရှိသည့် ဂရမ်ချိန်ပြောင်းလဲခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ စနစ်ကို ကျင့်သုံးခြင်းမရှိပါက ငွေကျပ် (၅)သိန်းနှင့်အထက် ဒဏ်ငွေချမှတ်နိုင်သည့်အပြင် ထောင်ဒဏ်(၆)လမှ (၃)နှစ်အထိ အရေးယူဆောင်ရွက်နိုင်ကြောင်း သိရသည်။

zawgyi version
ေ႐ႊအေလးခ်ိန္တေျပးညီက်င့္သုံးရန္ ဓာတ္သတၱဳ(ေ႐ႊ)ပါမစ္လိုင္စင္ေလွ်ာက္ထားေနၿပီး လာမည့္လပိုင္းအတြင္း အေရးယူျခင္းလုပ္ငန္းမ်ား စတင္ႏိုင္
ယြန္း (NP News) - ဇန္နဝါရီ ၁၅

ေ႐ႊအေလးခ်ိန္တေျပးညီက်င့္သုံးရန္ ဓာတ္သတၱဳ(ေ႐ႊ)ပါမစ္လိုင္စင္ ေလွ်ာက္ထားေနၿပီး လာမည့္လပိုင္းအတြင္း အေရးယူျခင္းလုပ္ငန္းမ်ားစတင္လာႏိုင္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးေ႐ႊလုပ္ငန္းရွင္မ်ားအသင္း (YGEA) ထံမွ သိရသည္။

အေရးႀကီးကုန္စည္ဝန္ေဆာင္မႈဥပေဒတြင္ပါရွိသည့္ အေလးခ်ိန္ စံခ်ိန္စံၫႊန္းသတ္မွတ္ခ်က္အရ ေ႐ႊအေလးခ်ိန္မ်ား တေျပးညီေျပာင္းလဲက်င့္သုံးရန္ ၿပီးခဲ့သည့္ ဒီဇင္ဘာလ (၆) ရက္တြင္ တရားဝင္ၫႊန္ ၾကားထားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ဓာတ္သတၱဳ (‌ေ႐ႊ) ပါမစ္လိုင္စင္ စတင္ေလွ်ာက္ထားၿပီး လိုင္စင္က်လာပါက တစ္ ႏိုင္ငံလုံးတြင္ အဆိုပါစနစ္ကို တစ္ၿပိဳင္နက္ က်င့္သုံး သြားမည္ျဖစ္ေၾကာင္း သိရသည္။ "အခုကေတာ့ ဓာတ္သတၱဳေ႐ႊ ပါမစ္လိုင္စင္စတင္ေလွ်ာက္ေနၿပီ။ အဲဒီလိုင္စင္ေတြက်လာရင္ေတာ့ အကုန္လုံးတစ္ၿပိဳင္ နက္ျဖစ္သြားလိမ့္မယ္။ ေ႐ႊကိုအေရးႀကီး ဝန္ေဆာင္ မႈလုပ္ငန္းဥပေဒ ထြက္လာၿပီးေနာက္ပိုင္းမွာ ဓာတ္သတၱဳလိုင္စင္စတင္ၿပီးေတာ့ ေဆာင္႐ြက္ေနတာေပါ့။ ဒါေပမဲ့ တခ်ိဳ႕ဆိုင္ေတြမွာလည္း အေလးခ်ိန္ ေျပာင္းလဲၿပီး‌ေတာ့ ေဆာင္႐ြက္ေနပါတယ္"ဟု ရန္ကုန္ တိုင္းေဒသႀကီးေ႐ႊလုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးမ်ိဳးျမင့္က NP News ကိုေျပာသည္။

ျမန္မာႏိုင္ငံ၌ က်ပ္၊ ပဲ၊ ေ႐ြးစနစ္ကို အသုံးျပဳျခင္းျဖစ္ၿပီး စံခ်ိန္စံၫႊန္းသတ္မွတ္ခ်က္အရ ျမန္မာႏိုင္ငံတစ္ဝန္းတြင္ ယခင္အသုံးျပဳေနသည့္ အေလးခ်ိန္ သတ္မွတ္ခ်က္ တစ္က်ပ္သားလွ်င္ (၁၆ ဒသမ ၆) ဂရမ္အစား အေရးႀကီးကုန္စည္ဝန္ေဆာင္မႈ ဥပေဒအ ရ (၁၆ ဒသမ ၃၃) ဂရမ္အေလးခ်ိန္ကို ေ႐ႊခ်ိန္စက္မ်ားတြင္ တေျပးညီေျပာင္းလဲသုံးရန္စီစဥ္ေနျခင္းျဖစ္သည္။

"အခုကေတာ့ (၂) လအခ်ိန္ေပးထားတယ္။ (၂) လျပည့္လို႔ အေလးခ်ိန္မေျပာင္းလဲဘူးဆိုရင္ ေတာ့ဌာနဆိုင္ရာေတြက ႀကီးၾကပ္ေရးေကာ္မတီေတြ ရွိတယ္ေလ။ အဲဒါေတြကေန အေရး ယူမႈေတြကို ဆက္လက္ေဆာင္႐ြက္မွာေပါ့။ အခုေလာေလာဆယ္ကေတာ့ စက္ေတြမွာ အေလးခ်ိန္ေတြေျပာင္းေနတယ္။ အရင္တုန္းက (၁၆.၆၀၆) အခုကေတာ့ (၁၆.၃၂၉၃)ကို စက္ေတြမွာ ေျပာင္းေနတာေပါ့။ (၂) လၿပီးသြားရင္ေတာ့ တစ္ႏိုင္ငံလုံးမွာ အေလးခ်ိန္တေျပးညီျဖစ္ သြားမွာေပါ့" ဟု ဦးမ်ိဳးျမင့္က ဆက္လက္ေျပာသည္။

ေ႐ႊအေလးခ်ိန္ ခ်ိန္တြယ္မႈစနစ္ေျပာင္းျခင္းမွာ မူလရွိၿပီးသား က်ပ္၊ ပဲ၊ ေ႐ြးစနစ္ကို ေျပာင္းလဲ လိုက္ျခင္းမ်ိဳးမဟုတ္ဘဲ တစ္က်ပ္သားတြင္ရွိသည့္ ဂရမ္ခ်ိန္ေျပာင္းလဲျခင္းျဖစ္ေၾကာင္း သိရသည္။ အဆိုပါ စနစ္ကို က်င့္သုံးျခင္းမရွိပါက ေငြက်ပ္ (၅)သိန္းႏွင့္အထက္ ဒဏ္ေငြခ်မွတ္ႏိုင္သည့္အျပင္ ေထာင္ဒဏ္(၆)လမွ (၃)ႏွစ္အထိ အေရးယူေဆာင္႐ြက္ႏိုင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.